ဂ်ပန္က လူသိနည္းတဲ့ ေရာင္စုံဖန္ကမ္းေျခ
---------------------------------------------------
သဘာ၀တရားႀကီးရဲ႕ အံၾသဖြယ္ဖန္တီးမႈေတြထဲမွာ
ဖန္ကမ္းေျခေတြလည္း အပါအ၀င္ျဖစ္ပါတယ္။ အေမရိကန္
ကယ္လီဖုိးနီးယား နဲ႔ ရုရွား Ussuri ပင္လယ္ေအာ္က
ဖန္ကမ္းေျခေတြအေၾကာင္းကုိ သုတဇုန္ မိတ္ေဆြမ်ားအတြက္
မွ်ေ၀ခဲ့ၿပီးပါၿပီ။ ဒီတစ္ခါမွာေတာ့ ဂ်ပန္ႏုိင္ငံမွာ ရွိတဲ့ ေရာင္စုံ
ဖန္ကမ္းေျခေလးတစ္ခု အေၾကာင္းကို မွ်ေ၀လုိက္ပါတယ္။
အေပၚက ဖန္ကမ္းေျခေတြဟာ ဘူးခြံ ၊ ပုလင္းခြံစတဲ့ လူေတြရဲ႕
စြန္႔ပစ္ဖန္ထည္ပစၥည္းေတြကုိ သဘာ၀တရားႀကီးက လႈိင္းေတြရဲ႕
တုိက္စားမႈကတစ္ဆင့္ ခြ်န္ထက္ေနတဲ့အရာကေန လုံး၀န္းေသာ
အရာေတြ အျဖစ္သုိ႔ ေျပာင္းလဲဖန္တီးခဲ့တာပဲျဖစ္ပါတယ္။
ဒီလုိဖန္ကမ္းေျခေလးတစ္ခုဟာ ဂ်ပန္ႏုိင္ငံ Omura ၿမဳိ႕အနီးမွာ
တည္ရွိေနပါတယ္။ ေလာေလာဆယ္မွာေတာ့ လူသိနည္းတဲ့ေနရာ
တစ္ခုျဖစ္ၿပီး ဖန္ကမ္းေျခကုိေတာင္ နာမည္ေပးထားျခင္း မရွိေသးပါဘူး။
ေရာက္ဖူးတဲ့သူေတြကေတာ့ ဒီေနရာဟာ နာဂါစကီနယ္ေျမရဲ႕
လ်ဳိ႕၀ွက္ရတနာ ေနရာတစ္ခုလုိ႔ ဆုိၾကပါတယ္။
လ်ဳိ႕၀ွက္ေနရာတစ္ခုျဖစ္ၿပီး လူသိပ္မသိေသးတဲ့ေနရာလည္း
ျဖစ္တာေၾကာင့္ ခရီးသြားေနရာမ်ား စာရင္းမွာပါ၀င္ျခင္း မရွိေသးေပမယ့္
မၾကာခင္မွာေတာ့ နာမည္ႀကီးတဲ့ေနရာတစ္ခု ျဖစ္လာဖြယ္ရွိပါတယ္။
ဒီဖန္ကမ္းေျခရဲ႕ေနရာဟာ Omura ၿမဳိ႕ မီရွီးမားတံတားအနီးက မုိရီဇုိႏုိ
ပန္းၿခံနယ္ေျမထဲမွာ တည္ရွိပါတယ္။ ဒီကမ္းေျခကို အေ၀းကၾကည့္မယ္
ဆုိရင္ေတာ့ ရုိးရုိးကမ္းေျခတစ္ခုလုိ႔ပဲ ထင္မွတ္ရမွာျဖစ္ေပမယ့္ အနီးကပ္
သြားၾကည့္ရင္ေတာ့ အေရာင္စုံလြန္းတဲ့ ဖန္ေတြရွိရာ ဖန္ကမ္းေျခ
ျဖစ္ေနတာကို သတိထားမိၾကမွာျဖစ္ပါတယ္။
ဒီကမ္းေျခဘယ္တုန္းကျဖစ္လာသလဲ..ဘယ္လုိျဖစ္လာသလဲ..
