မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 3, 2020

႐ုရွားစပုိင္ အန္နာ ခ်ပ္မန္း

အန္နာ ခ်ပ္မန္း
။။။။။။။။။။။။။။။။။။
▶    အခ်က္အလက္မ်ား တရားမဝင္  သူလွ်ဳိ လုပ္မႈမွာ 
တစ္စိတ္တစ္ပိုင္း ပါဝင္ ပက္သက္မႈျဖင္႔ အေမရိကန္ျပည္ေထာင္စု၌ 
အဖမ္းခံခဲ႔ရၿပီး ေနာက္ ယခုအခါ အန္နာ ခ်ပ္မန္း ဟာ  ကမ႓ာ႔ 
မီဒီယာမ်ား ၌ ေမာ္ဒယ္တစ္ဦး အျဖစ္ တစ္ဖန္ ျပန္လည္ေက်ာ္ၾကားမႈ 
ရရွိလာခဲ့ပါတယ္။ ယခင္က သူမဟာ ႐ုရွားေထာက္လွမ္းေရး ေအးဂ်င့္ 
တစ္ဦးလဲ ျဖစ္ခဲ႔ပါတယ္။ သူမ ကို ဖမ္းဆီးခဲ႕တာနဲ႕ ပတ္သက္လို႕ 
ထိုအခ်ိန္က သူမဟာ ႐ုရွားဖက္ဒေရးရွင္းရဲ႕ ျပည္ပေထာက္လွမ္းေရး
ေအဂ်င္စီ SVR – Sluzhba Vneshney Razvedki ၏ စပိုင္ေအးဂ်င္႔
(Spy Agent) အျဖစ္ စြပ္စြဲခံခဲ့ရပါတယ္။


အန္နာ ဗာေဆးရဗ္နာ ခြပ္ရွ္ခ်ီယန္ကို  – Anna Vasil ’yevna 
Kushchyenko  ကို ၁၉၈၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔တြင္
႐ုရွားႏိုင္ငံ ေဗာ္ဂါရဒ္ – Volgograd ၌ ေမြးဖြားခဲ့ ၿပီးသူမရဲ႕ ဖခင္
ဗက္ေဆးလီ ဗက္ေဆးလီ ခြပ္ရွ္ခ်ီယန္ကို – Vasily Kushchenko 
ကေတာ႔ ကင္ညာႏိုင္ငံ ႏိုင္႐ိုဘီၿမိဳ႕က ဆိုဗီယက္သံ႐ုံး တြင္ 
တာဝန္ ထမ္းေဆာင္ ခဲ့ပါတယ္။ အန္နာရဲ႕ ခင္ပြန္းေဟာင္း 
ၿဗိတိန္ ႏိုင္ငံသား ျဖစ္သူ အဲလက္စ္ ခ်ပ္မန္း – Alex Chapman ၏ 
အဆိုအရေတာ႕ သူမ ရဲ႕ ဖခင္ဟာ အႀကီးတန္း KGB အရာရွိတစ္ဦး
ျဖစ္တယ္လို႕ ဆိုပါတယ္။ သူတို႕မိသားစု ေနအိမ္ ဟာ ရာမန္ကိ –
Ramenki ခရိုင္ အေနာက္ေတာင္ဘက္ ေကဂ်ီဘီ အရာရွိမ်ား၊ 
အလယ္တန္းအဆင့္ သံတမန္မ်ား ႏွင့္ စစ္ဖက္ အရာရွိမ်ား 
တစ္ခ်ိန္က ေနထုိင္ခဲတဲ႕ အထက္တန္းလႊာ ရပ္ကြက္တြင္ 
တည္ရွိပါတယ္။ အန္နာ ခ်ပ္မန္း ရဲ႕ခင္ပြန္းေဟာင္း အဆိုအရေတာ႕ 
အန္နာ ဟာ ေမာ္စကို တကၠသိုလ္ ကေန စီးပြားေရး မာစတာဘြဲ႕ကို
ထိပ္တန္းအဆင္႔ ဂုဏ္ထူး ႏွင့္ ေအာင္ျမင္ခဲ့တယ္ လို႕ဆိုပါတယ္။ 


တစ္ခ်ိဳ႕ကေတာ႕ အန္နာ ဟာ ႐ုရွားနိုင္ငံ Peoples ‘ Friendship 
University မွ ဘြဲ႕ဒီဂရီ ရခဲ႕တယ္ လို႕ဆိုတယ္။ ၂၀၀၁ ခုႏွစ္ 
အားလပ္ရက္ လန္ဒန္ ခရီးစဥ္တစ္ခု အတြင္းမွာေတာ့ အန္နာ ႏွင္႔
သူ႕ခင္ပြန္း ျဖစ္လာမဲ့ အဲလက္စ္ ခ်ပ္မန္း တို႔ဟာ  Docklands Rave
ပါတီတစ္ခုမွာ ေတြ႕ဆံုခဲ႔ၾကပါတယ္။ အဲ႔ဒီေနာက္ မၾကာမီ ၂၀၀၂ ခုႏွစ္
မွာ အန္နာ ရဲ႕ ဇာတိေျမ ျဖစ္တဲ႔ ႐ုရွားႏိုင္ငံမွာ လက္ထပ္ခဲ႔ ၾကတယ္။
ထို႕အတြက္ေၾကာင္႔ အန္နာ ဟာ ၿဗိတိန္နိုင္ငံကူး လက္မွတ္ အျပင္ 
ၿဗိတိန္နိုင္ငံသား အျဖစ္ပါ ရရွိခဲ့ပါတယ္။ ထို႕ေနာက္ သူတို႕စုံတြဲဟာ 
႐ုရွား ႏွင့္ အဂၤလန္ႏိုင္ငံတို႕တြင္ တစ္လွည္႔စီ ေနထိုင္ခဲ့ ၾကတယ္။


