* အကၡရာဘုရား႐ွိခိုး *
-------------------------
က ။…..။ ကႀကီးဟူသည္ကား ကိေလသာ မာန္ကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ခ ။…..။ ခေခြးဟူသည္ကား ခႏၶမာန္ကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဂ ။…..။ ဂငယ္ဟူသည္ကား ဂုဏ္ေတာ္ကိုးပါးႏွင့္
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
ဃ ။….။ ဃႀကီးဟူသည္ကား ဃဋိက ျဗဟၼာမင္း
ဆက္သေတာ္မူေသာ ေရႊၾကာသဃၤန္း ဆင္ျမန္းေတာ္မူေသာ
ျမတ္စြာဘုရား
င ။…..။ ငဟူသည္ကား မာန္ငါးပါးကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
စ ။….။ စလုံးဟူသည္ကား စၾက၀ဠာ တစ္သိုက္
တုဖက္ၿပိဳင္ဖက္ ႐ွိေတာ္မမူေသာ ျမတ္စြာဘုရား
ဆ ။….။ ဆလိမ္ဟူသည္ကား ဆယ္ပါးေသာ ဒုစရုိက္ကို
ပယ္ဖ်က္ ခုတ္ထြင္း ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဇ ။….။ ဇကြဲဟူသည္ကား ဇာတိႆရဥာဏ္ကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဈ ။….။ ဇမ်ဥ္ဇြဲဟူသည္ကား စ်ာန္သမာပတ္အေပါင္း
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
ည ။…..။ ညဟူသည္က ေဉယ် ဓံတရား ငါးပါး ႏွင့္
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
ဋ ။….။ တတလင္းခ်ိတ္ဟူသည္ကား
ဒီဃလင္တက်မ္းေအာက္ အစြယ္စြယ္တို႔ကို
ဆရာမ႐ွိ ကိုယ္ကိုတိုင္ သိေတာ္မူေသာ ျမတ္စြာဘုရား
႒ ။….။ ႒ဝန္ဘဲဟူသည္ကား ပ႒ာန္းက်မ္းကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဍ ။….။ ဒရင္ ေကာက္ဟူသည္ကား ေကာဒည ပုဏၰားသည္
လက္ညိဳးတစ္ေခ်ာင္းေထာင္ျပ၍ ဘုရားဧကန္ ျဖစ္ပါလိမ့္မည္ဟု
ေျပာဆိုခံရေသာ ျမတ္စြာဘုရား
ဎ ။….။ ဓရင္မႈတ္ ဟူသည္ကား ဒီပကၤရာ ျမတ္စြာဘုရား
ေ႐ွ႕ေတာ္၌ အနိယတ ဗ်ာဒိတ္ပန္းကိုဆင္ျမန္းေတာ္မူေသာ
ျမတ္စြာဘုရား
ဏ ။….။ ဏႀကီးဟူသည္ကား တဏွာတည္းဟူေသာ
အမိုက္ေမွာင္တို႔ကို ပယ္ဖ်က္ခုတ္ထြင္း ေအာင္ျမင္ေတာ္မူေသာ
ျမတ္စြာဘုရား
တ ။…။ တဝမ္းပူဟူသည္ကား တစ္ေထာင္မကမကေသာ
ဒိ႒ိတို႔ကို ဆုံးမေတာ္မူေသာ ျမတ္စြာဘုရား
ထ ။….။ ထဆင္ထူး ဟူသည္ကား ထူးျမတ္ေသာ
တရားအေပါင္း၌ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
ဒ ။….။ ဒေဒြးဟူသည္ကား
ဒိပၸစကၡဳ ေရႊဥာဏ္ေတာ္ကို ရေတာ္မူေသာ ျမတ္စြာဘုရား
ဓ ။….။ ဓေအာက္ခ်ဳိက္ဟူသည္ကား
ဓမၼစၾကာ တရားအေပါင္း၌ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
န ။….။ နငယ္ဟူသသည္ကား နိဗၺာန္ ေခမာ ျပည့္ေအာင္
ဥာဏ္မ်ိဳးတို႔ကို ပို႔ေဆာင္ေတာ္မူေသာ ျမတ္စြာဘုရား
ပ ။….။ ပေဆာက္ဟူသည္ကား ပုေဗၺနိဝါသ
နဳႆတိဥာဏ္ကိုေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဖ ။….။ ဖဥထုပ္ဟူသည္ကား ဖိုလ္ ၊ မဂ္ ခ်မ္းသာကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဗ ။…။ ဗလခ်ဳိက္ဟူသည္ကား ေဗာဓိပင္ကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဘ ။….။ ဘကုန္းဟူသည္ကား ဘုန္းေတာ္ေျခာက္ပါးႏွင့္
