မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 15, 2020

၆ ႏွစ္သားေလး ရဲ႕ အိပ္မက္

 လူေပါင္း ၈သိန္းေက်ာ္ကုိ ကူညီခဲ့တဲ့

၆ ႏွစ္သားေလး ရဲ႕ အိပ္မက္ ...

---------------------------------------

ကေနဒါႏိုင္ငံက ၆ ႏွစ္သားေလး ႐ိုင္ယန္ဟ႐ိုဂ်က္ (Ryan Hreljac) ဟာ

ပထမတန္းမွာ စာသင္ေနတုန္း အတန္းဆရာမ Mrs. Prest က အာဖရိက

ႏိုင္ငံက ေတာရြာေတြမွာ ေရမရွိလို႔ လူေတြ ေနမေကာင္းျဖစ္ေနၾကတယ္။

တခ်ိဳ႕ဆိုရင္ ေသဆံုးကုန္ၾကတယ္။ လူေတြဟာ မိုင္ေပါင္းမ်ားစြာ 

လမ္းေလွ်ာက္ၿပီး ေရသြားခပ္ၾကရတယ္။ ဒါေတာင္ ညစ္ပတ္တဲ့ေရေတြပဲ

ရတယ္တဲ့။

ဒါကို ၾကားတဲ့ ႐ိုင္ယန္က စဥ္းစားတယ္။ သူ ေရေသာက္ခ်င္ရင္ 

အတန္းထဲကေန ေျခလွမ္း ၁၀ လွမ္းေလွ်ာက္လိုက္ရံုနဲ႔ ေရပန္းမွာ 

ေရေသာက္လို႔ ရတယ္။ ေသာက္ေရဗူးကေန ေသာက္လုိ႔ရတယ္။ 

အရင္တုန္းက လူေတြဟာ ေသာက္ေရ သံုးေရကို လြယ္လြယ္ကူကူ 

ရေနတယ္လို႔ သူထင္ေနခဲ့တယ္။ သူ အာဖရိက,က လူေတြကို 

ကူညီခ်င္တယ္။

႐ိုင္ယန္ဟာ အိမ္ေရာက္တာနဲ႔ သူ႔အေဖနဲ႔ အေမကို ကူညီေပးဖို႔ 

ေျပာတယ္။ သူ႔အေဖက ေျပာတယ္။ ေဘးအိမ္ေတြက အလုပ္ေတြကို

ကူလုပ္ေပးရင္ ေဒၚလာ ၇၀ ရႏိုင္တယ္။ ဒါဆိုရင္ ေရတြင္းတစ္တြင္း 

တူးေပးလို႔ ရတယ္တဲ့။ ႐ိုင္ယန္ဟာ ၄ လေလာက္ အလုပ္လုပ္လို႔ 

ေဒၚလာ ၇၀ ရလိုက္တယ္။ ဒါေပမဲ့ ဒီပိုက္ဆံေလးနဲ႔ အာဖရိက,က 

လူေတြကို မကူညီႏိုင္ဘူးဆိုတာ သူသိလိုက္တယ္။ ဒီေတာ့ သူ 

ဘာလုပ္သလဲ။ ေနာက္ထပ္ က်ပန္းအလုပ္ေတြ လုပ္ၿပီး ေငြစုတယ္။ 

ေက်ာင္းေတြနဲ႔ ဘုရားရွိခိုးေက်ာင္းေတြမွာဖရိက,က လူေတြအတြက္ 

ေရရဖို႔ ကူညီဖို႔ ေဟာေျပာၿပီး အလႉခံတယ္။

သူ အသက္ ၈ ႏွစ္သားမွာ အလႉေငြ အေတာ္ေလးရလို႔ ယူဂန္ဒါႏိုင္ငံ 

ေျမာက္ပိုင္းက ရြာတစ္ရြာမွာေရတြင္းတစ္တြင္း စတူးေပးလိုက္တယ္။ 

ေနာက္ေတာ့ သူဟာ Ryan’s Well Foundation ကို ၂၀၀၁ ခုႏွစ္မွာ

စတင္ထူေထာင္လိုက္တယ္။ အဲဒီေဖါင္ေဒးရွင္းဟာ အလႉေငြ ေဒၚလာ

သန္းေပါင္းမ်ားစြာ ေကာက္ခံရရွိလို႔ အာဖရိက ၁၆ ႏိုင္ငံမွာ ေရတြင္းေပါင္း

