အရက္မေသာက္ ေဆးလိပ္မေသာက္ ဘဲ
ေရာဂါေတြ ျဖစ္ေနတဲ့တရားခံမႈိ ...
-------------------------------------------
ဒီေန႔ညစာ စားၿပီးေတာ့ခံတြင္းနည္းနည္း ခ်ဥ္သလိုလို႐ွိတာမို႔
မလ်က္တာ ၾကာၿပီျဖစ္တဲ့ လ်က္ဆားပုလင္းကိုလွမ္းယူၿပီး
ဖြင့္လိုက္မိတယ္…လက္နဲ႔ႏိႈက္ၿပီး လ်က္မယ္ေပါ့…
လက္နဲ႔ႏိႈက္ၾကည့္တဲ့အခါလက္ရဲ႕အထိအေတြ႔က မြမြေလး
ျဖစ္ေနေတာ့စိတ္ထဲ မသကၤာတာနဲ႔လ်က္ဆားပုလင္းထဲကို
ဓာတ္မီးနဲ႔ထိုးၾကည့္မိတယ္…
လားလား…မိႈေတြ… ပုလင္းထဲမွာ ျပည့္လို႔…
ဒါက မ်က္ေစ့နဲ႔ျမင္ရတဲ့ အရြယ္ေရာက္လာလို႔…
သူတို႔ေတာ္ေတာ္ႀကီးေနေရာေပါ့…ဒါနဲ႔ တစ္ဆက္ထဲ ေတြးမိတယ္…
အရပ္ထဲမွာ ေျပာေျပာေနၾကတာေလးကိုပါ…
အဲ့ဒီကေလးက လူေကာင္းကေလး…အရက္လည္းမေသာက္၊
အသည္းေရာင္ပိုး ေတြဘာေတြလည္းမ႐ွိဘဲနဲ႔အခုေတာ့ အသည္း
ကင္ဆာျဖစ္လို႔တဲ့…´ ဆိုတဲ့ စကားေလး ေတြအေၾကာင္းေလ…
တကယ္ေတာ့…မိႈ…အဲ့ဒီမိႈေတြေၾကာင့္ပါပဲေလ…အဲ့ဒီမိႈေတြက
ထုတ္တဲ့ မိႈဆိပ္( Mycotoxin) ေတြေၾကာင့္သာ အသည္း
ပ်က္စီးၾကတာ…ကြၽန္ေတာ္တို႔ႏိုင္ငံလို က်န္းမာေရး အသိ၊
က်န္းမာေရးသတိ နည္းတဲ့ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြမွာ အမ်ားဆံုး
ခံရတာပဲေလ…ကမၻာေပၚမွာ မိႈမ်ိဳးစိတ္ေပါင္း တစ္သန္းခြဲေလာက္
႐ွိတဲ့အထဲက မ်ိဳးစိတ္ ၃၀၀ ေလာက္က လူေတြကို အႏၱရာယ္
ေပးၾကတယ္ေလ…
စနစ္တက် ထုပ္ပိုးမထားတဲ့ တိုင္းရင္းေဆး ေတြအမ်ားစုမွာ
အပူခ်ိန္နဲ႔ စိုစြတ္မႈေတြအေပၚမွာ မူတည္ၿပီးေတာ့ မိႈေတြ
ေပါက္လာႏိုင္ပါတယ္…
အထူးသျဖင့္ေတာ့ Aspergillus နဲ႔ Penicillium မိႈမ်ိဳးစိတ္ေတြ
ေပါက္ေနတာ မ်ားပါတယ္… အဲ့ဒီမိႈေတြက မိႈဆိပ္ေတြ
ထုတ္ေပးပါတယ္… မိႈဆိပ္ေၾကာင့္ အသည္း၊ ေက်ာက္ကပ္၊
