မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 15, 2020

ဗုဒၶ၏ အဆံုးအမႏွင့္အညီ ေနထုိင္ျခင္း

 ဗုဒၶ၏ အဆံုးအမႏွင့္အညီ ေနထုိင္ျခင္း

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


၁။ မည္သူ႔ အေပၚတြင္မဆို အရင္းအဖ်ား မခြဲၿခားဘဲ 

စိတ္ေကာင္း၊ ႏွလံုးေကာင္းထားပါ။


၂။ ေကာင္းေသာ ဣ႒ာရံုႏွင့္ ေတြ႔ေသာအခါ 

လြန္စြာ ဝမ္းသာအားရ ေသာမနႆ ေလာဘမျဖစ္ပါႏွင့္။


၃။ မေကာင္းေသာ အနိ႒ာရံုႏွင့္ ေတြ႔ေသာ အခါ၌လည္း

ဝမ္းနည္းပက္လက္ မႏွစ္သက္ေသာ ေဒါမနႆ ေဒါသမျဖစ္ပါႏွင့္။


၄။ မိမိပိုင္မဟုတ္ေသာ ပစၥည္းဥစၥာမ်ားကို မတရား ပိုင္ဆိုင္လိုသည့္ 

မတရား ယူလိုသည့္ ေလာဘမထြက္ပါႏွင့္။ ေရာင့္ရဲပါ။ တင္းတိမ္ပါ။ 

ဆင္းရဲသည္ကို ဂုဏ္ယူပါ။ မတရား ခ်မ္းသာတာကို ဂုဏ္မယူပါႏွင့္။


၅။ သတၱဝါတို႔ကို မညွင္းဆဲပါႏွင့္၊ မႏွိပ္စက္ပါႏွင့္၊ 

ကာယအားျဖင့္၊ ႏွဳတ္အားျဖင့္၊ စိတ္အားျဖင့္ မညွင္းဆဲပါႏွင့္။


၆။ သတၱဝါအားလံုး မိမိႏွင့္ ထိေတြ႔ သိရွိသူ၊ 

မိမိႏွင့္ ထိေတြ႔သိရွိျခင္း မရွိသူ၊ မိမိအား ခ်စ္ခင္လိုလားသူ၊ 

မိမိအား မုန္းတီးစက္ဆုပ္သူ၊ မိမိအား ခ်စ္လည္းမခ်စ္၊

မုန္းလည္းမမုန္း၊ အလယ္အလတ္ သေဘာရွိသူ အားလံုးအေပၚ

သန့္ရွင္း ၾကည္လင္ေသာ မိမိႏွင့္ ထပ္တူျဖစ္ေသာ ေမတၱာထားရွိပါ။


၇။ လိမ္ညာ မုသားစကား ေျပာဆိုျခင္းမွ ေရွာင္ၾကဥ္ပါ။


၈။ မည္သည့္ စိတ္ျဖင့္ျဖစ္ေစ၊ ေကာင္းေစလို၍ပဲ ျဖစ္ျဖစ္၊ 

ဆိုးေစလို၍ပဲ ျဖစ္ျဖစ္၊ ဖရုသဝါစာ တည္းဟူေသာ ဆဲဆိုျခင္းမွ

ေရွာင္ၾကဥ္ပါ။


၉။ ခ်စ္သူႏွစ္ေယာက္ ကြဲသြားေအာင္ ကုန္းတိုက္ေသာ၊ 

ရန္တိုက္ေပးေသာ ဝိသုဏဝါစာ စကားကို ေရွာင္ၾကဥ္ပါ။


၁၀။ ကေလး သူငယ္မ်ားႏွင့္ လူဖ်င္း လူေပါ့တို႔ နားေထာင္၍

ေကာင္းရံုသာျဖစ္ေသာ (အနက္ အဓိပၸါယ္မရွိ၊ အက်ိဳးမရွိေသာ)

