မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 14, 2020

စင္ကာပူကို အမီလိုက္မယ့္႐ြာ

 စင္ကာပူကို အမီလိုက္မယ့္႐ြာ

---------------------------------


ဒီပဲယင္းကြဲရြာလူငယ္မ်ား၏ Green Life အဖြဲ႕သားမ်ား ပလက္စတစ္အမိႈက္ သိမ္းဆည္းေနသည္ကို ေတြ႕ရစဥ္
.
ဒီပဲယင်းကွဲရွာလူငယ်များ၏ Green Life အဖွဲ့သားများ ပလက်စတစ်အမှိုက် သိမ်းဆည်းနေသည်ကို တွေ့ရစဉ်

႐ြာထဲကို ဝင္လိုက္တာနဲ႔ ေျပာင္ရွင္းေနတဲ့ ႐ြာ လယ္ လမ္းမႀကီးက 

ဆီးႀကိဳပါတယ္။ လမ္းေဘး ဝဲ၊ ယာမွာလည္း ဓာတ္တိုင္တစ္တိုင္

အကြာေလာက္ကို အစိမ္းေရာင္၊ အျပာေရာင္ ပလတ္စတစ္အမႈိက္

ပုံးႀကီးေတြ ခ်ထားတာ ေတြ႕ရပါတယ္။ ႐ြာရဲ႕ အိမ္ၿခံဝင္းေတြထဲ 

မွာလည္း အမႈိက္ဆိုတာ မေတြ႕ရ ဘူး။ ဝင္းတိုင္း ၿခံတိုင္း ရွင္းလင္း 

ေနတာပါပဲ။ မသိရင္ ၿမိဳ႕နယ္စည္ပင္က ႐ြာေတြအထိပါ တာဝန္ယူ 

ေပးေနၿပီလားလို႔ ထင္မွတ္စရာပါ။ မဟုတ္ပါဘူး။ ဒီလို ရွင္းလင္း

ေနတဲ့လမ္း၊ သန႔္ရွင္းေနတဲ့ ၿခံဝင္း၊ အိမ္ဝင္းေလးေတြနဲ႔ ဖြဲ႕ တည္

ထားတာကိုက ဒီပဲယင္းကြဲ ႐ြာေလးရဲ႕ အမွတ္သေကၤတတစ္ ခုပါ။

ဒီပဲယင္းကြဲ႐ြာေလးဟာ စစ္ကိုင္းၿမိဳ႕နယ္ ေညာင္ပင္ဝန္းတိုက္ နယ္မွာ

တည္ရွိပါတယ္။ အုန္း ေတာကေန စစ္ကိုင္း-ေ႐ႊဘိုလမ္း ဘက္ 

ခ်ိဳးလာၿပီး ပုဂံတူေက်း႐ြာ လမ္းကေန ခုနစ္မိုင္၊ ခုနစ္ဖာလုံခန႔္ 

ဝင္လာရင္ ဒီပဲယင္းကြဲ႐ြာကို ေရာက္ပါတယ္။ ဒီပဲယင္းကြဲ႐ြာရဲ႕ 

အေနာက္ဘက္မွာေတာ့ မူးျမစ္က တသြင္သြင္စီးဆင္းေနပါတယ္။


ဒီပဲယင္းကြဲ႐ြာေလးဟာ အိမ္ ေျခ ၇၈၀ ေက်ာ္၊ မိသားစု ၈၀၀ ေက်ာ္နဲ႔ 

လူဦးေရ ၃,၇၀၀ ေက်ာ္ ရွိပါတယ္။ ႐ြာရဲ႕ အဓိက အသက္ ေမြးဝမ္း

ေက်ာင္းကေတာ့ သရက္ စိုက္တာပါ။ သရက္ကို စနစ္တက် နဲ႔ 

