မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 13, 2020

ျမန္မာနိုင္ငံရဲ့ခရီးသြားမွတ္တမ္း

 ျမန္မာနိုင္ငံရဲ့ခရီးသြားမွတ္တမ္းကို 

႐ုိက္ျပခဲ့တဲ့ ကိုရီးယားသူေလးႏွစ္ေယာက္

-----------------------------------------------

ဆိုဂ်င္း နဲ႔ (Sojin) နဲ႔ ရွင္းအာေယာင္း (ShinAhyoung) လို႔ေခၚတဲ့ 

ခ်စ္စရာေကာင္းတဲ့ ကိုရီးယားမေလး ႏွစ္ေယာက္ဟာ ျမန္မာနိုင္ငံကို 

လာေရာက္လည္ပတ္ခဲ့ပါတယ္ ။ ျမန္မာ နိုင္ငံကို လာေရာက္လည္ပတ္

ခဲ့တဲ့ သူမတို႔ ႏွစ္ေယာက္ဟာ ျမန္မာနိုင္ငံရဲ့ ခရီးသြား မွတ္တမ္း Video

ေလးကို ျမန္မာနိုင္ငံကိုလာမလည္ခ်င္ဘဲ မေနနိုင္ေအာင္ ခ်စ္စရာ

ေကာင္းတဲ့ ဟန္ပန္ေလးေတြနဲ႔ ႐ုိက္ကူးျပခဲ့ပါတယ္ ။

သူမတို႔႐ုိက္ကူးခဲ့တဲ့ ျမန္မာနိုင္ငံခရီးသြားမွတ္တမ္း ဗီဒီယိုေလးဟာ

ၾကည့္ရွုသူေတြရဲ့ ရင္ထဲကို လာလည္ခ်င္စိတ္ေတြ တဖြားဖြားေပၚေအာင္

စြဲေဆာင္ ညိဳ႕ယူေနပါတယ္ ။ သူမတို႔ရဲ့ ဗီဒီယိုေလးကို ၾကည့္ၿပီး 

ကိုယ့္နိုင္ငံဟာ အရမ္းကို လွပလြန္းလို႔ တစ္နိုင္ငံလုံးအႏွံ႔ လည္ပတ္

ခ်င္စိတ္ေတြ တဖြားဖြားျဖစ္ေပၚလာေစမွာ အေသခ်ာပါဘဲေနာ္ ။ 

လြန္ခဲ့တဲ့ သၾကၤန္ရက္ ေတြတုန္းကလည္း ကိုရီးယားမေလးႏွစ္ေယာက္

ဟာ ျမန္မာနိုင္ငံရဲ့အတာသၾကၤန္ပြဲကို ေပ်ာ္ရႊင္စြာပါဝင္ ႏႊဲေပ်ာ္ခဲ့တဲ့ 

Video ေလးကို ႐ုိက္ကူးခဲ့ပါေသးတယ္ ။

အခုလို ကိုယ့္နိုင္ငံရဲ့အလွအပေတြကို တျခားနိုင္ငံက ကမၻာ့လွည့္

ခရီးသြားေတြ က တကူးတက ရိုက္ကူးေပးတာ အရမ္းကို ဂုဏ္ယူစရာ

ေကာင္းပါတယ္ ။ ခ်စ္စရာေကာင္း တဲ့ အသြင္ျပင္ေလးေတြနဲ႔ သူမတို႔

ႏွစ္ေယာက္ရယ္ သူမတို႔ရဲ့ ႐ုိက္ကူးမွုေလးေတြရယ္က ျမန္မာနိုင္ငံကို

လာလည္ခ်င္ေအာင္ တကယ္ဘဲ ဆြဲေဆာင္ေနတာပါ ။ ခ်စ္ပရိတ္သတ္ 

ႀကီး အတြက္ ကိုရီးယားမေလး ႏွစ္ေယာက္ရဲ့ ျမန္မာနိုင္ငံခရီးသြား

မွတ္တမ္းကို ျပန္လည္ မၽွ ေဝေပးလိုက္ရပါတယ္ေနာ္ ။


Phyo, Myanmarload

Source : Sojin & ShinAhyoung

link -

https://www.allkpop.com/article/2018/05/girls-days-sojin-and-shin-ah-young-enjoy-myanmars-thingyan-festival-on-battle-trip

ဗီဒီယုိကုိေတာ့ ေအာက္ကလိပ္စာေတြမွာ ၾကည့္ႏုိင္ပါတယ္။

၂၀၁၈ ခုႏွစ္ ဧၿပီလအတြင္းမွာ လာေရာက္႐ုိက္ကူးသြားတာမုိ႔

သႀကၤန္ျမင္ကြင္းေတြကုိလည္း ေတြ႕ျမင္ရမွာပါ...။  

၁၉ လမ္းထဲမွာ

https://streamable.com/y7kp7

၂၈ လမ္းနဲ႔ သိမ္ႀကီးေစ်းဘက္

https://streamable.com/h01kz

ရန္ကုန္ျမင္ကြင္း

https://streamable.com/et4ty

သႀကၤန္လည္မယ္

https://streamable.com/h01kz

ဘားလမ္းထဲက လမ္းေလွ်ာက္သႀကၤန္

https://streamable.com/ddilr


Sojin and ShinAhyoung, two korean women visit in Myanmar

Girl's Day's Sojin and Shin Ah Young enjoy Myanmar's Thingyan festival on 'Battle Trip' 