ဦးေဏွာက္ ႏွင့္အာရံုေၾကာအဖြဲ႔အစည္း၊ ႂကြက္သား၊ အေရျပား၊
အသက္႐ွဴအဂၤါမ်ား၊ အစာအိမ္ႏွင့္အူလမ္းေၾကာင္း၊ မ်ိဳးပြားလိင္
အဂၤါေတြပါမက်န္ ဆိုးဆိုးရြားရြား ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္…
မိႈဆိပ္အေၾကာင္း အၾကမ္းဖ်င္းေျပာရရင္ Aspergillus ဆိုတဲ့
မိႈမ်ိဳးစိတ္ထဲက A. flavus နဲ႔ A.parasitius ဆိုတဲ့ မိႈကေန
Aflatoxin လို႔ေခၚတဲ့ မိႈဆိပ္ကို အဓိက ထုတ္ေပးပါတယ္…
ဒီမိႈဆိပ္က အသည္းကင္ဆာ ျဖစ္ေစတဲ့အထိ ျပင္းထန္ပါတယ္…
ေျမပဲ၊ ေျမပဲနဲ႔လုပ္ထားတဲ့မုန႔္၊ ေျပာင္း၊ င႐ုတ္သီးေျခာက္၊ ဂ်ံဳ၊ င႐ုတ္၊
ေနၾကာေစ့၊ မက္မြန္သီး၊ သစ္ၾကားသီး၊ င႐ုတ္ေကာင္း မႈန္႔၊ မဆလာ၊
တ႐ုတ္နံနံေစ့၊ စနစ္တက်မထုပ္ပိုးေသာ တိုင္းရင္းေဆး/လ်က္ဆား၊
ပရေဆးအခ်ိဳ႕မွာ အမ်ားဆံုး ပါဝင္ပါတယ္…
Aflatoxin ေတြဟာ အဆိပ္သင့္ႏႈန္းျမင့္ၿပီး ကင္ဆာျဖစ္ေစႏိုင္၊
သေႏၶသား အဂၤါထိခိုက္ ေစႏိုင္တဲ့ အႏၱရာယ္ အျမင့္ဆံုး႐ွိတဲ့
မိႈဆိပ္ျဖစ္ပါတယ္…A.fumigates ဆိုတဲ့ မိႈဟာလည္း
ကိုယ္ခံအားနည္းတဲ့သူ၊ အဆုတ္ေရာဂါ႐ွိတဲ့သူေတြမွာ ျပင္းထန္တဲ့
မိႈဆိပ္သင့္ေရာဂါ၊ ဓာတ္မတည့္မူ ေရာဂါျဖစ္ေစပါတယ္…
Aspergillosis လို႔ေခၚတဲ့ မိႈစြဲေရာဂါေၾကာင့္ ပန္းနာရင္ၾကပ္ပံုစံ
အဆုတ္ေရာဂါျဖစ္တတ္ပါတယ္…A.niger မိႈကထုတ္တဲ့
Ochratoxin A နဲ႔ Fumonisin B2 လို႔ေခၚတဲ့ မိႈဆိပ္က လည္း
အသည္း၊ အဆုတ္၊ ေက်ာက္ကပ္ေတြကို ပ်က္စီးေစပါတယ္…
Penicillium မ်ိဳးစိတ္ထဲက P.Rubrum ဆိုတဲ့ မိႈကထုတ္တဲ့
Rubrum မိႈဆိပ္ကေတာ့ ဗိုက္ေအာင့္၊ အသားဝါ၊ တက္ျခင္း တို႔ကို
ျဖစ္ေစၿပီး P. Citrinum ကထုတ္တဲ့ Citrinin မိႈဆိပ္ကေတာ့
ေက်ာက္ကပ္ကို အဆိပ္သင့္ေစ ပါတယ္ တျခား မိႈမိ်ဳးစိတ္ေတြ
