မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 14, 2020

ေျမပဲျပဳတ္ေရာင္းရင္း ကမာၻေက်ာ္ျဖစ္သြားသူေလး

 ႐ုိးရွင္းတဲ့အလွတရားေၾကာင့္ ေျမပဲျပဳတ္ေရာင္းရင္း 

ကမာၻေက်ာ္ျဖစ္သြားသူေလး ...

-------------------------------------------------------



အလွအပကုိ လူတုိင္းက သေဘာက်နွစ္ၿခိဳက္ၾကပါတယ္။ 

ဘယ္သူပဲျဖစ္ျဖစ္ လွတာေလးဆုိရင္ ျမင္ခ်င္၊ ၾကည့္ခ်င္၊ 

ခ်စ္ခင္ႏွစ္သက္ခ်င္ၾကတာ ဓမၼတာပါဘဲ။ အလွအပကုိသာ 

မက္ေမာၾကတာဟာ လူတုိင္းမွာတူညီတဲ့ အတၱျဖစ္ၿပီး၊ 

လူတုိင္းဟာ မိမိတုိ႔ အတၱရဲ႕ေစရာကုိလုိက္ၿပီး အလွအပကို 

ရွာေဖြၾကပါတယ္။ အလွအပကုိ ေတြ႕လုိက္တာနဲ႔ 

႐ႈျမင္သုံးသပ္ၾကတယ္၊ ခံစားႏွစ္ၿခိဳက္ၾကတယ္။ ဒီအတြက္ 

လူေတြကုိ လြန္တယ္လုိ႔ေတာ့ ေျပာလုိ႔ မရပါဘူး။

တစ္ခ်ိဳ႕ေသာ အမ်ိဳးသမီးေတြက ျဖတ္ကနဲၾကည့္လုိက္ရင္ 

လွသေယာင္ထင္ရေပမယ့္၊ ၾကာၾကာၾကည့္လုိက္တာနဲ႔ ခ်က္ခ်င္း 

႐ုိးအီသြားတတ္ပါတယ္။ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြက်ေတာ့ ခ်က္ခ်င္း

လက္ငင္းအေနနဲ႔ မလွဘူးထင္ရေပမယ့္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် 

