မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 6, 2020

ဘုရားရွင္၏ ၾသ၀ါဒေတာ္

 ဘုရားရွင္၏ ၾသ၀ါဒေတာ္

-------------------------------

“ရဟန္းတို႔ ၊ သူတစ္ပါးတို႔သည္ ငါ၏ အျပစ္ကိုျဖစ္ေစ 

တရား၏ အျပစ္ကိုျဖစ္ေစ၊ သံဃာ၏ အျပစ္ကို ျဖစ္ေစ 

ေျပာၾကလွ်င္ ထို(ေျပာၾကရာ)၌ သင္တို႔သည္ ရန္ျငိဳးထားျခင္း 

ႏွလံုးမသာျခင္း၊ စိတ္မေက်ခ်မ္းျခင္း မျဖစ္ေစသင့္။

“ရဟန္းတို႔၊ သူတစ္ပါးတို႔သည္ ငါ၏ အျပစ္ကိုျဖစ္ေစ၊

တရား၏ အျပစ္ကိုျဖစ္ေစ၊ သံဃာ၏ အျပစ္ကိုျဖစ္ေစ 

ေျပာၾကရာ၌ သင္တို႔သည္ အမ်က္ထြက္ၾကလွ်င္၊ 

ႏွလံုးမသာၾကလွ်င္ သင္တို႔အားသာလွ်င္ အႏၱရာယ္ျဖစ္ရာ၏။


“ရဟန္းတို႔ ၊ သူတစ္ပါးတို႔သည္ ငါ၏ အျပစ္ကိုျဖစ္ေစ၊ 

တရား၏ အျပစ္ကိုျဖစ္ေစ၊ သံဃာ၏ အျပစ္ကိုျဖစ္ေစ 

ေျပာၾကရာ၌ သင္တို႔သည္ အမ်က္ထြက္ၾကလွ်င္၊ 

ႏွလံုးမသာၾကလွ်င္ သင္တို႔သည္ သူတစ္ပါးတို႔၏ 

စကားဆိုးကို သိႏိုင္ပါမည္ေလာ”


“မသိႏိုင္ၾကပါ အရွင္ဘုရား”


“ရဟန္းတို႔ ၊ သူတစ္ပါးတို႔သည္ ငါ၏ အျပစ္ကိုျဖစ္ေစ 

တရား၏ အျပစ္ကိုျဖစ္ေစ သံဃာ၏ အျပစ္ကိုျဖစ္ေစ 

ေျပာၾကရာ၌ ‘ဤစကားသည္ ဤအေၾကာင္းေၾကာင့္လည္း 

မဟုတ္၊ ၌အေၾကာင္းေၾကာင့္လည္း မမွန္၊ စင္စစ္အားျဖင့္ 

ဤအျပစ္သည္ ငါတို႔၌ ထင္ရွားမရွိ’ ဟု မဟုတ္သည္ကို 

မဟုတ္သည့္အတိုင္း သင္တို႔ေျဖရွင္းရမည္။ ” (ဒီ၊ ျမန္၊ ၁၊ ၁၁။)


“သင္သည္ သီလမရွိ၊ သင္၏ ဆရာသည္ အက်င့္မေကာင္း၊ 

သင္သည္ ဤမည္ ဤမည္ေသာ အမႈကို ျပဳအပ္၏။ 

သင္၏ဆရာသည္ ဤအမႈ ဤအမႈကို ျပဳအပ္၏” ဟု 

ဆိုအပ္သည္ရွိေသာ္ ဆိတ္ဆိတ္ေနလ်က္ သည္းခံအပ္၏။ 

စိတ္ဆိုးေဒါသ မထြက္ၾကဘဲ ကဲ့ရဲစကားကို ေျဖရွင္းအပ္၏။


“သင္သည္ ျမည္းလိုေကာင္၊ ႏြားလိုလူ” စသည္ျဖင့္ 

ဆဲေရးေသာ ပုဂၢိဳလ္ကိုလ်စ္လ်ဴ႐ႈ၍ သည္းခံျခင္းကိုသာ

ျပဳအပ္၏။ (ဒီ၊ ႒၊ ၁၊ ၅၃။)


ဗုဒၶေဟာခဲ့တဲ့အတိုင္း ကၽြန္ေတာ္တို႔အားလံုး က်င့္ၾကံၾကပါစို႔ ၊


source:lwinpyin

==========================


ဘုရားရှင်၏ သြဝါဒတော်

-------------------------------


“ရဟန်းတို့ ၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ 

တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ 

ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း 

နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်။


“ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊

တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ 

ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ 

နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။


“ရဟန်းတို့ ၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ 

တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ 

ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ 

နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ 

စကားဆိုးကို သိနိုင်ပါမည်လော”


“မသိနိုင်ကြပါ အရှင်ဘုရား”


“ရဟန်းတို့ ၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ 

တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ 

ပြောကြရာ၌ ‘ဤစကားသည် ဤအကြောင်းကြောင့်လည်း 

မဟုတ်၊ ၌အကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် 

ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ’ ဟု မဟုတ်သည်ကို 

မဟုတ်သည့်အတိုင်း သင်တို့ဖြေရှင်းရမည်။ ” (ဒီ၊ မြန်၊ ၁၊ ၁၁။)


“သင်သည် သီလမရှိ၊ သင်၏ ဆရာသည် အကျင့်မကောင်း၊ 

သင်သည် ဤမည် ဤမည်သော အမှုကို ပြုအပ်၏။ 

သင်၏ဆရာသည် ဤအမှု ဤအမှုကို ပြုအပ်၏” ဟု 

ဆိုအပ်သည်ရှိသော် ဆိတ်ဆိတ်နေလျက် သည်းခံအပ်၏။ 

စိတ်ဆိုးဒေါသ မထွက်ကြဘဲ ကဲ့ရဲစကားကို ဖြေရှင်းအပ်၏။


“သင်သည် မြည်းလိုကောင်၊ နွားလိုလူ” စသည်ဖြင့် 

ဆဲရေးသော ပုဂ္ဂိုလ်ကိုလျစ်လျူရှု၍ သည်းခံခြင်းကိုသာ

ပြုအပ်၏။ (ဒီ၊ ဋ္ဌ၊ ၁၊ ၅၃။)


ဗုဒ္ဓဟောခဲ့တဲ့အတိုင်း ကျွန်တော်တို့အားလုံး ကျင့်ကြံကြပါစို့ ၊


source:lwinpyin


ယခုတင္ေသာ ပို႔စ္မ်ားအားလုံးသည္ လြန္ခဲ့သည့္ 

ႏွစ္ႏွစ္ခန႔္မွ ပို႔စ္ေဟာင္းမ်ားသာျဖစ္ပါေၾကာင္း

စာဖတ္သူမ်ားအား အသိေပးအပ္ပါသည္။

.

ယခုတင်သော ပို့စ်များအားလုံးသည် လွန်ခဲ့သည့် 

နှစ်နှစ်ခန့်မှ ပို့စ်ဟောင်းများသာဖြစ်ပါကြောင်း

စာဖတ်သူများအား အသိပေးအပ်ပါသည်။

No comments:

Post a Comment