အယ္လ္ဇိုင္းမားေရာဂါကာကြယ္ႏုိင္မယ့္
အေလ့အက်င့္ေကာင္းမ်ား
--------------------------------------------------
သက္ႀကီးေရာဂါလို႔ ေခၚၾကတဲ့ အယ္လ္ဇိုင္းမား ေရာဂါဟာ
ဦးေႏွာက္ လုပ္ေဆာင္ခ်က္ ပံုမွန္ မျဖစ္ေတာ့တဲ့ ေရာဂါတစ္မ်ိဳး ပါပဲ။
အထူးသျဖင့္ သက္ႀကီးရြယ္အိုေတြ ဦးေႏွာက္စြမ္းရည္ ေလ်ာ့က်
လာတဲ့အခါ ျဖစ္လာတတ္တဲ့ သေဘာပါ။ ဒ့ါေၾကာင့္ အယ္လ္ဇိုင္းမား
ေရာဂါကို ကာကြယ္ႏုိင္မယ့္ နည္းလမ္းေကာင္းမ်ားကို ေဖာ္ျပေပး
လိုက္ပါတယ္။
(၁) ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ပါ
တက္ၾကြလန္းဆန္ေစၿပီး ကိုယ္ခႏၶာက်န္းမာႀကံ႕ခိုင္ဖို႔ အတြက္
ေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္သင့္ပါတယ္။ ငယ္ရြယ္စဥ္ကတည္းက
ေလ့က်င့္ခန္းကို ပံုမွန္ျပဳလုပ္ေပးသြားၿပီး အသက္အရြယ္ ရလာတဲ့
အခါမွာလည္း ကိုယ္ႏို္င္သေလာက္ေလး ပံုမွန္ျပဳလုပ္ေပးသြားမယ္ဆိုရင္
အယ္လ္ဇိုင္းမား ေရာဂါမွ ကာကြယ္ႏုိင္ပါတယ္။
(၂) ေကာ္ဖီေသာက္ပါ
သင့္ရဲ႕ မနက္ခင္းတိုင္းကို ေကာ္ဖီနဲ႔ အစပ်ိဳးတာျခင္းကလည္း
အယ္လ္ဇိုင္းမားေရာဂါျဖစ္ျခင္းမွ ကာကြယ္ေပး ႏုိင္တယ္လို႔
ေဆးပညာရွင္မ်ားက ဆိုပါတယ္။ ေကာ္ဖီကို မနက္ခင္းအခ်ိန္မွာ
ေသာက္သံုးတာက စိတ္ကို လန္းဆန္းတက္ၾကြေစတဲ့အျပင္
အေတြးသစ္၊ အျမင္သစ္မ်ားကို ဖန္တီးႏုိင္မႈ စြမ္းအား
တိုးတက္လာေစတဲ့ အတြက္ေၾကာင့္ပါ။
(၃) ဂိမ္းေဆာ့ပါ
ဦးေႏွာက္ကို အလုပ္ေပးတဲ့ ဂိမ္းကစားနည္းကလည္း
ဦးေႏွာက္စြမ္းရည္ကို ဖြံ႔ၿဖိဳးေစၿပီး မွတ္ဉာဏ္အားေကာင္း ေစပါတယ္။
ဂိမ္းကစားတဲ့အခါမွာ ပါဝင္တဲ့ function ေတြ ဘယ္လို control
လုပ္ရမယ္ ဆိုတာကို ေလ့လာရတဲ့အတြက္ ဦးေႏွာက္ကို
အလုပ္ေပးသလို ျဖစ္သြားပါတယ္။ ဒါ့ေၾကာင့္ မွတ္ဉာဏ္အား
ေကာင္းလာၿပီး အယ္လ္ဇိုင္းမားေရာဂါျဖစ္ပြားမႈႏႈန္း နည္းသြားပါတယ္။
(၄) အသီးအရြက္မ်ားမ်ားစားပါ
သင့္ရဲ႕ ေန႔စဥ္စားေသာက္မႈ ပံုစံကလည္း က်န္းမာေရးအတြက္
အက်ိဳးသက္ေရာက္မႈေတြ ရွိေနပါတယ္။ အထူးသျဖင့္ အဝါေရာင္၊
အနီေရာင္ အဆင္းရွိတဲ့ အသီးအႏွံမ်ားက ဦးေႏွာက္စြမ္းရည္
ဖြံ႔ၿဖိဳးဖုိ႔အတြက္ မ်ားစြာအေထာက္အကူျပဳတာေၾကာင့္ ေန႔စဥ္ပံုမွန္
စားသံုးသင့္ပါတယ္။ ဒီလိုအသီးအရြက္ မ်ားမ်ားစားတာက
အယ္လ္ဇိုင္းမား ေရာဂါျဖစ္ပြားမႈႏႈန္း ၄၀ ရာခုိင္ႏႈန္းထိကို
ေလ်ာ့ခ်ေပးႏုိင္တာကို ေတြ႔ရပါတယ္။
(၅) Massage လုပ္ပါ
ခႏၶာကိုယ္ကို ႏွိပ္နယ္တာ၊ massage လုပ္တာကလည္း
အယ္လ္ဇိုင္းမား ေရာဂါကို တစ္ဖက္ တစ္လမ္းက ကာကြယ္ေပးႏုိင္တဲ့
ကုသနည္း တစ္ရပ္ပါပဲ။ massage ျပဳလုပ္တာက ခႏၶာကိုယ္တြင္း
ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစတဲ့အတြက္ စိတ္ဖိစီးမႈကိုလည္း
ေျပေလ်ာ့ေစပါတယ္။ စိတ္ဖိစီးမႈ ဒဏ္ကလည္း အယ္လ္ဇိုင္းမားေရာဂါ
ျဖစ္ေစႏုိင္တဲ့ လကၡဏာတစ္ရပ္ပါပဲ။
နန္း(ေရႊအင္းေလး)
source:http://shweinnlay.com/treatment-of-alzheimer/
============================
အယ်လ်ဇိုင်းမားရောဂါကာကွယ်နိုင်မယ့်
အလေ့အကျင့်ကောင်းများ
--------------------------------------------------