အဲ႔ဒီေနာက္ ၂၀၀၃ သို႔မဟုတ္ ၂၀၀၄ ခုႏွစ္ အခ်ိန္ေလာက္ မွာ 
အန္နာ ဟာ သူအလုပ္ လုပ္တဲ႕အဂၤလန္ က ဘားကေလ ဘဏ္ 
– Barclays နဲ႕နီးတဲ့ နက္ဂ်က္ – NetJets သို႕ ေျပာင္းေရႊ႕ ေနထုိင္
ခဲ့တယ္။ အဂၤလန္ မွာ ေနထိုင္စဥ္ အန္နာ ဟာ ဘားကေလ ဘဏ္ 
အပါအဝင္ ကုမၸဏီ အေတာ္မ်ားမ်ား အတြက္ အလုပ္ လုပ္ခဲ့ပါတယ္။
၂၀၀၆ ခုႏွစ္ အေရာက္မွာေတာ႕ အန္နာ နဲ႕ အဲလက္စ္ တို႕ဟာ 
ကြာရွင္းျပတ္စဲ ခဲ့ၾကတယ္။ 


အဲ႔ဒီေနာက္ေတာ႕ အန္နာဟာ အေမရိကန္ျပည္ေထာင္စု သို႕ 
မေျပာင္းေရႊ႕ခင္ ႐ုရွားသို႕ ေခတၱျပန္သြားခဲ့ၿပီး ၂၀၀၉ ခုႏွစ္တြင္ေတာ႕ 
အန္နာ ဟာ အေမရိကန္ ျပည္ေထာင္စု နယူေယာ႕ၿမိဳ႕ မင္ဟက္တန္
ရပ္ကြက္ရွိ Wall Street ကေန တစ္ဘလာက္႕ အကြာ မွာ  ရွိတဲ႔ 
20 Exchange Palace  ရီဆိုက္ဒင့္မွာ ေျပာင္းေရႊ႕ ေနထိုင္ခဲ႔ပါတယ္။ 
မၾကာမီ အန္နာ ဟာ မန္ဟက္တန္တြင္ သူမ၏ ကိုယ္ပိုင္ အိမ္ၿခံေျမ 
ကုမၸဏီ – Property Finder, Ltd . ကို တည္ေထာင္ လုပ္ကိုင္ခဲ့ၿပီး
နယူးေယာက္ၿမိဳ႕ရဲ့ စီးပြားေရးႏွင့္ နိုက္ကလပ္ ရပ္ဝန္းသို႔ မိမိကိုယ္ကို
ဝင္ဆန္႕ေအာင္ လုပ္ေဆာင္ခဲ႕ေတာ႔တယ္ ။ 


အန္နာ အေမရိကား မွာ စီးပြားေရးလုပ္ငန္းမ်ား စတင္လုပ္ေဆာင္
ခဲ႕တဲ႕ အေစာပိုင္း ႏွစ္ ႏွစ္မွာေတာ႔ ေခ်းေငြမ်ား အေႂကြးမ်ား ျဖင့္ 
လုပ္ငန္းကို စတင္လည္ပတ္ခဲ႔ရ ၿပီး ၂၀၀၉ ခုႏွစ္ အေရာက္မွာေတာ့
သူမ ကုမၸဏီ ဟာ ႐ုတ္တရက္ ဝန္ထမ္းအင္အား ငါးဆယ္ ျဖင္႔ 
ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္း တစ္ခု ျဖစ္လာခဲ့ ပါတယ္။ 


ထိုအခ်ိန္ တြင္ အန္နာဟာ မၾကာခဏ ဆိုသလို ညေနပိုင္း 
အခ်ိန္မ်ားတြင္ နယူးေယာ႔ခ္ ရဲ့ နာမည္ႀကီး စားေသာက္ဆိုင္မ်ား ၊ 
ကလပ္ မ်ားသို႕ သြားေရာက္ေလ႕ ရွိၿပီး ထိုသို႕ သြားေရာက္စဥ္ 
ထင္ရွားတဲ့ နယူးေယာ့ခ္ စားေသာက္ဆိုင္ ပိုင္ရွင္ တစ္ဦးျဖစ္တဲ႕ 
မိုက္ကယ္ ဘစ္တန္ ႏွင္႔ ခ်ိန္းေတြ႕၍ သတင္း အေပးအယူမ်ား 
လုပ္ခဲ႔ ပါတယ္။


ဤသို႕ ျဖင္႕ အန္နာႏွင့္အတူ အျခားေသာ ႐ုရွား စပိုင္ကြန္ရက္မ်ား 
ဟာ အတိမ္း အေစာင္းမခံ တဲ့ သတင္း အခ်က္အလက္မ်ား ရွာေဖြ
စုေဆာင္းျခင္း လုပ္ငန္းမ်ားကို အခ်င္းခ်င္း ခ်ိတ္ဆက္ လုပ္ေဆာင္ 
ၾကပါတယ္။ ထိုသို႕ စားေသာက္ဆိုင္ ၊ ကလပ္မ်ား ကို သြားလာ 
လႈပ္ရွားမႈ႕မ်ားဟာ သူမ၏ သတင္းေပးမႈ လၽွိဳဝွက္ မစ္ရွင္မ်ားအေပၚ 
ဖံုးကြယ္ထားဖို႕ ထိုေနရာမ်ားတြင္ ခ်ိန္းဆိုလုပ္ကိုင္ရျခင္း ျဖစ္တယ္လို႔
ဆိုပါတယ္။ ေနာက္ပိုင္းတြင္ အန္နာ ဟာ အေမရိကား မွာ သူမ၏ 
လုပ္ေဆာင္ခဲ႔ရမႈ႕မ်ားကို ခ်ားလ္စ္ဒစ္ကင္း ရဲ႕ အဆိုအမိန္႕ အတိုင္း 
သူမ အတြက္ ” ထို အခ်ိန္မ်ားဟာ အေကာင္းဆုံး အခ်ိန္ ျဖစ္ခဲ့သလို 
အဆိုးရြားဆုံး အခ်ိန္လဲ ျဖစ္ခဲ႔တယ္ ” …  လို႕ ေျပာၾကားခဲ႔ပါတယ္။
ဇြန္လ၂၀၁၀ ခုႏွစ္မွာေတာ႕ အန္နာ ဟာ ႐ုရွားစပိုင္ အရာရွိအျဖစ္ 
ဟန္ေဆာင္ထားသူ FBI ေအးဂ်င္႔တစ္ဦးႏွင္႔ ေတြ႕ဆံုေဆြးေႏြးမိရာမွ
ဖမ္းဆီးထိန္းသိမ္းျခင္း ခံခဲ့ရပါတယ္။