배틀트립 BattleTrip - 4가지 맛! 미얀마 전통차 ‘라페예이’. 20180512 

3:53  



==========================


မြန်မာနိုင်ငံရဲ့ခရီးသွားမှတ်တမ်းကို 

ရိုက်ပြခဲ့တဲ့ ကိုရီးယားသူလေးနှစ်ယောက်

-----------------------------------------------

ဆိုဂျင်း နဲ့ (Sojin) နဲ့ ရှင်းအာယောင်း (ShinAhyoung) လို့ခေါ်တဲ့ 

ချစ်စရာကောင်းတဲ့ ကိုရီးယားမလေး နှစ်ယောက်ဟာ မြန်မာနိုင်ငံကို 

လာရောက်လည်ပတ်ခဲ့ပါတယ် ။ မြန်မာ နိုင်ငံကို လာရောက်လည်ပတ်

ခဲ့တဲ့ သူမတို့ နှစ်ယောက်ဟာ မြန်မာနိုင်ငံရဲ့ ခရီးသွား မှတ်တမ်း Video

လေးကို မြန်မာနိုင်ငံကိုလာမလည်ချင်ဘဲ မနေနိုင်အောင် ချစ်စရာ

ကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ရိုက်ကူးပြခဲ့ပါတယ် ။

သူမတို့ရိုက်ကူးခဲ့တဲ့ မြန်မာနိုင်ငံခရီးသွားမှတ်တမ်း ဗီဒီယိုလေးဟာ

ကြည့်ရှုသူတွေရဲ့ ရင်ထဲကို လာလည်ချင်စိတ်တွေ တဖွားဖွားပေါ်အောင်

စွဲဆောင် ညို့ယူနေပါတယ် ။ သူမတို့ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး 

ကိုယ့်နိုင်ငံဟာ အရမ်းကို လှပလွန်းလို့ တစ်နိုင်ငံလုံးအနှံ့ လည်ပတ်

ချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာစေမှာ အသေချာပါဘဲနော် ။ 

လွန်ခဲ့တဲ့ သင်္ကြန်ရက် တွေတုန်းကလည်း ကိုရီးယားမလေးနှစ်ယောက်

ဟာ မြန်မာနိုင်ငံရဲ့အတာသင်္ကြန်ပွဲကို ပျော်ရွှင်စွာပါဝင် နွှဲပျော်ခဲ့တဲ့ 

Video လေးကို ရိုက်ကူးခဲ့ပါသေးတယ် ။


အခုလို ကိုယ့်နိုင်ငံရဲ့အလှအပတွေကို တခြားနိုင်ငံက ကမ္ဘာ့လှည့်

ခရီးသွားတွေ က တကူးတက ရိုက်ကူးပေးတာ အရမ်းကို ဂုဏ်ယူစရာ

ကောင်းပါတယ် ။ ချစ်စရာကောင်း တဲ့ အသွင်ပြင်လေးတွေနဲ့ သူမတို့

နှစ်ယောက်ရယ် သူမတို့ရဲ့ ရိုက်ကူးမှုလေးတွေရယ်က မြန်မာနိုင်ငံကို

လာလည်ချင်အောင် တကယ်ဘဲ ဆွဲဆောင်နေတာပါ ။ ချစ်ပရိတ်သတ် 

ကြီး အတွက် ကိုရီးယားမလေး နှစ်ယောက်ရဲ့ မြန်မာနိုင်ငံခရီးသွား

မှတ်တမ်းကို ပြန်လည် မျှ ဝေပေးလိုက်ရပါတယ်နော် ။


Phyo, Myanmarload

Source : Sojin & ShinAhyoung

link -

https://www.allkpop.com/article/2018/05/girls-days-sojin-and-shin-ah-young-enjoy-myanmars-thingyan-festival-on-battle-trip

ဗီဒီယိုကိုတော့ အောက်ကလိပ်စာတွေမှာ ကြည့်နိုင်ပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်းမှာ လာရောက်ရိုက်ကူးသွားတာမို့

သင်္ကြန်မြင်ကွင်းတွေကိုလည်း တွေ့မြင်ရမှာပါ...။  

၁၉ လမ်းထဲမှာ

https://streamable.com/y7kp7

၂၈ လမ်းနဲ့ သိမ်ကြီးဈေးဘက်

https://streamable.com/h01kz

ရန်ကုန်မြင်ကွင်း

https://streamable.com/et4ty

သင်္ကြန်လည်မယ်

https://streamable.com/h01kz

ဘားလမ်းထဲက လမ်းလျှောက်သင်္ကြန်

https://streamable.com/ddilr

No comments:

Post a Comment