၁၀၀၀ ေက်ာ္ တူးေပးခဲ့ၿပီး အိမ္သာေပါင္း ၁၁၂၀ ကိုလည္း ေဆာက္လုပ္

ေပးခဲ့တယ္။ အဲဒါေၾကာင့္ အာဖရိကႏိုင္ငံေတြက လူေပါင္း ၈ သိန္း 

၂ေသာင္းေက်ာ္ဟာ သန္႔ရွင္းတဲ့ေရနဲ႔ မိလႅာစနစ္ကို ရရွိသြားၾကတယ္။ 

အဲဒီႏုိင္ငံေတြထဲမွာ ကမာၻ႔အဆင္းရဲဆုံး ႏုိင္ငံေတြျဖစ္တဲ့ Burkina Faso,

Ghana, Kenya, Uganda, Togo and Haiti ႏုိင္ငံေတြပါ၀င္တယ္။

ဂြာတီမာလာ ၊ ေဟတီ နဲ႔ အိႏၵိယေဒသအခ်ဳိ႕မွာေတာ့ မုိးေရကုိ 

ျပန္လည္သုံးစြဲႏုိင္ဖုိ႔ သိုေလွာင္ကန္ႀကီးေတြ ေဆာက္ေပးခဲ့တယ္။ 

သူဒီလုိ ကူညီႏုိင္ေအာင္ ကမာၻ႔နာမည္ႀကီးပုဂၢဳိလ္ေတြျဖစ္တဲ့ 

ေအာ္ပရာ၀င္းဖေရး ၊ မက္ဒီမြန္ နဲ႔ ေ၀လမင္းသားတုိ႔ရဲ႕ ေဖာင္ေဒးရွင္း

ေတြက ထပ္ဆင့္ပံ့ပုိး ေပးခဲ့တယ္။

အခု အသက္ ၂၈ ႏွစ္အရြယ္ ႐ိုင္ယန္ဟာ ကေနဒါႏိုင္ငံ University of 

King’s College ေန ဘြဲ႕ရၿပီး သူထူေထာင္ခဲ့တဲ့ ေဖါင္ေဒးရွင္းမွာ မန္ေနဂ်ာ

တစ္ေယာက္အျဖစ္ အခ်ိန္ျပည့္ ဆက္လက္လုပ္ကိုင္ေနသလို ကမာၻလွည့္

ၿပီး ေဟာေျပာပြဲေတြမွာ လိုက္လံေဟာေျပာေပးလွ်က္ရွိပါတယ္။ 

လူသားေတြအက်ဳိးအတြက္ သူ႔ရဲ႕စြမ္းစြမ္းတမံေဆာင္ရြက္ခ်က္ေတြေၾကာင့္

သူဟာ ဆုေပါင္းမ်ားစြာရခဲ့တယ္။ ဒီအထဲမွာ ကေနဒါရဲ႕ အျမင့္ဆုံး လူမႈထူး

ခြ်န္ဆုလုိ႔ ဆုိရမယ့္ Order of Ontario ကုိ ရရွိခဲ့တဲ့ အသက္အငယ္ဆုံးသူ

ျဖစ္ခဲ့တယ္။

လူဆိုတာ ျပင္းျပတဲ့ လိုအင္ဆႏၵ (burning desire) ရွိရင္ ျဖစ္ေအာင္ 

လုပ္လို႔ ရတယ္ဆိုတာကို လူငယ္ေလး ႐ိုင္ယန္က သက္ေသျပခဲ့ပါတယ္။ 

သင္ေရာ ဘယ္လိုလဲ။


ဗီဒီယုိၾကည့္လုိပါက - 5:04

When Passion Meets Vision: The Ryan Hreljac Story


ေရးသားသူ – ဗန္းေမာ္သိန္းေဖ

source:သုတဇုန္

link - 

https://en.wikipedia.org/wiki/Ryan_Hreljac

============================


လူပေါင်း ၈သိန်းကျော်ကို ကူညီခဲ့တဲ့

၆ နှစ်သားလေး ရဲ့ အိပ်မက် ...

---------------------------------------

ကနေဒါနိုင်ငံက ၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက် (Ryan Hreljac) ဟာ

