ေရဓာတ္ျပည့္ဝၿပီး ၾကည္လင္တဲ့အသားအေရကို
ရရွိလာေစဖို႔ အျမဲျပဳလုပ္ေပးရမယ့္အရာမ်ား
----------------------------------------------------
ေတာ္ေတာ္မ်ားမ်ားက အသားျဖဴခ်င္ၾကတာမ်ားပါတယ္။
ဒါေပမယ့္ အသားျဖဴတုိင္းလည္း အသားအေရမလွပါဘူး။
ေရဓာတ္ျပည့္၀ၿပီး အသားေရေလးက ၾကည္ၾကည္ေလးနဲ႕
ျဖစ္ေနတာမ်ိဳးကိုမွ အသားအေရလွတယ္လို႔ေခၚပါတယ္။
အသားအေရၾကည္လင္ၿပီး လွခ်င္တယ္ဆိုရင္ေတာ့
အဓိကလုပ္ေပးရမယ့္အခ်က္က ၆ ခ်က္ပဲရွိပါတယ္။.
1. ေရမ်ားမ်ားေသာက္ပါ။
အသားအေရလွခ်င္တယ္၊ ၾကည္လင္ခ်င္တယ္ဆိုရင္ေတာ့
အေရးအႀကီးဆံုးအေနနဲ႔ အဓိကထားၿပီးလုပ္ေပးရမွာက
ေရမ်ားမ်ားေသာက္ေပးတာပါပဲ။ တစ္ေန႔ကို ၄ လီတာေတာ့
ပံုမွန္ေသာက္ေပးဖို႔ လိုပါတယ္။ ေရမ်ားမ်ားေသာက္ေပးျခင္းက
ခႏၶာကိုယ္အသားအေရနဲ႔ မ်က္ႏွာအသားအေရကိုပါ ၾကည္လင္ၿပီး
လွပေစပါတယ္။ အသားအေရေလးကၾကည္ေနမွေတာ့
မိန္းကေလးတိုင္းလိုခ်င္တဲ့ Glowing Skin ေလးကိုလည္း ရတာေပါ့။
.
2. Cleansing ေသခ်ာလုပ္ေပးပါ။
ဘယ္ေလာက္ပဲ Skincare ေတြလုပ္လုပ္ Cleansing
ေသခ်ာမလုပ္ထားရင္ မ်က္ႏွာက ဘာမွထူးျခားလာမွာမဟုတ္ပါဘူး။
ဒါေၾကာင့္ မ်က္ႏွာကို ေသခ်ာေလး Cleansing လုပ္ေပးဖို႔လိုပါတယ္။
Makeup Remover ကိုသံုးၿပီး မ်က္ႏွာသစ္ေဆး
ေကာင္းေကာင္းေလးကို ေရြးခ်ယ္သံုးေပးပါ။
3. Moisturize ျဖစ္ေနဖို႔လိုပါတယ္။
မ်က္ႏွာေလးၾကည္လင္ေနတာမ်ိဳးကိုလိုခ်င္ရင္ေတာ့
Skincare Step ေတြကို ေသခ်ာလိမ္းေပးမွာျဖစ္မွာပါ။
အသားအေရေလးက ေရဓာတ္ျပည့္ေနမွလည္း
ၾကည္လင္လာေစမွာပါ။ ဒီလို Moisture ျဖစ္ေနေစဖို႔
အျပင္သြားတဲ့အခါတိုင္းမွာ Mist ေလးေတြကိုလည္း
ေဆာင္ထားၿပီး ျဖန္းေပးဖို႔ မေမ့ပါနဲ႔။ Water Mist
ေလးေတြဆို ပိုေကာင္းပါတယ္။
4. Sheet Mask ပံုမွန္ကပ္ေပးပါ။
ကိုရီးယားမေလးေတြရဲ႔ အသားအေရေလးသိပ္ေကာင္းေနတာ
Sheet Mask ေလးေတြအၿမဲကပ္ေပးလို႔ပါ။ ကိုရီးယားကားေတြ
ၾကည့္လိုက္တိုင္းလည္း သူတို႔ Mask ေလးေတြကပ္ေနတာကို
ျမင္ဖူးၾကမွာပါ။ Sheet Mask ပံုမွန္ကပ္ေပးျခင္းက
မ်က္ႏွာအသားအေရကို သိသိသာသာကိုေျပာင္းလဲလာေစပါတယ္။
