မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Monday, September 14, 2020
-----------------------------------------
ဘရာဇီးမှာ ကိုယ်​တိုင်​ကိုယ်​ကျ သူငယ်​ချင်း​တွေနဲ့အတူ သွားကြည့်​ခဲ့ပြီး
၂၀၁၈ မှာလည်း ရုရှားကို သူတို့​တွေနဲ့​ ဘောလုံးပွဲအတူ သွားကြည့်​ဖို့
Herry
MyanmarNote
link -
==============================
မိန်းမခွင့်ပြုချက်မရလို့ 
ကမ္ဘာ့ဖလားသွားခွင့်မရခဲ့တဲ့ဇာဗီယာ
-----------------------------------------
❒  ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ လေးနှစ်နေမှတစ်ကြိမ် ကျင်းပတဲ့ 
ဘောလုံးပြိုင်ပွဲကြီးပါ။ ကမ္ဘာ့ဖလားပွဲတော်ကြီး ကျင်းပလေ့ရှိတဲ့ 
နိုင်ငံကို ကမ္ဘာတစ်ဝန်းလုံးက ဘောလုံးပရိသတ်တွေ တစ်ဖွဲဖွဲ 
လာရောက်ကျလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကမ္ဘာ့ဖလားပွဲကို 
မက္ကဆီကိုနိုင်ငံက ဇာဗီယာဆိုတဲ့ အမျိုးသားတစ်ဦး လာရောက်ခွင့်
မရခဲ့ပါဘူး။ ဇာဗီယာ ရုရှားကိုမလာနိုင်တာက သူ့ရဲ့ချစ်ဇနီးက 
ခွင့်မပြုလို့ပါ။ ဇာဗီယာတစ်ယောက် ရုရှားကိုရောက်မလာနိုင်ပေမယ့်
သူ့သူငယ်ချင်းတွေကတော့ ရုရှားမြေကိုအရောက် သွားခဲ့ကြပါတယ်။
သူတို့နဲ့အတူလိုက်မလာနိုင်တဲ့ ဇာဗီယာအတွက် ထူးထူးဆန်းဆန်း
အရာတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒါကတော့ ဇာဗီယာရဲ့ရုပ်ပုံ
ကားချပ်တစ်ခုကို ပြုလုပ်ခဲ့ကြပြီး ဘယ်နေရာသွားသွား ယူဆောင်
သွားကြတဲ့ အစီအစဉ်ပါပဲ။ ဇာဗီယာဟာ ၂၀၁၄ ကမ္ဘာ့ဖလားကိုတော့
ဘရာဇီးမှာ ကိုယ်တိုင်ကိုယ်ကျ သူငယ်ချင်းတွေနဲ့အတူ သွားကြည့့်ခဲ့ပြီး
၂၀၁၈ မှာလည်း ရုရှားကို သူတု့ိတွေနဲ့ ဘောလုံးပွဲအတူ သွားကြည့်ဖို့
စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အနားကပ်မှ မိန်းမရဲ့တစ်ချက်လွတ်အမိန့်နဲ့ 
ရုရှားသွားခွင့် ပိတ်ပင်ခံခဲ့ရတာပါ။ ဇာဗီယာရဲ့သူငယ်ချင်းတွေဟာ 
သူတို့ဘောလုံးပွဲကြည့်လည်း ဇာဗီယာရဲ့ပုံတူကားချပ်ကြီးကို 
ယူသွားကြပါတယ်။ အရက်ဆိုင်သွားလည်း ပုံတူကားချပ်ကြီးကို
ယူသွားကြပါတယ်။ ဒီလိုလုပ်တာဟာ ဇာဗီယာအတွက် နှစ်သိမ့်စရာ
တစ်ခုဖြစ်စေမယ်လို့ သူငယ်ချင်းတွေက ယုံကြည်နေကြပါတယ်။
ရုပ်ပုံကားချပ်ကြီးတကိုင်ကိုင်နဲ့ သူတို့တွေဟာ အခုဆိုရင် 
ဆိုရှယ်မီဒီယာတွေအပေါ်မှာ ပေါ်ပြူလာ ဖြစ်လာနေပါတယ်။
ဇာဗီယာရဲရုပ်ပုံကားချပ်ပေါ်က အင်္ကျီမှာ ရေးထားတဲ့စာက 
”ငါ့မိန်းမကသွားခွင့်မပြုဘူး”လို့ အဓိပ္ပာယ်ရပါတယ်။ ၂၀၂၂ ကာတာ
ကမ္ဘာ့ဖလားမှာတော့ ဇာဗီယာ မိန်းမ ခွင့်ပြုချက်ရပြီး သွားရောက်
ကြည့်ရှု့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ။
Herry
MyanmarNote
link -
https://twitter.com/WSCsupporters/status/1008394239594713095
http://www.chapintv.com/actualidad/su-esposa-no-le-dejo-ir-a-rusia-pero-sus-ingeniosos-amigos-se-inventaron-una-manera-de-llevarselo-169011
No comments:
Post a Comment