မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, September 4, 2020

မီလ်ံနာတစ္ဦးရဲ႕ ၾကင္ယာရွာ ဂိမ္းၿပိဳင္ပြဲ

 မီလ်ံနာတစ္ဦးရဲ႕ ၾကင္ယာရွာ ဂိမ္းၿပိဳင္ပြဲမွာ 

အႏိုင္ရရွိသြားတဲ့ ႏြမ္းပါးသူ မိန္းမပ်ိဳေလး

------------------------------------------------

ႏြမ္းပါးတဲ့ ေက်ာင္းသူတစ္ဦးဟာ အိမ္ေထာင္ငါးခါ ျပဳၿပီးျဖစ္တဲ့ 

ရုရွားစီးပြားေရးသမားတစ္ဦးနဲ႔ လက္ထပ္ဖို႔အတြက္ တီဗီဂိ္မ္းရိႈး

တစ္ခုမွာ အႏိုင္ရသြားခဲ့ပါတယ္။ ရုရွားစီးပြားေရး လုပ္ငန္းရွင္ဟာ 

ဇိမ္ခံအေဆာက္အဦး၊ ရြက္ေလွနဲ႔ ကိုယ္ပိုင္ဂ်က္ေလယာဥ္ေတြ 

ပိုင္ဆိုင္ၿပီး စည္းစိမ္ဥစၥာ ၾကြယ္၀သူတစ္ဦး ျဖစ္ပါတယ္။ ၿပိဳင္ပြဲမွာ

အႏုိင္ရခဲ့တဲ့ သူကေတာ့ အသက္(၂၉) ႏွစ္အရြယ္ ယူလီယာ

အမည္ရွိ ေက်ာင္းသူေလးျဖစ္ပါတယ္။ ယူလီယာကို အသက္

(၅၅)ႏွစ္အရြယ္ ေရနံသူေဌး ကြန္စတန္တင္ရွာဘီနင္ရဲ႕ 

ကေလးေတြက သူတို႔အေဖအတြက္ သတို႔သမီးအသစ္ကို 

ေရြးခ်ယ္ေပးခဲ့တာ ျဖစ္ပါတယ္။


Millionaire for Marriage လို႔အမည္ေပးထားတဲ့ အဆိုပါတီဗီရိႈးကို 

ေလွ်ာက္ထားသူေပါင္း(၂,၀၀၀) ရွိခဲ့ပါတယ္။ သူေဌးရွာဘီနင္ရဲ႕

ကေလးငါးေယာက္ဟာ အသက္(၁၆)ႏွစ္ကေန (၃၅) ႏွစ္အတြင္း 

အသီးသီးရွိၾကပါတယ္။ ကေလးေတြရဲ႕မိေထြးျဖစ္လာမယ့္ 

ယူလီယာဟာ ရွာဘီနင္ရဲ႕(၆)ေယာက္ေျမာက္နဲ႔ ေနာက္ဆံုးဇနီး

ျဖစ္လာမွာ ျဖစ္ပါတယ္။

တီဗီရိႈးအရ ယူလီယာဟာ ဟန္းနီးမြန္းခရီးစဥ္မွာ ခင္ပြန္းျဖစ္သူနဲ႔

အတူ ဒူဘိုင္းကို ပ်ံသန္းမွာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ေမာ္စကိုနဲ႔ 

ေလာ့စ္အင္ဂ်လိစ္ၿမိဳ႕ေတြမွာတစ္လွည့္စီ ေနထိုင္ၿပီး ခင္ပြန္းျဖစ္သူရဲ႕ 

ဇိမ္ခံတန္ဖိုးၾကီး ကားေတြနဲ႔ ေလွ်ာက္လည္မွာျဖစ္ပါတယ္။


ယူလီယာဟာ ဆိုက္ေဘးရီးယားအေရွ႕ဘက္က အစြန္အဖ်ား

ၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္တဲ့ ခါဗာရိုဗက္စ္ခ္ကေန ရုရွားၿမိဳ႕ေတာ္ၾကီးကို

