"ဝ"သုံးလုံး ေဆာင္ပါ
-------------------------
မင္းကြန္းဆရာေတာ္ႀကီး မုံ႐ြာၿမိဳ႕သုိ႔ ႂကြေတာ္မူေသာအခါ
ဆရာေတာ္ႀကီးနွင့္အလြန္ရင္းနွီးက်ြမ္းဝင္ေသာ အသက္ ၈၀ ေက်ာ္
အဖြားအုိတစ္ဦးက ၾကဳံတုန္းၾကဳံခုိက္ သူမကုိ ဆုံးမၾသဝါဒ ေပးသနားဘုိ႔
ေလ်ွာက္တင္ပါတယ္။
ဆရာေတာ္ႀကီးက "ဒကာမႀကီး အသက္အ႐ြယ္
ႀကီးရင့္လာၿပီဆိုေတာ့ "ဝ"သုံးလုံး ေဆာင္ထားဗ်။
၁။ ဝ ဝ စား = အသက္အ႐ြယ္ေတြက ႀကီးရင့္လာၿပီဆိုေတာ့
ကုိယ္ခနၶာက အားအင္ေတြ တစ္ေန႔တစ္ျခား ဆုတ္ယုတ္လာၿပီ
ဝဝစားမွ အားရွိမွာ အားရွိမွ တရားဘာဝနာကုိ အားထုတ္နိုင္မွာ
ဒါ့ေၾကာင့္ ဒကာမႀကီး ဝဝစားပါ။
၂။ ေဝးေဝးေန = အသက္ႀကီးလာၿပီဆိုေတာ့ ေခ်းမနိုင္ ေသးမနိုင္
ေခ်ာင္းတဟတ္ဟတ္ဆိုေတာ့ သားသမီးေတြက အနားကပ္တာ
သိပ္ၾကဳိက္ၾကတာမဟုတ္ဘူး။ သူတို႔ရဲ႕ ေခ်းေသးကိစၥအဝဝကုိ
ကုိယ္က မ႐ြံမရွာ သုတ္သင္ေပးခဲ့ေပမယ့္ သူတို႔အလွည့္က်ေတာ့
႐ြံရွာတတ္ၾကတယ္။ သူတို႔နွင့္ေဝးေဝးေနမွ အမုန္းမခံရမွာ ဒါေၾကာင့္
ေဝးေဝးေနပါဒကာမႀကီး ေဝးေဝး ေနနိုင္ရင္ေတာ့
ဒကာမႀကီးစိတ္ခ်မ္းသာလိမ့္မယ္။
၃။ ဝင္မရႈပ္နဲ႔ = သားသမီးေတြရဲ႕ လူမႈေရး စီးပြားေရး အေရးမွန္သမ်ွကုိ
ဝင္မရႈပ္ပါနဲ႔ ကုိယ္က ဝင္ရႈပ္လုိက္လုိ႔ သားသမီးေတြ မေက်မနပ္ျဖစ္ၿပီး
"ခင္ဗ်ားႀကီးဘာသိလုိ႔ဝင္ရႈပ္တာလဲ"ဟု အေျပာခံရရင္ ကုိယ္ပဲစိတ္ဆင္း
ရဲရတတ္တယ္ သူတို႔အေရးမွန္သမ်ွကုုိ ဘာမ်ွဝင္မရႈပ္ပဲေနရင္ ဒကာမႀကီး
စိတ္ခ်မ္းသာလိမ့္မယ္။
ကဲ..ဘုန္းႀကီးေပးတဲ့"ဝ"၃လုးံသုံးကုိေဆာင္ထားေပေတာ့ဗ်ာ"ဟု
ထိမိလွေသာၾသဝါဒကုိ မိန့္ေခ်ြေတာ္မူပါသည္။ မွတ္သားစရာေကာင္းလွ၏။
fri အားလုံးအသက္အ႐ြယ္ႀကီးရင့္လာတဲ့အခါ "ဝ"သုံးလုံးကုိေဆာင္ဘုိ႔
မေမ့ရန္ လက္တို႔လုိ႔ သတိေပးလုိက္တာပါ။
ဖတ္ဖူးသမ်ွေလးကုိျပန္လည္မ်ွေဝတာပါ။
Credit :Original Uploader
ဗဟုသုတေက်းရြာ
==========================
"ဝ"သုံးလုံး ဆောင်ပါ