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
မ ။….။ မဟူသည္ကား မဇၨိ်မ မာန္ကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ယ ။….။ ယပလက္ဟူသည္ကား ယမက ဗ်ာဒိယာ၌
ရတနာေရႊပလႅင္ကို ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ရ ။….။ ရေကာက္ဟူသည္ကား ရတနာေျခာက္သြယ္ႏွင့္
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
လ ။….။ လဟူသည္ကား လူသုံးပါးတို႔တြင္
တုဖက္ ၿပိဳင္ဖက္ ကင္းေတာ္မူေသာ ျမတ္စြာဘုရား
ဝ ။….။ ဝဟူသည္ကား ဝသုျႏၵေဒ ေျမေစာင့္နတ္သားသည္
သက္ေသျပဳ၍ မာနတ္မင္းအား ခုခံ ေအာင္ျမင္ေတာ္မူေသာ
ျမတ္စြာဘုရား
သ ။…..။ သဟူသည္ကား သစၥာေလးပါး တရားအေပါင္းႏွင့္
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
ဟ ။….။ ဟဟူသည္ကား ဟႏၵ ဒါနိ ဘိကၡေဝ
ပါ႒ိေတာ္လာသည္ႏွင့္ အနိယတ ဗ်ာဒိတ္ပန္း
ဆင္ျမန္းေတာ္မူသည့္ ျမတ္စြာဘုရား
ဠ ။….။ လႀကီး ဟူသည္ကား ေဝဠဳဝန္ေက်ာင္းေတာ္၌
လျပည့္ဝန္းကဲ့သို႔ ျပည့္ထြန္းေတာ္မူေသာ ျမတ္စြာဘုရား
အ ။….။ အဟူသည္ကား ေန အ႐ုဏ္မတက္မီွ
အာသေဝါကင္း၍ အာသဝကၡယဥာဏ္ကို ရေတာ္မူေသာ
ျမတ္စြာဘုရား
Credit: အမ်ဳိးသားေရး ဆရာေတာ္
//Knowledge Post navigation
==========================
* အက္ခရာဘုရားရှိခိုး *
-------------------------
က ။…..။ ကကြီးဟူသည်ကား ကိလေသာ မာန်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
ခ ။…..။ ခခွေးဟူသည်ကား ခန္ဓမာန်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
ဂ ။…..။ ဂငယ်ဟူသည်ကား ဂုဏ်တော်ကိုးပါးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ဃ ။….။ ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာမင်း
ဆက်သတော်မူသော ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော
မြတ်စွာဘုရား
င ။…..။ ငဟူသည်ကား မာန်ငါးပါးကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
စ ။….။ စလုံးဟူသည်ကား စကြဝဠာ တစ်သိုက်
တုဖက်ပြိုင်ဖက် ရှိတော်မမူသော မြတ်စွာဘုရား
ဆ ။….။ ဆလိမ်ဟူသည်ကား ဆယ်ပါးသော ဒုစရိုက်ကို
ပယ်ဖျက် ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား
ဇ ။….။ ဇကွဲဟူသည်ကား ဇာတိဿရဉာဏ်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
ဈ ။….။ ဇမျဉ်ဇွဲဟူသည်ကား ဈာန်သမာပတ်အပေါင်း
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ည ။…..။ ညဟူသည်က ဉေယျ ဓံတရား ငါးပါး နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ဋ ။….။ တတလင်းချိတ်ဟူသည်ကား
ဒီဃလင်တကျမ်းအောက် အစွယ်စွယ်တို့ကို
ဆရာမရှိ ကိုယ်ကိုတိုင် သိတော်မူသော မြတ်စွာဘုရား
ဋ္ဌ ။….။ ဋ္ဌဝန်ဘဲဟူသည်ကား ပဋ္ဌာန်းကျမ်းကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
