ကၽြန္မ အခု ဒီ Post ေလးကို စိတ္မေကာင္းစြာျဖင့္ေရးၿပီး
ေမေမတို႕အတြက္ ေဝမ်ွေပးခ်င္ပါတယ္ရွင္
-----------------------------------------------------
ပိန္တာထက္ က်န္းမာဖို႔ အေရးႀကီးပါတယ္။
ေလ့က်င့္ခန္းလုပ္ဖို႔ မပ်င္းၾကပါနဲ႕။
ေမေမတို့ေရ က်ြန္မတို့ မိခင္ေတြရဲ့ က်န္းမာေရးဟာ သားသမီးေတြရဲ့
အနာဂတ္ပါရွင္ က်န္းမာတဲ့ မိခင္တစ္ေယာက္မွသာ က်န္းမာ ထူးခ်ြန္
ထက္ျမက္ေသာ သားသားမီးမီးတို႕ကို ျပဳစုပ်ဳိးေထာင္ေပးနိုင္မွာပါ။
ဒီေန့မနက္ အေစာပိုင္းမွာ က်ြန္မတို့ရဲ့ CP & CT Member ဝင္
ေမေမတစ္ဦးဟာ သူရဲ့ ခ်စ္စရာေကာင္းလွေသာ သမီး နဲ႔ သားေလးကို
ထားခဲ့ၿပီး ေလာကႀကီးကို အၿပီးနွုတ္ဆက္ထြက္ခြာသြားခဲ့ပါၿပီ ဆိုင္နဲ႔
အရမ္းကို အကၽြမ္းတဝင္ရွိလွေသာ ေမေမျဖစ္တာမို႕ အရမ္းကို
ဝမ္းနည္းစိတ္မေကာင္းျဖစ္ရပါတယ္ အသက္( ၃၇) နွစ္အ႐ြယ္သာ
ရွိေသးတာမို့ –
ဒီေမေမဟာ လြန္ခဲ့ေသာ ၆ လခန့္က က်န္းမာ ဝၿဖိဳးေသာ ခႏၡာကိုယ္ကို
ပိုင္ဆိုင္ထားၿပီး အရပ္ျမင့္ျမင့္ နဲ့ အရမ္းကို လွပက်က္သေရရွိလွပါတယ္
ျမန္မာဝတ္စံုလွလွေလးေတြကိုလည္း လွလွပပ ဝတ္ဆင္တတ္ပါတယ္။
ဒီေမေမက လြန္ခဲ့ေသာ ၆ လမွာ သူရဲ့ကိုယ္အေလးခ်ိန္ေပါင္
(၁၇၀) ေက်ာ္လာၿပီျဖစ္တဲ့အတြက္ ဝိတ္ေလ်ာ့ဖို့ကို စတင္ခဲ့ပါတယ္ရွင္။
ဒီေမေမေျပာျပခဲ့တာေလးေတြကို က်န္းမာေရးဗဟုသုတအျဖစ္
သတိထားေရွာင္နိုင္ရန္ ျပန္လည္ေဝမ်ွေပးပါ့မယ္။
ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို့အတြက္ ထမင္းဆိုတာကို လံုးဝ မစားေတာ့ပဲ
သူရဲ့ တစ္ေန့တာအတြက္ ၾကက္ဥျပဳတ္ ၉ လံုးကို အနွစ္မစား အကာပဲ
စားပါတယ္တဲ့။ မနက္စာကို ေရွာက္ရည္ေနြးေနြး တစ္ခြက္ကိုသာ
ေသာက္ၿပီး ဗိုက္စာရင္ ပန္းသီးေလာက္ပဲ စားပါတယ္တဲ့။
သူလိုခ်င္ေသာ ကိုယ္အေလးခ်ိန္ က်ဖို့အတြက္ အဆီက်ေဆး နဲ႔
အဆီက်ေဖာ္ရည္ေတြကို က်န္းမာစြာစားသံုးရမဲ့ အစားအစာေတြ
ေနရာမွာ အစားထိုးခဲ့ပါတယ္။
သူရဲ့စားေသာက္မွုပံုစံေၾကာင့္ ၁ လအတြင္း ေပါင္ ၂၀ က်သြားပါတယ္
ဒါေပမဲ့ သူမၾကာခဏ ေခါင္းမူး ဗိုကိေအာင့္ ေအာ့အန္တာေတြေတာ့
ျဖစ္ပါတယ္တဲ့ သို့ေပမဲ့ ပိန္ၿပီးလွဖို့အတြက္ သူဆက္လက္ဝိတ္ေလ်ာ့
ေနခဲ့တာ ေပါင္ ၄၀ ေက်ာ္ ေလ်ာ့ခ်နိုင္ခဲ့တယ္လို့ ဒီေမေမက
ေျပာျပခဲ့ပါတယ္။
လြန္ခဲ့ေသာ နွစ္ပတ္ေလာက္က ဆိုင္ကို ေရာက္လာခ်ိန္မွာ သူမဟာ
အရင္လို ျပည့္ျပည့္ေဖာင္းေဖာင္း မ်က္နွာေလးမဟုတ္ေတာ့ပဲ
မ်က္ကြင္းညိုညိုႀကီးနဲ့ ပါးရိုးေတြ ေတာ္ေတာ္ေလး ပိန္က်သြားတာကို
စိတ္မေကာင္းစြာေတြ႕ရပါတယ္။
