ရုပ္ေျပာင္းရုပ္လြဲမွာ တဖက္ကမ္းခတ္ထူးခၽြန္တဲ့
တရုတ္ အမ်ိဳးသမီးဘေလာ့ဂါ ...
--------------------------------------------------
မိတ္ကပ္အႏုပညာရွင္ဆိုတဲ့ ပေရာ္ဖက္ရွင္ဟာ ခပ္လြယ္လြယ္နဲ႔
မရႏိုင္ပါဘူး။ တကယ္လို႔စာဖတ္သူက မိတ္ကပ္ပညာရပ္ရဲ႕တန္ဖိုးနဲ႔
ပတ္သက္လို႔ သံသယျဖစ္ေနတယ္ဆိုရင္ တရုတ္အမ်ိဳးသမီး
အလွဖန္တီးရွင္ဘေလာ့ဂါ ဟီယူဟြန္းနဲ႔ေတြ႔ၿပီးရင္ သံသယေတြ
ကင္းသြားပါလိမ့္မယ္။ ဟီယူဟြန္းဟာ သူမရဲ႕အံ့ၾသဘနန္း မိတ္ကပ္
ပညာရပ္ကိုအသံုးျပဳၿပီး ေရွးေခတ္ပန္းခ်ီကားေတြထဲကလူေတြရဲ႕
ပံုတူအျပင္ ယခုေခတ္လူေတြနဲ႔မ်က္ႏွာသြင္ျပင္ခ်င္းဆင္တူေအာင္ပါ
ဖန္တီးႏိုင္သူပါ။
ဟီယူဟြန္းကအသက္(၂၆)ႏွစ္ပဲရွိပါေသးတယ္။ သူမရဲ႕ဗီဒီယို
ခ်န္နယ္တစ္ခုျဖစ္တဲ့ Miaopai မွာ ဟီယူဟြန္းဟာ လီယိုနာဒိုဒါဗင္ခ်ီရဲ႕
လက္ရာေျမာက္ပန္းခ်ီကားျဖစ္တဲ့ မိုနာလီဆာနဲ႔ပံုတူေအာင္ မိတ္ကပ္
အစြမ္းနဲ႔ သူမကိုယ္သူမအသြင္ေျပာင္းလဲခဲ့တဲ့ဗီဒီယိုကို တင္ခဲ့ပါတယ္။
ထိုဗီဒီယိုဟာ ခ်က္ျခင္းပဲ တရုတ္ျပည္္မွာပ်ံ႔ႏွံ႔သြားခဲ့ၿပီး အၾကိမ္ေပါင္း
သန္း(၂၀)ေက်ာ္ၾကည့္ရႈခံခဲ့ရပါတယ္။
သူမရဲ႕မိတ္ကပ္ျပင္အပိုင္းဆက္ဗီဒီယုိေတြရဲ႕ေနာက္မွာေတာ့
ဟီယူဟြန္းက ကိုယ့္မ်က္ႏွာကို အျဖဴေရာင္စာရြက္တစ္ရြက္လို႔ျမင္တာနဲ႔
အကန္႔အသတ္မရွိတဲ့ ဖန္တီးမႈေတြကို ျပဳလုပ္ႏို္င္တယ္လို ႔ေရးသားခဲ့
ပါတယ္။ သူမရဲ႕ပရိသတ္တစ္ဦးက အေရွ႕တိုင္းမွာရွိတဲ့ ေက်ာ္ၾကားသူ
ေတြရဲ႕ ရုပ္သြင္ေတြသာမကဘဲ အေနာက္တိုင္းက ထင္ရွားတဲ့သူေတြရဲ႕
ပံုတူေတြပါ မိတ္ကပ္အစြမ္းနဲ႔ဖန္တီးျပဖို႔ အၾကံေပးရာကေန အခုလို
သူမရဲ႕ ထူးျခားတဲ့လက္ရာေတြကို ေတြ႔ျမင္ရတာပဲျဖစ္ပါတယ္။
သူမက ဆီေဆးပန္းခ်ီကားေတြထဲကအတိုင္း မိတ္ကပ္ျခယ္သရတာကို
ႏွစ္သက္သူတစ္ဦးပါ။ “မိုနာလီဆာဗီဒီယိုနဲ႔လူေတာ္ေတာ္မ်ားမ်ားက
ၾကိဳက္ႏွစ္သက္လာေတာ့ Lady with an Ermine ကို ကၽြန္မဆက္ၿပီး
ေတာ့ ဖန္တီးျဖစ္္တယ္။ သူလဲဒါဗင္ခ်ီေရးဆြဲခဲ့တာပဲေလ” လို႕
ဟီယူဟြန္းက ဆိုပါတယ္။ ဖန္တီးမႈတစ္ခုစီတုိင္းဟာ (၄)နာရီကေန
(၆)နာရီၾကား ၾကာျမင့္ပါတယ္။ ေနာက္ထပ္သူမဟာ ပရိသတ္ေတြကို
ဘယ္လိုအထူးအဆန္းဇာတ္ေကာင္ေတြနဲ႔ တင္ဆက္ဦးမလဲဆိုတာေတာ့
ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။ ပုံေတြမွာေတာ့ ဟီယူဟြန္းရဲ႕ လက္ဖ်ားခါ
ေလာက္ေအာင္္ေတာ္တဲ့ မိတ္ကပ္ပညာအစြမ္းကို ဗီဒီယိုဖိုင္မွာ
ေတြ႔ရမွာပါ။
source:lwinpyin
================================
ရုပ်ပြောင်းရုပ်လွဲမှာ တဖက်ကမ်းခတ်ထူးချွန်တဲ့
တရုတ် အမျိုးသမီးဘလော့ဂါ ...
