“ကမ႓ာကေတာင္ သိေနၿပီ”
------------------------------
တေလာက ဘုန္းႀကီး ရန္ကုန္ သြားေတာ့ Mahachulalongkorn
University ကပါေမာကၡအဆင့္ ႏိုင္ငံျခားသား အမ်ိဳးသမီး
တစ္ေယာက္က ဘုန္းႀကီး ကို ဘာေမးတုန္းဆိုေတာ့
“အရွင္ဘုရား ျမန္မာျပည္မွာ ျမန္မာေတြ မညီညြတ္ဘူး” လို႔
ၾကားတယ္တဲ့
ဘုန္းႀကီးက ”ေအး ဟုတ္တယ္” လို႔
သူက “ဘာေၾကာင့္လဲ” တဲ့
ဘုန္းႀကီးက “ဘာေၾကာင့္မွ မဟုတ္ဘူး” လုိ႔
”တို႔ လူမ်ိဳးေတြရဲ႕ ေသြးသားေၾကာင့္ ျဖစ္တာ” လို႔ ေျဖလိုက္တယ္..
“ျမန္မာ လူမ်ိဳး ေတြဟာ one man show နဲ႔ hero ေတြခ်ည္းပဲ” လို႔
အကုန္လုံး “တစ္ကယ့္သူရဲေကာင္းေတြပဲ” လို႔
“ျမန္မာျပည္က လူေတြက ဘယ္ကိစၥပဲ လုပ္လုပ္ one man show
တစ္ကိုယ္ေကာင္း လုပ္ၾကတယ္။ စုေပါင္း လက္တဲြလုပ္တဲ့အက်င့္
အင္မတန္ မွ အားနည္းတယ္။ သူ႔ထက္ငါသာဖို႔ အတြက္ ႀကိဳးစား
ၾကတယ္ one man show ေပါ႔။ တစ္ေယာက္ထဲ ေကာင္းတာကို
ျပခ်င္တယ္။ အဖဲြ႔အသင္းနဲ႔ ေအာင္ျမင္တာကို မလိုခ်င္ၾကဘူး။
တစ္ေယာက္ထဲပဲ လုပ္ခ်င္ၾကတယ္။ တို႔ဆီမွာက hero ေတြမ်ားတယ္”
လို႔ အဲဒီလို ေျဖလိုက္ေတာ့ သူက ရယ္ေနတယ္..
ဟုတ္တယ္ ဒါဟာ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္တိုင္ကလည္း
ညီညြတ္မႈကို အေလးထားခဲ့တယ္။ ျမန္မာႏိုင္ငံ လြတ္လပ္ေရး
ရၿပီးေနာက္ ပထမဆုံးျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္
တည္ေထာင္တဲ့ အခ်ိန္မွာ ႏိုင္ငံေတာ္ တံဆိပ္ထဲမွာ ဘာပါသလဲ
ဆိုေတာ့…
“သမဂၢါနံ တေပါ သုေခါ” ဆိုတဲ့ စာတန္းေလး ပါတယ္ေနာ္။
အဓိပၸာယ္က ”ညီညြတ္သူတို႔၏ အက်င့္ဟာ ခ်မ္းသာေၾကာင္း
ျဖစ္တယ္” တဲ့။ ဒါေပမယ့္ ေနာက္ပိုင္းမွာ အဲဒီစာတန္းဟာ
ေပ်ာက္ပ်က္သြားၿပီ မရွိေတာ့ဘူး။
ဒီေတာ့ တို႔ဆီမွာ ညီညြတ္မႈဆိုတာ လိုတာအမွန္ပဲ ဒါေပမယ့္
လူေတြက “နာနဆႏၵ နာနကၡႏၲိတာ” “စိတ္ဆႏၵခ်င္းဟာ မတူညီၾကဘူး”
“အေတြးေတြဟာ မတူၾကဘူး” မတူတဲ့ အေတြးေတြကို ေပါင္းစပ္ထား
ဖို႔ရာ အေတာ္ခက္ခဲပါတယ္။
“one man show” “hero” ဆိုတဲ့ စိတ္ဓာတ္ေတြ ရွိေနလို႔ကေတာ့
ပိုၿပီးေတာ့ ခက္ခဲတာေပါ႔။ ဒါေၾကာင့္ ညီညြတ္မွ ျဖစ္မယ္ ညီညြတ္ၾကပါ။
ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး Dr.နႏၵမာလာဘိဝံသ
ေစတနာ ေမတၱာ အရင္းခံျဖင့္ မ်ွေဝပူေဇာ္ပါသည္။
source:bahuthuta
============================
“ကမ္ဘာကတောင် သိနေပြီ”
------------------------------
တလောက ဘုန်းကြီး ရန်ကုန် သွားတော့ Mahachulalongkorn
University ကပါမောက္ခအဆင့် နိုင်ငံခြားသား အမျိုးသမီး
တစ်ယောက်က ဘုန်းကြီး ကို ဘာမေးတုန်းဆိုတော့
“အရှင်ဘုရား မြန်မာပြည်မှာ မြန်မာတွေ မညီညွတ်ဘူး” လို့
ကြားတယ်တဲ့
ဘုန်းကြီးက ”အေး ဟုတ်တယ်” လို့
သူက “ဘာကြောင့်လဲ” တဲ့
ဘုန်းကြီးက “ဘာကြောင့်မှ မဟုတ်ဘူး” လို့
”တို့ လူမျိုးတွေရဲ့ သွေးသားကြောင့် ဖြစ်တာ” လို့ ဖြေလိုက်တယ်..