တစိမ့္စိမ့္ ထုိင္ၾကည့္ေနခ်င္စရာ ႐ုပ္ရည္ေလးေတြကို ပိုင္ဆုိင္ထား

တတ္ၾကပါတယ္။

အခုလည္း တကၠသိုလ္တစ္ခုအနီးမွာ ေျမပဲျပဳတ္ေရာင္းရင္း 

အသက္ေမြးဝမ္းေၾကာင္း ျပဳရရွာတဲ့ ေကာင္မေလးတစ္ေယာက္ဟာ

ဖိလစ္ပုိင္လူမႈကြန္ယက္မွာ အေတာ္လး နာမည္ႀကီးေနပါတယ္။ 

သူမဟာ အလုပ္ကုိ လက္မလည္ေအာင္ လုပ္ေနရတဲ့ ၾကားက 

သူမမွာရွိတဲ့အလွတရားကို ထင္းကနဲ ဂ႐ုျပဳမိေစတဲ့ အလွပုိင္ရွင္မ်ိဳးပါ။

ေစ်းသည္ျဖစ္တဲ့အတြက္ တစ္ျခားလုံမပ်ဳိေတြလုိ အရမ္းႀကီး 

ျပင္ဆင္ျခယ္သထားတာမ်ိဳး မရွိဘဲ၊ ႐ုိး႐ုိးေလးလွေနပါတယ္။ 

အသက္အားျဖင့္ (၁၈~၂၀) ဝန္းက်င္ေလာက္သာ ရွိဦးမယ္လုိ႔ 

ထင္ရပါတယ္။ ဖူးၿပီးျပည့္ေနတဲ့ႏႈတ္ခမ္းေလးေတြ၊ ပါးအုိ႔ျပည့္ျပည့္

ေဖာင္းေဖာင္းေလး၊ ၾကင္နာဟန္ရွိတဲ့ မ်က္နက္ဝန္း၊ ဖူးဖူးလုံးလုံးေလး

ျဖစ္ေနတဲ့ ႏွာတံ၊ ခဲဆြဲစရာမလုိတဲ့ မ်က္ခုံး စတဲ့အလွတရားေတြဟာ 

အပစ္ေျပာရက္စရာေတာင္ မရွိပါဘူး။

ဒီဓာတ္ပုံေလးေတြကုိ Dale Camus အမည္ရ လူမႈကြန္ယက္

အသုံးျပဳသူတစ္ဦးက မေနႏုိင္လြန္းလုိ႔ ႐ုိက္ယူခဲ့တာလုိ႔ ဆုိပါတယ္။

သူမဟာ TUP (Technological University of the Philippines – 

Cavite) အနီးမွာ ေျမပဲျပဳတ္အစရွိတဲ့ စားေသာက္ဖြယ္ရာေလးေတြကုိ 

ေရာင္းခ်ေနသူျဖစ္ၿပီး၊ Dale ဓာတ္ပုံ႐ုိက္ေနတယ္ဆုိတာ သိေတာ့ 

ပထမေတာ့ ရွက္ကုိးရွက္ကန္း ျဖစ္ေနေပမယ့္ သူမ ေစ်းေရာင္းစရာ

ရွိတာကို ဆက္ေရာင္းေနတယ္လုိ႔ Dale က ဆုိပါတယ္။


Dale ကေတာ့ အဆုိပါေကာင္မေလးဆီကို ေနာက္တစ္ႀကိမ္ 

တကယ့္ ပ႐ုိဓာတ္ပုံဆရာတစ္ေယာက္နဲ႔ ဆက္သြားဦးမယ္လုိ႔ 

ဆုိပါတယ္။ သူမရဲ႕ နာမည္ကိုေတာ့ Dale က ေဖာ္ျပမထားပါဘူး။ 

သုိ႔ေသာ္လည္း ဒီပုိ႔စ္ကို တင္ခဲ့တဲ့အတြက္ Dale ဟာ သူရဲ႕ခ်စ္သူနဲ႔ 

ေတာ္ေတာ္ေလး ေျပလည္ေအာင္ ေျဖရွင္းခ်က္ေတြ ေပးလုိက္ရ

ေသးတယ္လုိ႔ ဆုိပါတယ္။ ဖိလစ္ပုိင္ လူမႈကြန္ယက္မွာေတာ့ 

ဒီေကာင္မေလးက ဘယ္သူလဲ … သူမရဲ႕အေကာင့္ကို 

လုိက္ရွာေနၾကသူေတြ တစ္ပုံႀကီးျဖစ္ေနၿပီလုိ႔ ဆုိပါတယ္။


ေနသူရိန္ (MyanmarNote)

source : rachfeed.com

https://rachfeed.com/gorgeous-peanut-vendor-goes-viral-in-witty-netizens-joke-post/

=================================


ရိုးရှင်းတဲ့အလှတရားကြောင့် မြေပဲပြုတ်ရောင်းရင်း 

ကမ္ဘာကျော်ဖြစ်သွားသူလေး ...

-------------------------------------------------------


အလှအပကို လူတိုင်းက သဘောကျနှစ်ခြိုက်ကြပါတယ်။ 

ဘယ်သူပဲဖြစ်ဖြစ် လှတာလေးဆိုရင် မြင်ချင်၊ ကြည့်ချင်၊ 

ချစ်ခင်နှစ်သက်ချင်ကြတာ ဓမ္မတာပါဘဲ။ အလှအပကိုသာ 

မက်မောကြတာဟာ လူတိုင်းမှာတူညီတဲ့ အတ္တဖြစ်ပြီး၊ 

လူတိုင်းဟာ မိမိတို့ အတ္တရဲ့စေရာကိုလိုက်ပြီး အလှအပကို 

ရှာဖွေကြပါတယ်။ အလှအပကို တွေ့လိုက်တာနဲ့ 

ရှုမြင်သုံးသပ်ကြတယ်၊ ခံစားနှစ်ခြိုက်ကြတယ်။ ဒီအတွက် 

လူတွေကို လွန်တယ်လို့တော့ ပြောလို့ မရပါဘူး။


တစ်ချို့သော အမျိုးသမီးတွေက ဖြတ်ကနဲကြည့်လိုက်ရင် 

လှသယောင်ထင်ရပေမယ့်၊ ကြာကြာကြည့်လိုက်တာနဲ့ ချက်ချင်း 

ရိုးအီသွားတတ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေကျတော့ ချက်ချင်း

