ေသဆုံးသြားသည့္ ေဆြမ်ိဳးသားခ်င္းကို
အေခါင္းအစား ကားတစ္စီးထဲတြင္ ထည့္၍ျမႇဳပ္ႏွံ
--------------------------------------------------------
တ႐ုတ္ႏိုင္ငံေျမာက္ပိုင္းတြင္ ေမာ္ေတာ္ကားခ်စ္ျမတ္ႏိုးသူ
အမ်ိဳးသားတစ္ဦး က မေသဆုံးမီတြင္ ၎အား ဆလြန္းကား ထဲ
ထည့္၍ေျမျမႇဳပ္ေပးရန္ ေတာင္းဆိုခဲ့သည့္ ေနာက္ဆုံးဆႏၵေၾကာင့္
႐ြာသားမ်ားက အေခါင္းအစား ကားထဲတြင္ထည့္၍ ျမႇဳပ္ႏွံေပးခဲ့သည္ဟု
သိရသည္။
မ်ိဳး႐ိုးအမည္က်ီဟုသာသိရေသာအ မ်ိဳးသားသည္ ဟီေဘးျပည္နယ္
ေပါင္တင္ ၿမိဳ႕တြင္ေနထိုင္သူျဖစ္ၿပီး ၿပီးခဲ့သည့္ရက္ သတၱပတ္အတြင္း
၎၏ေနအိမ္၌ ကြယ္လြန္သြားခဲ့သည္။ အေသးစိတ္ေရးသားထားသည့္
ေသတမ္းစာထဲတြင္ အေခါင္း အစား ကားျဖင့္ျမႇဳပ္ေပးရန္ ေတာင္းဆို
ထားျခင္းေၾကာင့္ မိသားစုဝင္မ်ားက Hyundai Sonata အေဟာင္း
တစ္စီးကို ၁၅၆၄ ေဒၚလာျဖင့္ ဝယ္ယူခဲ့ရသည္။ ဈာပနအခမ္းအနား၌
ေသဆုံးသူ၏အေလာင္း ထည့္သြင္းထားေသာ ေငြေရာင္ ကားကို
အုတ္ဂူထဲသို႔ ျဖည္းညင္းစြာခ် ေနသည္ကို ျမင္ေတြ႕ၾကရသည္။
ဂူကို ဆလြန္းကားတစ္စီးဝင္ဆံ့ရန္ အတိုင္းအတာ အတိအက်ႏွင္
ျပဳလုပ္ထားရျခင္းျဖစ္ၿပီး ေဘးနံရံမ်ားတြင္လည္း အဂၤေတမ်ား
ကိုင္ထားသည္။ တ႐ုတ္လူမ်ိဳးမ်ားက အေခါင္း ထဲတြင္ ထည့္ေပး
လိုက္သည့္ပစၥည္း၏တန္ဖိုးသည္ ေသဆုံးသူအသက္ရွိစဥ္က
ပိုင္ဆိုင္ခဲ့ေသာ လူမႈအဆင့္အတန္းကို ကိုယ္စားျပဳသည္ဟု
ယုံၾကည္ၾကေၾကာင္း သိရသည္။
source:PYI MYANMAR
link -
http://www.scmp.com/news/china/society/article/2148677/chinese-man-buried-his-car-dying-wish-granted
(ဒါက သာဘာဝပတ္ဝန္းက်င္ကုိ ထိခုိက္ေစမွာျဖစ္တာေၾကာင့္
သက္ဆုိင္ရာ အာဏာပုိင္ေတြက ခြင့္ျပဳလိမ့္မယ္မဟုတ္ဘူးလုိ႔ေတာ့
ထင္မိပါတယ္။)
=========================
သေဆုံးသွားသည့် ဆွေမျိုးသားချင်းကို
အခေါင်းအစား ကားတစ်စီးထဲတွင် ထည့်၍မြှုပ်နှံ
--------------------------------------------------------
အမျိုးသားတစ်ဦး က မသေဆုံးမီတွင် ၎င်းအား ဆလွန်းကား ထဲ
ထည့်၍မြေမြှုပ်ပေးရန် တောင်းဆိုခဲ့သည့် နောက်ဆုံးဆန္ဒကြောင့်
ရွာသားများက အခေါင်းအစား ကားထဲတွင်ထည့်၍ မြှုပ်နှံပေးခဲ့သည်ဟု
သိရသည်။
မျိုးရိုးအမည်ကျီဟုသာသိရသောအ မျိုးသားသည် ဟီဘေးပြည်နယ်
ပေါင်တင် မြို့တွင်နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်း
၎င်း၏နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။ အသေးစိတ်ရေးသားထားသည့်
သေတမ်းစာထဲတွင် အခေါင်း အစား ကားဖြင့်မြှုပ်ပေးရန် တောင်းဆို
ထားခြင်းကြောင့် မိသားစုဝင်များက Hyundai Sonata အဟောင်း
တစ်စီးကို ၁၅၆၄ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရသည်။ ဈာပနအခမ်းအနား၌
သေဆုံးသူ၏အလောင်း ထည့်သွင်းထားသော ငွေရောင် ကားကို
အုတ်ဂူထဲသို့ ဖြည်းညင်းစွာချ နေသည်ကို မြင်တွေ့ကြရသည်။
ဂူကို ဆလွန်းကားတစ်စီးဝင်ဆံ့ရန် အတိုင်းအတာ အတိအကျနှင်
ပြုလုပ်ထားရခြင်းဖြစ်ပြီး ဘေးနံရံများတွင်လည်း အင်္ဂတေများ
ကိုင်ထားသည်။ တရုတ်လူမျိုးများက အခေါင်း ထဲတွင် ထည့်ပေး
လိုက်သည့်ပစ္စည်း၏တန်ဖိုးသည် သေဆုံးသူအသက်ရှိစဉ်က
ပိုင်ဆိုင်ခဲ့သော လူမှုအဆင့်အတန်းကို ကိုယ်စားပြုသည်ဟု
ယုံကြည်ကြကြောင်း သိရသည်။
source:PYI MYANMAR
link -
http://www.scmp.com/news/china/society/article/2148677/chinese-man-buried-his-car-dying-wish-granted
(ဒါက သာဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှာဖြစ်တာကြောင့်
သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့်ပြုလိမ့်မယ်မဟုတ်ဘူးလို့တော့
ထင်မိပါတယ်။)


No comments:
Post a Comment