ပုိစတာထဲက ၾကက္ေၾကာ္ပုံကုိ
စားဖုိ႔ႀကိဳးစားေနတဲ့ သနားစဖြယ္ ကေလးငယ္
--------------------------------------------------
ဖိလစ္ပုိင္ႏုိင္ငံက အသက္(၃)ႏွစ္သာရွိေသးတဲ့ ကေလးငယ္ေလးဟာ
သူ ၾကက္ေၾကာ္သြားစားမယ္ဆုိတဲ့ေန႔ မွာပင္ ၾကက္ေၾကာ္ဆုိင္က
(မနက္ခင္း ေစာေသးလုိ႔)ပိတ္ထားတဲ့အတြက္ အေတာ္ေလးကို
အခက္ေတြ႕ခဲ့ရပါတယ္။ အဆုိပါ ကေလးငယ္ဟာ ဆုိင္ပိတ္ထားလုိ႔၊
ဆုိင္ေဘးမွာ ကပ္ထားတဲ့ ေၾကာ္ျငာပုိစတာထဲ ၾကက္ေၾကာ္ပုံစားဖုိ႔အထိ
ႀကိဳးစားခဲ့ရွာပါတယ္။
ဒီအျဖစ္အပ်က္ဟာ ဖိလစ္ပုိင္ႏုိင္ငံ၊ Malasiqui ၿမိဳ႕မွာ ျဖစ္ခဲ့တာပါ။
ကေလးရဲ႕ နာမည္ကေတာ့ Harvey Quesa ျဖစ္ၿပီး သူ႔ရဲ႕ ပုံပန္း
သ႑ာန္ကုိ ၾကည့္ရတာ အေတာ္ေလး ၾကက္ေၾကာ္ႀကိဳက္ပုံရတဲ့
ကေလးငယ္ပါ။ သူရဲ႕ လုပ္ရပ္ကို၊ သူ႕ကို ၾကက္ေၾကာ္ဆုိင္ လုိက္ပုိ႔ခဲ့တဲ့
မိခင္က ဗြီဒီယုိမွတ္တမ္း တင္ႏုိင္ခဲ့ပါတယ္။
Harvey ဟာ ၾကက္ေၾကာ္ပုံေလးေရွ႕မွာ က်က်နန ထုိင္ၿပီး အားမလုိ
အားမရ ၾကည့္ေနရင္း လက္ကေလးနဲ႔ ဖဲ့စားသလုိလုပ္လုိက္၊ ဟုိဘက္က
လွည့္ၿပီးဖဲ့လုိက္၊ ဒီဘက္က လွည့္ၿပီးဖဲ့လုိက္နဲ႔ ကေလးဘာဝ အာသာဆႏၵ
ကို ဟန္မေဆာင္ပဲ ထုတ္ေဖာ္ခဲ့ပါတယ္။ ဒီဗြီဒီယုိေလးဟာ ၾကည့္႐ႈသူ
ထင္မွတ္မထားဘဲ (၁၁)သန္းအထိ ရွိသြားခဲ့ပါတယ္။
အဆုိပါ ၾကက္ေၾကာ္ဆုိင္အမည္ကေတာ့ အာရွမွာသာမက ဥေရာပ
အထိပါ ထုိးေဖာက္ဖုိ႔ ႀကိဳးစားေနတဲ့ ဖိလစ္ပုိင္အေျခစုိက္ Jollibee’s
Fried Chicken ၾကက္ေၾကာ္ဆုိုင္ ျဖစ္ပါတယ္။ ဒီဗြီဒီယုိေလးကို
ၾကည့္႐ႈသူေတြထဲမွာ ဆုိင္မန္ေနဂ်ာလည္း ပါဝင္ခဲ့ၿပီး Harvey ကို
သနားလုိ႔ ၾကက္ေၾကာ္ေတြ အခမဲ့ လာေရာက္ ေကၽြးေမြးခဲ့တယ္လုိ႔လည္း
သိရပါတယ္။
Harvey ဟာ ၿပီးခဲ့တဲ့တနဂၤေႏြက မိဘေတြနဲ႔ ၾကက္ေၾကာ္စားဖုိ႔
သြားေရာက္စဥ္မွာ အခုလုိ ရယ္ေမာဖြယ္ရာဗြီဒီယုိဖုိင္ထဲ မထင္မွတ္ပဲ
ပါဝင္ခြင့္ရခဲ့တာပါ။ Harvey ဟာ အဆိုပါဆုိင္ကုိ မိခင္နဲ႔အတူ၊
သူရဲ႕အေဒၚ၊ ေဒၚေလးရဲ႕ သားငယ္နဲ႔အတူ သြားေရာက္ခဲ့ေပမယ့္
ဆုိင္ဖြင့္ခ်ိန္ထက္ နည္းနည္းေလး ေစာေနလုိ႔ အျပင္ကေန
ေစာင့္ဆုိင္းခဲ့ေၾကာင္း ဆုိပါတယ္။
နတ္စည္ေတာ္ (Shwemom)
source : metro.co.uk
https://metro.co.uk/2018/06/08/boy-3-attempts-eat-chicken-off-poster-restaurant-closes-7616619/
==============================
ပိုစတာထဲက ကြက်ကြော်ပုံကို
စားဖို့ကြိုးစားနေတဲ့ သနားစဖွယ် ကလေးငယ်