ထိုအခ်ိန္ က တရား႐ုံး စာရြက္စာတမ္းမ်ား အရ သိရသည္ မွာ 
“ မူဝါဒ ခ်မွတ္မႈ႕ စက္ဝိုင္းထဲမွာ ဆက္ဆံမႈ ” – 
Ties In Policymaking Circle ဟူေသာ အစီရင္ခံစာမ်ား ကို 
႐ုရွား သိုျပန္၍ ေပးပို႔ဖို႔ ရည္ရြယ္ခဲ့သည္ လို႕ဆိုပါတယ္။ ဒီ လၽွိဳ႕ဝွက္
မွတ္တမ္းမ်ား ကို အန္နာ တစ္ဦးထဲ ကေန သူလွ်ိဳလုပ္ ေဖာ္ထုတ္ခဲ့
သလား ဆိုတာေတာ႕ ရွင္းရွင္း လင္းလင္း မေဖာ္ျပခဲ ႔ပါဘူ။


ထို သူလၽွိဳလုပ္ေသာ သတင္းသည္ မီဒီယာမ်ား တြင္ 
“ ဆံပင္နီေလး ႏွင္႔ ခ်စ္စရာ ေကာင္းတဲ႔စပိုင္ ” – 
The Red Haired Spy Sweet ဆိုတဲ႔ ေခါင္းစဥ္ျဖင့္ ပါလာတဲ႔အခါ 
အန္နာ ခ်ပ္မန္း ရဲ႕ မိတ္ေဆြမ်ား ဟာ အံ့အားသင့္ ခဲ့ၾကရတယ္လို႕ 
ဆိုပါတယ္။ တစ္ခ်ိဳ႕ကေတာ႕ အန္နာ႕ကို စီဒါ႔ထရပ္ “ Seductress “ 
ဖ်ားေယာင္း ေသြးေဆာင္ သူေလး ” လို႕လည္း ေခၚခဲ႕ၾကပါတယ္။


အန္နာဟာ“ အေမရိကန္ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ကို အသိေပးျခင္း
မရွိဘဲ နိုင္ငံျခား အစိုးရ တစ္ခု၏ ေအးဂ်င့္ အျဖစ္ ေဆာင္ရြက္ရန္ 
ပူးေပါင္းႀကံစည္မႈ႕မွာ အျပစ္ရွိေၾကာင္း ေတြ႕ရွိသည္ ” ဟူေသာ 
ဆြဲခ်က္ျဖင္႕ အန္နာ ကို သူလွ်ိဳ စပိုင္ အျဖစ္ ဖမ္းဆီး ထိန္းသိမ္း 
ထားခဲ့သည္။


သို႕ေသာ္ ဇူလိုင္ လ ၈ ရက္ ၂၀၁၀ ခုႏွစ္ တြင္ေတာ႕ အန္နာ ႏွင္႔ 
အျခား ေအးဂ်င့္မ်ား ကို အေမရိကန္ ျပည္ေထာင္စု ႏွင့္ ႐ုရွားနိုင္ငံ 
အၾကား တစ္ဖက္ နဲ႔ တစ္ဖက္ ဖမ္းဆီးခံ သူလွ်ိဳ လဲလွယ္ေရး 
သေဘာတူညီခ်က္ အရ ႐ုရွား သို႕ ျပန္လည္ ေစလႊတ္ခဲ့ပါတယ္။ 
ထိုစဥ္က အန္နာခ်ပ္မန္း ဟာ ယူနိုက္တက္ကင္းဒမ္း မွာ ျပန္လည္ 
ေနထိုင္ဖို႕ ဆႏၵရွိခဲ႔ ပါတယ္။ ဒါေပမဲ႕ အန္နာ႕ရဲ႕ ေလွ်ာက္ထားခ်က္ 
ကို ၿဗိတိန္အစိုးရ က ပယ္ခ်ခဲ့ၿပီး သူမ ၏ ၿဗိတိန္နိုင္ငံသား ျဖစ္မႈကို
ျပန္လည္ ႐ုတ္သိမ္းကာ တိုင္းျပည္ကေန ဖယ္ထုတ္ခဲ႔ပါတယ္။ 