နည္းပညာပံ့ပိုးမႈေတြနဲ႔ ဂ႐ုတစိုက္ စိုက္တာေၾကာင့္ ဒီပဲယင္းကြဲ႐ြာက 

သရက္သီးေတြဟာ ေရာင္းပန္းလွပါတယ္။ ဒါေၾကာင့္ ႐ြာကလည္း 

ထိုက္သင့္သေလာက္ စီးပြားေရး ေျပလည္ၾကပါတယ္။


ဒီပဲယင္းကြဲရြာ ရြာအဝင္လမ္းကုိ ေတြ႕ရစဥ္
.
ဒီပဲယင်းကွဲရွာ ရွာအဝင်လမ်းကို တွေ့ရစဉ်

စီးပြားေရး ေျပလည္႐ုံတင္ မက ပညာေရးကိုလည္း အားေပး 

အားေျမႇာက္ျပဳတာ ဒီပဲယင္းကြဲ ႐ြာပါ။ ႐ြာမွာ ႐ြာသူ႐ြာသားေတြ 

စုေပါင္းၿပီး ‘အလင္းေရာင္’ဆိုတဲ့ ပညာေရးဖြံ႕ၿဖိဳးေရး အသင္းေလး 

တစ္ခု ၂၀၀၇ ေလာက္က စတင္ဖြဲ႕ထားၿပီး ႐ြာက ဆင္းရဲႏြမ္းပါးတဲ့ 

ကေလးေတြရဲ႕ ပညာေရးကို ေထာက္ပံ့ၾကပါတယ္။ ေက်ာင္းဝင္ေၾကး၊

စာအုပ္ဖိုး၊ စာေမးပြဲ ေၾကး၊ လြယ္အိတ္ စတဲ့ လိုအပ္တာ ေထာက္ပံ့

ၾကတာပါ။


Green Life အဖြဲ႕သားမ်ား ပလက္စတစ္အမိႈက္ သိမ္းဆည္းေနစဥ္
.
Green Life အဖွဲ့သားများ ပလက်စတစ်အမှိုက် သိမ်းဆည်းနေစဉ်

ဆယ္တန္းေရာက္လာတဲ့ ကေလးေတြအတြက္ အထူးအစီ အစဥ္

ရွိပါတယ္။ အဲဒါက ဆယ္တန္းေအာင္စာရင္းထြက္လို႔ ႐ိုး႐ိုး ေအာင္ 

တစ္ေယာက္ကို က်ပ္ တစ္ေသာင္းခြဲ ဆုခ်ပါတယ္။


အဲ ဂုဏ္ထူးေလးေတြ ပါလာ ရင္ေတာ့ ရွယ္ၿပီေပါ့။ တစ္ဘာသာပါရင္ 

ထပ္တိုးက်ပ္တစ္ေသာင္းခြဲနဲ႔ သုံးေသာင္းဆုခ်ပါတယ္။ ႏွစ္ဘာသာပါရင္

ေလးေသာင္းခြဲ၊ သုံးဘာသာပါရင္ ေျခာက္ေသာင္းပါ။ ေလးဘာသာပါရင္ 

တစ္သိန္းတိတိ ဆုခ်ၿပီး ငါးဘာသာကို သုံးသိန္းနဲ႔ ေျခာက္ဘာသာဆိုရင္

ေလးသိန္းႀကီးမ်ားေတာင္ ဆုခ်ပါ တယ္။ ပညာေရးကို အေလးေပး တဲ့ 

ဒီပဲယင္းကြဲ႐ြာမွာ ဘြဲ႕ရေတြ ႏွစ္ရာေက်ာ္ေလာက္ ရွိပါတယ္။ ဆရာဝန္၊

အင္ဂ်င္နီယာေတြ လည္းရွိပါတယ္။ ႐ြာမွာ အထက္တန္းေက်ာင္း(ခြဲ)

