ကမၻာ့အရက္စက္ဆုံး ေဘာလုံးအားကစားနည္း
“ကာလ္ခ်ိဳ စတိုရီကို” ...
---------------------------------------------------
Calcio Storico (ကာလ္ခ်ိဳ စတိုရီကို) အားကးစားနည္းဟာ
ေဘာလုံးလဲဝါသနာရွင္၊ ကိုယ္လုံပညာ သိုင္းေပါင္းစုံပြဲေတြကိုလည္း
ႏွစ္ၿခိဳက္တဲ့ ပရိသတ္ေတြ အႀကိဳက္ေတြ႕ေစမယ့္ အားကစားနည္း
တစ္မ်ိဳးျဖစ္ပါတယ္။ တစ္ကယ့္ ဖိုက္တာ စစ္စစ္ႀကီးေတြပဲ ဝင္ေရာက္
ကစားတဲ့ ကစားနည္းျဖစ္လို႔ ကမၻာေပၚမွာ အရက္စက္အၾကမ္းၾကဳတ္ဆုံး
အားကစားနည္းလို႔ ေျပာလို႔လည္းရပါတယ္။
ဒီကစားနည္းက အီတလီနိုင္ငံရဲ့ ရိုးရာအစဥ္လာ ကစားနည္းတစ္ခုျဖစ္ၿပီး
အီတလီနိုင္ငံရဲ့ ၿမိဳ႕ႀကီး တစ္ၿမိဳ႕ျဖစ္တဲ့ “စန္တာခရိုခ်ီ(Santa Croce)” က
ကြင္းျပင္ႀကီးထဲ့မွာ တစ္ႏွစ္လၽွင္တစ္ႀကိမ္သာ က်င္းပတဲ့ပြဲျဖစ္ပါတယ္။
ယွဥ္ၿပိဳင္ၾကတဲ့ အသင္းေတြအေနနဲ႔ အနီးနားကၿမိဳ႕ႀကီး ၄ ၿမိဳ႕ျဖစ္တဲ့
Santa Croce (အျပာ), Santa Maria Novella (အနီ), Santo Spirito
(အျဖဴ) နဲ႔ San Giovanni (အစိမ္း) တို႔က အုပ္စု ၄ စုအျဖစ္ ယွဥ္ၿပိဳင္ၾက
ရတာျဖစ္ပါတယ္။
အသင္းတစ္သင္းမွာ လူ ၂၇ ေယာက္ပါဝင္ၿပီး ၂၇ ဦးလုံး ဝင္ေရာက္
ကစားရတာျဖစ္ပါတယ္၊ အလ်ား မီတာ ၈၀၊ အနံ မီတာ ၄၀ က်ယ္တဲ့
ကြင္းထဲမွာ ပြဲကစားခ်ိန္ မိနစ္ ၅၀ ကို နားခ်ိန္မရွိဆက္တိုက္၊ လူစား
မထိုးရ စနစ္နဲ႔ ကစားၾကရတာျဖစ္ပါတယ္။ အသင္းသား ၂၇ ဦးမွာ
ဂိုးသမား ၄ ဦး၊ ေနာက္ခံလူ ၃ ဦး၊ အလယ္တန္း ၅ ဦး နဲ႔ ေရွ႕တန္း
၁၄ ဦးတို႔ျဖစ္ပါတယ္။
![]() |
| Apple_CEO_Tim_Cook_and_Andrea_Ceccherini_watch_Calcio_Fiorentino |
အသင္းတစ္ဖက္စီက ေနာက္ေက်ာဘက္မွာ သံစကာကာထားတဲ့