၂၀၁၀ ခုႏွစ္ ဇူလိုင္လ ၈ ရက္ ေန႕ နံနက္ပိုင္း တြင္ေတာ႕ အန္နာ
အပါအဝင္ ႐ုရွား ေအးဂ်င္႔ ၁၀ ဦးဟာ ၾသစႀတီးယား ႏိုင္ငံ ဗီယင္နာ
အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွတစ္ဆင္႔ စင္းလုံးငွား ေလယာဥ္ျဖင္႔ 
႐ုရွားနိုင္ငံ သို႕ ျပန္လည္ ေရာက္ရွိခဲ႔ ပါတယ္။ ႐ုရွား ႏိုင္ငံ ဒမားဒီဒိုဗို 
– Domodedovo ေလဆိပ္ အေရာက္မွာေတာ႕ ႐ုရွား အစိုးရ က 
အန္နာ တို႔အဖြဲ႕ကို ႏိုင္ငံတကာသတင္း မီဒီယာမ်ား အျပင္ ေဒသခံ
မီဒီယာ ႏွင္႔ပါ ေတြ႕ခြင္႔ မေပးခဲ႔ပါဘူးး။ ထို႕ေနာက္ေတာ့ အန္နာ ကို 
႐ုရွားမွ ျပန္လည္ ႀကိဳဆိုလက္ခံခ့ဲျပီး အစိုးရအေနျဖင့္လည္း သူမ၏ 
လုပ္ေဆာင္ခ်က္မ်ား အတြက္ ဆု တံဆိပ္ အပ္ႏွင္းခဲ့ ပါတယ္။ 
ေနာက္ပိုင္း တြင္ ယူနိုက္တက္ ႐ုရွားပါတီ ၏  Young Gard အစာင့္ 
တပ္ဖြဲ႕အတြင္း ရာထူး တစ္ခုကို ခန္႔အပ္ခဲ့ပါတယ္။ ထို ခန္႔အပ္ပြဲကို 
ပါတီ ေခါင္းေဆာင္မ်ား ႏွင့္အတူ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗလာဒီမာ 
ပူတင္ ပါ တက္ေရာက္ခဲ့ ပါတယ္။ 

အဲ႔ဒီေနာက္ အျခားေသာ စပိုင္မ်ားမွာ အမ်ားစု ကို ဘဝသစ္စဖို႕ 
ေထာက္ခံခ်က္ အသစ္မ်ား ထုတ္ေပး ခြင့္ျပဳစဥ္ အခ်ိန္မွာေတာ႕
အန္နာဟာ ႏိုင္ငံတကာမွာ ေက်ာ္ၾကားလာတဲ့ သူမ ၏ ပံုရိပ္ကို 
ဆက္လက္ တည္ေဆာက္ခဲ႔ ပါတယ္။ ေအာက္တိုဘာ လထုတ္ 
႐ုရွား မဂၢဇင္း မက္ဇင္ – Maxim Magazine ၏ ၏ မ်က္ႏွာဖံုး 
ကာဗာတြင္ ေအးဂ်င္႔ ပ႐ိုဗာကတ္ထေရာ – Agent Provocateur 
အမွတ္တံဆိပ္ အမ်ိဳးသမီးဝတ္ အတြင္းခံ ေၾကာ္ျငာ ေမာ္ဒယ္တစ္ဦး
အျဖစ္ ကိုယ္ဟန္ ျပခဲ႔ပါတယ္။ အဆိုပါ  မဂၢဇင္း တြင္ အန္နာ ဟာ 
႐ုရွား ရဲ႕ စြဲေဆာင္မႈ အရွိဆုံး အမ်ိဳးသမီး အေယာက္ ၁၀၀ 
စာရင္းဝင္ အျဖစ္ သတ္မွတ္ျခင္းခံခဲ့  ရပါတယ္။ 
ထို႕ေနာက္ေတာ႔ အန္နာ ဟာ ေမာ္စကို ဘ႑ာေရး အဖြဲ႕အစည္း 
တစ္ခုျဖစ္တဲ့ ဖန္းဆားဗစ္ ဘဏ္ – Fundservice Bank ၏ 
အၾကံေပးအဖြဲ႕ဝင္ ေခါင္းေဆာင္ပိုင္း တစ္ေယာက္ အျဖစ္လည္း 
ျဖစ္လာ ခဲ့တယ္။

၂၀၁၁ ခုႏွစ္ “ ရွီယန္ အင္ ရဒ္ေကာဗ္စကိုင္းရား  ” – 
Shiyan & Rudkovskaya ရဲ႕ ေမာ္စကို ဖက္ရွင္႐ႈိး – 
Moscow Fashion Week မွာ ေမာ္ဒယ္ တစ္ဦး အျဖစ္ 
ေပၚထြက္ လာခဲ့ၿပီး ၂၀၁၂ ခုႏွစ္ “ အန္ထလိရာ႔ ” – Antalya … .
“ ေဒါ႔ဆို ေဒါ႔စီ ” – Dosso Dossi စတဲ႕ ဖက္ရွင္ရႈိးမ်ား တြင္လည္း 
ပါဝင္ခဲ႔ ပါေသးတယ္။

အန္နာရဲ႕ ႐ုပ္ရွင္ အခန္းက႑ နယ္ပယ္ ဝင္ေရာက္ခြင္႕ေျခလွမ္းမ်ား 
ကိုေတာ႕ ကန္႔သတ္ ထားခဲ႔ပါတယ္။ ဒါေပမဲ႔ အဲ႔ဒီ အခ်ိန္မွာ အန္နာ 
 ဟာ သူမ၏ ကိုယ္ပိုင္ အစီအစဥ္ျဖင္႕ “ လၽွိဳ႕ဝွက္ဆန္းက်ယ္ေသာ 
ကမ႓ာႏွင့္အတူ အန္နာ ခ်ပ္မန္း ” – Mysteries of the World with
Anna Chapman ဟူေသာ အပတ္စဥ္ ႐ုပ္သံ အစီအစဥ္ကို ႐ိုက္ကူး
ခဲ႔ ပါတယ္။