ဍ ။….။ ဒရင် ကောက်ဟူသည်ကား ကောဒည ပုဏ္ဏားသည်
လက်ညိုးတစ်ချောင်းထောင်ပြ၍ ဘုရားဧကန် ဖြစ်ပါလိမ့်မည်ဟု
ပြောဆိုခံရသော မြတ်စွာဘုရား
ဎ ။….။ ဓရင်မှုတ် ဟူသည်ကား ဒီပင်္ကရာ မြတ်စွာဘုရား
ရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသော
မြတ်စွာဘုရား
ဏ ။….။ ဏကြီးဟူသည်ကား တဏှာတည်းဟူသော
အမိုက်မှောင်တို့ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော
မြတ်စွာဘုရား
တ ။…။ တဝမ်းပူဟူသည်ကား တစ်ထောင်မကမကသော
ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရား
ထ ။….။ ထဆင်ထူး ဟူသည်ကား ထူးမြတ်သော
တရားအပေါင်း၌ ပြည့်စုံတော်မူသော မြတ်စွာဘုရား
ဒ ။….။ ဒဒွေးဟူသည်ကား
ဒိပ္ပစက္ခု ရွှေဉာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရား
ဓ ။….။ ဓအောက်ချိုက်ဟူသည်ကား
ဓမ္မစကြာ တရားအပေါင်း၌ ပြည့်စုံတော်မူသော မြတ်စွာဘုရား
န ။….။ နငယ်ဟူသသည်ကား နိဗ္ဗာန် ခေမာ ပြည့်အောင်
ဉာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော မြတ်စွာဘုရား
ပ ။….။ ပဆောက်ဟူသည်ကား ပုဗ္ဗေနိဝါသ
နုဿတိဉာဏ်ကိုအောင်မြင်တော်မူသော မြတ်စွာဘုရား
ဖ ။….။ ဖဥထုပ်ဟူသည်ကား ဖိုလ် ၊ မဂ် ချမ်းသာကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
ဗ ။…။ ဗလချိုက်ဟူသည်ကား ဗောဓိပင်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
ဘ ။….။ ဘကုန်းဟူသည်ကား ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
မ ။….။ မဟူသည်ကား မဇ္ဇျိမ မာန်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
ယ ။….။ ယပလက်ဟူသည်ကား ယမက ဗျာဒိယာ၌
ရတနာရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား
ရ ။….။ ရကောက်ဟူသည်ကား ရတနာခြောက်သွယ်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
လ ။….။ လဟူသည်ကား လူသုံးပါးတို့တွင်
တုဖက် ပြိုင်ဖက် ကင်းတော်မူသော မြတ်စွာဘုရား
ဝ ။….။ ဝဟူသည်ကား ဝသုန္ဒြဒေ မြေစောင့်နတ်သားသည်
သက်သေပြု၍ မာနတ်မင်းအား ခုခံ အောင်မြင်တော်မူသော
မြတ်စွာဘုရား
သ ။…..။ သဟူသည်ကား သစ္စာလေးပါး တရားအပေါင်းနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ဟ ။….။ ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခဝေ
ပါဋ္ဌိတော်လာသည်နှင့် အနိယတ ဗျာဒိတ်ပန်း
ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား
ဠ ။….။ လကြီး ဟူသည်ကား ဝေဠုဝန်ကျောင်းတော်၌
လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်းတော်မူသော မြတ်စွာဘုရား
အ ။….။ အဟူသည်ကား နေ အရုဏ်မတက်မှီ
အာသဝေါကင်း၍ အာသဝက္ခယဉာဏ်ကို ရတော်မူသော
မြတ်စွာဘုရား
Credit: အမျိုးသားရေး ဆရာတော်
//Knowledge Post navigation

No comments:
Post a Comment