အပ်က္အေခ်ာ္ ေပ်ာ္ရံုသာျဖစ္ေသာ သမၹပၸလာပ စကားကို 

ေရွာင္ၾကဥ္ပါ။ ဟိုစပ္စပ္ ဒီစပ္စပ္ ပါဝင္ကာ အာလာပသလႅပ

ဗရုတ္သုတ္ခ မဟုတ္က၊ ဟုတ္က စကားမ်ားမေျပာႏွင့္။


၁၁။ ဆိုေရးရွိက ဆိုသည့္စကားကို နားခံသာေအာင္၊ 

သေဘာေပါက္လြယ္ေအာင္ သာယာ ေပ်ာင္းညင္းစြာ ေျပာဆိုပါ။ 

လူပံုအလယ္တြင္ အရွက္ကြဲေစျခင္း၊ ေဒါသတၾကီး 

ျပဳမူ ေျပာဆိုျခင္းတို႔မွ ေရွာင္ၾကဥ္ပါ။


၁၂။ ငါးပါးသီလကို ျမဲျမံစြာ က်င့္ၾကံ အားထုတ္ပါ။


၁၃။ သရဏဂံု သံုးပါးကို တည္ၿပီးလွ်င္ ဗုဒၶါႏုႆတိ ဘာဝနာ၊ 

ေမတၱာဘာဝနာကို ပြားပါ။ ဝိပႆနာ လမ္းသို႔ တက္လွမ္းႏိုင္ပါေစ။


၁၄။ သူေတာ္ေကာင္းတို႔ကို ဆည္းကပ္ပါ။


၁၅။ သူေတာ္ေကာင္း တရားတို႔ကို ၾကားနာမႈမ်ားပါ။


၁၆။ အစဥ္ၾကည္လင္ေသာ ေကာင္းေသာ ႏွလံုးကိုသာ သြင္းပါ။


၁၇။ ေလာကုတၱရာ တရားေတာ္တြင္ စိတ္ကိုျမွဳပ္ႏွံထားပါ။


၁၈။ - ခႏၱီစ သည္းခံျခင္းတရားကို မေမ့ေလ်ာ့ေလႏွင့္။

- ရန္ကိုရန္ခ်င္း မတံု႔ႏွင္းႏွင့္။

- ေမတၱာျဖင့္သာ ရန္ကို ေအာင္ႏိုင္ရာ၏။


၁၉။ ကာယ၊ ဝစီ၊ မေနာအားျဖင့္ ျပဳမူလွဳပ္ရွား ေျပာဆုိမႈ၊

ၾကံစည္ေတြးေတာမႈ မွန္သမွ်သည္ သင့္မသင့္၊ ေလ်ာ္မေလ်ာ္၊ 

အခ်ိန္အခါ ဟုတ္၊ မဟုတ္၊ ေျပာလွ်င္ဘာျဖစ္မလဲ၊ မေျပာလွ်င္

ဘာျဖစ္မလဲ၊ ဆင္ျခင္ၿပီးမွ ေျပာသင့္၏။ လုပ္သင့္၏။

စဥ္းစားသင့္၏။ အက်ိဳးအျပစ္ ေဝဖန္ၿပီးမွ လုပ္သင့္၏။ 

ေျပာသင့္၏။ စိတ္ေနာက္ကိုယ္ပါ၊ ခၽြန္းမရွိ၊ ပညာမရွိ မျပဳမူသင့္။


၂၀။ ဧေကာဓေမၼာ ဟူသည့္အတုိင္း မိမိစိတ္ကို ေစာင့္ထိန္းမွသာ

တရားလည္းရ၊ လူေကာင္းသူေကာင္းလည္းျဖစ္၊ ယခုဘဝတြင္​​ေရာ၊

သံသရာတြင္ပါ ခ်မ္းသာသုခရႏိုင္သည္။ နိဗၺာန္ေရာက္ေၾကာင္း

မဂ္တရား၊ ဖိုလ္တရားကို က်င့္ၾကံ အားထုတ္ႏိုင္ပါေစ။


၂၁။ စိတ္ကို ေမတၱာျဖင့္ထံုမြမ္းပါေလ။


၂၂။ မိမိစိတ္ကို အစဥ္ သတိျဖင့္ ကပ္ထားပါေလ။ 

မလႊတ္လိုက္ပါႏွင့္။ စိတ္ဟူသည္ ျဖန္႔က်က္တတ္ေသာ သေဘာရွိ၏။


ဗုဒၶသာသနံ စိရံ တိ႒တု ဘေလာ့မွ ကူးယူေဖာ္ျပ မွ်ေ၀ပါသည္။


credit

source:ျပည္ျမန္မာ

==============================


းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

၁။ မည်သူ့ အပေါ်တွင်မဆို အရင်းအဖျား မခွဲခြားဘဲ 

စိတ်ကောင်း၊ နှလုံးကောင်းထားပါ။


၂။ ကောင်းသော ဣဋ္ဌာရုံနှင့် တွေ့သောအခါ 

လွန်စွာ ဝမ်းသာအားရ သောမနဿ လောဘမဖြစ်ပါနှင့်။


၃။ မကောင်းသော အနိဋ္ဌာရုံနှင့် တွေ့သော အခါ၌လည်း

ဝမ်းနည်းပက်လက် မနှစ်သက်သော ဒေါမနဿ ဒေါသမဖြစ်ပါနှင့်။


၄။ မိမိပိုင်မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လိုသည့် 

မတရား ယူလိုသည့် လောဘမထွက်ပါနှင့်။ ရောင့်ရဲပါ။ တင်းတိမ်ပါ။ 

ဆင်းရဲသည်ကို ဂုဏ်ယူပါ။ မတရား ချမ်းသာတာကို ဂုဏ်မယူပါနှင့်။


၅။ သတ္တဝါတို့ကို မညှင်းဆဲပါနှင့်၊ မနှိပ်စက်ပါနှင့်၊ 

ကာယအားဖြင့်၊ နှုတ်အားဖြင့်၊ စိတ်အားဖြင့် မညှင်းဆဲပါနှင့်။


၆။ သတ္တဝါအားလုံး မိမိနှင့် ထိတွေ့ သိရှိသူ၊ 

မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ၊ မိမိအား ချစ်ခင်လိုလားသူ၊ 

