မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, September 2, 2020

ဘန်ကောက်က ထူးခြားတဲ့ ကော်ဖီဆိုင်

---------------------------------------------------
သိရသည်။






 ကော်ဖီဆိုင်ကို
သိရသည်။

(DM, 19.5.18)

======================================

သေခြင်းတရားကို သတိမူမိစေရန် ကော်ဖီဆိုင်တွင်
အခေါင်းထဲ ဝင်ရောက်လဲလျောင်းသူများအား
အထူးလျှော့ဈေးများ ပေးအပ်လျက်ရှိ ...
---------------------------------------------------

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသစ်ဖွင့်လှစ်လိုက်သည့်
The Kid Mai Death ကော်ဖီဆိုင်သည် သေခြင်းတရားကို
သတိမူမိကြစေရန်ရည်ရွယ်၍ အခေါင်းထဲသို့ မိနစ်အနည်းငယ်ခန့်
ဝင်ရောက်လဲလျောင်းကာ ဘဝ၏နောက်ဆုံးအချိန်ကို ဆင်ခြင်
ကြည့်ရဲသူများအား အထူးလျှော့ဈေးများ ပေးအပ်လျက်ရှိသည်ဟု
သိရသည်။


အရိုးခေါင်းပုံမှန်များနှင့် ကြောက်မက်ဖွယ်ရာကောင်းသည့် 
အမည်များပေးထားသော ဖျော်ရည်များကို ရောင်းချလျက်ရှိပြီး
ဆိုင်ထဲရှိ ခုံတစ်ခုံတွင်လည်း အရိုးစုတစ်ခုကို ပြသထားသည်။


ပါမောက္ခတစ်ဦးဖြစ်သည့်အပြင် သုတေသီလည်းဖြစ်သည့်
Veeranut Rojanaprapa က ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့်
ထိုင်းလူမျိုးများအား သေခြင်းတရားကို သတိမူမိခြင်း၏ အကျိုး
ကျေးဇူးများကို လမ်းပြပေးလိုခြင်းဖြစ်သည်။


ကော်ဖီဆိုင်ကို
ရည်ရွယ်ချက်ရှိရှိ ဖွင့်လှစ်ခဲ့သည့် Veeranut Rojanaprapa က
ယနေ့ခေတ်၏နည်းပညာကို စွဲလမ်းနေသော လူငယ်များအတွက်
အသိတရားဝင်၍ လက်တွေ့ဘဝကို ပြန်ရောက်လာစေရန်လည်း
အထောက်အကူ ပေးနိုင်သည့် နည်းဖြစ်သည်ဟု ဆိုခဲ့ကြောင်း
သိရသည်။

အေးယုနိုင် (pyimyanmar)
(DM, 19.5.18)

No comments:

Post a Comment