မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 14, 2020

ရဲတုိက္ေဟာင္းႀကီးကို ဝယ္ယူခဲ့တဲ့ အမ်ိဳးသား

 ငယ္ဘဝကသြားကစားခဲ့ဖူးတဲ့ ရဲတုိက္ေဟာင္းႀကီးကို

ဝယ္ယူခဲ့တဲ့ အမ်ိဳးသား ...

-----------------------------------------------------------



ေဝးလ္ႏုိင္ငံေျမာက္ပိုင္းမွာ ေနထုိင္တဲ့ (၃၃)ႏွစ္အရြယ္ဆရာဝန္ 

ေဒါက္တာ မာ့ခ္ဘိတ္ကာ ဆိုသူဟာ သူငယ္စဥ္ဘဝက ရဲတုိက္ႀကီး 

တစ္တုိက္ရဲ႕ တံတုိင္းေတြနားမွာ သြားေဆာ့ကစားေလ့ရိွခဲ့ၿပီး 

၎ရဲတုိက္ႀကီးကိုလည္း အလြန္မွ သံေယာဇဥ္ရိွသူျဖစ္ပါတယ္။

ဒါေပမယ့္ ထုိစဥ္ကတည္းက ရဲတုိက္ႀကီးက ပ်က္စီးယုိယြင္းမႈေတြ

ရိွေနခဲ့တာကိုလည္း မာ့ခ္က သတိထားမိခဲ့ၿပီး သူအရြယ္ေရာက္တဲ့အခါ 

ျပန္ျပင္ေပးခ်င္ခဲ့ရာ သူ (၁၁)ႏွစ္သားအရြယ္ကတည္းက ရဲတုိက္ႀကီးကို 

ဝယ္ယူဖို႔ အာမခံ ေတာင္းဆိုထားခဲ့ပါတယ္။

ဆယ္စုႏွစ္ (၂)စု အၾကာမွာေတာ့ Gwrych ရဲတုိက္ေဟာင္းႀကီးကို 

ေပါင္ (၆)သိန္းက စတင္ကာ ေလလံတင္ေရာင္းခ်ေတာ့မယ္ဆုိတဲ့ 

သတင္းထြက္လာခဲ့ၿပီး မာ့ခ္ဟာ သူဝယ္ဖို႔ မမီလုိက္ေတာ့မွာ စိုးရိမ္စရာ

ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ ကံေကာင္းစြာနဲ႔ပဲ ေလလံပြဲမစခင္ 

တစ္ရက္အလိုမွာ အမ်ိဳးသားယဥ္ေက်းမႈထိန္းသိမ္းေရး ရံပံုေငြအဖြဲ႔က

မာ့ခ္ရဲ႕ ဝယ္ယူဖို႔ အာမခံထားမႈအတြက္ ရံပံုေငြ ေထာက္ပံ့ခဲ့တာေၾကာင့္

မာ့ခ္ဟာ ရဲတုိက္ႀကီးကို ဝယ္ယူလုိက္ႏုိင္ခဲ့ပါတယ္။


မာ့ခ္က “ကၽြန္ေတာ္ငယ္စဥ္ကတည္းက ရဲတုိက္ႀကီးကို သံေယာဇဥ္

႐ိွခဲ့တာပါ။ ၂၁ ႏွစ္အၾကာမွာေတာ့ ရဲတုိက္ႀကီးကို ဝယ္ယူၿပီး ရည္ရြယ္

ခ်က္တကယ္ျဖစ္လာေအာင္ လုပ္လုိက္ႏုိင္ပါၿပီ” လို႔ ေျပာပါတယ္။ 

သူဟာ ရဲတုိက္ကို အလံုးစံုျပန္ျပဳျပင္ၿပီးဖို႔ (၁၀)ႏွစ္ေလာက္ၾကာမယ္လို႔ 

ခန္႔မွန္းထားၿပီး ျပဳျပင္မြမ္းမံေရးအတြက္ ရံပံုေငြ ဆက္လက္

ရွာေဖြလ်က္ရွိပါတယ္။

မာ့ခ္ဟာ အသက္ (၁၄)ႏွစ္နဲ႔လည္း ရဲတုိက္ႀကီးနဲ႔ပတ္သက္တဲ့ 

စာအုပ္ထုတ္ခဲ့ၿပီး ရဲတုိက္ျပဳျပင္မႈ ကမ္ပိန္ မစခင္ ေတာ္ဝင္မင္းသားႀကီး 

ခ်ားလ္စ္နဲ႔ ယူေကဝန္ႀကီးခ်ဳပ္ေဟာင္း တုိနီဘလဲတုိ႔နဲ႔လည္း ေတြ႔ဆံုဖူး

ပါတယ္။ Gwrych ရဲတုိက္ႀကီးဟာ ၁၉ ရာစုအတြင္း တည္ေဆာက္ခဲ့တဲ့

အေဆာက္အဦးျဖစ္ၿပီး ၿခံအက်ယ္က ဧက ၁၆၀ ရိွပါတယ္။ ရဲတုိက္ႀကီး

ကို ေဝးလ္ႏုိင္ငံက မ်ိဳး႐ိုးႀကီး မိသားစုတစ္စုမွ တည္ေဆာက္ခဲ့တာျဖစ္ၿပီး

ၾကားထဲမွာ လက္လႊဲယူမႈေတြလည္း ရိွခဲ့ေပမယ့္ ေနာက္ဆံုးမွာ 

မူလပိုင္ရွင္ေတြ ျပန္ရခဲ့ပါတယ္။ အိုင္ယာလန္ပင္လယ္ အနီးမွာ

တည္ရိွတာျဖစ္ၿပီး ေမွ်ာ္စင္ (၁၂)ေဆာင္လည္း ပါဝင္ပါတယ္။


By White (shwemom)

Ref: Metro UK, Dailymail UK

https://metro.co.uk/2018/06/12/doctor-buys-neglected-welsh-castle-decades-falling-love-boy-7624530/

http://www.dailymail.co.uk/news/article-5830473/Doctor-33-fell-spell-fairytale-castle-child-buys-20-years-later.html

=================================


ငယ်ဘဝကသွားကစားခဲ့ဖူးတဲ့ ရဲတိုက်ဟောင်းကြီးကို

ဝယ်ယူခဲ့တဲ့ အမျိုးသား ...

