ခမ္းနားလွပသေလာက္ စကၠန္႔အနည္းငယ္အတြင္း
အႏၱရာယ္တြင္းထဲဆြဲေခၚသြားႏုိင္တဲ႔ Queen’s bath
----------------------------------------------------------
ခရစ္စတယ္လို ေတာက္ပၾကည္လင္ေနတဲ့ ေရေတြ၊ ေက်ာက္တံုး
ေက်ာက္ေဆာင္ေတြ၊ ပင္လယ္ရဲ ႔သေကၤတ အလွအပေတြ
ျပည့္ႏွက္ေနတဲ႔ Queen’s bath ကုိ မလာခ်င္တဲ႔သူဆုိတာ မရွိပါဘူး။
တစ္ခ်က္ေလးၾကည့္လုိက္ရံုနဲ႔ ကမာၻေပၚမွာ အနားယူလို႔အေကာင္းဆံုး
Paradise တစ္ခုမွန္း သိသာေစပါတယ္။ ဒါေပမဲ ႔စကၠန္႔အနည္းငယ္
အတြင္းမွာပဲ ဟုိးေအာက္ေျခထိဆြဲေခၚသြားႏုိင္တဲ့ Hawaii (ဟာ၀ုိင္ယီ)
ရဲ ႔ Queen’s bath လည္းျဖစ္ပါေသးတယ္။
ပင္လယ္နဲ႔စပ္မေနပဲ သဘာ၀အတုိင္း မီးေက်ာက္တံုး ေက်ာက္ေဆာင္
ေတြ ကာရံထားျပီး ေရကူးကန္ေလးလိုျဖစ္ေနတဲ႔ Queen’s Bath ဟာ
ဘာလို႔အႏၱရာယ္မ်ားတာလဲဆုိရင္ ပင္လယ္ေရစီးေၾကာင္း ေျပာင္းလဲလာ
ျပီး ေရလိႈင္းေတြၾကမ္းတမ္းလာတဲ႔အခါ ေရေတြက ေရကူးကန္ေလးထဲကုိ
ၾကမ္းတမ္းစြာ ၀င္ေရာက္လာတတ္ပါတယ္။ အဲ႔ဒီလုိ၀င္ေရာက္မယ့္
အေၾကာင္းလည္း သတိေပးခ်က္ မရွိပါဘူး။ ေသခ်ာပါတယ္။
သတိမထားမိဘူးဆုိရင္ တစ္မိနစ္အတြင္း သင္ေရနစ္သြားႏုိင္ပါတယ္။
ၾကီးမားတဲ႔ေရလိႈင္းလံုးေၾကာင့္လည္း ထိခိုက္ဒဏ္ရာရသြားႏုိင္ပါတယ္။
၂၀၁၃ တုန္းကဆုိရင္ လူ ၁၁ေယာက္ေရနစ္ျမွဳပ္ခဲ႔ပါတယ္တဲ႔။ တစ္ခ်ိဳ႔ဆုိ
ပင္လယ္ထဲကုိ လြင့္ပါသြားခဲ႔တာ လို႔သိရပါတယ္။ Queen's Bath
အပါအ၀င္ Hawaii က ကြ်န္းေနရာ ေတာ္ေတာ္မ်ားမ်ားက အႏၱရာယ္
မ်ားေၾကာင္း ခရီးသြားေတြကုိလည္း သတိေပးေၾကညာခ်က္ေတြလည္း
ထုတ္ခဲ႔ဖူးပါတယ္။ ဒါေပမဲ႔ ခရီးသြားေတြကေတာ့ သြားေနဆဲပါ။
အဲ႔ဒီေနရာကုိ လူအေယာက္ ၅၀၀၀ ေက်ာ္နီးပါး ဓာတ္ပံုေတြနဲ႔
Tag လုပ္ထားတာေတြ႔ရပါတယ္။
Hawaii (ဟာ၀ုိင္ယီ)ဟာ အႏၱရာယ္မ်ားသေလာက္လည္း
သဘာ၀အလွအပေတြ မ်ားျပားစံုလင္တဲ႔ ေနရာတစ္ခုပါ။
ေလွကားဆင့္ ၄၀၀၀ ရွိတဲ႔ Haiku Stairs မွာလည္း ေန႔တိုင္း
သြားလာစြန္႔စားေနသူေတြရွိေၾကာင္း သိရပါတယ္။ ဘယ္ေလာက္
လွပတဲ႔ေနရာပဲျဖစ္ျဖစ္ အႏၱရာယ္ေတြလည္း သူ႔ေနရာနဲ႔သူ ရွိပါတယ္။
အဲ႔ဒါေၾကာင့္ ခရီးသြားခ်စ္သူ၊ ပင္လယ္ခ်စ္သူတို႔ Queen's Bath ကုိ
သြားမယ္ဆုိရင္ ေသခ်ာသတိထားဖုိ႔ေတာ့ လိုတယ္လို႔မွာလိုက္ပါရေစ။
ဗီဒီယုိၾကည့္လုိပါက - (2:12)
How to Stay Safe at Hawaii’s Queen’s Bath Tourist Site
source:buzzy
link -
https://feel-planet.com/queens-bath-kauai-hawaii/