၃ ရက္တစ္ခါ (သို႔) တစ္ပတ္တစ္ခါေလာက္ ပံုမွန္ကပ္ေပးဖို႔ လိုပါတယ္။
5. Sunscreen ကိုမေမ့ပါနဲ႔။
ဘယ္လိုရာသီဥတုမ်ိဳးမွာပဲျဖစ္ျဖစ္၊ ဘယ္လိုေနရာမ်ိဳးမွာပဲျဖစ္ျဖစ္
Sunscreen ကိုလိမ္းေပးဖို႔ လံုး၀မေမ့ပါနဲ႔။ Sunscreen မလိမ္းပဲ
အျပင္မထြက္ပါနဲ႔။ Lotion လိမ္းၿပီးတိုင္းမွာ Sunscreen ကို
လိမ္းေပးၿပီး အျပင္သြားရင္လည္း ယူသြားေပးရပါမယ္။
၄ နာရီတစ္ခါေလာက္ ထုတ္လိမ္းေပးရပါမယ္။
ထုတ္မလိမ္းခ်င္ရင္ေတာ့ Spray ေလးေတြရွိပါတယ္။
6. အစားအေသာက္ဂရုစိုက္ပါ။
အစာအေသာက္ေတြကိုစားတဲ့အခါမွာ အသီးအရြက္နဲ႔
အသီးအႏွံေတြကို မ်ားမ်ားစားေပးပါ။ ေန႔တိုင္းစားေပးရင္
ပိုေကာင္းပါတယ္။ အရည္ရႊမ္းတဲ့အသီးေတြကိုလည္း
မ်ားမ်ားစားေပးပါ။ ဆီေၾကာ္မုန္႔ေတြကိုေရွာင္ၿပီး Green Tea
(သို႔) မုန္လာဥနီေဖ်ာ္ရည္ကို ေန႔တိုင္းေသာက္ေပးပါ။
ဒီအခ်က္ ၆ ခ်က္ကိုသာလုိက္နာမယ္ဆိုရင္ေတာ့
အသားအေရက သိသိသာသာကို ေျပာင္းလဲၿပီး
ေရဓာတ္အျပည့္နဲ႔ ၾကည္လင္လွပလာမွာေသခ်ာပါတယ္။
အခ်ိန္ခဏနဲ႔ေတာ့ မျဖစ္ႏိုင္ပါဘူး။
ေသခ်ာေလးစဲြလုပ္ေပးမွသာ အက်ိဳးထူးမွာပါ။
BY HAMNY
ွsource:we media
===========================
ရေဓာတ်ပြည့်ဝပြီး ကြည်လင်တဲ့အသားအရေကို
ရရှိလာစေဖို့ အမြဲပြုလုပ်ပေးရမယ့်အရာများ
----------------------------------------------------
တော်တော်များများက အသားဖြူချင်ကြတာများပါတယ်။
ဒါပေမယ့် အသားဖြူတိုင်းလည်း အသားအရေမလှပါဘူး။
ရေဓာတ်ပြည့်ဝပြီး အသားရေလေးက ကြည်ကြည်လေးနဲ့
ဖြစ်နေတာမျိုးကိုမှ အသားအရေလှတယ်လို့ခေါ်ပါတယ်။
အသားအရေကြည်လင်ပြီး လှချင်တယ်ဆိုရင်တော့
အဓိကလုပ်ပေးရမယ့်အချက်က ၆ ချက်ပဲရှိပါတယ်။
.
1. ရေများများသောက်ပါ။
အသားအရေလှချင်တယ်၊ ကြည်လင်ချင်တယ်ဆိုရင်တော့
အရေးအကြီးဆုံးအနေနဲ့ အဓိကထားပြီးလုပ်ပေးရမှာက
ရေများများသောက်ပေးတာပါပဲ။ တစ်နေ့ကို ၄ လီတာတော့
ပုံမှန်သောက်ပေးဖို့ လိုပါတယ်။ ရေများများသောက်ပေးခြင်းက
ခန္ဓာကိုယ်အသားအရေနဲ့ မျက်နှာအသားအရေကိုပါ ကြည်လင်ပြီး
လှပစေပါတယ်။ အသားအရေလေးကကြည်နေမှတော့
မိန်းကလေးတိုင်းလိုချင်တဲ့ Glowing Skin လေးကိုလည်း ရတာပေါ့။
.