ေနရာက ဂိုးသြင္းရမယ့္ေနရာျဖစ္ပါတယ္။ ေဘာလုံးကို ေျခနဲ႔ျဖစ္ေစ
လက္နဲ႔ျဖစ္ေစ ႀကိဳက္သလို ကိုင္တြယ္ကစားနိုင္ၿပီး တစ္ဖက္အသင္းရဲ့
ေနာက္ခံ သံစကာကိုထိေအာင္ ကန္နိုင္/ပစ္ေပါက္နိုင္ရင္ အမွတ္(ပြိဳင့္)
ရပါတယ္။ ဂိုးမ်ားမ်ား သင္းနိုင္တဲ့ အဖြဲ႕က အနိုင္ရတာျဖစ္ပါတယ္။
ဒါေပမယ့္ ဒီေလာက္ေတာ့ မလြယ္ေသးပါဘူး၊ ကစားသမားေတြဟာ
တစ္သင္းနဲ႔တစ္သင္း မ်က္ႏွာခ်င္းဆိုင္ ေျခေတြလက္ေတြသုံးၿပီး
ထိုးႀကိတ္ကန္ေက်ာက္နိုင္ပါတယ္ ဒါ့အျပင္ ေျမပင္ေပၚလွဲခ်ၿပီး ခ်ဳပ္တာ
အလဲထိုးတာေတြကိုလည္း ခြင့္ျပဳထားပါေသးတယ္။ ဝင္တားမည့္သူ
မရွိပါဘူး၊ အကယ္၍ လုံးဝ ေနာက္ေကာက္က်သြားတာ ဒဏ္ရာအႀကီး
ႀကီးရသြားခဲ့ရင္ေတာ့ ေဆးအဖြဲ႕က လာၿပီးထမ္းထုတ္သြားပါလိမ့္မယ္။
ျပန္လည္ ဝင္ေရာက္ကစားခြင့္မရွိေတာ့တဲ့ အေတာ္ေလး ရက္စက္တဲ့
ကစားပြဲျဖစ္ပါတယ္။
ကစားပြဲနည္းပညာက ေရွွ႕တန္းလူေတြက တစ္ဖက္အသင္းေရွ႕တန္း
လူေတြ ၿပိဳလဲသြားေအာင္ တစ္ဖက္နဲ႔တစ္ဖက္ စတင္ထိုးႀကိတ္ရတာ
ျဖစ္ပါတယ္၊ အဲဒီေနာက္မွာ ေနာက္ခံလူေတြက ေဘာလုံးကို ဆြဲသြားၿပီး
တစ္ဖက္အသင္းကို ဂိုးသြင္းရတာျဖစ္ပါတယ္။ ေဘာလုံးဆြဲလာသူကို
တစ္ဖက္အသင္းက ႀကိဳက္တဲ့ပုံစံနဲ႔ တားျမစ္လို႔ရပါတယ္။
ေရွးယခင္အစဥ္ဆက္ထဲက ကစားခဲ့တဲ့ ဒီအားကစားနည္းကို
ျပင္သစ္ဘုရင္ King Henry III က ၁၅၇၃ ခုႏွစ္မွာ ပြဲလာၾကည့္စဥ္က
ဒီကစားနည္းဟာ “စစ္ပြဲဆိုရင္လည္း တိုက္ပြဲအေသးစား၊ အားကစားလို႔
ဆိုရင္လည္း အရမ္းရက္စက္တဲ့ အားကစားပဲ”လို႔ မွတ္ခ်က္
ေပးခဲ့ဖူးပါတယ္။
ဒီကစားနည္းမွာ တားျမစ္ခ်က္ေလးေတြေတာ့ရွိပါတယ္၊
လူတစ္ေယာက္ထဲကို ႏွစ္ေယာက္သုံးေယာက္ ဝိုင္းတိုက္ခိုက္တာ၊
ဦးေခါင္းကို ေျခနဲ႔မကန္ရတာ (အထူးသျဖင့္ ေျမႀကီးေပၚလဲေနခ်ိန္)တို႔