ဒါအျပင္ အန္နာ ဟာ ႐ုရွားနိုင္ငံ ရဲ႕နည္းပညာ က႑ အတြက္ 
ရန္ပုံေငြရဖို႔ ၾကိဳးစားေနတဲ႔ နိုင္ငံ၏ အက်ိဳးတူ ၿမိဳ႕ေတာ္ စက္မႈ
လုပ္ငန္းမ်ား တြင္လည္း ပါဝင္ခဲ႔ ၿပီး သူမ ရဲ႕ အခန္း က႑သစ္ 
တစ္ခု အျဖစ္ အန္နာ ဟာ Venture စီးပြားေရးသတင္း မဂၢဇင္း 
အယ္ဒီတာ လည္း ျဖစ္လာခဲ့ ပါတယ္။

တစ္ခ်ိန္က စီးပြားေရးလုပ္ငန္းရွင္ အသြင္ေဆာင္ျပီး 
အေမရိကန္ႏိုင္ငံရဲ႕ သတင္း အခ်က္အလက္ေတြ ကို မိခင္ေျမ 
ရုရွား သို႔ လႊဲေျပာင္း ေပးခဲ႔တဲ႔ အတြက္ ျပည္ႏွင္ဒဏ္ ေပးခံရတဲ့ 
ရုရွား စပိုင္မယ္ေဟာင္းေလး အန္နာ ခ်ပ္မန္း ဟာ ၂၀၁၃ ခုႏွစ္ 
ဇူလိုင္ လ  ၃ ရက္ေန႔တြင္ စီအိုင္ေအ ေအးဂ်င္႕ေဟာင္း စႏိုဒင္ 
ကုိလည္း သူမ ကို လက္ထပ္ႏုိင္ မလား လို ့ သူ႔မ  ရဲ႕ တြစ္တာ 
ကေန တဆင္႕ ကမ္းလွမ္း လိုက္ပါေသးတယ္ ………… ။    ။

EΛIɴт MYΛт CнEʟ
Ref: Ex Spy Anna From Russian Unloved – The Daily Beast

================================

အန်နာ ချပ်မန်း
။။။။။။။။။။။။။။။။။။။

▶    အချက်အလက်များ တရားမဝင်  သူလျှို လုပ်မှုမှာ 
တစ်စိတ်တစ်ပိုင်း ပါဝင် ပက်သက်မှုဖြင့် အမေရိကန်ပြည်ထောင်စု၌ 
အဖမ်းခံခဲ့ရပြီး နောက် ယခုအခါ အန်နာ ချပ်မန်း ဟာ  ကမ္ဘာ့ 
မီဒီယာများ ၌ မော်ဒယ်တစ်ဦး အဖြစ် တစ်ဖန် ပြန်လည်ကျော်ကြားမှု 
ရရှိလာခဲ့ပါတယ်။ ယခင်က သူမဟာ ရုရှားထောက်လှမ်းရေး အေးဂျင့် 
တစ်ဦးလဲ ဖြစ်ခဲ့ပါတယ်။ သူမ ကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ 
ထိုအချိန်က သူမဟာ ရုရှားဖက်ဒရေးရှင်းရဲ့ ပြည်ပထောက်လှမ်းရေး
အေဂျင်စီ SVR – Sluzhba Vneshney Razvedki ၏ စပိုင်အေးဂျင့်
(Spy Agent) အဖြစ် စွပ်စွဲခံခဲ့ရပါတယ်။

အန်နာ ဗာဆေးရဗ်နာ ခွပ်ရှ်ချီယန်ကို  – Anna Vasil ’yevna 
Kushchyenko  ကို ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်
ရုရှားနိုင်ငံ ဗော်ဂါရဒ် – Volgograd ၌ မွေးဖွားခဲ့ ပြီးသူမရဲ့ ဖခင်
ဗက်ဆေးလီ ဗက်ဆေးလီ ခွပ်ရှ်ချီယန်ကို – Vasily Kushchenko 
ကတော့ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က ဆိုဗီယက်သံရုံး တွင် 
တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ အန်နာရဲ့ ခင်ပွန်းဟောင်း 
ဗြိတိန် နိုင်ငံသား ဖြစ်သူ အဲလက်စ် ချပ်မန်း – Alex Chapman ၏ 
အဆိုအရတော့ သူမ ရဲ့ ဖခင်ဟာ အကြီးတန်း KGB အရာရှိတစ်ဦး
ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့မိသားစု နေအိမ် ဟာ ရာမန်ကိ –
Ramenki ခရိုင် အနောက်တောင်ဘက် ကေဂျီဘီ အရာရှိများ၊ 
အလယ်တန်းအဆင့် သံတမန်များ နှင့် စစ်ဖက် အရာရှိများ 
တစ်ချိန်က နေထိုင်ခဲတဲ့ အထက်တန်းလွှာ ရပ်ကွက်တွင် 
တည်ရှိပါတယ်။ အန်နာ ချပ်မန်း ရဲ့ခင်ပွန်းဟောင်း အဆိုအရတော့ 
အန်နာ ဟာ မော်စကို တက္ကသိုလ် ကနေ စီးပွားရေး မာစတာဘွဲ့ကို
ထိပ်တန်းအဆင့် ဂုဏ်ထူး နှင့် အောင်မြင်ခဲ့တယ် လို့ဆိုပါတယ်။ 