သက်ကြီးရောဂါလို့ ခေါ်ကြတဲ့ အယ်လ်ဇိုင်းမား ရောဂါဟာ
ဦးနှောက် လုပ်ဆောင်ချက် ပုံမှန် မဖြစ်တော့တဲ့ ရောဂါတစ်မျိုး ပါပဲ။
အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ဦးနှောက်စွမ်းရည် လျော့ကျ
လာတဲ့အခါ ဖြစ်လာတတ်တဲ့ သဘောပါ။ ဒ့ါကြောင့် အယ်လ်ဇိုင်းမား
ရောဂါကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများကို ဖော်ပြပေး
လိုက်ပါတယ်။
(၁) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ
တက်ကြွလန်းဆန်စေပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ အတွက်
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက
လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးသွားပြီး အသက်အရွယ် ရလာတဲ့
အခါမှာလည်း ကိုယ်နိုင်သလောက်လေး ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင်
အယ်လ်ဇိုင်းမား ရောဂါမှ ကာကွယ်နိုင်ပါတယ်။
(၂) ကော်ဖီသောက်ပါ
သင့်ရဲ့ မနက်ခင်းတိုင်းကို ကော်ဖီနဲ့ အစပျိုးတာခြင်းကလည်း
အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းမှ ကာကွယ်ပေး နိုင်တယ်လို့
ဆေးပညာရှင်များက ဆိုပါတယ်။ ကော်ဖီကို မနက်ခင်းအချိန်မှာ
သောက်သုံးတာက စိတ်ကို လန်းဆန်းတက်ကြွစေတဲ့အပြင်
အတွေးသစ်၊ အမြင်သစ်များကို ဖန်တီးနိုင်မှု စွမ်းအား
တိုးတက်လာစေတဲ့ အတွက်ကြောင့်ပါ။
(၃) ဂိမ်းဆော့ပါ
ဦးနှောက်ကို အလုပ်ပေးတဲ့ ဂိမ်းကစားနည်းကလည်း
ဦးနှောက်စွမ်းရည်ကို ဖွံ့ဖြိုးစေပြီး မှတ်ဉာဏ်အားကောင်း စေပါတယ်။
ဂိမ်းကစားတဲ့အခါမှာ ပါဝင်တဲ့ function တွေ ဘယ်လို control
လုပ်ရမယ် ဆိုတာကို လေ့လာရတဲ့အတွက် ဦးနှောက်ကို
အလုပ်ပေးသလို ဖြစ်သွားပါတယ်။ ဒါ့ကြောင့် မှတ်ဉာဏ်အား
ကောင်းလာပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုနှုန်း နည်းသွားပါတယ်။
(၄) အသီးအရွက်များများစားပါ
သင့်ရဲ့ နေ့စဉ်စားသောက်မှု ပုံစံကလည်း ကျန်းမာရေးအတွက်
အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် အဝါရောင်၊
အနီရောင် အဆင်းရှိတဲ့ အသီးအနှံများက ဦးနှောက်စွမ်းရည်
ဖွံ့ဖြိုးဖို့အတွက် များစွာအထောက်အကူပြုတာကြောင့် နေ့စဉ်ပုံမှန်
စားသုံးသင့်ပါတယ်။ ဒီလိုအသီးအရွက် များများစားတာက
အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားမှုနှုန်း ၄၀ ရာခိုင်နှုန်းထိကို
လျော့ချပေးနိုင်တာကို တွေ့ရပါတယ်။
(၅) Massage လုပ်ပါ
ခန္ဓာကိုယ်ကို နှိပ်နယ်တာ၊ massage လုပ်တာကလည်း
အယ်လ်ဇိုင်းမား ရောဂါကို တစ်ဖက် တစ်လမ်းက ကာကွယ်ပေးနိုင်တဲ့
ကုသနည်း တစ်ရပ်ပါပဲ။ massage ပြုလုပ်တာက ခန္ဓာကိုယ်တွင်း
သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက် စိတ်ဖိစီးမှုကိုလည်း
ပြေလျော့စေပါတယ်။ စိတ်ဖိစီးမှု ဒဏ်ကလည်း အယ်လ်ဇိုင်းမားရောဂါ
ဖြစ်စေနိုင်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။
နန်း(ရွှေအင်းလေး)
source:http://shweinnlay.com/treatment-of-alzheimer/



No comments:
Post a Comment