ကိုေတာ့ မေျပာေတာ့ပါဘူး…
မိႈဆိပ္သင့္ၿပီဆိုရင္ အရင္ဆံုး ခံစားရတာေတြက
အစားအေသာက္ပ်က္မယ္၊ မအီမသာျဖစ္မယ္၊ ဘာေၾကာင့္မွန္းမသိဘဲ
အဖ်ားေငြ႔ေငြ႔ဖ်ားေနမယ္…တျဖည္းျဖည္း ၾကာလာၿပီဆိုရင္ ပ်ဳိ႕အန္တာ
ေတြ၊ ဗိုက္ေအာင့္တာေတြ၊ အသည္းေရာင္တာေတြ၊ အသားဝါတာ၊
အသည္းပ်က္စီးတာေတြ၊ အသည္းကင္ဆာျဖစ္တာေတြအထိ
ျဖစ္လာၿပီး အသက္အႏၱရာယ္ ျဖစ္ေစပါလိမ့္မယ္…
ဒီမိႈဆိပ္မသင့္ေအာင္ အစာစားတဲ့အခါ အတတ္ႏိုင္ဆံုး သတိထား
ရမွာျဖစ္ပါတယ္…Chlorophyll မ်ားမ်ားပါတဲ့ အစိမ္းေရာင္႐ွိတဲ့
အသီးအရြက္ေတြက မိႈဆိပ္သင့္ျခင္းကို သံုးပံု ႏွစ္ပံုခန္႔အထိေလွ်ာ့ခ်
ေပးႏိုင္တယ္လို႔ ေလ့လာမႈတစ္ခုကေတြ႕႐ွိထားတာ႐ွိပါတယ္…
ဒါေၾကာင့္ အစိမ္းေရာင္႐ွိတဲ့ ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ားစားျခင္းဟာ
က်န္းမာေရး အတြက္ အမွန္တကယ္ အေထာက္အကူျပဳပါလိမ့္မယ္…
ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ကင္ဆာျဖစ္ပြားႏႈန္း ေၾကာက္ခန္းလိလိ
တက္လာေနတာ ေတြ႔ေနရပါတယ္..အဓိက အေၾကာင္းရင္းကေတာ့
အစားအေသာက္ေတြေၾကာင့္ပါ…အခု ကြၽန္ေတာ္ေရးျပခဲ့တဲ့ မိႈဆိပ္
သင့္တာ ဟာအဲ့ဒီအေၾကာင္းရင္းေတြထဲက လူေတာ္ေတာ္မ်ားမ်ား
သတိမထားမိၾကတဲ့ အေၾကာင္းရင္းတစ္ခုပါ…
ဒါေၾကာင့္ ဒီစာေလးကိုဖတ္ၿပီး ကိုယ့္အတြက္၊ ကိုယ့္မိသားစုအတြက္၊
ကိုယ့္ႏိုင္ငံအတြက္၊ လူသားေတြအတြက္တစ္ေထာင့္ တစ္ေနရာက
အက်ိဳး႐ွိသြားမယ္ဆိုရင္ ကၽြန္ေတာ္ ေက်နပ္ပါၿပီ…
အားလံုးပဲစိတ္ခ်မ္းသာလို႔ ကိုယ္က်န္းမာႏိုင္ၾကပါေစ…။
source:ဖိုးသူေတာ္
Credit: Dr.NLA ( Nay Lin Aung ) (Pyaw Bwe)
========================
အရက်မသောက် ဆေးလိပ်မသောက် ဘဲ
ရောဂါတွေ ဖြစ်နေတဲ့တရားခံမှို ...
