(၆)တန္းတုန္းက ဆရာမရဲ႕ေတာင္းဆိုမႈကို မွတ္ထားၿပီး
အေကာင္အထည္ေဖာ္ခဲ့တဲ့ေကာင္မေလး ...
------------------------------------------------------------
အေမရိကန္ႏုိ္င္ငံသူ ခရစၥတင္းဂလင္မာ အမည္ရ ေကာင္မေလးဟာ
(၁၉၉၇)ခုႏွစ္တုန္းက ဂ်ဴးဒစ္တန္ဆင္း အမည္ရ သူမရဲ႕ (၆)တန္းသင္
ဆရာမတစ္ဦးစီကေန စာသင္ႏွစ္ ေနာက္ဆံုးလအတြက္ ရီပို႔ကတ္
ရခဲ့ပါတယ္။ ရီပို႔ကတ္ထဲမွာ ဆရာမ ေရးထားခဲ့တာကေတာ့
“သမီးကို စာသင္ေပးရတာ ေကာင္းပါတယ္။ ေတာ္ေအာင္
ဆက္ႀကိဳးစားပါ။ ဟားဗတ္က ဘဲြ႔ရရင္ ဆရာမကိုလည္း ဖိတ္ပါဦး”
လို႔ ေရးထားခဲ့တာပါ။
ဂလင္မာဟာ ရီပို႔ကတ္ကို (၂၁)ႏွစ္ၾကာတဲ့အထိ သိမ္းထားခဲ့ၿပီး
ဆရာမ ေျပာစကားကို မွတ္္ထားခဲ့ကာ သူမ ဟားဗတ္တကၠသိုလ္
ကေန ေဆးပညာနဲ႔ ဘြဲ႔ရခ်ိန္မွာေတာ့ ဆရာမကို တကယ္ဖိတ္ခဲ့ပါတယ္။
Facebook ေပၚမွာ ဂလင္မာ တင္ခဲ့တဲ့ ေက်းဇူးတင္စာကို ေတြ႔သြားခဲ့တဲ့
ဟားဗတ္က အုပ္ခ်ဳပ္သူေတြကလည္း အဆိုပါ ဆရာတပည့္တုိ႔
အေၾကာင္းကို သိသြားခဲ့တာေၾကာင့္ ဆရာမတန္ဆင္းအတြက္
တရားဝင္ဖိတ္ၾကားစာ ထုတ္ေပးခဲ့ပါတယ္။
“ဆရာမ တန္ဆင္းကို ဖိတ္ၾကားခြင့္ရတာ တကယ္ဂုဏ္ယူဖြယ္
အေတြ႔အႀကံဳပါ။ ဟားဗတ္က တရားဝင္ဖိတ္ၾကားမႈနဲ႔ ဆရာမ
တက္ေရာက္ခြင့္ရတာ ပိုၿပီးေတာင္ ေပ်ာ္ဖို႔ေကာင္းပါတယ္။
ဆရာမ တန္ဆင္းအပါအဝင္ ကၽြန္မအေမလို ႀကိဳးႀကိဳးစားစား
သင္ၾကားေပးၾကတဲ့ ဆရာေတြအကုန္လံုးကို ေက်းဇူးတင္ေနပါတယ္”
လို႔ ဂလင္မာက Popsugar မဂၢဇင္းကို ေျပာခဲ့ပါတယ္။ ဂလင္မာက
သူမရဲ႕ Facebook ပို႔စ္မွာလည္း သူမတက္ခဲ့တဲ့ အရီဇိုးနားေက်ာင္းက
ဆရာဆရာမေတြအကုန္လံုးကို ေက်းဇူးတင္ေၾကာင္း ေရးသားထား
ခဲ့ပါတယ္။
ဂလင္မာက မစၥတန္ဆင္းအေၾကာင္းကို ေျပာရာမွာလည္း
“ဆရာမက ကၽြန္မ (၆)တန္းတုန္းက ဆရာေတြထဲက တစ္ဦးပါ။
ကၽြန္မကို ကမၻာ့က်န္းမာေရးအေၾကာင္းေတြ လူ႔အခြင့္အေရး
အေၾကာင္းေတြ ၊ HIV/AIDS ေရာဂါခံစားရၿပီး ဒုကၡေရာက္ေနသူေတြ
အေၾကာင္းကို သိေအာင္ သင္ျပေပးခဲ့ပါတယ္။ ကၽြန္မကို ဆရာဝန္
တစ္ဦးျဖစ္လာေစတဲ့ အေၾကာင္းတရားေတြပါ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။
အျခားလူေတြမွာလည္း ဂလင္မာနဲ႔ တန္ဆင္းတို႔ရဲ႕ အျဖစ္ေလးလို
ငယ္စဥ္က ကိုယ့္ကို ရည္မွန္းခ်က္ဆီေရာက္ေအာင္ တြန္းပို႔ေပးခဲ့တဲ့
ဆရာေတြရိွၾကမွာပါ။ မိမိကို ဘဝခရီးမွာ တစ္ခ်ိန္က အေထာက္အပံ့
ျဖစ္ခဲ့တဲ့ ဆရာေတြအကုန္လံုးကို ဂလင္မာလို ေက်းဇူးဆပ္ႏုိင္ဖုိ႔
ႀကိဳးစားသင့္ၾကပါတယ္။
White (Shwemom)
Ref: Popsugar, CNN
https://www.popsugar.com/moms/Woman-Invites-Middle-School-Teacher-Harvard-Graduation-44888308
https://edition.cnn.com/2018/05/25/us/teacher-harvard-graduation-21-year-old-note-trnd/index.html
=============================
(၆)တန်းတုန်းက ဆရာမရဲ့တောင်းဆိုမှုကို မှတ်ထားပြီး
အကောင်အထည်ဖော်ခဲ့တဲ့ကောင်မလေး ...