-------------------------
မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့ ကြွတော်မူသောအခါ
ဆရာတော်ကြီးနှင့်အလွန်ရင်းနှီးကျွမ်းဝင်သော အသက် ၈၀ ကျော်
အဖွားအိုတစ်ဦးက ကြုံတုန်းကြုံခိုက် သူမကို ဆုံးမသြဝါဒ ပေးသနားဘို့
လျှောက်တင်ပါတယ်။
ဆရာတော်ကြီးက "ဒကာမကြီး အသက်အရွယ်
ကြီးရင့်လာပြီဆိုတော့ "ဝ"သုံးလုံး ဆောင်ထားဗျ။
၁။ ဝ ဝ စား = အသက်အရွယ်တွေက ကြီးရင့်လာပြီဆိုတော့
ကိုယ်ခန္ဓာက အားအင်တွေ တစ်နေ့တစ်ခြား ဆုတ်ယုတ်လာပြီ
ဝဝစားမှ အားရှိမှာ အားရှိမှ တရားဘာဝနာကို အားထုတ်နိုင်မှာ
ဒါ့ကြောင့် ဒကာမကြီး ဝဝစားပါ။
၂။ ဝေးဝေးနေ = အသက်ကြီးလာပြီဆိုတော့ ချေးမနိုင် သေးမနိုင်
ချောင်းတဟတ်ဟတ်ဆိုတော့ သားသမီးတွေက အနားကပ်တာ
သိပ်ကြိုက်ကြတာမဟုတ်ဘူး။ သူတို့ရဲ့ ချေးသေးကိစ္စအဝဝကို
ကိုယ်က မရွံမရှာ သုတ်သင်ပေးခဲ့ပေမယ့် သူတို့အလှည့်ကျတော့
ရွံရှာတတ်ကြတယ်။ သူတို့နှင့်ဝေးဝေးနေမှ အမုန်းမခံရမှာ ဒါကြောင့်
ဝေးဝေးနေပါဒကာမကြီး ဝေးဝေး နေနိုင်ရင်တော့
ဒကာမကြီးစိတ်ချမ်းသာလိမ့်မယ်။
၃။ ဝင်မရှုပ်နဲ့ = သားသမီးတွေရဲ့ လူမှုရေး စီးပွားရေး အရေးမှန်သမျှကို
ဝင်မရှုပ်ပါနဲ့ ကိုယ်က ဝင်ရှုပ်လိုက်လို့ သားသမီးတွေ မကျေမနပ်ဖြစ်ပြီး
"ခင်ဗျားကြီးဘာသိလို့ဝင်ရှုပ်တာလဲ"ဟု အပြောခံရရင် ကိုယ်ပဲစိတ်ဆင်း
ရဲရတတ်တယ် သူတို့အရေးမှန်သမျှကို ဘာမျှဝင်မရှုပ်ပဲနေရင် ဒကာမကြီး
စိတ်ချမ်းသာလိမ့်မယ်။
ကဲ..ဘုန်းကြီးပေးတဲ့"ဝ"၃လုးံသုံးကိုဆောင်ထားပေတော့ဗျာ"ဟု
ထိမိလှသောသြဝါဒကို မိန့်ချွေတော်မူပါသည်။ မှတ်သားစရာကောင်းလှ၏။
fri အားလုံးအသက်အရွယ်ကြီးရင့်လာတဲ့အခါ "ဝ"သုံးလုံးကိုဆောင်ဘို့
မမေ့ရန် လက်တို့လို့ သတိပေးလိုက်တာပါ။
ဖတ်ဖူးသမျှလေးကိုပြန်လည်မျှဝေတာပါ။
Credit :Original Uploader
ဗဟုသုတကျေးရွာ

No comments:
Post a Comment