မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 3, 2020

ေျမြေဟာက္ကုိက္ခံၿပီး ေျမြဆိပ္ၿပီးသူျဖစ္လာတဲ့ အမ်ိဳးသား

တစ္ပတ္ကိုတစ္ႀကိမ္ ေျမြေဟာက္ကုိက္ခံၿပီး
ေျမြဆိပ္ၿပီးသူျဖစ္လာတဲ့ အမ်ိဳးသား
-------------------------------------------

ဖိလစ္ပိုင္ႏိုင္ငံ၊ Cagayan de Oro မွာေနထိုင္တဲ့ 
Joe Fernando Quililan လို႔အမည္ရတဲ့ ေႁမြဖမ္းဆရာ
တစ္ဦးဟာ ေန႔စဥ္နဲ႔အမွ် အဆိပ္ရွိတဲ့ေႁမြေတြရဲ႕ မေတာ္တဆ
ကိုက္တာကိုခံရၿပီး၊ ေနာက္ပိုင္းမွာ သူရဲ႕ေသြးစနစ္က ေႁမြရဲ႕
အဆိပ္ကို ခုခံႏိုင္တဲ့အေလ့အထ ျဖစ္သြားေစခဲ့တယ္လို႔ ဆိုပါတယ္။



သူဟာ အခုဆိုရင္ တစ္ပတ္လွ်င္ တစ္ႀကိမ္ တမင္ 
ေႁမြေဟာက္အကိုက္ခံေနၿပီး၊ ဒီနည္းအားျဖင့္ သူရဲ႕ 
ေျမဆိပ္ၿပီးတဲ့ စြမ္းရည္ကို ဆက္လက္ထိန္းသိမ္းေနတယ္လို႔ 
သိရပါတယ္။ Joe ရဲ႕ထူးဆန္းတဲ့ ကိုယ္ခံအားစနစ္ကို 
ေဒါက္တာေတြဘက္ကလည္း ေထာက္ခံခဲ့ၾကပါတယ္။


ဒါ့အျပင္ ဒီလို ေျမဆိပ္ၿပီးတဲ့အစြမ္းကို ရရွိျခင္းဟာ 
(၁၇)ႏွစ္တာအတြင္း ေႁမြေတြလိုက္ဖမ္းရာကေန 
မေတာ္တဆ ေႁမြေတြအကိုက္ခံရျခင္းရဲ႕ အက်ိဳးဆက္ေတြ
ျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ Joe ဟာ အသက္(၃၁)ႏွစ္သာ
ရွိေသးၿပီး (၁၄)ႏွစ္သားကတည္းက ပေရာ္ဖတ္ရွင္နယ္
ေႁမြဖမ္းသမားဘဝကို ေရာက္ရွိခဲ့တာပါ။

Joe ဟာ အဆိပ္ရွိေႁမြမ်ိဳးစုံ အႀကိမ္ရာေက်ာ္ အကိုက္ခံခဲ့ရၿပီး 
တစ္ခါတေလမွာ ေဆး႐ုံမွာ အေရးေပၚကုသမႈေတြ 
ခံယူခဲ့ရပါတယ္။ ဒီအထဲမွာ ငါးႀကိမ္ဟာ ေသၿပီလို႔ေတာင္ 
ယူဆရတဲ့ အေျခအေနျဖစ္ခဲ့ၿပီး ဒီလိုဆိုး႐ြာတဲ့ဒဏ္ေတြကို 
ျဖတ္ေက်ာ္လာခဲ့သူ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ေႁမြကိုက္ခံရတိုင္း 
သာမန္ဖ်ားနာျခင္း၊ ေအာ့အန္ျခင္းေလာက္သာ ရွိၿပီး 
ရက္အနည္းငယ္အနားယူတာနဲ႔ အဆိပ္ျပယ္လြင့္သြားေလ့ရွိပါတယ္။


ဒါေၾကာင့္လည္း Joe ကို ေဒသခံေတြက Venom Man 
(ေႁမြဆိပ္ၿပီးသူ)လို႔ တင္စားေခၚေဝၚၾကၿပီး ေဒသတြင္း
ဆယ္လီတစ္ေယာက္ ျဖစ္မွန္းမသိ ျဖစ္လာခဲ့ပါတယ္။ 
သူက “ကြၽန္ေတာ္က ေႁမြေတြကို ခ်စ္ပါတယ္ … 
က်ေနာ့္ဝါသနာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ဘာေတြလုပ္ႏိုင္တယ္
ဆုိတာကို လူေတြသိေအာင္ ျပခ်င္ပါတယ္ “လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့တနလၤာေန႔က Joe တို႔အိမ္မွာ သတင္းမီဒီယာေတြ 
စုၿပဳံေရာက္ရွိစဥ္ သူဟာ အစြယ္မခ်ိဳးရေသးတဲ့ ဖိလစ္ပိုင္မ်ိဳးရင္း
အဆိပ္ျပင္းေတာႀကီးေႁမြေဟာက္တစ္ေကာင္ လက္ေတြ႕
အကိုက္ခံၿပီး ျပသခဲ့ပါတယ္။ တကယ္ေတာ့ ဖိလစ္ပိုင္ေႁမြေဟာက္ 
အကိုက္ခံရပါက ကနဦး အသက္ရႈၾကပ္ျခင္း၊ သတိလစ္
ေမ့ေျမာျခင္းနဲ႔ အသက္ေသဆုံးျခင္းပင္ ျဖစ္ႏိုင္ပါတယ္။ 
ဒါေပမယ့္ Joe ကေတာ့ ဒဏ္ရာသာ ရရွိခဲ့ပါတယ္။