တစ်ချို့ကတော့ အန်နာ ဟာ ရုရှားနိုင်ငံ Peoples ‘ Friendship 
University မှ ဘွဲ့ဒီဂရီ ရခဲ့တယ် လို့ဆိုတယ်။ ၂၀၀၁ ခုနှစ် 
အားလပ်ရက် လန်ဒန် ခရီးစဉ်တစ်ခု အတွင်းမှာတော့ အန်နာ နှင့်
သူ့ခင်ပွန်း ဖြစ်လာမဲ့ အဲလက်စ် ချပ်မန်း တို့ဟာ  Docklands Rave
ပါတီတစ်ခုမှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲ့ဒီနောက် မကြာမီ ၂၀၀၂ ခုနှစ်
မှာ အန်နာ ရဲ့ ဇာတိမြေ ဖြစ်တဲ့ ရုရှားနိုင်ငံမှာ လက်ထပ်ခဲ့ ကြတယ်။
ထို့အတွက်ကြောင့် အန်နာ ဟာ ဗြိတိန်နိုင်ငံကူး လက်မှတ် အပြင် 
ဗြိတိန်နိုင်ငံသား အဖြစ်ပါ ရရှိခဲ့ပါတယ်။ ထို့နောက် သူတို့စုံတွဲဟာ 
ရုရှား နှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်လှည့်စီ နေထိုင်ခဲ့ ကြတယ်။

အဲ့ဒီနောက် ၂၀၀၃ သို့မဟုတ် ၂၀၀၄ ခုနှစ် အချိန်လောက် မှာ 
အန်နာ ဟာ သူအလုပ် လုပ်တဲ့အင်္ဂလန် က ဘားကလေ ဘဏ် 
– Barclays နဲ့နီးတဲ့ နက်ဂျက် – NetJets သို့ ပြောင်းရွှေ့ နေထိုင်
ခဲ့တယ်။ အင်္ဂလန် မှာ နေထိုင်စဉ် အန်နာ ဟာ ဘားကလေ ဘဏ် 
အပါအဝင် ကုမ္ပဏီ အတော်များများ အတွက် အလုပ် လုပ်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ် အရောက်မှာတော့ အန်နာ နဲ့ အဲလက်စ် တို့ဟာ 
ကွာရှင်းပြတ်စဲ ခဲ့ကြတယ်။ 

အဲ့ဒီနောက်တော့ အန်နာဟာ အမေရိကန်ပြည်ထောင်စု သို့ 
မပြောင်းရွှေ့ခင် ရုရှားသို့ ခေတ္တပြန်သွားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်တော့ 
အန်နာ ဟာ အမေရိကန် ပြည်ထောင်စု နယူယော့မြို့ မင်ဟက်တန်
ရပ်ကွက်ရှိ Wall Street ကနေ တစ်ဘလာက့် အကွာ မှာ  ရှိတဲ့ 
20 Exchange Palace  ရီဆိုက်ဒင့်မှာ ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ 
မကြာမီ အန်နာ ဟာ မန်ဟက်တန်တွင် သူမ၏ ကိုယ်ပိုင် အိမ်ခြံမြေ 
ကုမ္ပဏီ – Property Finder, Ltd . ကို တည်ထောင် လုပ်ကိုင်ခဲ့ပြီး
နယူးယောက်မြို့ရဲ့ စီးပွားရေးနှင့် နိုက်ကလပ် ရပ်ဝန်းသို့ မိမိကိုယ်ကို
ဝင်ဆန့်အောင် လုပ်ဆောင်ခဲ့တော့တယ် ။ 

အန်နာ အမေရိကား မှာ စီးပွားရေးလုပ်ငန်းများ စတင်လုပ်ဆောင်
ခဲ့တဲ့ အစောပိုင်း နှစ် နှစ်မှာတော့ ချေးငွေများ အကြွေးများ ဖြင့် 
လုပ်ငန်းကို စတင်လည်ပတ်ခဲ့ရ ပြီး ၂၀၀၉ ခုနှစ် အရောက်မှာတော့
သူမ ကုမ္ပဏီ ဟာ ရုတ်တရက် ဝန်ထမ်းအင်အား ငါးဆယ် ဖြင့် 
အောင်မြင်သော စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်လာခဲ့ ပါတယ်။ 

ထိုအချိန် တွင် အန်နာဟာ မကြာခဏ ဆိုသလို ညနေပိုင်း 
အချိန်များတွင် နယူးယော့ခ် ရဲ့ နာမည်ကြီး စားသောက်ဆိုင်များ ၊ 
ကလပ် များသို့ သွားရောက်လေ့ ရှိပြီး ထိုသို့ သွားရောက်စဉ် 
ထင်ရှားတဲ့ နယူးယော့ခ် စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးဖြစ်တဲ့ 
မိုက်ကယ် ဘစ်တန် နှင့် ချိန်းတွေ့၍ သတင်း အပေးအယူများ 
လုပ်ခဲ့ ပါတယ်။

ဤသို့ ဖြင့် အန်နာနှင့်အတူ အခြားသော ရုရှား စပိုင်ကွန်ရက်များ 
ဟာ အတိမ်း အစောင်းမခံ တဲ့ သတင်း အချက်အလက်များ ရှာဖွေ
စုဆောင်းခြင်း လုပ်ငန်းများကို အချင်းချင်း ချိတ်ဆက် လုပ်ဆောင် 
ကြပါတယ်။ ထိုသို့ စားသောက်ဆိုင် ၊ ကလပ်များ ကို သွားလာ 
လှုပ်ရှားမှု့များဟာ သူမ၏ သတင်းပေးမှု လျှိုဝှက် မစ်ရှင်များအပေါ် 
ဖုံးကွယ်ထားဖို့ ထိုနေရာများတွင် ချိန်းဆိုလုပ်ကိုင်ရခြင်း ဖြစ်တယ်လို့
ဆိုပါတယ်။ နောက်ပိုင်းတွင် အန်နာ ဟာ အမေရိကား မှာ သူမ၏ 
လုပ်ဆောင်ခဲ့ရမှု့များကို ချားလ်စ်ဒစ်ကင်း ရဲ့ အဆိုအမိန့် အတိုင်း 
သူမ အတွက် ” ထို အချိန်များဟာ အကောင်းဆုံး အချိန် ဖြစ်ခဲ့သလို 
အဆိုးရွားဆုံး အချိန်လဲ ဖြစ်ခဲ့တယ် ” …  လို့ ပြောကြားခဲ့ပါတယ်။
ဇွန်လ၂၀၁၀ ခုနှစ်မှာတော့ အန်နာ ဟာ ရုရှားစပိုင် အရာရှိအဖြစ် 
ဟန်ဆောင်ထားသူ FBI အေးဂျင့်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးမိရာမှ
ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။