ျဖစ္ပါတယ္။ အကယ္၍ ျပဳလုပ္ခဲ့မယ္ဆိုရင္ေတာ့ ၿပိဳင္ပြဲကေန ထုတ္ပယ္
ခံရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ေဘာလုံးက ပိုက္တန္းကို ေက်ာ္သြားခဲ့ရင္
တစ္ဖက္အသင္းကို (0.5) အမွတ္ေပးလိုက္ရတာေၾကာင့္ ပိုက္မေက်ာ္
ေအာင္လဲ သတိထားရမွာပါ။
ဂိုးတစ္ခါရၿပီးတိုင္း အသင္းႏွစ္သင္း ဘက္ေျပာင္းလဲေပးရပါတယ္၊
အဲဒီအခ်ိန္မွာ တိုက္ခိုက္တာေတြ လုပ္လို႔မရပါဘူး။
ဒီလိုပြဲမွာ ဝင္ေရာက္ကစားၾကသူေတြက ေၾကးစားကစားသမားေတြ
မဟုတ္ၾကပဲ လူမွုဝန္ထမ္းစိတ္နဲ႔ စာရင္းေပးၿပီး ဝင္ကစားၾကရတာ
ျဖစ္ပါတယ္။ အသင္းသားတစ္ေယာက္ျဖစ္ဖို႔ဆိုရင္ မိမိကိုယ္စားျပဳတဲ့
ၿမိဳ႕မွာ ေမြးဖြားသူ (သို႔) အနည္းဆုံး ၁၀ ႏွစ္ဆက္တိုက္ ေနထိုင္တဲ့
ၿမိဳ႕ေတာ္သား ျဖစ္ရပါမယ္။ စားရင္းသြင္းၿပီးၿပီဆိုရင္ေတာ့ ဒီပြဲကို
ဝင္ေရာက္ယွဥ္ၿပိဳင္ကစားဖို႔ ေလ့က်င့္ေရးေတြ ဆင္းရမွာျဖစ္ပါတယ္။
ယခုႏွစ္ျပဳလုပ္တဲ့ ကာလ္ခ်ိဳ စတိုရီကို ကစားပြဲကို Apple ရဲ့ စီအီးအို
တင္မ္ကြတ္ လာေရာက္ၾကည့္ရွုတာကို ပရိသတ္ေတြၾကားမွာ
ေတြ႕ရပါတယ္။ အဲဒီပြဲမွာ San Giovanni အသင္းက Santo Spirito
အသင္းကို ၉.၅ ပြိဳင့္နဲ႔ အနိုင္ရခဲ့ပါတယ္။ ေနာက္ဆုံး ဗိုလ္လုပြဲကေတာ့
ဇြန္လ ၂၄ ရက္ေန႔မွာ က်င္းပမွာျဖစ္ပါတယ္။
ေဘာလုံးကစားရင္ ရန္ျဖစ္တတ္တဲ့သူေတြကို အဲဒီလို
ကစားနည္းသီးသန႔္ ကစားခိုင္းရင္ေကာင္းမလားပဲေနာ္။
နမူနာၾကည့္လုိပါက - (2:43)
Calcio storico fiorentino Fight zoom
source:popolay
link -
http://www.popolay.com/program-detail.php?pml=14140
===========================
ကမ္ဘာ့အရက်စက်ဆုံး ဘောလုံးအားကစားနည်း
“ကာလ်ချို စတိုရီကို” ...