ပထမတန်းမှာ စာသင်နေတုန်း အတန်းဆရာမ Mrs. Prest က အာဖရိက

နိုင်ငံက တောရွာတွေမှာ ရေမရှိလို့ လူတွေ နေမကောင်းဖြစ်နေကြတယ်။

တချို့ဆိုရင် သေဆုံးကုန်ကြတယ်။ လူတွေဟာ မိုင်ပေါင်းများစွာ 

လမ်းလျှောက်ပြီး ရေသွားခပ်ကြရတယ်။ ဒါတောင် ညစ်ပတ်တဲ့ရေတွေပဲ

ရတယ်တဲ့။


ဒါကို ကြားတဲ့ ရိုင်ယန်က စဉ်းစားတယ်။ သူ ရေသောက်ချင်ရင် 

အတန်းထဲကနေ ခြေလှမ်း ၁၀ လှမ်းလျှောက်လိုက်ရုံနဲ့ ရေပန်းမှာ 

ရေသောက်လို့ ရတယ်။ သောက်ရေဗူးကနေ သောက်လို့ရတယ်။ 

အရင်တုန်းက လူတွေဟာ သောက်ရေ သုံးရေကို လွယ်လွယ်ကူကူ 

ရနေတယ်လို့ သူထင်နေခဲ့တယ်။ သူ အာဖရိက,က လူတွေကို 

ကူညီချင်တယ်။

ရိုင်ယန်ဟာ အိမ်ရောက်တာနဲ့ သူ့အဖေနဲ့ အမေကို ကူညီပေးဖို့ 

ပြောတယ်။ သူ့အဖေက ပြောတယ်။ ဘေးအိမ်တွေက အလုပ်တွေကို

ကူလုပ်ပေးရင် ဒေါ်လာ ၇၀ ရနိုင်တယ်။ ဒါဆိုရင် ရေတွင်းတစ်တွင်း 

တူးပေးလို့ ရတယ်တဲ့။ ရိုင်ယန်ဟာ ၄ လလောက် အလုပ်လုပ်လို့ 

ဒေါ်လာ ၇၀ ရလိုက်တယ်။ ဒါပေမဲ့ ဒီပိုက်ဆံလေးနဲ့ အာဖရိက,က 

လူတွေကို မကူညီနိုင်ဘူးဆိုတာ သူသိလိုက်တယ်။ ဒီတော့ သူ 

ဘာလုပ်သလဲ။ နောက်ထပ် ကျပန်းအလုပ်တွေ လုပ်ပြီး ငွေစုတယ်။ 

ကျောင်းတွေနဲ့ ဘုရားရှိခိုးကျောင်းတွေမှာဖရိက,က လူတွေအတွက် 

ရေရဖို့ ကူညီဖို့ ဟောပြောပြီး အလှူခံတယ်။


သူ အသက် ၈ နှစ်သားမှာ အလှူငွေ အတော်လေးရလို့ ယူဂန်ဒါနိုင်ငံ 

မြောက်ပိုင်းက ရွာတစ်ရွာမှာရေတွင်းတစ်တွင်း စတူးပေးလိုက်တယ်။ 

နောက်တော့ သူဟာ Ryan’s Well Foundation ကို ၂၀၀၁ ခုနှစ်မှာ

စတင်ထူထောင်လိုက်တယ်။ အဲဒီဖေါင်ဒေးရှင်းဟာ အလှူငွေ ဒေါ်လာ

သန်းပေါင်းများစွာ ကောက်ခံရရှိလို့ အာဖရိက ၁၆ နိုင်ငံမှာ ရေတွင်းပေါင်း

၁၀၀၀ ကျော် တူးပေးခဲ့ပြီး အိမ်သာပေါင်း ၁၁၂၀ ကိုလည်း ဆောက်လုပ်