ထိုအချိန် က တရားရုံး စာရွက်စာတမ်းများ အရ သိရသည် မှာ 
“ မူဝါဒ ချမှတ်မှု့ စက်ဝိုင်းထဲမှာ ဆက်ဆံမှု ” – 
Ties In Policymaking Circle ဟူသော အစီရင်ခံစာများ ကို 
ရုရှား သိုပြန်၍ ပေးပို့ဖို့ ရည်ရွယ်ခဲ့သည် လို့ဆိုပါတယ်။ ဒီ လျှို့ဝှက်
မှတ်တမ်းများ ကို အန်နာ တစ်ဦးထဲ ကနေ သူလျှိုလုပ် ဖော်ထုတ်ခဲ့
သလား ဆိုတာတော့ ရှင်းရှင်း လင်းလင်း မဖော်ပြခဲ့ပါဘူ။
ထို သူလျှိုလုပ်သော သတင်းသည် မီဒီယာများ တွင် 
“ ဆံပင်နီလေး နှင့် ချစ်စရာ ကောင်းတဲ့စပိုင် ” – 
The Red Haired Spy Sweet ဆိုတဲ့ ခေါင်းစဉ်ဖြင့် ပါလာတဲ့အခါ 
အန်နာ ချပ်မန်း ရဲ့ မိတ်ဆွေများ ဟာ အံ့အားသင့် ခဲ့ကြရတယ်လို့ 
ဆိုပါတယ်။ တစ်ချို့ကတော့ အန်နာ့ကို စီဒါ့ထရပ် “ Seductress “ 
ဖျားယောင်း သွေးဆောင် သူလေး ” လို့လည်း ခေါ်ခဲ့ကြပါတယ်။

အန်နာဟာ“ အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ်ကို အသိပေးခြင်း
မရှိဘဲ နိုင်ငံခြား အစိုးရ တစ်ခု၏ အေးဂျင့် အဖြစ် ဆောင်ရွက်ရန် 
ပူးပေါင်းကြံစည်မှု့မှာ အပြစ်ရှိကြောင်း တွေ့ရှိသည် ” ဟူသော 
ဆွဲချက်ဖြင့် အန်နာ ကို သူလျှို စပိုင် အဖြစ် ဖမ်းဆီး ထိန်းသိမ်း 
ထားခဲ့သည်။

သို့သော် ဇူလိုင် လ ၈ ရက် ၂၀၁၀ ခုနှစ် တွင်တော့ အန်နာ နှင့် 
အခြား အေးဂျင့်များ ကို အမေရိကန် ပြည်ထောင်စု နှင့် ရုရှားနိုင်ငံ 
အကြား တစ်ဖက် နဲ့ တစ်ဖက် ဖမ်းဆီးခံ သူလျှို လဲလှယ်ရေး 
သဘောတူညီချက် အရ ရုရှား သို့ ပြန်လည် စေလွှတ်ခဲ့ပါတယ်။ 
ထိုစဉ်က အန်နာချပ်မန်း ဟာ ယူနိုက်တက်ကင်းဒမ်း မှာ ပြန်လည် 
နေထိုင်ဖို့ ဆန္ဒရှိခဲ့ ပါတယ်။ ဒါပေမဲ့ အန်နာ့ရဲ့ လျှောက်ထားချက် 
ကို ဗြိတိန်အစိုးရ က ပယ်ချခဲ့ပြီး သူမ ၏ ဗြိတိန်နိုင်ငံသား ဖြစ်မှုကို
ပြန်လည် ရုတ်သိမ်းကာ တိုင်းပြည်ကနေ ဖယ်ထုတ်ခဲ့ပါတယ်။ 

၂၀၁၀ ခုနှစ် ဇူလိုင်လ ၈ ရက် နေ့ နံနက်ပိုင်း တွင်တော့ အန်နာ
အပါအဝင် ရုရှား အေးဂျင့် ၁၀ ဦးဟာ သြစတြီးယား နိုင်ငံ ဗီယင်နာ
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် စင်းလုံးငှား လေယာဉ်ဖြင့် 
ရုရှားနိုင်ငံ သို့ ပြန်လည် ရောက်ရှိခဲ့ ပါတယ်။ ရုရှား နိုင်ငံ ဒမားဒီဒိုဗို 
– Domodedovo လေဆိပ် အရောက်မှာတော့ ရုရှား အစိုးရ က 
အန်နာ တို့အဖွဲ့ကို နိုင်ငံတကာသတင်း မီဒီယာများ အပြင် ဒေသခံ
မီဒီယာ နှင့်ပါ တွေ့ခွင့် မပေးခဲ့ပါဘူးး။ ထို့နောက်တော့ အန်နာ ကို 
ရုရှားမှ ပြန်လည် ကြိုဆိုလက်ခံခဲ့ပြီး အစိုးရအနေဖြင့်လည်း သူမ၏ 
လုပ်ဆောင်ချက်များ အတွက် ဆု တံဆိပ် အပ်နှင်းခဲ့ ပါတယ်။ 
နောက်ပိုင်း တွင် ယူနိုက်တက် ရုရှားပါတီ ၏  Young Gard အစာင့် 
တပ်ဖွဲ့အတွင်း ရာထူး တစ်ခုကို ခန့်အပ်ခဲ့ပါတယ်။ ထို ခန့်အပ်ပွဲကို 
ပါတီ ခေါင်းဆောင်များ နှင့်အတူ နိုင်ငံတော်ဝန်ကြီးချုပ် ဗလာဒီမာ 
ပူတင် ပါ တက်ရောက်ခဲ့ ပါတယ်။ 