------------------------------------------------------------
အမေရိကန်နိုင်ငံသူ ခရစ္စတင်းဂလင်မာ အမည်ရ ကောင်မလေးဟာ
(၁၉၉၇)ခုနှစ်တုန်းက ဂျူးဒစ်တန်ဆင်း အမည်ရ သူမရဲ့ (၆)တန်းသင်
ဆရာမတစ်ဦးစီကနေ စာသင်နှစ် နောက်ဆုံးလအတွက် ရီပို့ကတ်
ရခဲ့ပါတယ်။ ရီပို့ကတ်ထဲမှာ ဆရာမ ရေးထားခဲ့တာကတော့
“သမီးကို စာသင်ပေးရတာ ကောင်းပါတယ်။ တော်အောင်
ဆက်ကြိုးစားပါ။ ဟားဗတ်က ဘွဲ့ရရင် ဆရာမကိုလည်း ဖိတ်ပါဦး”
လို့ ရေးထားခဲ့တာပါ။
ဂလင်မာဟာ ရီပို့ကတ်ကို (၂၁)နှစ်ကြာတဲ့အထိ သိမ်းထားခဲ့ပြီး
ဆရာမ ပြောစကားကို မှတ်ထားခဲ့ကာ သူမ ဟားဗတ်တက္ကသိုလ်
ကနေ ဆေးပညာနဲ့ ဘွဲ့ရချိန်မှာတော့ ဆရာမကို တကယ်ဖိတ်ခဲ့ပါတယ်။
Facebook ပေါ်မှာ ဂလင်မာ တင်ခဲ့တဲ့ ကျေးဇူးတင်စာကို တွေ့သွားခဲ့တဲ့
ဟားဗတ်က အုပ်ချုပ်သူတွေကလည်း အဆိုပါ ဆရာတပည့်တို့
အကြောင်းကို သိသွားခဲ့တာကြောင့် ဆရာမတန်ဆင်းအတွက်
တရားဝင်ဖိတ်ကြားစာ ထုတ်ပေးခဲ့ပါတယ်။
“ဆရာမ တန်ဆင်းကို ဖိတ်ကြားခွင့်ရတာ တကယ်ဂုဏ်ယူဖွယ်
အတွေ့အကြုံပါ။ ဟားဗတ်က တရားဝင်ဖိတ်ကြားမှုနဲ့ ဆရာမ
တက်ရောက်ခွင့်ရတာ ပိုပြီးတောင် ပျော်ဖို့ကောင်းပါတယ်။
ဆရာမ တန်ဆင်းအပါအဝင် ကျွန်မအမေလို ကြိုးကြိုးစားစား
သင်ကြားပေးကြတဲ့ ဆရာတွေအကုန်လုံးကို ကျေးဇူးတင်နေပါတယ်”
လို့ ဂလင်မာက Popsugar မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။ ဂလင်မာက
သူမရဲ့ Facebook ပို့စ်မှာလည်း သူမတက်ခဲ့တဲ့ အရီဇိုးနားကျောင်းက
ဆရာဆရာမတွေအကုန်လုံးကို ကျေးဇူးတင်ကြောင်း ရေးသားထား
ခဲ့ပါတယ်။
ဂလင်မာက မစ္စတန်ဆင်းအကြောင်းကို ပြောရာမှာလည်း
“ဆရာမက ကျွန်မ (၆)တန်းတုန်းက ဆရာတွေထဲက တစ်ဦးပါ။
ကျွန်မကို ကမ္ဘာ့ကျန်းမာရေးအကြောင်းတွေ လူ့အခွင့်အရေး
အကြောင်းတွေ ၊ HIV/AIDS ရောဂါခံစားရပြီး ဒုက္ခရောက်နေသူတွေ
အကြောင်းကို သိအောင် သင်ပြပေးခဲ့ပါတယ်။ ကျွန်မကို ဆရာဝန်
တစ်ဦးဖြစ်လာစေတဲ့ အကြောင်းတရားတွေပါ” ဆိုပြီး ပြောပြခဲ့ပါတယ်။
အခြားလူတွေမှာလည်း ဂလင်မာနဲ့ တန်ဆင်းတို့ရဲ့ အဖြစ်လေးလို
ငယ်စဉ်က ကိုယ့်ကို ရည်မှန်းချက်ဆီရောက်အောင် တွန်းပို့ပေးခဲ့တဲ့
ဆရာတွေရှိကြမှာပါ။ မိမိကို ဘဝခရီးမှာ တစ်ချိန်က အထောက်အပံ့
ဖြစ်ခဲ့တဲ့ ဆရာတွေအကုန်လုံးကို ဂလင်မာလို ကျေးဇူးဆပ်နိုင်ဖို့
ကြိုးစားသင့်ကြပါတယ်။
White (Shwemom)
Ref: Popsugar, CNN
https://www.popsugar.com/moms/Woman-Invites-Middle-School-Teacher-Harvard-Graduation-44888308
https://edition.cnn.com/2018/05/25/us/teacher-harvard-graduation-21-year-old-note-trnd/index.html





No comments:
Post a Comment