မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 13, 2020

၇၂ နာရီ ၾကာေအာင္ေျမျမဳပ္ခံျပခဲ့တဲ့ အႏုပညာရွင္တစ္ဦး

 ကားလမ္းမေအာက္တြင္ အရွင္လတ္လတ္ 

၇၂ နာရီ ၾကာေအာင္ေျမျမဳပ္ခံျပခဲ့တဲ့ အႏုပညာရွင္တစ္ဦး 

-----------------------------------------------------------------

ၾသစေတးလ်ႏုိင္ငံသား ပါေဖာမင့္အႏုပညာရွင္တစ္ဦးဟာ 

သံမဏိကြန္တိန္နာတစ္ခုထဲ၀င္ၿပီး ကားလမ္းမေအာက္မွာ 

၇၂ နာရီ ၾကာေျမျမဳပ္ခံျပခဲ့ပါတယ္။ ဒါဟာ တက္စေမးနီးယား

ကြ်န္းႏုိင္ငံရဲ့ အေမွာင္အႏုပညာပြဲေတာ္လုိ ့ေခၚတဲ့

ျပပြဲတစ္စိတ္တစ္ေဒသလုိ ့ဆုိပါတယ္။ 

မုိက္ခ္ပါးအမည္ရ ယင္းအႏုပညာရွင္ဟာ ၿပီးခဲ့တဲ့ၾကာသာပေတးေန႔ 

(ဇြန္၁၄) က သေဘၤာကြန္တိန္နာတစ္ခုထဲ ၀င္ေနခဲ့တာျဖစ္ၿပီး

ကားလမ္းမရဲ႕ေအာက္မွာ ထုိကြန္တိန္နာကုိ ျမဳပ္ထားခဲ့တာပါ။ 

အသက္ ၇၃ ႏွစ္အရြယ္သူ႔ဆီမွာ ေရလံုလံုေလာက္ေလာက္၊ 

စာေရးဖုိ႔ဖတ္ဖုိ႔ ကိရိယာေတြလည္းအစံုအလင္၊ အပူေပးစက္နဲ႔ 

တစ္စံုတစ္ခုမွားယြင္းသြားခဲ့ရင္သုံးဖုိ ့ အေရးေပၚခလုတ္လည္း 

ထားေပးခဲ့ပါတယ္။

ဒါ့အျပင္ ေအာက္ဆီဂ်င္ကုိလည္း ကြန္တိန္နာထဲ စက္နဲ႔စုပ္ၿပီး

ထည့္ေပးထားကာ အစားစာေတာ့မရွိဘူးလုိ႔ ဆုိပါတယ္။  ဒီပြဲေတာ္ရဲ႕

တာ၀န္ခံ ဂ်ိဳရုိေရာလင္ကေတာ့ ၾသစေတးလ်သတင္းဌာနတစ္ခုကုိ

“ သူ ေရဘယ္အခ်ိန္ ဘယ္ေလာက္ေသာက္သံုးမယ္ဆုိတာ 

သူ ့ဟာသူ သတ္မွတ္ၿပီးသားပါ၊ ၿပီးေတာ့သူ႔မွာေရပံုးတစ္ပံုး 

ရွိေသးတယ္” လုိ႔  ဒီပြဲေတာ္ရဲ႕တာ၀န္ခံ ဂ်ိဳရုိေရာလင္က 

ၾသစေတးလ်သတင္းဌာနတစ္ခုကုိ ေျပာဆုိပါတယ္။ 

ထုိကဲ့သုိ ႔ေျမျမဳပ္ခံျပသခဲ့တာဟာ အေမွာင္အႏုပညာ၏ အဓိက

သရုပ္ျပမႈတစ္ခုျဖစ္ၿပီး အရင္ေခတ္ ၾသစေတးလ်လူမိ်ဳးစုေတြရဲ႕

နယ္ခ်ဲ႕အၾကမ္းဖက္မႈကုိ ပိုမိုသိသာေစရန္ျဖစ္တယ္ လုိ႔ ဒီပြဲေတာ္ရဲ႕

၀က္ဒ္ဆိုက္မွာ ေရးသားထားပါတယ္။ အေမွာင္အႏုပညာပဲြေတာ္မွာ 

အႏုပညာလက္ရာေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြဟာ အရင္ေရွးက်တဲ့

ရုိးရာဓေလ့ေတြကုိ ေဖာ္ျပဖုိ႔ရန္အတြက္ပဲ ျဖစ္ပါတယ္။ 

တခိ်ဳ႕တက္စေမးနီးယား ခရစ္ယာန္ေတြကေတာ့

ဒါဟာေစတန္ကုိ ကုိးကြယ္တဲ့ အယူအဆေတြလုိ႔ ဆုိၾကပါတယ္၊ 

ဟုိးဘတ္ၿမိဳ ့က ကားလမ္းမတစ္ခုေအာက္မွာ ေျမျမွဳပ္ခံခဲ့တဲ့ 

ယင္းျပကြက္နဲ ့ပတ္သက္ၿပီး ဟုိးဘတ္ၿမိဳ ့ေတာ္၀န္ျဖစ္သူ 

ရြန္ခရစၥတင္းကေတာ့ ေျမျမွဳပ္ခံျခင္းအႏုပညာကုိ ေထာက္ခံေပမယ့္ 

အခုလုပ္ရပ္ကုိေတာ့ သူ ဆန္႔က်င္ေၾကာင္း ဆုိခဲ့ပါတယ္။


သစၥာမြန္ (akonthi)