က်န္းမာၿပီး လွၿပီး ပိန္သြားတာမ်ိုးမဟုတ္ပဲ ေနမေကာင္းျဖစ္ၿပီး
လူမမာတစ္ေယာက္လို ပိန္က်သြားတာကို ေတြ့ရပါတယ္ အဲဒီအခ်ိန္မွာ
သူမကေျပာသြားပါတယ္။ သူအစာအိမ္ေရာဂါ ျဖစ္ေနတာမို့
ဘန္ေကာက္မွာ ေဆးကုေနရေၾကာင္း နဲ့ အခုဆို ဘာမွ အဖတ္စားလို႕
မရေတာ့ပဲ အရည္ေတြေလာက္ပဲေသာက္ေနရေၾကာင္း နဲ႔ သူႀကိဳက္တဲ့
အစာေတြကိုလည္း စားလို႔မရေတာ့အေၾကာင္း ဒီေမေမ ေနာက္ဆံုး
ေျပာသြားခဲ့ပါတယ္။
ဒီျဖစ္စဥ္ေလးကေန က်ြန္မတို႔ မိခင္ေတြကို ေပးသြားတဲ့
Message ေလးကေတာ့ လွပဖို႔ တစ္ခုအတြက္နဲ႕ က်န္းမာျခင္းကို
မလဲလွယ္လိုက္ၾကပါနဲ႔လို႕ ေျပာခ်င္ပါတယ္ရွင္။
က်ြန္မ သူငယ္ခ်င္းတစ္ေယာက္အၿမဲေျပာပါတယ္ ။
အခုေခတ္က နင္ဘယ္ေလာက္ဝလဲ။ ငါဘယ္ေလာက္ပိန္လဲ
ၿပိဳင္ဖို႔ေခတ္ မဟုတ္ေတာ့ဘူးတဲ့ ။
နင္ဘယ္ေလာက္က်န္းမာလဲ ။ ငါဘယ္ေလာက္က်န္းမာလဲ။
ၿပိဳင္ရမဲ့ေခာတ္ေရာက္ေနၿပီတဲ့ အၿမဲေျပာေလ့ရွိတယ္ ။
က်ြန္မခ်စ္ေသာ ေမေမမ်ားအားလံုး က်န္းမာျခင္းျဖင့္ လွပနိုင္ၾကပါေစ။
( က်ြန္မ အရမ္းဝမ္းနည္းမိပါတယ္။ သူ႕မွာ အသက္ ၇ နွစ္ နဲ႔
၅ နွစ္အ႐ြယ္ သမီးေလး နဲ႔ သားေလး က်န္ေနခဲ့ပါတယ္။ )
ZME
07.06.2018
CP & CT Baby Collections
source:myanmarnews
============================
ကျွန်မ အခု ဒီ Post လေးကို စိတ်မကောင်းစွာဖြင့်ရေးပြီး
မေမေတို့အတွက် ဝေမျှပေးချင်ပါတယ်ရှင်
-----------------------------------------------------
ပိန်တာထက် ကျန်းမာဖို့ အရေးကြီးပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းကြပါနဲ့။
မေမေတို့ရေ ကျွန်မတို့ မိခင်တွေရဲ့ ကျန်းမာရေးဟာ သားသမီးတွေရဲ့
အနာဂတ်ပါရှင် ကျန်းမာတဲ့ မိခင်တစ်ယောက်မှသာ ကျန်းမာ ထူးချွန်
ထက်မြက်သော သားသားမီးမီးတို့ကို ပြုစုပျိုးထောင်ပေးနိုင်မှာပါ။
ဒီနေ့မနက် အစောပိုင်းမှာ ကျွန်မတို့ရဲ့ CP & CT Member ဝင်
မေမေတစ်ဦးဟာ သူရဲ့ ချစ်စရာကောင်းလှသော သမီး နဲ့ သားလေးကို
ထားခဲ့ပြီး လောကကြီးကို အပြီးနှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ ဆိုင်နဲ့
အရမ်းကို အကျွမ်းတဝင်ရှိလှသော မေမေဖြစ်တာမို့ အရမ်းကို
ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ် အသက်( ၃၇) နှစ်အရွယ်သာ
ရှိသေးတာမို့ –
ဒီမေမေဟာ လွန်ခဲ့သော ၆ လခန့်က ကျန်းမာ ဝဖြိုးသော ခန္ခာကိုယ်ကို
ပိုင်ဆိုင်ထားပြီး အရပ်မြင့်မြင့် နဲ့ အရမ်းကို လှပကျက်သရေရှိလှပါတယ်
မြန်မာဝတ်စုံလှလှလေးတွေကိုလည်း လှလှပပ ဝတ်ဆင်တတ်ပါတယ်။
ဒီမေမေက လွန်ခဲ့သော ၆ လမှာ သူရဲ့ကိုယ်အလေးချိန်ပေါင်