Sora News ရဲ႕သတင္းအရ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းက
ဒီေနရာဟာ ေက်ာက္ေဆာင္ေတြရွိတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။
ဆုိးတာတစ္ခုကေတာ့ အဲဒီေက်ာက္ေဆာင္ေတြမွာ အနံ႔ဆုိးရြားတဲ့
ေရညဳိေတြ တြယ္ကပ္ေနတာေၾကာင့္ ဒီေနရာကို ဘယ္သူမွလာေလ့
မရွိသလုိ ျဖတ္သြားတဲ့သူတုိင္းကလည္း ဆုိးရြားတဲ့အနံ႔ေတြကို
ခံစားခဲ့ရပါတယ္။ ေဒသခံေတြဟာ ဒီေနရာကို ဘယ္လုိေျပာင္းလဲရမလဲ
စဥ္းစားခဲ့ၾကၿပီး ေနာက္ဆုံးအေျဖတစ္ခုရခဲ့ပါတယ္။ အဲဒါကေတာ့
ရွိေနတဲ့ ေက်ာက္ေဆာင္ေတြကုိ ဖယ္ထုတ္ပစ္ၿပီး ေရညဳိမ်ား
ေနာက္ထပ္ေပါက္မလာေအာင္ စြန္႔ပစ္ဖန္ေတြကုိ ထုခြဲ ၾကိတ္ေထာင္းၿပီး
ဒီကမ္းေျခတစ္ေလွ်ာက္ကုိ ဖုိ႔တဲ့အစီအစဥ္ပါ။
ဆုိးရြားတဲ့ အနံ႔ေၾကာင့္သာ ဒီေနရာကို ဒီလုိလုပ္ခဲ့ေပမယ့္ လူေတြကို
ဆြဲေဆာင္ႏုိင္မယ့္ ဖန္ကမ္းေျခတစ္ခုျဖစ္လာေအာင္ေတာ့ လႈိင္းေတြ
တုိက္စားမႈကေန ေျပာင္းလဲေပးလုိက္တာျဖစ္ပါတယ္။ ခြ်န္ျမ ထိရွလြယ္တဲ့
ဖန္ကြဲ ပုလင္းကြဲေတြကုိ လုံး၀န္းတဲ့အနားေတြျဖစ္ေအာင္ သဘာ၀တရား
ႀကီးက ေျပာင္းလဲပစ္ခဲ့ပါတယ္။ ေရာင္စုံဖန္စေတြေပၚမွာ ေျခဗလာနဲ႔
ေအးေအးေဆးေဆး လမ္းေလွ်ာက္ႏုိင္ေစတာ သဘာ၀ႀကီးရဲ႕
ထူးဆန္းတဲ့ ဖန္တီးမႈလုိ႔ ဆုိရမွာပါ။ Omura ပင္လယ္ေအာ္က
ဒီကမ္းေျခေလးကို သြားခဲ့တဲ့သူအခ်ဳိ႕ရဲ႕ပုံေတြကုိ အင္စတာဂရမ္မွာ
တင္ခဲ့ရာကေန လူေတြစသိေနၾကပါၿပီ။ သြားတဲ့သူ တျဖည္းျဖည္း
မ်ားလာရင္ေတာ့့ ဒီကမ္းေျခမွာ နာမည္တစ္ခု ရွိလာမွာျဖစ္ပါတယ္။
ကဲ.. ဂ်ပန္မွာ ရွိတဲ့ျမန္မာမိတ္ေဆြမ်ားေရာ ဒီေနရာနဲ႔နီးရင္
သြားလည္လုိက္ၾကပါဦးလုိ႔ လက္တုိ႔လုိက္ပါရေစ 🙂
VIDEO -
長崎空港すぐ近くガラスの砂浜 Glass beach in nagasaki airport
credit:သုတဇုန္
===============================
ဂျပန်က လူသိနည်းတဲ့ ရောင်စုံဖန်ကမ်းခြေ
---------------------------------------------------
သဘာဝတရားကြီးရဲ့ အံသြဖွယ်ဖန်တီးမှုတွေထဲမှာ
ဖန်ကမ်းခြေတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အမေရိကန်
ကယ်လီဖိုးနီးယား နဲ့ ရုရှား Ussuri ပင်လယ်အော်က
ဖန်ကမ်းခြေတွေအကြောင်းကို သုတဇုန် မိတ်ဆွေများအတွက်
မျှဝေခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံမှာ ရှိတဲ့ ရောင်စုံ
ဖန်ကမ်းခြေလေးတစ်ခု အကြောင်းကို မျှဝေလိုက်ပါတယ်။
အပေါ်က ဖန်ကမ်းခြေတွေဟာ ဘူးခွံ ၊ ပုလင်းခွံစတဲ့ လူတွေရဲ့
စွန့်ပစ်ဖန်ထည်ပစ္စည်းတွေကို သဘာဝတရားကြီးက လှိုင်းတွေရဲ့
တိုက်စားမှုကတစ်ဆင့် ချွန်ထက်နေတဲ့အရာကနေ လုံးဝန်းသော
အရာတွေ အဖြစ်သို့ ပြောင်းလဲဖန်တီးခဲ့တာပဲဖြစ်ပါတယ်။
ဒီလိုဖန်ကမ်းခြေလေးတစ်ခုဟာ ဂျပန်နိုင်ငံ Omura မြို့အနီးမှာ