-------------------------------------------
ဒီနေ့ညစာ စားပြီးတော့ခံတွင်းနည်းနည်း ချဉ်သလိုလိုရှိတာမို့
မလျက်တာ ကြာပြီဖြစ်တဲ့ လျက်ဆားပုလင်းကိုလှမ်းယူပြီး
ဖွင့်လိုက်မိတယ်…လက်နဲ့နှိုက်ပြီး လျက်မယ်ပေါ့…
လက်နဲ့နှိုက်ကြည့်တဲ့အခါလက်ရဲ့အထိအတွေ့က မွမွလေး
ဖြစ်နေတော့စိတ်ထဲ မသင်္ကာတာနဲ့လျက်ဆားပုလင်းထဲကို
ဓာတ်မီးနဲ့ထိုးကြည့်မိတယ်…
လားလား…မှိုတွေ… ပုလင်းထဲမှာ ပြည့်လို့…
ဒါက မျက်စေ့နဲ့မြင်ရတဲ့ အရွယ်ရောက်လာလို့…
သူတို့တော်တော်ကြီးနေရောပေါ့…ဒါနဲ့ တစ်ဆက်ထဲ တွေးမိတယ်…
အရပ်ထဲမှာ ပြောပြောနေကြတာလေးကိုပါ…
အဲ့ဒီကလေးက လူကောင်းကလေး…အရက်လည်းမသောက်၊
အသည်းရောင်ပိုး တွေဘာတွေလည်းမရှိဘဲနဲ့အခုတော့ အသည်း
ကင်ဆာဖြစ်လို့တဲ့…´ ဆိုတဲ့ စကားလေး တွေအကြောင်းလေ…
တကယ်တော့…မှို…အဲ့ဒီမှိုတွေကြောင့်ပါပဲလေ…အဲ့ဒီမှိုတွေက
ထုတ်တဲ့ မှိုဆိပ်( Mycotoxin) တွေကြောင့်သာ အသည်း
ပျက်စီးကြတာ…ကျွန်တော်တို့နိုင်ငံလို ကျန်းမာရေး အသိ၊
ကျန်းမာရေးသတိ နည်းတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး
ခံရတာပဲလေ…ကမ္ဘာပေါ်မှာ မှိုမျိုးစိတ်ပေါင်း တစ်သန်းခွဲလောက်
ရှိတဲ့အထဲက မျိုးစိတ် ၃၀၀ လောက်က လူတွေကို အန္တရာယ်
ပေးကြတယ်လေ…
စနစ်တကျ ထုပ်ပိုးမထားတဲ့ တိုင်းရင်းဆေး တွေအများစုမှာ
အပူချိန်နဲ့ စိုစွတ်မှုတွေအပေါ်မှာ မူတည်ပြီးတော့ မှိုတွေ
ပေါက်လာနိုင်ပါတယ်…
အထူးသဖြင့်တော့ Aspergillus နဲ့ Penicillium မှိုမျိုးစိတ်တွေ
ပေါက်နေတာ များပါတယ်… အဲ့ဒီမှိုတွေက မှိုဆိပ်တွေ
ထုတ်ပေးပါတယ်… မှိုဆိပ်ကြောင့် အသည်း၊ ကျောက်ကပ်၊
ဦးဏှောက် နှင့်အာရုံကြောအဖွဲ့အစည်း၊ ကြွက်သား၊ အရေပြား၊
အသက်ရှူအင်္ဂါများ၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ မျိုးပွားလိင်
အင်္ဂါတွေပါမကျန် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်…
မှိုဆိပ်အကြောင်း အကြမ်းဖျင်းပြောရရင် Aspergillus ဆိုတဲ့
မှိုမျိုးစိတ်ထဲက A. flavus နဲ့ A.parasitius ဆိုတဲ့ မှိုကနေ
Aflatoxin လို့ခေါ်တဲ့ မှိုဆိပ်ကို အဓိက ထုတ်ပေးပါတယ်…
ဒီမှိုဆိပ်က အသည်းကင်ဆာ ဖြစ်စေတဲ့အထိ ပြင်းထန်ပါတယ်…
မြေပဲ၊ မြေပဲနဲ့လုပ်ထားတဲ့မုန့်၊ ပြောင်း၊ ငရုတ်သီးခြောက်၊ ဂျုံ၊ ငရုတ်၊
နေကြာစေ့၊ မက်မွန်သီး၊ သစ်ကြားသီး၊ ငရုတ်ကောင်း မှုန့်၊ မဆလာ၊
တရုတ်နံနံစေ့၊ စနစ်တကျမထုပ်ပိုးသော တိုင်းရင်းဆေး/လျက်ဆား၊
ပရဆေးအချို့မှာ အများဆုံး ပါဝင်ပါတယ်…
Aflatoxin တွေဟာ အဆိပ်သင့်နှုန်းမြင့်ပြီး ကင်ဆာဖြစ်စေနိုင်၊