---------------------------------------------------
Calcio Storico (ကာလ်ချို စတိုရီကို) အားကးစားနည်းဟာ
ဘောလုံးလဲဝါသနာရှင်၊ ကိုယ်လုံပညာ သိုင်းပေါင်းစုံပွဲတွေကိုလည်း
နှစ်ခြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် အားကစားနည်း
တစ်မျိုးဖြစ်ပါတယ်။ တစ်ကယ့် ဖိုက်တာ စစ်စစ်ကြီးတွေပဲ ဝင်ရောက်
ကစားတဲ့ ကစားနည်းဖြစ်လို့ ကမ္ဘာပေါ်မှာ အရက်စက်အကြမ်းကြုတ်ဆုံး
အားကစားနည်းလို့ ပြောလို့လည်းရပါတယ်။
ဒီကစားနည်းက အီတလီနိုင်ငံရဲ့ ရိုးရာအစဉ်လာ ကစားနည်းတစ်ခုဖြစ်ပြီး
အီတလီနိုင်ငံရဲ့ မြို့ကြီး တစ်မြို့ဖြစ်တဲ့ “စန်တာခရိုချီ(Santa Croce)” က
ကွင်းပြင်ကြီးထဲ့မှာ တစ်နှစ်လျှင်တစ်ကြိမ်သာ ကျင်းပတဲ့ပွဲဖြစ်ပါတယ်။
ယှဉ်ပြိုင်ကြတဲ့ အသင်းတွေအနေနဲ့ အနီးနားကမြို့ကြီး ၄ မြို့ဖြစ်တဲ့
Santa Croce (အပြာ), Santa Maria Novella (အနီ), Santo Spirito
(အဖြူ) နဲ့ San Giovanni (အစိမ်း) တို့က အုပ်စု ၄ စုအဖြစ် ယှဉ်ပြိုင်ကြ
ရတာဖြစ်ပါတယ်။
အသင်းတစ်သင်းမှာ လူ ၂၇ ယောက်ပါဝင်ပြီး ၂၇ ဦးလုံး ဝင်ရောက်
ကစားရတာဖြစ်ပါတယ်၊ အလျား မီတာ ၈၀၊ အနံ မီတာ ၄၀ ကျယ်တဲ့
ကွင်းထဲမှာ ပွဲကစားချိန် မိနစ် ၅၀ ကို နားချိန်မရှိဆက်တိုက်၊ လူစား
မထိုးရ စနစ်နဲ့ ကစားကြရတာဖြစ်ပါတယ်။ အသင်းသား ၂၇ ဦးမှာ
ဂိုးသမား ၄ ဦး၊ နောက်ခံလူ ၃ ဦး၊ အလယ်တန်း ၅ ဦး နဲ့ ရှေ့တန်း
၁၄ ဦးတို့ဖြစ်ပါတယ်။
အသင်းတစ်ဖက်စီက နောက်ကျောဘက်မှာ သံစကာကာထားတဲ့
နေရာက ဂိုးသွင်းရမယ့်နေရာဖြစ်ပါတယ်။ ဘောလုံးကို ခြေနဲ့ဖြစ်စေ
လက်နဲ့ဖြစ်စေ ကြိုက်သလို ကိုင်တွယ်ကစားနိုင်ပြီး တစ်ဖက်အသင်းရဲ့
နောက်ခံ သံစကာကိုထိအောင် ကန်နိုင်/ပစ်ပေါက်နိုင်ရင် အမှတ်(ပွိုင့်)
ရပါတယ်။ ဂိုးများများ သင်းနိုင်တဲ့ အဖွဲ့က အနိုင်ရတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီလောက်တော့ မလွယ်သေးပါဘူး၊ ကစားသမားတွေဟာ
တစ်သင်းနဲ့တစ်သင်း မျက်နှာချင်းဆိုင် ခြေတွေလက်တွေသုံးပြီး
ထိုးကြိတ်ကန်ကျောက်နိုင်ပါတယ် ဒါ့အပြင် မြေပင်ပေါ်လှဲချပြီး ချုပ်တာ
အလဲထိုးတာတွေကိုလည်း ခွင့်ပြုထားပါသေးတယ်။ ဝင်တားမည့်သူ
မရှိပါဘူး၊ အကယ်၍ လုံးဝ နောက်ကောက်ကျသွားတာ ဒဏ်ရာအကြီး
ကြီးရသွားခဲ့ရင်တော့ ဆေးအဖွဲ့က လာပြီးထမ်းထုတ်သွားပါလိမ့်မယ်။
ပြန်လည် ဝင်ရောက်ကစားခွင့်မရှိတော့တဲ့ အတော်လေး ရက်စက်တဲ့
ကစားပွဲဖြစ်ပါတယ်။