ပေးခဲ့တယ်။ အဲဒါကြောင့် အာဖရိကနိုင်ငံတွေက လူပေါင်း ၈ သိန်း 

၂သောင်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ မိလ္လာစနစ်ကို ရရှိသွားကြတယ်။ 

အဲဒီနိုင်ငံတွေထဲမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေဖြစ်တဲ့ Burkina Faso,

Ghana, Kenya, Uganda, Togo and Haiti နိုင်ငံတွေပါဝင်တယ်။


ဂွာတီမာလာ ၊ ဟေတီ နဲ့ အိန္ဒိယဒေသအချို့မှာတော့ မိုးရေကို 

ပြန်လည်သုံးစွဲနိုင်ဖို့ သိုလှောင်ကန်ကြီးတွေ ဆောက်ပေးခဲ့တယ်။ 

သူဒီလို ကူညီနိုင်အောင် ကမ္ဘာ့နာမည်ကြီးပုဂ္ဂိုလ်တွေဖြစ်တဲ့ 

အော်ပရာဝင်းဖရေး ၊ မက်ဒီမွန် နဲ့ ဝေလမင်းသားတို့ရဲ့ ဖောင်ဒေးရှင်း

တွေက ထပ်ဆင့်ပံ့ပိုး ပေးခဲ့တယ်။


အခု အသက် ၂၈ နှစ်အရွယ် ရိုင်ယန်ဟာ ကနေဒါနိုင်ငံ University of 

King’s College နေ ဘွဲ့ရပြီး သူထူထောင်ခဲ့တဲ့ ဖေါင်ဒေးရှင်းမှာ မန်နေဂျာ

တစ်ယောက်အဖြစ် အချိန်ပြည့် ဆက်လက်လုပ်ကိုင်နေသလို ကမ္ဘာလှည့်

ပြီး ဟောပြောပွဲတွေမှာ လိုက်လံဟောပြောပေးလျှက်ရှိပါတယ်။ 

လူသားတွေအကျိုးအတွက် သူ့ရဲ့စွမ်းစွမ်းတမံဆောင်ရွက်ချက်တွေကြောင့်

သူဟာ ဆုပေါင်းများစွာရခဲ့တယ်။ ဒီအထဲမှာ ကနေဒါရဲ့ အမြင့်ဆုံး လူမှုထူး

ချွန်ဆုလို့ ဆိုရမယ့် Order of Ontario ကို ရရှိခဲ့တဲ့ အသက်အငယ်ဆုံးသူ

ဖြစ်ခဲ့တယ်။


လူဆိုတာ ပြင်းပြတဲ့ လိုအင်ဆန္ဒ (burning desire) ရှိရင် ဖြစ်အောင် 

လုပ်လို့ ရတယ်ဆိုတာကို လူငယ်လေး ရိုင်ယန်က သက်သေပြခဲ့ပါတယ်။ 

သင်ရော ဘယ်လိုလဲ။


ဗီဒီယိုကြည့်လိုပါက - 5:04

When Passion Meets Vision: The Ryan Hreljac Story

https://www.youtube.com/watch?v=jvPftkOfmFY


ရေးသားသူ – ဗန်းမော်သိန်းဖေ

source:သုတဇုန်

link - 

https://en.wikipedia.org/wiki/Ryan_Hreljac

No comments:

Post a Comment