အဲ့ဒီနောက် အခြားသော စပိုင်များမှာ အများစု ကို ဘဝသစ်စဖို့ 
ထောက်ခံချက် အသစ်များ ထုတ်ပေး ခွင့်ပြုစဉ် အချိန်မှာတော့
အန်နာဟာ နိုင်ငံတကာမှာ ကျော်ကြားလာတဲ့ သူမ ၏ ပုံရိပ်ကို 
ဆက်လက် တည်ဆောက်ခဲ့ ပါတယ်။ အောက်တိုဘာ လထုတ် 
ရုရှား မဂ္ဂဇင်း မက်ဇင် – Maxim Magazine ၏ ၏ မျက်နှာဖုံး 
ကာဗာတွင် အေးဂျင့် ပရိုဗာကတ်ထရော – Agent Provocateur 
အမှတ်တံဆိပ် အမျိုးသမီးဝတ် အတွင်းခံ ကြော်ငြာ မော်ဒယ်တစ်ဦး
အဖြစ် ကိုယ်ဟန် ပြခဲ့ပါတယ်။ အဆိုပါ  မဂ္ဂဇင်း တွင် အန်နာ ဟာ 
ရုရှား ရဲ့ စွဲဆောင်မှု အရှိဆုံး အမျိုးသမီး အယောက် ၁၀၀ 
စာရင်းဝင် အဖြစ် သတ်မှတ်ခြင်းခံခဲ့  ရပါတယ်။ 
ထို့နောက်တော့ အန်နာ ဟာ မော်စကို ဘဏ္ဍာရေး အဖွဲ့အစည်း 
တစ်ခုဖြစ်တဲ့ ဖန်းဆားဗစ် ဘဏ် – Fundservice Bank ၏ 
အကြံပေးအဖွဲ့ဝင် ခေါင်းဆောင်ပိုင်း တစ်ယောက် အဖြစ်လည်း 
ဖြစ်လာ ခဲ့တယ်။

၂၀၁၁ ခုနှစ် “ ရှီယန် အင် ရဒ်ကောဗ်စကိုင်းရား  ” – 
Shiyan & Rudkovskaya ရဲ့ မော်စကို ဖက်ရှင်ရှိုး – 
Moscow Fashion Week မှာ မော်ဒယ် တစ်ဦး အဖြစ် 
ပေါ်ထွက် လာခဲ့ပြီး ၂၀၁၂ ခုနှစ် “ အန်ထလိရာ့ ” – Antalya … .
“ ဒေါ့ဆို ဒေါ့စီ ” – Dosso Dossi စတဲ့ ဖက်ရှင်ရှိုးများ တွင်လည်း 
ပါဝင်ခဲ့ ပါသေးတယ်။

အန်နာရဲ့ ရုပ်ရှင် အခန်းကဏ္ဍ နယ်ပယ် ဝင်ရောက်ခွင့်ခြေလှမ်းများ 
ကိုတော့ ကန့်သတ် ထားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အချိန်မှာ အန်နာ 
 ဟာ သူမ၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် “ လျှို့ဝှက်ဆန်းကျယ်သော 
ကမ္ဘာနှင့်အတူ အန်နာ ချပ်မန်း ” – Mysteries of the World with
Anna Chapman ဟူသော အပတ်စဉ် ရုပ်သံ အစီအစဉ်ကို ရိုက်ကူး
ခဲ့ ပါတယ်။

ဒါအပြင် အန်နာ ဟာ ရုရှားနိုင်ငံ ရဲ့နည်းပညာ ကဏ္ဍ အတွက် 
ရန်ပုံငွေရဖို့ ကြိုးစားနေတဲ့ နိုင်ငံ၏ အကျိုးတူ မြို့တော် စက်မှု
လုပ်ငန်းများ တွင်လည်း ပါဝင်ခဲ့ ပြီး သူမ ရဲ့ အခန်း ကဏ္ဍသစ် 
တစ်ခု အဖြစ် အန်နာ ဟာ Venture စီးပွားရေးသတင်း မဂ္ဂဇင်း 
အယ်ဒီတာ လည်း ဖြစ်လာခဲ့ ပါတယ်။

တစ်ချိန်က စီးပွားရေးလုပ်ငန်းရှင် အသွင်ဆောင်ပြီး 
အမေရိကန်နိုင်ငံရဲ့ သတင်း အချက်အလက်တွေ ကို မိခင်မြေ 
ရုရှား သို့ လွှဲပြောင်း ပေးခဲ့တဲ့ အတွက် ပြည်နှင်ဒဏ် ပေးခံရတဲ့ 
ရုရှား စပိုင်မယ်ဟောင်းလေး အန်နာ ချပ်မန်း ဟာ ၂၀၁၃ ခုနှစ် 
ဇူလိုင် လ  ၃ ရက်နေ့တွင် စီအိုင်အေ အေးဂျင့်ဟောင်း စနိုဒင် 
ကိုလည်း သူမ ကို လက်ထပ်နိုင် မလား လို့ သူ့မ  ရဲ့ တွစ်တာ 
ကနေ တဆင့် ကမ်းလှမ်း လိုက်ပါသေးတယ် ………… ။    ။

EΛIɴт MYΛт CнEʟ
Ref: Ex Spy Anna From Russian Unloved – The Daily Beast

No comments:

Post a Comment