ကစားပွဲနည်းပညာက ရှေ့တန်းလူတွေက တစ်ဖက်အသင်းရှေ့တန်း
လူတွေ ပြိုလဲသွားအောင် တစ်ဖက်နဲ့တစ်ဖက် စတင်ထိုးကြိတ်ရတာ
ဖြစ်ပါတယ်၊ အဲဒီနောက်မှာ နောက်ခံလူတွေက ဘောလုံးကို ဆွဲသွားပြီး
တစ်ဖက်အသင်းကို ဂိုးသွင်းရတာဖြစ်ပါတယ်။ ဘောလုံးဆွဲလာသူကို
တစ်ဖက်အသင်းက ကြိုက်တဲ့ပုံစံနဲ့ တားမြစ်လို့ရပါတယ်။
ရှေးယခင်အစဉ်ဆက်ထဲက ကစားခဲ့တဲ့ ဒီအားကစားနည်းကို
ပြင်သစ်ဘုရင် King Henry III က ၁၅၇၃ ခုနှစ်မှာ ပွဲလာကြည့်စဉ်က
ဒီကစားနည်းဟာ “စစ်ပွဲဆိုရင်လည်း တိုက်ပွဲအသေးစား၊ အားကစားလို့
ဆိုရင်လည်း အရမ်းရက်စက်တဲ့ အားကစားပဲ”လို့ မှတ်ချက်
ပေးခဲ့ဖူးပါတယ်။
ဒီကစားနည်းမှာ တားမြစ်ချက်လေးတွေတော့ရှိပါတယ်၊
လူတစ်ယောက်ထဲကို နှစ်ယောက်သုံးယောက် ဝိုင်းတိုက်ခိုက်တာ၊
ဦးခေါင်းကို ခြေနဲ့မကန်ရတာ (အထူးသဖြင့် မြေကြီးပေါ်လဲနေချိန်)တို့
ဖြစ်ပါတယ်။ အကယ်၍ ပြုလုပ်ခဲ့မယ်ဆိုရင်တော့ ပြိုင်ပွဲကနေ ထုတ်ပယ်
ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံးက ပိုက်တန်းကို ကျော်သွားခဲ့ရင်
တစ်ဖက်အသင်းကို (0.5) အမှတ်ပေးလိုက်ရတာကြောင့် ပိုက်မကျော်
အောင်လဲ သတိထားရမှာပါ။
ဂိုးတစ်ခါရပြီးတိုင်း အသင်းနှစ်သင်း ဘက်ပြောင်းလဲပေးရပါတယ်၊
အဲဒီအချိန်မှာ တိုက်ခိုက်တာတွေ လုပ်လို့မရပါဘူး။
ဒီလိုပွဲမှာ ဝင်ရောက်ကစားကြသူတွေက ကြေးစားကစားသမားတွေ
မဟုတ်ကြပဲ လူမှုဝန်ထမ်းစိတ်နဲ့ စာရင်းပေးပြီး ဝင်ကစားကြရတာ
ဖြစ်ပါတယ်။ အသင်းသားတစ်ယောက်ဖြစ်ဖို့ဆိုရင် မိမိကိုယ်စားပြုတဲ့
မြို့မှာ မွေးဖွားသူ (သို့) အနည်းဆုံး ၁၀ နှစ်ဆက်တိုက် နေထိုင်တဲ့
မြို့တော်သား ဖြစ်ရပါမယ်။ စားရင်းသွင်းပြီးပြီဆိုရင်တော့ ဒီပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ကစားဖို့ လေ့ကျင့်ရေးတွေ ဆင်းရမှာဖြစ်ပါတယ်။
ယခုနှစ်ပြုလုပ်တဲ့ ကာလ်ချို စတိုရီကို ကစားပွဲကို Apple ရဲ့ စီအီးအို
တင်မ်ကွတ် လာရောက်ကြည့်ရှုတာကို ပရိသတ်တွေကြားမှာ
တွေ့ရပါတယ်။ အဲဒီပွဲမှာ San Giovanni အသင်းက Santo Spirito
အသင်းကို ၉.၅ ပွိုင့်နဲ့ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲကတော့
ဇွန်လ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
ဘောလုံးကစားရင် ရန်ဖြစ်တတ်တဲ့သူတွေကို အဲဒီလို
ကစားနည်းသီးသန့် ကစားခိုင်းရင်ကောင်းမလားပဲနော်။
source:popolay
link -







No comments:
Post a Comment