Joe ဟာ ယခင္က အလြန္အဆိပ္ျပင္းထန္တဲ့ ေႁမြေဟာက္ 
ကိုက္တာခံရလို႔ သူရဲ႕ညာဘက္ လက္ညိဳးတစ္ေခ်ာင္းက
ေႁမြဆိပ္ေၾကာင့္ ပုပ္ပြဆုံးရႈံးခဲ့ရတာကလြဲရင္ သူ႔ဘဝမွာ 
အဲဒီထက္ပိုဆိုးဆိုတဲ့ အျဖစ္ဆိုးမ်ိဳး မႀကဳံရေတာ့ပါဘူး။ 
Joe ဟာ ဖိလစ္ပိုင္ပတ္ဝန္းက်င္နဲ႔ သဘာဝအရင္းအျမစ္
အဖြဲ႕အစည္းမွာ အလုပ္လုပ္ေနသူျဖစ္ပါတယ္။

Joe ရဲ႕ေႁမြဆိပ္ၿပီးတယ္ဆိုတဲ့အခ်က္ကို ေရာဂါေျဖေဆး
အဖြဲ႕အစည္းမွ သုေတသနကြၽမ္းက်င္ပညာရွင္ 
Eleonor Cervantes က ေထာက္ခံခဲ့ၿပီး သူတို႔အဖြဲ႕ဟာ 
Joe ကို စစ္ေဆးခဲ့ေၾကာင္း၊ သူရဲ႕ ခႏၶာကိုယ္တုန႔္ျပန္မႈစနစ္ထဲမွာ
ေႁမြဆိပ္ကို အလိုေလွ်ာက္ တုန႔္ျပန္တိုက္ခိုက္တဲ့စနစ္ကို 
ေတြ႕ရေၾကာင္း၊ ဘာေၾကာင့္ဒီလိုျဖစ္တယ္ဆိုတာ သူတို႔လည္း 
ေရေရရာရာမသိေသးေၾကာင္း၊ သမိုင္းတစ္ေလွ်ာက္မွာေတာ့ 
ပထမဆုံးလူ ျဖစ္ႏိုင္ေၾကာင္း ဆိုပါတယ္။

Credit:နတ္စည္ေတာ္ (Shwemom)
source : metro.co.uk

============================

တစ်ပတ်ကိုတစ်ကြိမ် မြွေဟောက်ကိုက်ခံပြီး
မြွေဆိပ်ပြီးသူဖြစ်လာတဲ့ အမျိုးသား
-------------------------------------------

ဖိလစ်ပိုင်နိုင်ငံ၊ Cagayan de Oro မှာနေထိုင်တဲ့ 
Joe Fernando Quililan လို့အမည်ရတဲ့ မြွေဖမ်းဆရာ
တစ်ဦးဟာ နေ့စဉ်နဲ့အမျှ အဆိပ်ရှိတဲ့မြွေတွေရဲ့ မတော်တဆ
ကိုက်တာကိုခံရပြီး၊ နောက်ပိုင်းမှာ သူရဲ့သွေးစနစ်က မြွေရဲ့
အဆိပ်ကို ခုခံနိုင်တဲ့အလေ့အထ ဖြစ်သွားစေခဲ့တယ်လို့ 
ဆိုပါတယ်။

သူဟာ အခုဆိုရင် တစ်ပတ်လျှင် တစ်ကြိမ် တမင် 
မြွေဟောက်အကိုက်ခံနေပြီး၊ ဒီနည်းအားဖြင့် သူရဲ့ 
မြေဆိပ်ပြီးတဲ့ စွမ်းရည်ကို ဆက်လက်ထိန်းသိမ်းနေတယ်လို့ 
သိရပါတယ်။ Joe ရဲ့ထူးဆန်းတဲ့ ကိုယ်ခံအားစနစ်ကို 
ဒေါက်တာတွေဘက်ကလည်း ထောက်ခံခဲ့ကြပါတယ်။