--------------------------------------------------
ဖိလစ်ပိုင်နိုင်ငံက အသက်(၃)နှစ်သာရှိသေးတဲ့ ကလေးငယ်လေးဟာ
သူ ကြက်ကြော်သွားစားမယ်ဆိုတဲ့နေ့ မှာပင် ကြက်ကြော်ဆိုင်က
(မနက်ခင်း စောသေးလို့)ပိတ်ထားတဲ့အတွက် အတော်လေးကို
အခက်တွေ့ခဲ့ရပါတယ်။ အဆိုပါ ကလေးငယ်ဟာ ဆိုင်ပိတ်ထားလို့၊
ဆိုင်ဘေးမှာ ကပ်ထားတဲ့ ကြော်ငြာပိုစတာထဲ ကြက်ကြော်ပုံစားဖို့အထိ
ကြိုးစားခဲ့ရှာပါတယ်။
ဒီအဖြစ်အပျက်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Malasiqui မြို့မှာ ဖြစ်ခဲ့တာပါ။
ကလေးရဲ့ နာမည်ကတော့ Harvey Quesa ဖြစ်ပြီး သူ့ရဲ့ ပုံပန်း
သဏ္ဍာန်ကို ကြည့်ရတာ အတော်လေး ကြက်ကြော်ကြိုက်ပုံရတဲ့
ကလေးငယ်ပါ။ သူရဲ့ လုပ်ရပ်ကို၊ သူ့ကို ကြက်ကြော်ဆိုင် လိုက်ပို့ခဲ့တဲ့
မိခင်က ဗွီဒီယိုမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
Harvey ဟာ ကြက်ကြော်ပုံလေးရှေ့မှာ ကျကျနန ထိုင်ပြီး အားမလို
အားမရ ကြည့်နေရင်း လက်ကလေးနဲ့ ဖဲ့စားသလိုလုပ်လိုက်၊ ဟိုဘက်က
လှည့်ပြီးဖဲ့လိုက်၊ ဒီဘက်က လှည့်ပြီးဖဲ့လိုက်နဲ့ ကလေးဘာဝ အာသာဆန္ဒ
ကို ဟန်မဆောင်ပဲ ထုတ်ဖော်ခဲ့ပါတယ်။ ဒီဗွီဒီယိုလေးဟာ ကြည့်ရှုသူ
ထင်မှတ်မထားဘဲ (၁၁)သန်းအထိ ရှိသွားခဲ့ပါတယ်။
အဆိုပါ ကြက်ကြော်ဆိုင်အမည်ကတော့ အာရှမှာသာမက ဥရောပ
အထိပါ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ ဖိလစ်ပိုင်အခြေစိုက် Jollibee’s
Fried Chicken ကြက်ကြော်ဆိုင် ဖြစ်ပါတယ်။ ဒီဗွီဒီယိုလေးကို
ကြည့်ရှုသူတွေထဲမှာ ဆိုင်မန်နေဂျာလည်း ပါဝင်ခဲ့ပြီး Harvey ကို
သနားလို့ ကြက်ကြော်တွေ အခမဲ့ လာရောက် ကျွေးမွေးခဲ့တယ်လို့လည်း
သိရပါတယ်။
Harvey ဟာ ပြီးခဲ့တဲ့တနင်္ဂနွေက မိဘတွေနဲ့ ကြက်ကြော်စားဖို့
သွားရောက်စဉ်မှာ အခုလို ရယ်မောဖွယ်ရာဗွီဒီယိုဖိုင်ထဲ မထင်မှတ်ပဲ
ပါဝင်ခွင့်ရခဲ့တာပါ။ Harvey ဟာ အဆိုပါဆိုင်ကို မိခင်နဲ့အတူ၊
သူရဲ့အဒေါ်၊ ဒေါ်လေးရဲ့ သားငယ်နဲ့အတူ သွားရောက်ခဲ့ပေမယ့်
ဆိုင်ဖွင့်ချိန်ထက် နည်းနည်းလေး စောနေလို့ အပြင်ကနေ
စောင့်ဆိုင်းခဲ့ကြောင်း ဆိုပါတယ်။
နတ်စည်တော် (Shwemom)
source : metro.co.uk
https://metro.co.uk/2018/06/08/boy-3-attempts-eat-chicken-off-poster-restaurant-closes-7616619/




No comments:
Post a Comment