ေက်ာင္းလည္းလွဴ ကေလးေတြကိုလည္း
ေပ်ာ္ေအာင္လုပ္ေပးတဲ့ ေဝဠဳေက်ာ္ ...
--------------------------------------------
သရုပ္ေဆာင္ ေဝဠဳေက်ာ္ ဦးေဆာင္တဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းက
စစ္ကိုင္းတိုင္းေဒသႀကီး ၊ကန္႕ဘလူၿမိဳ႕နယ္ မွာ မူလတန္း ေက်ာင္း
ေဆာင္ ေဆာက္လုပ္လွဴဒါန္းခဲ့ပါတယ္။ ေဝဠဳေက်ာ္ဟာေဖာင္ေဒးရွင္းက
ေဆာက္လုပ္လွဴဒါန္းခဲ့တဲ့ ေက်ာင္းမွာ လိုအပ္တဲ့ ေက်ာင္းသံုးပစၥည္းေတြ
သြားၿပီး လွဴဒါန္းခဲ့သလုိ ကေလးေတြနဲ႕ ရြာသူရြာသားမ်ားကို ေဖ်ာ္ေျဖ
ေပးခဲ့ၾကတာ ေတြ႕ရပါတယ္။
ခ်စ္စရာ အမူအရာေလးမ်ားနဲ႕ ကေလးေတြ ေက်ာင္းသူေက်ာင္းသားေတြ
ရြာသူရြာသားမ်ားကို ေဖ်္ာေျဖခဲ့တဲ့ ေဝဠဳေက်ာ္ရဲ႕ ပံုရိပ္ေလးေတြက
ခ်စ္ဖို႕ေကာင္းလွတာကို ေတြ႕ရပါတယ္။ သူတုိ႕ရဲ႕ လွဴဒါန္းမႈကုိလည္း
ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ယခုလို ေျပာျပထားတာ
ေတြ႕ရပါတယ္။
"ကေလးဆိုးမ်ား ကို ဆရာမ အျပစ္ေပး
(ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း မွ ေဆာက္လုပ္ လႉဒါန္းထားေသာ
စစ္ကိုင္းတိုင္းေဒသႀကီး ၊ကန္႔ဘလူၿမိဳ႕နယ္၊ေရရွင္အုပ္စု၊
စမ္းေခ်ာင္းေက်းရြာ ၊ကိုယ့္အားကိုယ့္ကိုး မူလတန္းေက်ာင္းေဆာင္
ဖြင့္ပြဲ၌ ေက်ာင္းသုးံပစၥည္းမ်ား ကူညီေထာက္ပ့ံေပးၿပီး
ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ရြာသူရြာသားမ်ားအား ေဖ်ာ္ေျဖ)"
ဆိုၿပီး ေရးသားထားတာေတြ႕ရပါတယ္။
ေဝဠဳေက်ာ္ဟာ ပရိသတ္ေတြ ေလးစားအားက်ရတဲ့ သရုပ္ေဆာင္
တစ္ဦးလည္း ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ဟာ ၂၀၀၉ခုႏွစ္ကစၿပီး
လူမႈအက်ိဳးျပဳအလုပ္ေတြကို လုပ္ကိုင္ဖို႕ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို
စၿပီး တည္ေထာင္ျဖစ္ခဲ့တာပါ။ ေဝဠဳေက်ာ္က ေတာ့ အႏုပညာအလုပ္
ေတြသာမက ပရဟိတအလုပ္ေတြကိုပါ အားတတ္သေရာ ပါဝင္လႈပ္ရွား
ေနသူ တစ္ဦး ျဖစ္ပါတယ္။
ရခိုင္အေရးကိစၥမွာလည္း ပါဝင္လႈပ္ရွားခဲ့သလို ယခုထက္တိုင္
ေမာင္ေတာဘက္မွာ လိုအပ္တာေတြကို ကူညီလုပ္ကိုင္ ေပးလ်က္ရွိ
ပါတယ္။ ထို႕အျပင္ ၂၀၁၆ ခုႏွစ္ရဲ႕ တစ္ႏွစ္တာအတြင္းမွာ ၾကံဳေတြ႕ခဲ့
ရတဲ့ ျမန္မာႏိုင္ငံရဲ႕ စစ္ေဘး၊မီးေဘး၊ေရေဘး၊ေျမၿပိဳမႈေတြမွာ
အလ်င္အျမန္အကူ အညီေပးနုိင္သူ တစ္ဦးျဖစ္တဲ့ ေဝဠဳေက်ာ္ကေတာ့
7Day News Journal ရဲ႕ သူရဲေကာင္းဆုကို ရရွိခဲ့ပါတယ္။
၂၀၁၇ခုႏွစ္ ဒီဇင္ဘာ(၁၅) ရက္ေန႕ကလည္း ေဝဠဳေက်ာ္ဟာ
ရခိုင္ျပည္နယ္နဲ႕ ရခိုင္အက်ိဳးစီးပြားကို စြမ္းစြမ္းတမံ ေဆာင္ရြက္ႏိုင္ခဲ့တဲ့
အတြက္ ရခိုင္ဂုဏ္ေဆာင္ဆုကို ခ်ီးျမွင့္ျခင္းခံခဲ့ရပါတယ္။ ပရဟိတ
လုပ္ငန္းမ်ားကို စိတ္ေရာကိုယ္ပါႏွစ္ၿပီး လုပ္ကိုင္ေနတဲ့ ေဝဠဳေက်ာ္နဲ႕
သူတည္ေထာင္ထားတဲ့ ေဖာင္ေဒးရွင္းကေတာ့ အခက္အခဲေတြ႕ေနသူ
ျပည္သူမ်ားအတြက္ အားေဆးတစ္ခြက္လို႕ဆိုရမွာပါ။
source:ဖိုးသူေတာ္
Credit: Duwun
============================
ကျောင်းလည်းလှူ ကလေးတွေကိုလည်း
ပျော်အောင်လုပ်ပေးတဲ့ ဝေဠုကျော် ...