တည်ရှိနေပါတယ်။ လောလောဆယ်မှာတော့ လူသိနည်းတဲ့နေရာ
တစ်ခုဖြစ်ပြီး ဖန်ကမ်းခြေကိုတောင် နာမည်ပေးထားခြင်း မရှိသေးပါဘူး။
ရောက်ဖူးတဲ့သူတွေကတော့ ဒီနေရာဟာ နာဂါစကီနယ်မြေရဲ့
လျို့ဝှက်ရတနာ နေရာတစ်ခုလို့ ဆိုကြပါတယ်။
လျို့ဝှက်နေရာတစ်ခုဖြစ်ပြီး လူသိပ်မသိသေးတဲ့နေရာလည်း
ဖြစ်တာကြောင့် ခရီးသွားနေရာများ စာရင်းမှာပါဝင်ခြင်း မရှိသေးပေမယ့်
မကြာခင်မှာတော့ နာမည်ကြီးတဲ့နေရာတစ်ခု ဖြစ်လာဖွယ်ရှိပါတယ်။
ဒီဖန်ကမ်းခြေရဲ့နေရာဟာ Omura မြို့ မီရှီးမားတံတားအနီးက မိုရီဇိုနို
ပန်းခြံနယ်မြေထဲမှာ တည်ရှိပါတယ်။ ဒီကမ်းခြေကို အဝေးကကြည့်မယ်
ဆိုရင်တော့ ရိုးရိုးကမ်းခြေတစ်ခုလို့ပဲ ထင်မှတ်ရမှာဖြစ်ပေမယ့် အနီးကပ်
သွားကြည့်ရင်တော့ အရောင်စုံလွန်းတဲ့ ဖန်တွေရှိရာ ဖန်ကမ်းခြေ
ဖြစ်နေတာကို သတိထားမိကြမှာဖြစ်ပါတယ်။
ဒီကမ်းခြေဘယ်တုန်းကဖြစ်လာသလဲ..ဘယ်လိုဖြစ်လာသလဲ..
Sora News ရဲ့သတင်းအရ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက
ဒီနေရာဟာ ကျောက်ဆောင်တွေရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဆိုးတာတစ်ခုကတော့ အဲဒီကျောက်ဆောင်တွေမှာ အနံ့ဆိုးရွားတဲ့
ရေညိုတွေ တွယ်ကပ်နေတာကြောင့် ဒီနေရာကို ဘယ်သူမှလာလေ့
မရှိသလို ဖြတ်သွားတဲ့သူတိုင်းကလည်း ဆိုးရွားတဲ့အနံ့တွေကို
ခံစားခဲ့ရပါတယ်။ ဒေသခံတွေဟာ ဒီနေရာကို ဘယ်လိုပြောင်းလဲရမလဲ
စဉ်းစားခဲ့ကြပြီး နောက်ဆုံးအဖြေတစ်ခုရခဲ့ပါတယ်။ အဲဒါကတော့
ရှိနေတဲ့ ကျောက်ဆောင်တွေကို ဖယ်ထုတ်ပစ်ပြီး ရေညိုများ
နောက်ထပ်ပေါက်မလာအောင် စွန့်ပစ်ဖန်တွေကို ထုခွဲ ကြိတ်ထောင်းပြီး
ဒီကမ်းခြေတစ်လျှောက်ကို ဖို့တဲ့အစီအစဉ်ပါ။
ဆိုးရွားတဲ့ အနံ့ကြောင့်သာ ဒီနေရာကို ဒီလိုလုပ်ခဲ့ပေမယ့် လူတွေကို
ဆွဲဆောင်နိုင်မယ့် ဖန်ကမ်းခြေတစ်ခုဖြစ်လာအောင်တော့ လှိုင်းတွေ
တိုက်စားမှုကနေ ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။ ချွန်မြ ထိရှလွယ်တဲ့
ဖန်ကွဲ ပုလင်းကွဲတွေကို လုံးဝန်းတဲ့အနားတွေဖြစ်အောင် သဘာဝတရား
ကြီးက ပြောင်းလဲပစ်ခဲ့ပါတယ်။ ရောင်စုံဖန်စတွေပေါ်မှာ ခြေဗလာနဲ့
အေးအေးဆေးဆေး လမ်းလျှောက်နိုင်စေတာ သဘာဝကြီးရဲ့
ထူးဆန်းတဲ့ ဖန်တီးမှုလို့ ဆိုရမှာပါ။ Omura ပင်လယ်အော်က
ဒီကမ်းခြေလေးကို သွားခဲ့တဲ့သူအချို့ရဲ့ပုံတွေကို အင်စတာဂရမ်မှာ
တင်ခဲ့ရာကနေ လူတွေစသိနေကြပါပြီ။ သွားတဲ့သူ တဖြည်းဖြည်း
များလာရင်တော့ ဒီကမ်းခြေမှာ နာမည်တစ်ခု ရှိလာမှာဖြစ်ပါတယ်။
ကဲ.. ဂျပန်မှာ ရှိတဲ့မြန်မာမိတ်ဆွေများရော ဒီနေရာနဲ့နီးရင်
သွားလည်လိုက်ကြပါဦးလို့ လက်တို့လိုက်ပါရစေ 🙂
VIDEO -
長崎空港すぐ近くガラスの砂浜 Glass beach in nagasaki airport
credit:သုတဇုန်
No comments:
Post a Comment