းးးးးးးးးးးးးးးးးးးး
အေဖ့မွာတမ္း
းးးးးးးးးးးးးးးးးးးး
သူေဌး ။ ။ ဒီမွာငါ့သား၊ လုပ္ငန္းႀကီး တစ္ခု လုပ္ေတာ့မယ္ဆိုရင္
ကိုင္စဲြထားရမယ့္ အေျခခံ သေဘာတရားႀကီး ႏွစ္ခု ရွိတယ္ကြ။
အဲဒါကေတာ့ ႐ိုးသားျခင္းနဲ႔ အေျမာ္အျမင္ႀကီးျခင္း ဆိုတာပဲ ။
သား ။ ။ ဘယ္လုိ အဓိပၸာယ္လဲ ဒက္ဒီ ။
သူေဌး ။ ။ လုပ္ငန္းအေပၚမွာ ႐ိုးသားျခင္းဆိုတာက မင္းအေနနဲ႔
တစ္ေယာက္ေယာက္ကို လုပ္ေပးပါမယ္လို႔ ကတိ ေပးထားရင္
အဲဒီ ကတိ တည္ရမယ္။ အုိကြာ မင္းမွာ ေဒဝါလီ ခံရပါေတာ့မယ္
ဆိုရင္ေတာင္မွ ျဖစ္ေအာင္ကို လုပ္ေပးရမယ္ ။
သား ။ ။ အေျမာ္အျမင္ႀကီးျခင္း ဆိုတာကေရာ ။
သူေဌး ။ ။ မွတ္ထား... အဲဒီ ကတိမ်ဳိး
ဘယ္သူ႔ကုိမွ ဘယ္ေတာ့မွ မေပးမိေစနဲ႔ ။
:-) :-) :-)
.
ျပန္လည္မွ်ေဝေပးတဲ့ အေဟာင္းေတြထဲကတစ္ခုပါ
===========================
းးးးးးးးးးးးးးးးးးးး
အဖေ့မှာတမ်း
းးးးးးးးးးးးးးးးးးးး
သူဌေး ။ ။ ဒီမှာငါ့သား၊ လုပ်ငန်းကြီး တစ်ခု လုပ်တော့မယ်ဆိုရင်
ကိုင်စွဲထားရမယ့် အခြေခံ သဘောတရားကြီး နှစ်ခု ရှိတယ်ကွ။
အဲဒါကတော့ ရိုးသားခြင်းနဲ့ အမြော်အမြင်ကြီးခြင်း ဆိုတာပဲ ။
သား ။ ။ ဘယ်လို အဓိပ္ပာယ်လဲ ဒက်ဒီ ။
သူဌေး ။ ။ လုပ်ငန်းအပေါ်မှာ ရိုးသားခြင်းဆိုတာက မင်းအနေနဲ့
တစ်ယောက်ယောက်ကို လုပ်ပေးပါမယ်လို့ ကတိ ပေးထားရင်
အဲဒီ ကတိ တည်ရမယ်။ အိုကွာ မင်းမှာ ဒေဝါလီ ခံရပါတော့မယ်
ဆိုရင်တောင်မှ ဖြစ်အောင်ကို လုပ်ပေးရမယ် ။
သား ။ ။ အမြော်အမြင်ကြီးခြင်း ဆိုတာကရော ။
သူဌေး ။ ။ မှတ်ထား... အဲဒီ ကတိမျိုး
ဘယ်သူ့ကိုမှ ဘယ်တော့မှ မပေးမိစေနဲ့ ။
:-) :-) :-)
.
ပြန်လည်မျှဝေပေးတဲ့ အဟောင်းတွေထဲကတစ်ခုပါ

No comments:
Post a Comment