ဒူးနာ၊ ခါးနာအတြက္ အစြမ္းထက္တဲ့ ကိုယ္ရံၾကီးရြက္
------------------------------------------------------------
ပံုမွာျမင္ေနရတဲ့အပင္ကို ကိုယ္ရံၾကီးပင္လို့ ေခၚပါတယ္။
အဂၤလိပ္လို Poison Bulb လို့ ေခၚျပီး ရုကၡေဗဒလို
Crinum asiaticm Linn လို့ ေခၚပါတယ္။
ေနရာေဒသအလိုက္ အေခၚအေ၀ၚမ်ား အနည္းငယ္စီ
ကြဲျပားၾကပါတယ္။ အေရာင္ကလည္း အျဖဴ၊ အနီ စသျဖင့္
အနည္းငယ္စီ ကြဲျပားၾကပါတယ္။ အေလ့က်ေပါက္တဲ့
အပင္မ်ိဳးျဖစ္ပါတယ္။
သူ့ရဲ့ အစြမ္းထက္မွဳကေတာ့ ဒဏ္တစ္ခုခုေၾကာင့္
နာသြားတဲ့ အရိုးအဆစ္အျမစ္မ်ားကို အျမန္ဆံုး
ျပန္လည္သက္သာေစတာ ျဖစ္ပါတယ္။
အျခားေရာဂါမ်ားအတြက္လည္း အသံုး၀င္တဲ့ေဆးဖက္၀င္
အပင္တစ္မ်ိဳးျဖစ္ပါတယ္။ ဒူးနာ၊ ခါးနာျဖစ္လွ်င္ ကိုယ္ရံၾကီးရဲ့
အရြက္ကို မီးကင္ျပီး နာေနတဲ့ ေနရာေပၚကို ဖံုးအုပ္ေပးထားပါ။
တစ္ခါကပ္ရင္ အနည္းဆံုး နာရီ၀က္ခန့္ ကပ္ေပးပါ။
တစ္ေန့ကို ၃ ၾကိမ္ခန့္ ကပ္ေပးႏိုင္ပါတယ္။
ညအိပ္ခ်ိန္လည္း ကပ္ထားျပီး အိပ္ႏိုင္ပါတယ္။
ဒူးနာခါးနာေ၀ဒနာရွင္မ်ား
အျမန္ဆံုး သက္သာေပ်ာက္ကင္းႏိုင္ၾကပါေစ။
ေစာႏြဲ ့ေနဆိုင္ – ပူတာအို
အစြမ္းထက္ သဘာ၀ေဆးနည္းမ်ား
source:ေမသတင္းရပ္ကြက္ေလး
fb link -
https://www.facebook.com/moe.natthar.792/posts/2499636767032990
============================
ဒူးနာ၊ ခါးနာအတွက် အစွမ်းထက်တဲ့ ကိုယ်ရံကြီးရွက်
------------------------------------------------------------
ပုံမှာမြင်နေရတဲ့အပင်ကို ကိုယ်ရံကြီးပင်လို့ ခေါ်ပါတယ်။
အင်္ဂလိပ်လို Poison Bulb လို့ ခေါ်ပြီး ရုက္ခဗေဒလို
Crinum asiaticm Linn လို့ ခေါ်ပါတယ်။
နေရာဒေသအလိုက် အခေါ်အဝေါ်များ အနည်းငယ်စီ
ကွဲပြားကြပါတယ်။ အရောင်ကလည်း အဖြူ၊ အနီ စသဖြင့်
အနည်းငယ်စီ ကွဲပြားကြပါတယ်။ အလေ့ကျပေါက်တဲ့
အပင်မျိုးဖြစ်ပါတယ်။
သူ့ရဲ့ အစွမ်းထက်မှုကတော့ ဒဏ်တစ်ခုခုကြောင့်
နာသွားတဲ့ အရိုးအဆစ်အမြစ်များကို အမြန်ဆုံး
ပြန်လည်သက်သာစေတာ ဖြစ်ပါတယ်။
အခြားရောဂါများအတွက်လည်း အသုံးဝင်တဲ့ဆေးဖက်ဝင်
အပင်တစ်မျိုးဖြစ်ပါတယ်။ ဒူးနာ၊ ခါးနာဖြစ်လျှင် ကိုယ်ရံကြီးရဲ့
အရွက်ကို မီးကင်ပြီး နာနေတဲ့ နေရာပေါ်ကို ဖုံးအုပ်ပေးထားပါ။
တစ်ခါကပ်ရင် အနည်းဆုံး နာရီဝက်ခန့် ကပ်ပေးပါ။
တစ်နေ့ကို ၃ ကြိမ်ခန့် ကပ်ပေးနိုင်ပါတယ်။
ညအိပ်ချိန်လည်း ကပ်ထားပြီး အိပ်နိုင်ပါတယ်။
ဒူးနာခါးနာဝေဒနာရှင်များ
အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ့နေဆိုင် – ပူတာအို
အစွမ်းထက် သဘာဝဆေးနည်းများ
source:မေသတင်းရပ်ကွက်လေး
No comments:
Post a Comment