သန္ဓေသား အင်္ဂါထိခိုက် စေနိုင်တဲ့ အန္တရာယ် အမြင့်ဆုံးရှိတဲ့
မှိုဆိပ်ဖြစ်ပါတယ်…A.fumigates ဆိုတဲ့ မှိုဟာလည်း
ကိုယ်ခံအားနည်းတဲ့သူ၊ အဆုတ်ရောဂါရှိတဲ့သူတွေမှာ ပြင်းထန်တဲ့
မှိုဆိပ်သင့်ရောဂါ၊ ဓာတ်မတည့်မူ ရောဂါဖြစ်စေပါတယ်…
Aspergillosis လို့ခေါ်တဲ့ မှိုစွဲရောဂါကြောင့် ပန်းနာရင်ကြပ်ပုံစံ
အဆုတ်ရောဂါဖြစ်တတ်ပါတယ်…A.niger မှိုကထုတ်တဲ့
Ochratoxin A နဲ့ Fumonisin B2 လို့ခေါ်တဲ့ မှိုဆိပ်က လည်း
အသည်း၊ အဆုတ်၊ ကျောက်ကပ်တွေကို ပျက်စီးစေပါတယ်…
Penicillium မျိုးစိတ်ထဲက P.Rubrum ဆိုတဲ့ မှိုကထုတ်တဲ့
Rubrum မှိုဆိပ်ကတော့ ဗိုက်အောင့်၊ အသားဝါ၊ တက်ခြင်း တို့ကို
ဖြစ်စေပြီး P. Citrinum ကထုတ်တဲ့ Citrinin မှိုဆိပ်ကတော့
ကျောက်ကပ်ကို အဆိပ်သင့်စေ ပါတယ် တခြား မှိုမျိုးစိတ်တွေ
ကိုတော့ မပြောတော့ပါဘူး…
မှိုဆိပ်သင့်ပြီဆိုရင် အရင်ဆုံး ခံစားရတာတွေက
အစားအသောက်ပျက်မယ်၊ မအီမသာဖြစ်မယ်၊ ဘာကြောင့်မှန်းမသိဘဲ
အဖျားငွေ့ငွေ့ဖျားနေမယ်…တဖြည်းဖြည်း ကြာလာပြီဆိုရင် ပျို့အန်တာ
တွေ၊ ဗိုက်အောင့်တာတွေ၊ အသည်းရောင်တာတွေ၊ အသားဝါတာ၊
အသည်းပျက်စီးတာတွေ၊ အသည်းကင်ဆာဖြစ်တာတွေအထိ
ဖြစ်လာပြီး အသက်အန္တရာယ် ဖြစ်စေပါလိမ့်မယ်…
ဒီမှိုဆိပ်မသင့်အောင် အစာစားတဲ့အခါ အတတ်နိုင်ဆုံး သတိထား
ရမှာဖြစ်ပါတယ်…Chlorophyll များများပါတဲ့ အစိမ်းရောင်ရှိတဲ့
အသီးအရွက်တွေက မှိုဆိပ်သင့်ခြင်းကို သုံးပုံ နှစ်ပုံခန့်အထိလျှော့ချ
ပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုကတွေ့ရှိထားတာရှိပါတယ်…
ဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားခြင်းဟာ
ကျန်းမာရေး အတွက် အမှန်တကယ် အထောက်အကူပြုပါလိမ့်မယ်…
ကျွန်တော်တို့နိုင်ငံဟာ ကင်ဆာဖြစ်ပွားနှုန်း ကြောက်ခန်းလိလိ
တက်လာနေတာ တွေ့နေရပါတယ်..အဓိက အကြောင်းရင်းကတော့
အစားအသောက်တွေကြောင့်ပါ…အခု ကျွန်တော်ရေးပြခဲ့တဲ့ မှိုဆိပ်
သင့်တာ ဟာအဲ့ဒီအကြောင်းရင်းတွေထဲက လူတော်တော်များများ
သတိမထားမိကြတဲ့ အကြောင်းရင်းတစ်ခုပါ…
ဒါကြောင့် ဒီစာလေးကိုဖတ်ပြီး ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊
ကိုယ့်နိုင်ငံအတွက်၊ လူသားတွေအတွက်တစ်ထောင့် တစ်နေရာက
အကျိုးရှိသွားမယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ…
အားလုံးပဲစိတ်ချမ်းသာလို့ ကိုယ်ကျန်းမာနိုင်ကြပါစေ…။
source:ဖိုးသူတော်
Credit: Dr.NLA ( Nay Lin Aung ) (Pyaw Bwe)

No comments:
Post a Comment