မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 2, 2020

ေျခာက္လအတြင္း ေဒၚလာ (၆) သန္းဖိုးထိ ထီအႀကိမ္ႀကိမ္ေပါက္ခဲ့သူ ...

ေျခာက္လအတြင္း ေဒၚလာ (၆) သန္းဖိုးထိ 
ထီအႀကိမ္ႀကိမ္ေပါက္ခဲ့သူ ...
---------------------------------------------
■   “မိုးရြာတုန္းေရခံ” …ဒီဆိုရိုးဟာ (၆) လအတြင္း 
ေဒၚလာ (၆) သန္း ထီေပါက္သြားတဲ႔ အိုတိုလီယိုအတြက္ ေတာ့ 
မွန္လာစရာအေၾကာင္းမရွိေတာ့ပါဘူး။

တခ်ိဳ႕လူေတြဟာ အန္တိုလီယိုလို အေၾကာင္းမဲ႔ သက္သက္ 
ကံေကာင္းျပီး ေမြးဖြားလာၾကတယ္။ တခ်ိဳ႕က်ျပန္ေတာ့လည္း 
ထီထိုးပါလ်က္ နည္းနည္းေးလေတာင္ မေပါက္ႏိုင္ၾကဘူး။ 
အန္တိုလီယုိအတြက္ကေတာ့ (၆)လတာ ကာလအတြင္းမွာ 
မတူညီတဲ႔ ေနရာ (၄) ခုကေန ထီေပါက္ခဲ႔ျပီး ေဒၚလာ (၆) သန္း 
ခ်မ္းသာခဲ႔ပါတယ္။ California Lottery ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ
အန္တိုလီယိုက Vanowen Street မွာရွိတဲ့ Liquor Bank မွာ 
က်န္ရွိေနတဲ႔ California Black Premium ခဲျခစ္ကံစမ္းမဲ (၃) ေစာင္ကို 
၀ယ္ခဲ႔ပါတယ္။ အဲဒီထဲက တစ္ေစာင္က အန္တိုလီယိုအတြက္ 
ေဒၚလာ (၅) သန္းကံထူးခဲ႔ပါတယ္။

ေဒၚလာ (၅) သန္း ကံထူးျပီးရံုတင္ မျပီးေသးပါဘူး။ က်န္ရွိေနတဲ႔ 
(၂) ေစာင္ဟာလည္း ေဒၚလာ (၁၀၀၀) နဲ႔ ေဒၚလာ (၆၀၀) အသီးသီး
ကံထူးခဲ႔ပါတယ္။

အန္တိုလီယိုရဲ႕ ကံတရားနဲ႔ ပတ္သက္ျပီး ေျပာစရာက်န္ပါေသးတယ္။ 
လြန္ခဲ႔တဲ႔ ႏို၀င္ဘာလတုန္းက ပန္ႏိုရားမားျမိဳ႕က USA Donuts ဆိုင္မွာ 
၀ယ္ခဲ႔ဖူးတဲ႔ ခဲျခစ္ကံစမ္းမဲကေနလည္း ေဒၚလာ (၁) သန္း ကံထူးဖူး
ပါေသးတယ္။ အန္တိုလီယိုတေယာက္လည္း ဒီ (၆) လအတြင္း 
ကံေကာင္းမႈေတြနဲ႔ ပတ္သက္ျပီး သူ႔ကိုယ္သူေတာင္ မရွင္းျပတတ္
ေတာ့ပါဘူးတဲ႔။ တစ္ခုရွိတာကေတာ့ အန္တိုလီယိုက ခဲျခစ္ကံစမ္းမဲ 
၀ယ္ျပီးကံစမ္းရတာကို သေဘာက်သူတစ္ေယာက္ ျဖစ္ျပီး သူဒီလို 
လုပ္ေနတာ အေတာ္ေလးကိုၾကာေနပါျပီ။ ဘာပဲယံုၾကည္ယံုၾကည္ 
ဘ၀ဆိုတာ တခါတရံ အလြန္႔အလြန္ကို ကံေကာင္းတယ္ဆိုတာ 
ျငင္းစရာေတာ့မရွိပါဘူး။