(၁၇၀) ကျော်လာပြီဖြစ်တဲ့အတွက် ဝိတ်လျော့ဖို့ကို စတင်ခဲ့ပါတယ်ရှင်။
ဒီမေမေပြောပြခဲ့တာလေးတွေကို ကျန်းမာရေးဗဟုသုတအဖြစ်
သတိထားရှောင်နိုင်ရန် ပြန်လည်ဝေမျှပေးပါ့မယ်။
ကိုယ်အလေးချိန်လျော့ချဖို့အတွက် ထမင်းဆိုတာကို လုံးဝ မစားတော့ပဲ
သူရဲ့ တစ်နေ့တာအတွက် ကြက်ဥပြုတ် ၉ လုံးကို အနှစ်မစား အကာပဲ
စားပါတယ်တဲ့။ မနက်စာကို ရှောက်ရည်နွေးနွေး တစ်ခွက်ကိုသာ
သောက်ပြီး ဗိုက်စာရင် ပန်းသီးလောက်ပဲ စားပါတယ်တဲ့။
သူလိုချင်သော ကိုယ်အလေးချိန် ကျဖို့အတွက် အဆီကျဆေး နဲ့
အဆီကျဖော်ရည်တွေကို ကျန်းမာစွာစားသုံးရမဲ့ အစားအစာတွေ
နေရာမှာ အစားထိုးခဲ့ပါတယ်။
သူရဲ့စားသောက်မှုပုံစံကြောင့် ၁ လအတွင်း ပေါင် ၂၀ ကျသွားပါတယ်
ဒါပေမဲ့ သူမကြာခဏ ခေါင်းမူး ဗိုကိအောင့် အော့အန်တာတွေတော့
ဖြစ်ပါတယ်တဲ့ သို့ပေမဲ့ ပိန်ပြီးလှဖို့အတွက် သူဆက်လက်ဝိတ်လျော့
နေခဲ့တာ ပေါင် ၄၀ ကျော် လျော့ချနိုင်ခဲ့တယ်လို့ ဒီမေမေက
ပြောပြခဲ့ပါတယ်။
လွန်ခဲ့သော နှစ်ပတ်လောက်က ဆိုင်ကို ရောက်လာချိန်မှာ သူမဟာ
အရင်လို ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးမဟုတ်တော့ပဲ
မျက်ကွင်းညိုညိုကြီးနဲ့ ပါးရိုးတွေ တော်တော်လေး ပိန်ကျသွားတာကို
စိတ်မကောင်းစွာတွေ့ရပါတယ်။
ကျန်းမာပြီး လှပြီး ပိန်သွားတာမျိုးမဟုတ်ပဲ နေမကောင်းဖြစ်ပြီး
လူမမာတစ်ယောက်လို ပိန်ကျသွားတာကို တွေ့ရပါတယ် အဲဒီအချိန်မှာ
သူမကပြောသွားပါတယ်။ သူအစာအိမ်ရောဂါ ဖြစ်နေတာမို့
ဘန်ကောက်မှာ ဆေးကုနေရကြောင်း နဲ့ အခုဆို ဘာမှ အဖတ်စားလို့
မရတော့ပဲ အရည်တွေလောက်ပဲသောက်နေရကြောင်း နဲ့ သူကြိုက်တဲ့
အစာတွေကိုလည်း စားလို့မရတော့အကြောင်း ဒီမေမေ နောက်ဆုံး
ပြောသွားခဲ့ပါတယ်။
ဒီဖြစ်စဉ်လေးကနေ ကျွန်မတို့ မိခင်တွေကို ပေးသွားတဲ့
Message လေးကတော့ လှပဖို့ တစ်ခုအတွက်နဲ့ ကျန်းမာခြင်းကို
မလဲလှယ်လိုက်ကြပါနဲ့လို့ ပြောချင်ပါတယ်ရှင်။
ကျွန်မ သူငယ်ချင်းတစ်ယောက်အမြဲပြောပါတယ် ။
အခုခေတ်က နင်ဘယ်လောက်ဝလဲ။ ငါဘယ်လောက်ပိန်လဲ
ပြိုင်ဖို့ခေတ် မဟုတ်တော့ဘူးတဲ့ ။
နင်ဘယ်လောက်ကျန်းမာလဲ ။ ငါဘယ်လောက်ကျန်းမာလဲ။
ပြိုင်ရမဲ့ခောတ်ရောက်နေပြီတဲ့ အမြဲပြောလေ့ရှိတယ် ။
ကျွန်မချစ်သော မေမေများအားလုံး ကျန်းမာခြင်းဖြင့် လှပနိုင်ကြပါစေ။
( ကျွန်မ အရမ်းဝမ်းနည်းမိပါတယ်။ သူ့မှာ အသက် ၇ နှစ် နဲ့
၅ နှစ်အရွယ် သမီးလေး နဲ့ သားလေး ကျန်နေခဲ့ပါတယ်။ )
ZME
07.06.2018
CP & CT Baby Collections
source:myanmarnews

No comments:
Post a Comment