2. Cleansing သေချာလုပ်ပေးပါ။
ဘယ်လောက်ပဲ Skincare တွေလုပ်လုပ် Cleansing
သေချာမလုပ်ထားရင် မျက်နှာက ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။
ဒါကြောင့် မျက်နှာကို သေချာလေး Cleansing လုပ်ပေးဖို့လိုပါတယ်။
Makeup Remover ကိုသုံးပြီး မျက်နှာသစ်ဆေး
ကောင်းကောင်းလေးကို ရွေးချယ်သုံးပေးပါ။
3. Moisturize ဖြစ်နေဖို့လိုပါတယ်။
မျက်နှာလေးကြည်လင်နေတာမျိုးကိုလိုချင်ရင်တော့
Skincare Step တွေကို သေချာလိမ်းပေးမှာဖြစ်မှာပါ။
အသားအရေလေးက ရေဓာတ်ပြည့်နေမှလည်း
ကြည်လင်လာစေမှာပါ။ ဒီလို Moisture ဖြစ်နေစေဖို့
အပြင်သွားတဲ့အခါတိုင်းမှာ Mist လေးတွေကိုလည်း
ဆောင်ထားပြီး ဖြန်းပေးဖို့ မမေ့ပါနဲ့။ Water Mist
လေးတွေဆို ပိုကောင်းပါတယ်။
4. Sheet Mask ပုံမှန်ကပ်ပေးပါ။
ကိုရီးယားမလေးတွေရဲ့ အသားအရေလေးသိပ်ကောင်းနေတာ
Sheet Mask လေးတွေအမြဲကပ်ပေးလို့ပါ။ ကိုရီးယားကားတွေ
ကြည့်လိုက်တိုင်းလည်း သူတို့ Mask လေးတွေကပ်နေတာကို
မြင်ဖူးကြမှာပါ။ Sheet Mask ပုံမှန်ကပ်ပေးခြင်းက
မျက်နှာအသားအရေကို သိသိသာသာကိုပြောင်းလဲလာစေပါတယ်။
၃ ရက်တစ်ခါ (သို့) တစ်ပတ်တစ်ခါလောက် ပုံမှန်ကပ်ပေးဖို့ လိုပါတယ်။
5. Sunscreen ကိုမမေ့ပါနဲ့။
ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်
Sunscreen ကိုလိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့။ Sunscreen မလိမ်းပဲ
အပြင်မထွက်ပါနဲ့။ Lotion လိမ်းပြီးတိုင်းမှာ Sunscreen ကို
လိမ်းပေးပြီး အပြင်သွားရင်လည်း ယူသွားပေးရပါမယ်။
၄ နာရီတစ်ခါလောက် ထုတ်လိမ်းပေးရပါမယ်။
ထုတ်မလိမ်းချင်ရင်တော့ Spray လေးတွေရှိပါတယ်။
6. အစားအသောက်ဂရုစိုက်ပါ။
အစာအသောက်တွေကိုစားတဲ့အခါမှာ အသီးအရွက်နဲ့
အသီးအနှံတွေကို များများစားပေးပါ။ နေ့တိုင်းစားပေးရင်
ပိုကောင်းပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေကိုလည်း
များများစားပေးပါ။ ဆီကြော်မုန့်တွေကိုရှောင်ပြီး Green Tea
(သို့) မုန်လာဥနီဖျော်ရည်ကို နေ့တိုင်းသောက်ပေးပါ။
ဒီအချက် ၆ ချက်ကိုသာလိုက်နာမယ်ဆိုရင်တော့
အသားအရေက သိသိသာသာကို ပြောင်းလဲပြီး
ရေဓာတ်အပြည့်နဲ့ ကြည်လင်လှပလာမှာသေချာပါတယ်။
အချိန်ခဏနဲ့တော့ မဖြစ်နိုင်ပါဘူး။
သေချာလေးစွဲလုပ်ပေးမှသာ အကျိုးထူးမှာပါ။
BY HAMNY
source:we media

No comments:
Post a Comment