-----------------------------------------------------------

ဝေးလ်နိုင်ငံမြောက်ပိုင်းမှာ နေထိုင်တဲ့ (၃၃)နှစ်အရွယ်ဆရာဝန် 

ဒေါက်တာ မာ့ခ်ဘိတ်ကာ ဆိုသူဟာ သူငယ်စဉ်ဘဝက ရဲတိုက်ကြီး 

တစ်တိုက်ရဲ့ တံတိုင်းတွေနားမှာ သွားဆော့ကစားလေ့ရှိခဲ့ပြီး 

၎င်းရဲတိုက်ကြီးကိုလည်း အလွန်မှ သံယောဇဉ်ရှိသူဖြစ်ပါတယ်။

ဒါပေမယ့် ထိုစဉ်ကတည်းက ရဲတိုက်ကြီးက ပျက်စီးယိုယွင်းမှုတွေ

ရှိနေခဲ့တာကိုလည်း မာ့ခ်က သတိထားမိခဲ့ပြီး သူအရွယ်ရောက်တဲ့အခါ 

ပြန်ပြင်ပေးချင်ခဲ့ရာ သူ (၁၁)နှစ်သားအရွယ်ကတည်းက ရဲတိုက်ကြီးကို 

ဝယ်ယူဖို့ အာမခံ တောင်းဆိုထားခဲ့ပါတယ်။


ဆယ်စုနှစ် (၂)စု အကြာမှာတော့ Gwrych ရဲတိုက်ဟောင်းကြီးကို 

ပေါင် (၆)သိန်းက စတင်ကာ လေလံတင်ရောင်းချတော့မယ်ဆိုတဲ့ 

သတင်းထွက်လာခဲ့ပြီး မာ့ခ်ဟာ သူဝယ်ဖို့ မမီလိုက်တော့မှာ စိုးရိမ်စရာ

ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ လေလံပွဲမစခင် 

တစ်ရက်အလိုမှာ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး ရံပုံငွေအဖွဲ့က

မာ့ခ်ရဲ့ ဝယ်ယူဖို့ အာမခံထားမှုအတွက် ရံပုံငွေ ထောက်ပံ့ခဲ့တာကြောင့်

မာ့ခ်ဟာ ရဲတိုက်ကြီးကို ဝယ်ယူလိုက်နိုင်ခဲ့ပါတယ်။


မာ့ခ်က “ကျွန်တော်ငယ်စဉ်ကတည်းက ရဲတိုက်ကြီးကို သံယောဇဉ်

ရှိခဲ့တာပါ။ ၂၁ နှစ်အကြာမှာတော့ ရဲတိုက်ကြီးကို ဝယ်ယူပြီး ရည်ရွယ်

ချက်တကယ်ဖြစ်လာအောင် လုပ်လိုက်နိုင်ပါပြီ” လို့ ပြောပါတယ်။ 

သူဟာ ရဲတိုက်ကို အလုံးစုံပြန်ပြုပြင်ပြီးဖို့ (၁၀)နှစ်လောက်ကြာမယ်လို့ 

ခန့်မှန်းထားပြီး ပြုပြင်မွမ်းမံရေးအတွက် ရံပုံငွေ ဆက်လက်

ရှာဖွေလျက်ရှိပါတယ်။

မာ့ခ်ဟာ အသက် (၁၄)နှစ်နဲ့လည်း ရဲတိုက်ကြီးနဲ့ပတ်သက်တဲ့ 

စာအုပ်ထုတ်ခဲ့ပြီး ရဲတိုက်ပြုပြင်မှု ကမ်ပိန် မစခင် တော်ဝင်မင်းသားကြီး 

ချားလ်စ်နဲ့ ယူကေဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့နဲ့လည်း တွေ့ဆုံဖူး

ပါတယ်။ Gwrych ရဲတိုက်ကြီးဟာ ၁၉ ရာစုအတွင်း တည်ဆောက်ခဲ့တဲ့

အဆောက်အဦးဖြစ်ပြီး ခြံအကျယ်က ဧက ၁၆၀ ရှိပါတယ်။ ရဲတိုက်ကြီး

ကို ဝေးလ်နိုင်ငံက မျိုးရိုးကြီး မိသားစုတစ်စုမှ တည်ဆောက်ခဲ့တာဖြစ်ပြီး

ကြားထဲမှာ လက်လွှဲယူမှုတွေလည်း ရှိခဲ့ပေမယ့် နောက်ဆုံးမှာ 

မူလပိုင်ရှင်တွေ ပြန်ရခဲ့ပါတယ်။ အိုင်ယာလန်ပင်လယ် အနီးမှာ

တည်ရှိတာဖြစ်ပြီး မျှော်စင် (၁၂)ဆောင်လည်း ပါဝင်ပါတယ်။


By White (shwemom)

Ref: Metro UK, Dailymail UK

https://metro.co.uk/2018/06/12/doctor-buys-neglected-welsh-castle-decades-falling-love-boy-7624530/

http://www.dailymail.co.uk/news/article-5830473/Doctor-33-fell-spell-fairytale-castle-child-buys-20-years-later.html


No comments:

Post a Comment