Ref: News Collection 

links -

http://www.dailymail.co.uk/news/article-5846479/Tasmanians-flock-watch-performance-artist-Mike-Parr-climb-underneath-busy-road-Hobart.html

https://www.news.com.au/lifestyle/real-life/wtf/man-buried-alive-in-a-hobart-road-has-two-days-left-underground/news-story/be1834eac7801ea5de15bdfe1e9bc897

==============================


ကားလမ်းမအောက်တွင် အရှင်လတ်လတ် 

၇၂ နာရီ ကြာအောင်မြေမြုပ်ခံပြခဲ့တဲ့ အနုပညာရှင်တစ်ဦး 

-----------------------------------------------------------------

သြစတေးလျနိုင်ငံသား ပါဖောမင့်အနုပညာရှင်တစ်ဦးဟာ 

သံမဏိကွန်တိန်နာတစ်ခုထဲဝင်ပြီး ကားလမ်းမအောက်မှာ 

၇၂ နာရီ ကြာမြေမြုပ်ခံပြခဲ့ပါတယ်။ ဒါဟာ တက်စမေးနီးယား

ကျွန်းနိုင်ငံရဲ့ အမှောင်အနုပညာပွဲတော်လို့ခေါ်တဲ့

ပြပွဲတစ်စိတ်တစ်ဒေသလို့ဆိုပါတယ်။ 

မိုက်ခ်ပါးအမည်ရ ယင်းအနုပညာရှင်ဟာ ပြီးခဲ့တဲ့ကြာသာပတေးနေ့ 

(ဇွန်၁၄) က သင်္ဘောကွန်တိန်နာတစ်ခုထဲ ဝင်နေခဲ့တာဖြစ်ပြီး

ကားလမ်းမရဲ့အောက်မှာ ထိုကွန်တိန်နာကို မြုပ်ထားခဲ့တာပါ။ 

အသက် ၇၃ နှစ်အရွယ်သူ့ဆီမှာ ရေလုံလုံလောက်လောက်၊ 

စာရေးဖို့ဖတ်ဖို့ ကိရိယာတွေလည်းအစုံအလင်၊ အပူပေးစက်နဲ့ 

တစ်စုံတစ်ခုမှားယွင်းသွားခဲ့ရင်သုံးဖို့ အရေးပေါ်ခလုတ်လည်း 

ထားပေးခဲ့ပါတယ်။


ဒါ့အပြင် အောက်ဆီဂျင်ကိုလည်း ကွန်တိန်နာထဲ စက်နဲ့စုပ်ပြီး

ထည့်ပေးထားကာ အစားစာတော့မရှိဘူးလို့ ဆိုပါတယ်။  ဒီပွဲတော်ရဲ့

တာဝန်ခံ ဂျိုရိုရောလင်ကတော့ သြစတေးလျသတင်းဌာနတစ်ခုကို

“ သူ ရေဘယ်အချိန် ဘယ်လောက်သောက်သုံးမယ်ဆိုတာ 

သူ့ဟာသူ သတ်မှတ်ပြီးသားပါ၊ ပြီးတော့သူ့မှာရေပုံးတစ်ပုံး 

ရှိသေးတယ်” လို့  ဒီပွဲတော်ရဲ့တာဝန်ခံ ဂျိုရိုရောလင်က 

သြစတေးလျသတင်းဌာနတစ်ခုကို ပြောဆိုပါတယ်။ 


ထိုကဲ့သို့မြေမြုပ်ခံပြသခဲ့တာဟာ အမှောင်အနုပညာ၏ အဓိက

သရုပ်ပြမှုတစ်ခုဖြစ်ပြီး အရင်ခေတ် သြစတေးလျလူမျိုးစုတွေရဲ့

နယ်ချဲ့အကြမ်းဖက်မှုကို ပိုမိုသိသာစေရန်ဖြစ်တယ် လို့ ဒီပွဲတော်ရဲ့

ဝက်ဒ်ဆိုက်မှာ ရေးသားထားပါတယ်။ အမှောင်အနုပညာပွဲတော်မှာ 

အနုပညာလက်ရာတွေနဲ့ လုပ်ဆောင်ချက်တွေဟာ အရင်ရှေးကျတဲ့

ရိုးရာဓလေ့တွေကို ဖော်ပြဖို့ရန်အတွက်ပဲ ဖြစ်ပါတယ်။ 

တချို့တက်စမေးနီးယား ခရစ်ယာန်တွေကတော့

ဒါဟာစေတန်ကို ကိုးကွယ်တဲ့ အယူအဆတွေလို့ ဆိုကြပါတယ်၊ 


ဟိုးဘတ်မြို့က ကားလမ်းမတစ်ခုအောက်မှာ မြေမြှုပ်ခံခဲ့တဲ့ 

ယင်းပြကွက်နဲ့ပတ်သက်ပြီး ဟိုးဘတ်မြို့တော်ဝန်ဖြစ်သူ 

ရွန်ခရစ္စတင်းကတော့ မြေမြှုပ်ခံခြင်းအနုပညာကို ထောက်ခံပေမယ့် 

အခုလုပ်ရပ်ကိုတော့ သူ ဆန့်ကျင်ကြောင်း ဆိုခဲ့ပါတယ်။


သစ္စာမွန် (akonthi)

Ref: News Collection 

links -

http://www.dailymail.co.uk/news/article-5846479/Tasmanians-flock-watch-performance-artist-Mike-Parr-climb-underneath-busy-road-Hobart.html

https://www.news.com.au/lifestyle/real-life/wtf/man-buried-alive-in-a-hobart-road-has-two-days-left-underground/news-story/be1834eac7801ea5de15bdfe1e9bc897


No comments:

Post a Comment