ဒါ့အပြင် ဒီလို မြေဆိပ်ပြီးတဲ့အစွမ်းကို ရရှိခြင်းဟာ 
(၁၇)နှစ်တာအတွင်း မြွေတွေလိုက်ဖမ်းရာကနေ 
မတော်တဆ မြွေတွေအကိုက်ခံရခြင်းရဲ့ အကျိုးဆက်တွေ
ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ Joe ဟာ အသက်(၃၁)နှစ်သာ
ရှိသေးပြီး (၁၄)နှစ်သားကတည်းက ပရော်ဖတ်ရှင်နယ်
မြွေဖမ်းသမားဘဝကို ရောက်ရှိခဲ့တာပါ။

Joe ဟာ အဆိပ်ရှိမြွေမျိုးစုံ အကြိမ်ရာကျော် အကိုက်ခံခဲ့ရပြီး 
တစ်ခါတလေမှာ ဆေးရုံမှာ အရေးပေါ်ကုသမှုတွေ 
ခံယူခဲ့ရပါတယ်။ ဒီအထဲမှာ ငါးကြိမ်ဟာ သေပြီလို့တောင် 
ယူဆရတဲ့ အခြေအနေဖြစ်ခဲ့ပြီး ဒီလိုဆိုးရွာတဲ့ဒဏ်တွေကို 
ဖြတ်ကျော်လာခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြွေကိုက်ခံရတိုင်း 
သာမန်ဖျားနာခြင်း၊ အော့အန်ခြင်းလောက်သာ ရှိပြီး 
ရက်အနည်းငယ်အနားယူတာနဲ့ အဆိပ်ပြယ်လွင့်သွားလေ့ရှိပါတယ်။

ဒါကြောင့်လည်း Joe ကို ဒေသခံတွေက Venom Man 
(မြွေဆိပ်ပြီးသူ)လို့ တင်စားခေါ်ဝေါ်ကြပြီး ဒေသတွင်း
ဆယ်လီတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။ 
သူက “ကျွန်တော်က မြွေတွေကို ချစ်ပါတယ် … 
ကျနော့်ဝါသနာနဲ့ပတ်သက်ပြီး ကျွန်တော်ဘာတွေလုပ်နိုင်တယ်
ဆိုတာကို လူတွေသိအောင် ပြချင်ပါတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က Joe တို့အိမ်မှာ သတင်းမီဒီယာတွေ 
စုပြုံရောက်ရှိစဉ် သူဟာ အစွယ်မချိုးရသေးတဲ့ ဖိလစ်ပိုင်မျိုးရင်း
အဆိပ်ပြင်းတောကြီးမြွေဟောက်တစ်ကောင် လက်တွေ့
အကိုက်ခံပြီး ပြသခဲ့ပါတယ်။ တကယ်တော့ ဖိလစ်ပိုင်မြွေဟောက် 
အကိုက်ခံရပါက ကနဦး အသက်ရှုကြပ်ခြင်း၊ သတိလစ်
မေ့မြောခြင်းနဲ့ အသက်သေဆုံးခြင်းပင် ဖြစ်နိုင်ပါတယ်။ 
ဒါပေမယ့် Joe ကတော့ ဒဏ်ရာသာ ရရှိခဲ့ပါတယ်။

Joe ဟာ ယခင်က အလွန်အဆိပ်ပြင်းထန်တဲ့ မြွေဟောက် 
ကိုက်တာခံရလို့ သူရဲ့ညာဘက် လက်ညိုးတစ်ချောင်းက
မြွေဆိပ်ကြောင့် ပုပ်ပွဆုံးရှုံးခဲ့ရတာကလွဲရင် သူ့ဘဝမှာ 
အဲဒီထက်ပိုဆိုးဆိုတဲ့ အဖြစ်ဆိုးမျိုး မကြုံရတော့ပါဘူး။ 
Joe ဟာ ဖိလစ်ပိုင်ပတ်ဝန်းကျင်နဲ့ သဘာဝအရင်းအမြစ်
အဖွဲ့အစည်းမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

Joe ရဲ့မြွေဆိပ်ပြီးတယ်ဆိုတဲ့အချက်ကို ရောဂါဖြေဆေး
အဖွဲ့အစည်းမှ သုတေသနကျွမ်းကျင်ပညာရှင် 
Eleonor Cervantes က ထောက်ခံခဲ့ပြီး သူတို့အဖွဲ့ဟာ 
Joe ကို စစ်ဆေးခဲ့ကြောင်း၊ သူရဲ့ ခန္ဓာကိုယ်တုန့်ပြန်မှုစနစ်ထဲမှာ
မြွေဆိပ်ကို အလိုလျှောက် တုန့်ပြန်တိုက်ခိုက်တဲ့စနစ်ကို 
တွေ့ရကြောင်း၊ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာ သူတို့လည်း 
ရေရေရာရာမသိသေးကြောင်း၊ သမိုင်းတစ်လျှောက်မှာတော့ 
ပထမဆုံးလူ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

Credit:နတ်စည်တော် (Shwemom)
source : metro.co.uk

No comments:

Post a Comment