--------------------------------------------------
မိတ်ကပ်အနုပညာရှင်ဆိုတဲ့ ပရော်ဖက်ရှင်ဟာ ခပ်လွယ်လွယ်နဲ့
မရနိုင်ပါဘူး။ တကယ်လို့စာဖတ်သူက မိတ်ကပ်ပညာရပ်ရဲ့တန်ဖိုးနဲ့
ပတ်သက်လို့ သံသယဖြစ်နေတယ်ဆိုရင် တရုတ်အမျိုးသမီး
အလှဖန်တီးရှင်ဘလော့ဂါ ဟီယူဟွန်းနဲ့တွေ့ပြီးရင် သံသယတွေ
ကင်းသွားပါလိမ့်မယ်။ ဟီယူဟွန်းဟာ သူမရဲ့အံ့သြဘနန်း မိတ်ကပ်
ပညာရပ်ကိုအသုံးပြုပြီး ရှေးခေတ်ပန်းချီကားတွေထဲကလူတွေရဲ့
ပုံတူအပြင် ယခုခေတ်လူတွေနဲ့မျက်နှာသွင်ပြင်ချင်းဆင်တူအောင်ပါ
ဖန်တီးနိုင်သူပါ။
ဟီယူဟွန်းကအသက်(၂၆)နှစ်ပဲရှိပါသေးတယ်။ သူမရဲ့ဗီဒီယို
ချန်နယ်တစ်ခုဖြစ်တဲ့ Miaopai မှာ ဟီယူဟွန်းဟာ လီယိုနာဒိုဒါဗင်ချီရဲ့
လက်ရာမြောက်ပန်းချီကားဖြစ်တဲ့ မိုနာလီဆာနဲ့ပုံတူအောင် မိတ်ကပ်
အစွမ်းနဲ့ သူမကိုယ်သူမအသွင်ပြောင်းလဲခဲ့တဲ့ဗီဒီယိုကို တင်ခဲ့ပါတယ်။
ထိုဗီဒီယိုဟာ ချက်ခြင်းပဲ တရုတ်ပြည်မှာပျံ့နှံ့သွားခဲ့ပြီး အကြိမ်ပေါင်း
သန်း(၂၀)ကျော်ကြည့်ရှုခံခဲ့ရပါတယ်။
သူမရဲ့မိတ်ကပ်ပြင်အပိုင်းဆက်ဗီဒီယိုတွေရဲ့နောက်မှာတော့
ဟီယူဟွန်းက ကိုယ့်မျက်နှာကို အဖြူရောင်စာရွက်တစ်ရွက်လို့မြင်တာနဲ့
အကန့်အသတ်မရှိတဲ့ ဖန်တီးမှုတွေကို ပြုလုပ်နိုင်တယ်လို့ရေးသားခဲ့
ပါတယ်။ သူမရဲ့ပရိသတ်တစ်ဦးက အရှေ့တိုင်းမှာရှိတဲ့ ကျော်ကြားသူ
တွေရဲ့ ရုပ်သွင်တွေသာမကဘဲ အနောက်တိုင်းက ထင်ရှားတဲ့သူတွေရဲ့
ပုံတူတွေပါ မိတ်ကပ်အစွမ်းနဲ့ဖန်တီးပြဖို့ အကြံပေးရာကနေ အခုလို
သူမရဲ့ ထူးခြားတဲ့လက်ရာတွေကို တွေ့မြင်ရတာပဲဖြစ်ပါတယ်။
သူမက ဆီဆေးပန်းချီကားတွေထဲကအတိုင်း မိတ်ကပ်ခြယ်သရတာကို
နှစ်သက်သူတစ်ဦးပါ။ “မိုနာလီဆာဗီဒီယိုနဲ့လူတော်တော်များများက
ကြိုက်နှစ်သက်လာတော့ Lady with an Ermine ကို ကျွန်မဆက်ပြီး
တော့ ဖန်တီးဖြစ်တယ်။ သူလဲဒါဗင်ချီရေးဆွဲခဲ့တာပဲလေ” လို့
ဟီယူဟွန်းက ဆိုပါတယ်။ ဖန်တီးမှုတစ်ခုစီတိုင်းဟာ (၄)နာရီကနေ
(၆)နာရီကြား ကြာမြင့်ပါတယ်။ နောက်ထပ်သူမဟာ ပရိသတ်တွေကို
ဘယ်လိုအထူးအဆန်းဇာတ်ကောင်တွေနဲ့ တင်ဆက်ဦးမလဲဆိုတာတော့
စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပုံတွေမှာတော့ ဟီယူဟွန်းရဲ့ လက်ဖျားခါ
လောက်အောင်တော်တဲ့ မိတ်ကပ်ပညာအစွမ်းကို ဗီဒီယိုဖိုင်မှာ
တွေ့ရမှာပါ။
source:lwinpyin
No comments:
Post a Comment