“မြန်မာ လူမျိုး တွေဟာ one man show နဲ့ hero တွေချည်းပဲ” လို့
အကုန်လုံး “တစ်ကယ့်သူရဲကောင်းတွေပဲ” လို့
“မြန်မာပြည်က လူတွေက ဘယ်ကိစ္စပဲ လုပ်လုပ် one man show
တစ်ကိုယ်ကောင်း လုပ်ကြတယ်။ စုပေါင်း လက်တွဲလုပ်တဲ့အကျင့်
အင်မတန် မှ အားနည်းတယ်။ သူ့ထက်ငါသာဖို့ အတွက် ကြိုးစား
ကြတယ် one man show ပေါ့။ တစ်ယောက်ထဲ ကောင်းတာကို
ပြချင်တယ်။ အဖွဲ့အသင်းနဲ့ အောင်မြင်တာကို မလိုချင်ကြဘူး။
တစ်ယောက်ထဲပဲ လုပ်ချင်ကြတယ်။ တို့ဆီမှာက hero တွေများတယ်”
လို့ အဲဒီလို ဖြေလိုက်တော့ သူက ရယ်နေတယ်..
ဟုတ်တယ် ဒါဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကလည်း
ညီညွတ်မှုကို အလေးထားခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး
ရပြီးနောက် ပထမဆုံးပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
တည်ထောင်တဲ့ အချိန်မှာ နိုင်ငံတော် တံဆိပ်ထဲမှာ ဘာပါသလဲ
ဆိုတော့…
“သမဂ္ဂါနံ တပေါ သုခေါ” ဆိုတဲ့ စာတန်းလေး ပါတယ်နော်။
အဓိပ္ပာယ်က ”ညီညွတ်သူတို့၏ အကျင့်ဟာ ချမ်းသာကြောင်း
ဖြစ်တယ်” တဲ့။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီစာတန်းဟာ
ပျောက်ပျက်သွားပြီ မရှိတော့ဘူး။
ဒီတော့ တို့ဆီမှာ ညီညွတ်မှုဆိုတာ လိုတာအမှန်ပဲ ဒါပေမယ့်
လူတွေက “နာနဆန္ဒ နာနက္ခန္တိတာ” “စိတ်ဆန္ဒချင်းဟာ မတူညီကြဘူး”
“အတွေးတွေဟာ မတူကြဘူး” မတူတဲ့ အတွေးတွေကို ပေါင်းစပ်ထား
ဖို့ရာ အတော်ခက်ခဲပါတယ်။
“one man show” “hero” ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေလို့ကတော့
ပိုပြီးတော့ ခက်ခဲတာပေါ့။ ဒါကြောင့် ညီညွတ်မှ ဖြစ်မယ် ညီညွတ်ကြပါ။
ပါချုပ်ဆရာတော်ဘုရားကြီး Dr.နန္ဒမာလာဘိဝံသ
စေတနာ မေတ္တာ အရင်းခံဖြင့် မျှဝေပူဇော်ပါသည်။
source:bahuthuta
No comments:
Post a Comment