ပိုက္ဆံတျပားတခ်ပ္မွမပါပဲ ေရာက္လာခဲ့တာျဖစ္ပါတယ္။ 

ထိုအခ်ိန္ကတည္းက ေက်ာင္းသူတစ္ေယာက္ျဖစ္လာၿပီး 

အခ်ိန္ပိုင္း အခမ္းအနားပြဲေတြ စီစဥ္တဲ့ မန္ေနဂ်ာတစ္ဦးအျဖစ္ 

အလုပ္ လုပ္ခဲ့ပါတယ္။


သူမက U TV ခ်န္နယ္ကို “ကြ်န္မက အေၾကာက္တရားကင္းတဲ့ 

လူတစ္ေယာက္ပါ။ ပိုက္ဆံမရွိေပမယ့္ ေမာ္စကို ကိုေျပာင္းလာဖို႔ 

စိတ္ဆံုးျဖတ္ခဲ့တယ္။ ကြ်န္မလို ဘယ္သူမွ လုပ္ႏိုင္မယ္မထင္ဘူး။ 

အခုလည္း ကြ်န္မၿပိဳင္ပြဲမွာ အႏိုင္ရၿပီ။ ဒီမွာေလ ကြ်န္မလက္စြပ္။” 

လို႔သူမရဲ႕ ေပါင္(၃၆,၅၀၀) တန္ စိန္လက္စြပ္ၾကီးကို ၾကြားရင္း

ေျပာျပခဲ့ပါတယ္။


သူေဌးရွာဘီနင္ကေတာ့ သူ႕ကေလးေတြက ၿပိဳင္ပြဲ၀င္ေတြထဲကေန 

ယူလီယာကို သူတို႔အေဖသေဘာက် ေရြးခ်ယ္ခဲ့ေပမယ့္ ကေလးေတြနဲ႔ 

ယူလီယာၾကားမွာေတာ့ ျပႆနာအနည္းငယ္ ရွိလိမ့္မယ္ထင္ေၾကာင္း

ဆိုပါတယ္။ ဒါေပမယ့္ ပိုက္ဆံအတြက္ခ်ည္း မဟုတ္ပဲ သူ႔ကို ေမတၱာ

သက္၀င္ၿပီး လက္ထပ္ခဲ့တဲ့ ယူလီယာကို ပိုင္ဆုိင္ႏိုင္တဲ့အတြက္

ေပ်ာ္ရႊင္ရေၾကာင္း ရွာဘီနင္ကေျပာျပခဲ့ပါတယ္။ ယူလီယာဟာ 

ေနာက္ဆံုးဆန္ကာတင္ ၿပိဳင္ပြဲ၀င္ႏွစ္ဦးျဖစ္တဲ့ အသက္(၃၀)ႏွစ္

အရြယ္ မာရီယာပရိမ္နဲ႔ အသက္(၃၄)ႏွစ္အရြယ္ အန္နာကမ္တို႔ကို 

ေက်ာ္ျဖတ္ၿပီး အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။


လင္းလင္း (ShweMom)

Ref: TheSun

https://www.thesun.co.uk/news/6393743/penniless-woman-wins-marriage-russian-oligarch-konstantin-scherbinin/

==============================


မီလျံနာတစ်ဦးရဲ့ ကြင်ယာရှာ ဂိမ်းပြိုင်ပွဲမှာ 

အနိုင်ရရှိသွားတဲ့ နွမ်းပါးသူ မိန်းမပျိုလေး

------------------------------------------------


နွမ်းပါးတဲ့ ကျောင်းသူတစ်ဦးဟာ အိမ်ထောင်ငါးခါ ပြုပြီးဖြစ်တဲ့ 

ရုရှားစီးပွားရေးသမားတစ်ဦးနဲ့ လက်ထပ်ဖို့အတွက် တီဗီဂိမ်းရှိုး

တစ်ခုမှာ အနိုင်ရသွားခဲ့ပါတယ်။ ရုရှားစီးပွားရေး လုပ်ငန်းရှင်ဟာ 

ဇိမ်ခံအဆောက်အဦး၊ ရွက်လှေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေ 

ပိုင်ဆိုင်ပြီး စည်းစိမ်ဥစ္စာ ကြွယ်ဝသူတစ်ဦး ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ

အနိုင်ရခဲ့တဲ့ သူကတော့ အသက်(၂၉) နှစ်အရွယ် ယူလီယာ

အမည်ရှိ ကျောင်းသူလေးဖြစ်ပါတယ်။ ယူလီယာကို အသက်

(၅၅)နှစ်အရွယ် ရေနံသူဌေး ကွန်စတန်တင်ရှာဘီနင်ရဲ့ 

ကလေးတွေက သူတို့အဖေအတွက် သတို့သမီးအသစ်ကို 

ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။


Millionaire for Marriage လို့အမည်ပေးထားတဲ့ အဆိုပါတီဗီရှိုးကို 

လျှောက်ထားသူပေါင်း(၂,၀၀၀) ရှိခဲ့ပါတယ်။ သူဌေးရှာဘီနင်ရဲ့

ကလေးငါးယောက်ဟာ အသက်(၁၆)နှစ်ကနေ (၃၅) နှစ်အတွင်း 

အသီးသီးရှိကြပါတယ်။ ကလေးတွေရဲ့မိထွေးဖြစ်လာမယ့် 

ယူလီယာဟာ ရှာဘီနင်ရဲ့(၆)ယောက်မြောက်နဲ့ နောက်ဆုံးဇနီး

ဖြစ်လာမှာ ဖြစ်ပါတယ်။


တီဗီရှိုးအရ ယူလီယာဟာ ဟန်းနီးမွန်းခရီးစဉ်မှာ ခင်ပွန်းဖြစ်သူနဲ့

အတူ ဒူဘိုင်းကို ပျံသန်းမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ မော်စကိုနဲ့ 

လော့စ်အင်ဂျလိစ်မြို့တွေမှာတစ်လှည့်စီ နေထိုင်ပြီး ခင်ပွန်းဖြစ်သူရဲ့ 

ဇိမ်ခံတန်ဖိုးကြီး ကားတွေနဲ့ လျှောက်လည်မှာဖြစ်ပါတယ်။


ယူလီယာဟာ ဆိုက်ဘေးရီးယားအရှေ့ဘက်က အစွန်အဖျား

မြို့လေးတစ်မြို့ဖြစ်တဲ့ ခါဗာရိုဗက်စ်ခ်ကနေ ရုရှားမြို့တော်ကြီးကို

ပိုက်ဆံတပြားတချပ်မှမပါပဲ ရောက်လာခဲ့တာဖြစ်ပါတယ်။ 

ထိုအချိန်ကတည်းက ကျောင်းသူတစ်ယောက်ဖြစ်လာပြီး 

အချိန်ပိုင်း အခမ်းအနားပွဲတွေ စီစဉ်တဲ့ မန်နေဂျာတစ်ဦးအဖြစ် 

အလုပ် လုပ်ခဲ့ပါတယ်။


သူမက U TV ချန်နယ်ကို “ကျွန်မက အကြောက်တရားကင်းတဲ့ 

လူတစ်ယောက်ပါ။ ပိုက်ဆံမရှိပေမယ့် မော်စကို ကိုပြောင်းလာဖို့ 

စိတ်ဆုံးဖြတ်ခဲ့တယ်။ ကျွန်မလို ဘယ်သူမှ လုပ်နိုင်မယ်မထင်ဘူး။ 

အခုလည်း ကျွန်မပြိုင်ပွဲမှာ အနိုင်ရပြီ။ ဒီမှာလေ ကျွန်မလက်စွပ်။” 

လို့သူမရဲ့ ပေါင်(၃၆,၅၀၀) တန် စိန်လက်စွပ်ကြီးကို ကြွားရင်း

ပြောပြခဲ့ပါတယ်။


သူဌေးရှာဘီနင်ကတော့ သူ့ကလေးတွေက ပြိုင်ပွဲဝင်တွေထဲကနေ 

ယူလီယာကို သူတို့အဖေသဘောကျ ရွေးချယ်ခဲ့ပေမယ့် ကလေးတွေနဲ့ 

ယူလီယာကြားမှာတော့ ပြဿနာအနည်းငယ် ရှိလိမ့်မယ်ထင်ကြောင်း

ဆိုပါတယ်။ ဒါပေမယ့် ပိုက်ဆံအတွက်ချည်း မဟုတ်ပဲ သူ့ကို မေတ္တာ

သက်ဝင်ပြီး လက်ထပ်ခဲ့တဲ့ ယူလီယာကို ပိုင်ဆိုင်နိုင်တဲ့အတွက်

ပျော်ရွှင်ရကြောင်း ရှာဘီနင်ကပြောပြခဲ့ပါတယ်။ ယူလီယာဟာ 

နောက်ဆုံးဆန်ကာတင် ပြိုင်ပွဲဝင်နှစ်ဦးဖြစ်တဲ့ အသက်(၃၀)နှစ်

အရွယ် မာရီယာပရိမ်နဲ့ အသက်(၃၄)နှစ်အရွယ် အန်နာကမ်တို့ကို 

ကျော်ဖြတ်ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။


လင်းလင်း (ShweMom)

Ref: TheSun

https://www.thesun.co.uk/news/6393743/penniless-woman-wins-marriage-russian-oligarch-konstantin-scherbinin/

No comments:

Post a Comment