မိမိအား မုန်းတီးစက်ဆုပ်သူ၊ မိမိအား ချစ်လည်းမချစ်၊

မုန်းလည်းမမုန်း၊ အလယ်အလတ် သဘောရှိသူ အားလုံးအပေါ်

သန့်ရှင်း ကြည်လင်သော မိမိနှင့် ထပ်တူဖြစ်သော မေတ္တာထားရှိပါ။


၇။ လိမ်ညာ မုသားစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။


၈။ မည်သည့် စိတ်ဖြင့်ဖြစ်စေ၊ ကောင်းစေလို၍ပဲ ဖြစ်ဖြစ်၊ 

ဆိုးစေလို၍ပဲ ဖြစ်ဖြစ်၊ ဖရုသဝါစာ တည်းဟူသော ဆဲဆိုခြင်းမှ

ရှောင်ကြဉ်ပါ။


၉။ ချစ်သူနှစ်ယောက် ကွဲသွားအောင် ကုန်းတိုက်သော၊ 

ရန်တိုက်ပေးသော ဝိသုဏဝါစာ စကားကို ရှောင်ကြဉ်ပါ။


၁၀။ ကလေး သူငယ်များနှင့် လူဖျင်း လူပေါ့တို့ နားထောင်၍

ကောင်းရုံသာဖြစ်သော (အနက် အဓိပ္ပါယ်မရှိ၊ အကျိုးမရှိသော)

အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဖပ္ပလာပ စကားကို 

ရှောင်ကြဉ်ပါ။ ဟိုစပ်စပ် ဒီစပ်စပ် ပါဝင်ကာ အာလာပသလ္လပ

ဗရုတ်သုတ်ခ မဟုတ်က၊ ဟုတ်က စကားများမပြောနှင့်။


၁၁။ ဆိုရေးရှိက ဆိုသည့်စကားကို နားခံသာအောင်၊ 

သဘောပေါက်လွယ်အောင် သာယာ ပျောင်းညင်းစွာ ပြောဆိုပါ။ 

လူပုံအလယ်တွင် အရှက်ကွဲစေခြင်း၊ ဒေါသတကြီး 

ပြုမူ ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ပါ။


၁၂။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံ အားထုတ်ပါ။


၁၃။ သရဏဂုံ သုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ၊ 

မေတ္တာဘာဝနာကို ပွားပါ။ ဝိပဿနာ လမ်းသို့ တက်လှမ်းနိုင်ပါစေ။


၁၄။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ။


၁၅။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ။


၁၆။ အစဉ်ကြည်လင်သော ကောင်းသော နှလုံးကိုသာ သွင်းပါ။


၁၇။ လောကုတ္တရာ တရားတော်တွင် စိတ်ကိုမြှုပ်နှံထားပါ။


၁၈။ - ခန္တီစ သည်းခံခြင်းတရားကို မမေ့လျော့လေနှင့်။

- ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်။

- မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏။


၁၉။ ကာယ၊ ဝစီ၊ မနောအားဖြင့် ပြုမူလှုပ်ရှား ပြောဆိုမှု၊

ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်၊ လျော်မလျော်၊ 

အချိန်အခါ ဟုတ်၊ မဟုတ်၊ ပြောလျှင်ဘာဖြစ်မလဲ၊ မပြောလျှင်

ဘာဖြစ်မလဲ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏။ လုပ်သင့်၏။

စဉ်းစားသင့်၏။ အကျိုးအပြစ် ဝေဖန်ပြီးမှ လုပ်သင့်၏။ 

ပြောသင့်၏။ စိတ်နောက်ကိုယ်ပါ၊ ချွန်းမရှိ၊ ပညာမရှိ မပြုမူသင့်။


၂၀။ ဧကောဓမ္မော ဟူသည့်အတိုင်း မိမိစိတ်ကို စောင့်ထိန်းမှသာ

တရားလည်းရ၊ လူကောင်းသူကောင်းလည်းဖြစ်၊ ယခုဘဝတွင်ရော၊

သံသရာတွင်ပါ ချမ်းသာသုခရနိုင်သည်။ နိဗ္ဗာန်ရောက်ကြောင်း

မဂ်တရား၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ။


၂၁။ စိတ်ကို မေတ္တာဖြင့်ထုံမွမ်းပါလေ။


၂၂။ မိမိစိတ်ကို အစဉ် သတိဖြင့် ကပ်ထားပါလေ။ 

မလွှတ်လိုက်ပါနှင့်။ စိတ်ဟူသည် ဖြန့်ကျက်တတ်သော သဘောရှိ၏။


ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။


credit

source:ပြည်မြန်မာ

No comments:

Post a Comment