လက်ငင်းအနေနဲ့ မလှဘူးထင်ရပေမယ့် အချိန်ကြာလာသည်နှင့်အမျှ 

တစိမ့်စိမ့် ထိုင်ကြည့်နေချင်စရာ ရုပ်ရည်လေးတွေကို ပိုင်ဆိုင်ထား

တတ်ကြပါတယ်။


အခုလည်း တက္ကသိုလ်တစ်ခုအနီးမှာ မြေပဲပြုတ်ရောင်းရင်း 

အသက်မွေးဝမ်းကြောင်း ပြုရရှာတဲ့ ကောင်မလေးတစ်ယောက်ဟာ

ဖိလစ်ပိုင်လူမှုကွန်ယက်မှာ အတော်လး နာမည်ကြီးနေပါတယ်။ 

သူမဟာ အလုပ်ကို လက်မလည်အောင် လုပ်နေရတဲ့ ကြားက 

သူမမှာရှိတဲ့အလှတရားကို ထင်းကနဲ ဂရုပြုမိစေတဲ့ အလှပိုင်ရှင်မျိုးပါ။


ဈေးသည်ဖြစ်တဲ့အတွက် တစ်ခြားလုံမပျိုတွေလို အရမ်းကြီး 

ပြင်ဆင်ခြယ်သထားတာမျိုး မရှိဘဲ၊ ရိုးရိုးလေးလှနေပါတယ်။ 

အသက်အားဖြင့် (၁၈~၂၀) ဝန်းကျင်လောက်သာ ရှိဦးမယ်လို့ 

ထင်ရပါတယ်။ ဖူးပြီးပြည့်နေတဲ့နှုတ်ခမ်းလေးတွေ၊ ပါးအို့ပြည့်ပြည့်

ဖောင်းဖောင်းလေး၊ ကြင်နာဟန်ရှိတဲ့ မျက်နက်ဝန်း၊ ဖူးဖူးလုံးလုံးလေး

ဖြစ်နေတဲ့ နှာတံ၊ ခဲဆွဲစရာမလိုတဲ့ မျက်ခုံး စတဲ့အလှတရားတွေဟာ 

အပစ်ပြောရက်စရာတောင် မရှိပါဘူး။


ဒီဓာတ်ပုံလေးတွေကို Dale Camus အမည်ရ လူမှုကွန်ယက်

အသုံးပြုသူတစ်ဦးက မနေနိုင်လွန်းလို့ ရိုက်ယူခဲ့တာလို့ ဆိုပါတယ်။

သူမဟာ TUP (Technological University of the Philippines – 

Cavite) အနီးမှာ မြေပဲပြုတ်အစရှိတဲ့ စားသောက်ဖွယ်ရာလေးတွေကို 

ရောင်းချနေသူဖြစ်ပြီး၊ Dale ဓာတ်ပုံရိုက်နေတယ်ဆိုတာ သိတော့ 

ပထမတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေပေမယ့် သူမ ဈေးရောင်းစရာ

ရှိတာကို ဆက်ရောင်းနေတယ်လို့ Dale က ဆိုပါတယ်။


Dale ကတော့ အဆိုပါကောင်မလေးဆီကို နောက်တစ်ကြိမ် 

တကယ့် ပရိုဓာတ်ပုံဆရာတစ်ယောက်နဲ့ ဆက်သွားဦးမယ်လို့ 

ဆိုပါတယ်။ သူမရဲ့ နာမည်ကိုတော့ Dale က ဖော်ပြမထားပါဘူး။ 

သို့သော်လည်း ဒီပို့စ်ကို တင်ခဲ့တဲ့အတွက် Dale ဟာ သူရဲ့ချစ်သူနဲ့ 

တော်တော်လေး ပြေလည်အောင် ဖြေရှင်းချက်တွေ ပေးလိုက်ရ

သေးတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင် လူမှုကွန်ယက်မှာတော့ 

ဒီကောင်မလေးက ဘယ်သူလဲ … သူမရဲ့အကောင့်ကို 

လိုက်ရှာနေကြသူတွေ တစ်ပုံကြီးဖြစ်နေပြီလို့ ဆိုပါတယ်။


နေသူရိန် (MyanmarNote)

source : rachfeed.com

https://rachfeed.com/gorgeous-peanut-vendor-goes-viral-in-witty-netizens-joke-post/


No comments:

Post a Comment