ေမးခြန္းေတြေမးစရာမလိုပဲ တခ်ိဳ႕လူေတြဟာ အန္တိုလီယိုလို 
ကံေကာင္းၾကတယ္။ ဒီလိုကံေကာင္း ျခင္းက အန္တီလီယိုအတြက္ 
ဘာေကာင္းမႈေတြလုပ္ခဲ႔လို႔ ဒီလို ကံေကာင္းေနတယ္ဆိုတာေတာ့ 
အံ့ၾသေစရပါတယ္။

source:ဖိုးသူေတာ္
Credit: KSM (MyanmarNote)
link -

============================================

ခြောက်လအတွင်း ဒေါ်လာ (၆) သန်းဖိုးထိ 
ထီအကြိမ်ကြိမ်ပေါက်ခဲ့သူ ...
---------------------------------------------

■   “မိုးရွာတုန်းရေခံ” …ဒီဆိုရိုးဟာ (၆) လအတွင်း 
ဒေါ်လာ (၆) သန်း ထီပေါက်သွားတဲ့ အိုတိုလီယိုအတွက် တော့ 
မှန်လာစရာအကြောင်းမရှိတော့ပါဘူး။

တချို့လူတွေဟာ အန်တိုလီယိုလို အကြောင်းမဲ့ သက်သက် 
ကံကောင်းပြီး မွေးဖွားလာကြတယ်။ တချို့ကျပြန်တော့လည်း 
ထီထိုးပါလျက် နည်းနည်းေးလတောင် မပေါက်နိုင်ကြဘူး။ 
အန်တိုလီယိုအတွက်ကတော့ (၆)လတာ ကာလအတွင်းမှာ 
မတူညီတဲ့ နေရာ (၄) ခုကနေ ထီပေါက်ခဲ့ပြီး ဒေါ်လာ (၆) သန်း 
ချမ်းသာခဲ့ပါတယ်။ California Lottery ရဲ့ သတင်းထုတ်ပြန်ချက်အရ
အန်တိုလီယိုက Vanowen Street မှာရှိတဲ့ Liquor Bank မှာ 
ကျန်ရှိနေတဲ့ California Black Premium ခဲခြစ်ကံစမ်းမဲ (၃) စောင်ကို 
ဝယ်ခဲ့ပါတယ်။ အဲဒီထဲက တစ်စောင်က အန်တိုလီယိုအတွက် 
ဒေါ်လာ (၅) သန်းကံထူးခဲ့ပါတယ်။

ဒေါ်လာ (၅) သန်း ကံထူးပြီးရုံတင် မပြီးသေးပါဘူး။ ကျန်ရှိနေတဲ့ 
(၂) စောင်ဟာလည်း ဒေါ်လာ (၁၀၀၀) နဲ့ ဒေါ်လာ (၆၀၀) အသီးသီး
ကံထူးခဲ့ပါတယ်။

အန်တိုလီယိုရဲ့ ကံတရားနဲ့ ပတ်သက်ပြီး ပြောစရာကျန်ပါသေးတယ်။ 
လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းက ပန်နိုရားမားမြို့က USA Donuts ဆိုင်မှာ 
ဝယ်ခဲ့ဖူးတဲ့ ခဲခြစ်ကံစမ်းမဲကနေလည်း ဒေါ်လာ (၁) သန်း ကံထူးဖူး
ပါသေးတယ်။ အန်တိုလီယိုတယောက်လည်း ဒီ (၆) လအတွင်း 
ကံကောင်းမှုတွေနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူတောင် မရှင်းပြတတ်
တော့ပါဘူးတဲ့။ တစ်ခုရှိတာကတော့ အန်တိုလီယိုက ခဲခြစ်ကံစမ်းမဲ 
ဝယ်ပြီးကံစမ်းရတာကို သဘောကျသူတစ်ယောက် ဖြစ်ပြီး သူဒီလို 
လုပ်နေတာ အတော်လေးကိုကြာနေပါပြီ။ ဘာပဲယုံကြည်ယုံကြည် 
ဘဝဆိုတာ တခါတရံ အလွန့်အလွန်ကို ကံကောင်းတယ်ဆိုတာ 
ငြင်းစရာတော့မရှိပါဘူး။

မေးခွန်းတွေမေးစရာမလိုပဲ တချို့လူတွေဟာ အန်တိုလီယိုလို 
ကံကောင်းကြတယ်။ ဒီလိုကံကောင်း ခြင်းက အန်တီလီယိုအတွက် 
ဘာကောင်းမှုတွေလုပ်ခဲ့လို့ ဒီလို ကံကောင်းနေတယ်ဆိုတာတော့ 
အံ့သြစေရပါတယ်။

source:ဖိုးသူတော်
Credit: KSM (MyanmarNote)
link -

No comments:

Post a Comment