==============================
ခမ်းနားလှပသလောက် စက္ကန့်အနည်းငယ်အတွင်း
အန္တရာယ်တွင်းထဲဆွဲခေါ်သွားနိုင်တဲ့ Queen’s bath
----------------------------------------------------------
ခရစ်စတယ်လို တောက်ပကြည်လင်နေတဲ့ ရေတွေ၊ ကျောက်တုံး
ကျောက်ဆောင်တွေ၊ ပင်လယ်ရဲ့သင်္ကေတ အလှအပတွေ
ပြည့်နှက်နေတဲ့ Queen’s bath ကို မလာချင်တဲ့သူဆိုတာ မရှိပါဘူး။
တစ်ချက်လေးကြည့်လိုက်ရုံနဲ့ ကမ္ဘာပေါ်မှာ အနားယူလို့အကောင်းဆုံး
Paradise တစ်ခုမှန်း သိသာစေပါတယ်။ ဒါပေမဲ့စက္ကန့်အနည်းငယ်
အတွင်းမှာပဲ ဟိုးအောက်ခြေထိဆွဲခေါ်သွားနိုင်တဲ့ Hawaii (ဟာဝိုင်ယီ)
ရဲ့ Queen’s bath လည်းဖြစ်ပါသေးတယ်။
ပင်လယ်နဲ့စပ်မနေပဲ သဘာဝအတိုင်း မီးကျောက်တုံး ကျောက်ဆောင်
တွေ ကာရံထားပြီး ရေကူးကန်လေးလိုဖြစ်နေတဲ့ Queen’s Bath ဟာ
ဘာလို့အန္တရာယ်များတာလဲဆိုရင် ပင်လယ်ရေစီးကြောင်း ပြောင်းလဲလာ
ပြီး ရေလှိုင်းတွေကြမ်းတမ်းလာတဲ့အခါ ရေတွေက ရေကူးကန်လေးထဲကို
ကြမ်းတမ်းစွာ ဝင်ရောက်လာတတ်ပါတယ်။ အဲ့ဒီလိုဝင်ရောက်မယ့်
အကြောင်းလည်း သတိပေးချက် မရှိပါဘူး။ သေချာပါတယ်။
သတိမထားမိဘူးဆိုရင် တစ်မိနစ်အတွင်း သင်ရေနစ်သွားနိုင်ပါတယ်။
ကြီးမားတဲ့ရေလှိုင်းလုံးကြောင့်လည်း ထိခိုက်ဒဏ်ရာရသွားနိုင်ပါတယ်။
၂၀၁၃ တုန်းကဆိုရင် လူ ၁၁ယောက်ရေနစ်မြှုပ်ခဲ့ပါတယ်တဲ့။ တစ်ချို့ဆို
ပင်လယ်ထဲကို လွင့်ပါသွားခဲ့တာ လို့သိရပါတယ်။ Queen's Bath
အပါအဝင် Hawaii က ကျွန်းနေရာ တော်တော်များများက အန္တရာယ်
များကြောင်း ခရီးသွားတွေကိုလည်း သတိပေးကြေညာချက်တွေလည်း
ထုတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခရီးသွားတွေကတော့ သွားနေဆဲပါ။
အဲ့ဒီနေရာကို လူအယောက် ၅၀၀၀ ကျော်နီးပါး ဓာတ်ပုံတွေနဲ့
Tag လုပ်ထားတာတွေ့ရပါတယ်။
Hawaii (ဟာဝိုင်ယီ)ဟာ အန္တရာယ်များသလောက်လည်း
သဘာဝအလှအပတွေ များပြားစုံလင်တဲ့ နေရာတစ်ခုပါ။
လှေကားဆင့် ၄၀၀၀ ရှိတဲ့ Haiku Stairs မှာလည်း နေ့တိုင်း
သွားလာစွန့်စားနေသူတွေရှိကြောင်း သိရပါတယ်။ ဘယ်လောက်
လှပတဲ့နေရာပဲဖြစ်ဖြစ် အန္တရာယ်တွေလည်း သူ့နေရာနဲ့သူ ရှိပါတယ်။
အဲ့ဒါကြောင့် ခရီးသွားချစ်သူ၊ ပင်လယ်ချစ်သူတို့ Queen's Bath ကို
သွားမယ်ဆိုရင် သေချာသတိထားဖို့တော့ လိုတယ်လို့မှာလိုက်ပါရစေ။
source:buzzy
link -








No comments:
Post a Comment