--------------------------------------------
သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းက
စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့်ဘလူမြို့နယ် မှာ မူလတန်း ကျောင်း
ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ဝေဠုကျော်ဟာဖောင်ဒေးရှင်းက
ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျောင်းမှာ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းတွေ
သွားပြီး လှူဒါန်းခဲ့သလို ကလေးတွေနဲ့ ရွာသူရွာသားများကို ဖျော်ဖြေ
ပေးခဲ့ကြတာ တွေ့ရပါတယ်။
ချစ်စရာ အမူအရာလေးများနဲ့ ကလေးတွေ ကျောင်းသူကျောင်းသားတွေ
ရွာသူရွာသားများကို ဖျေ်ာဖြေခဲ့တဲ့ ဝေဠုကျော်ရဲ့ ပုံရိပ်လေးတွေက
ချစ်ဖို့ကောင်းလှတာကို တွေ့ရပါတယ်။ သူတို့ရဲ့ လှူဒါန်းမှုကိုလည်း
ဝေဠုကျော် ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ယခုလို ပြောပြထားတာ
တွေ့ရပါတယ်။
"ကလေးဆိုးများ ကို ဆရာမ အပြစ်ပေး
(ဝေဠုကျော်ဖောင်ဒေးရှင်း မှ ဆောက်လုပ် လှူဒါန်းထားသော
စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့်ဘလူမြို့နယ်၊ရေရှင်အုပ်စု၊
စမ်းချောင်းကျေးရွာ ၊ကိုယ့်အားကိုယ့်ကိုး မူလတန်းကျောင်းဆောင်
ဖွင့်ပွဲ၌ ကျောင်းသုးံပစ္စည်းများ ကူညီထောက်ပံ့ပေးပြီး
ကျောင်းသားကျောင်းသူများနှင့် ရွာသူရွာသားများအား ဖျော်ဖြေ)"
ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။
ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင်
တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး
လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို
စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က တော့ အနုပညာအလုပ်
တွေသာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှား
နေသူ တစ်ဦး ဖြစ်ပါတယ်။
ရခိုင်အရေးကိစ္စမှာလည်း ပါဝင်လှုပ်ရှားခဲ့သလို ယခုထက်တိုင်
မောင်တောဘက်မှာ လိုအပ်တာတွေကို ကူညီလုပ်ကိုင် ပေးလျက်ရှိ
ပါတယ်။ ထို့အပြင် ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့
ရတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေး၊မီးဘေး၊ရေဘေး၊မြေပြိုမှုတွေမှာ
အလျင်အမြန်အကူ အညီပေးနိုင်သူ တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့
7Day News Journal ရဲ့ သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။
၂၀၁၇ခုနှစ် ဒီဇင်ဘာ(၁၅) ရက်နေ့ကလည်း ဝေဠုကျော်ဟာ
ရခိုင်ပြည်နယ်နဲ့ ရခိုင်အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တဲ့
အတွက် ရခိုင်ဂုဏ်ဆောင်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ပရဟိတ
လုပ်ငန်းများကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတဲ့ ဝေဠုကျော်နဲ့
သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကတော့ အခက်အခဲတွေ့နေသူ
ပြည်သူများအတွက် အားဆေးတစ်ခွက်လို့ဆိုရမှာပါ။
source:ဖိုးသူတော်
Credit: Duwun









No comments:
Post a Comment