လည္း ရထားၿပီ ျဖစ္ပါတယ္။


အဲဒီလို အလင္းေရာင္အ သင္းကေန ပညာေရးအတြက္ ေထာက္ပံ့ေပး

ေနရင္းနဲ႔ ၂၀၁၁ မွာ တမၸဒီပဆိုတဲ့အဖြဲ႕တစ္ခုနဲ႔ ခ်ိတ္မိ ၿပီး အဲဒီအဖြဲ႕က

႐ြာမွာ သင္တန္း ေတြလာေပးခဲ့ပါတယ္။ သင္တန္း မွာ ႏိုင္ငံေရး၊ 

လူမႈေရး၊ စီးပြားေရး၊ စီမံခန႔္ခြဲမႈပညာ၊ သဘာဝပတ္ ဝန္းက်င္ 

ထိန္းသိမ္းေရး စတဲ့ပညာရပ္ေတြ လာပို႔ခ်ေပးခဲ့ၾကတာပါ။ 

သင္တန္းၿပီးသြားေတာ့ ႐ြာက လူငယ္ေတြ စဥ္းစားၾကတယ္။ 

ငါတို႔လည္း အဖြဲ႕ေလးတစ္ခုဖြဲ႕ၿပီး ႐ြာမွာ အက်ိဳးျပဳလုပ္ငန္းတစ္ခုခု 

လုပ္မလားေပါ့။ အားလုံးက စိတ္ဝင္စားၾကတယ္။ ဒါနဲ႔ လုပ္မယ္ဆိုေတာ့ 

ဘာလုပ္မလဲစဥ္းစားတယ္။


အဲဒီအခါမွာ တို႔ေတြ ပလတ္စတစ္ေကာက္မလားဆိုၿပီး တိုင္ပင္ၾကတယ္။

ပလတ္စတစ္က ေျမေရာ၊ ေရကိုပါ ဒုကၡေပးသလို ဆိုးက်ိဳးေတြပဲေပးတာမို႔

ပလတ္ စတစ္ကို စနစ္တက် စြန႔္ပစ္ဖို႔ လႈပ္ရွားၾကမလား စဥ္းစားၾကတယ္။

အားလုံးကလည္း ဟုတ္ၿပီ ဆိုတာနဲ႔ အဖြဲ႕ေလးတစ္ဖြဲ႕ကို စဖြဲ႕ ခဲ့တယ္။ 

အဖြဲ႕ဝင္ ၄၈ ဦးေလာက္ပါတယ္။ အားလုံး လူငယ္ေတြခ်ည္းပဲ။ 

အဖြဲ႕နာမည္ေလးကို Green Life လို႔ နာမည္ေပးလိုက္ၾကတယ္။


Green Life အဖြဲ႕ဝင္ေတြ ဟာ တစ္ေယာက္ကို တစ္လ က်ပ္ ငါးရာ 

ထည့္ရပါတယ္။ ေငြထည့္ ၿပီး႐ုံတင္မရပါဘူး။ တစ္ေယာက္ ကို 

အိမ္ေထာင္စုငါးစုကို တာဝန္ ယူၿပီး ပလတ္စတစ္ထည့္ဖို႔ ပီနန္ အိတ္ 

ကိုယ့္ဘာသာသြားဝယ္ၿပီး ေပးရပါတယ္။ ပီနန္အိတ္ထဲမွာ ပလတ္စတစ္

အိတ္ အမႈိက္ကိုပဲ သီးသန႔္ပစ္ေပးဖို႔ ေျပာရတယ္။ လစဥ္ ၁၅ ရက္နဲ႔ 

လကုန္ရက္မွာ အိမ္ေတြက ပလတ္စတစ္အမႈိက္ ေတြကို သြားသယ္ရပါ

တယ္။ ရလာတဲ့ ပလတ္စတစ္ေတြကို တစ္ေနရာမွာထိုင္ၿပီး စုရပါတယ္။ 

စုထုပ္ထားတဲ့ အမႈိက္ေတြကို ေထာ္လာဂ်ီငွားၿပီး ခပ္ေဝးေဝးက စိုက္လို႔

ပ်ိဳးလို႔မရတဲ့ မျဖစ္ထြန္းတဲ့ေျမေတြထဲက က်င္းေတြထဲ သြားပစ္ၾကပါတယ္။


အစပိုင္းေတာ့ ဒီကေလးေတြ ဘာေတြရႈပ္ရႈပ္ယွက္ယွက္ လုပ္သလဲေပါ့။ 

ၿပီးေတာ့ ေယာက္်ား ေလး၊ မိန္းကေလးေတြ တစုတ စည္းတည္း 

လုပ္ေနေတာ့ တခ်ိဳ႕ မိဘေတြက သေဘာမက်ဘူး။ အ ဖြဲ႕ထဲက 

လူငယ္ေတြကလည္း ဒီ အလုပ္ေလး လုပ္ခ်င္လြန္းလို႔ အမႈိက္ေကာက္

ထြက္ရမယ့္ရက္ေတြဆို မိဘအလုပ္၊ အိမ္အလုပ္ကို ပိုပိုသာသာကူကာ

မ်က္ႏွာလုပ္ရတယ္။ အဖြဲ႕ဝင္ေတြမွာ တကၠသိုလ္တက္ဆဲ၊ ဘြဲ႕ရေတြပါ

ပါ တယ္။ ဒါေပမဲ့ ကိုယ့္႐ြာအတြက္ဆို တဲ့စိတ္နဲ႔ အိမ္ေတြထဲက 

ပလတ္ စတစ္ အမႈိက္အိတ္ေတြလည္း မ႐ြံ မရွာ သြားသယ္ၾကတာပဲ။ 

ထမ္းပိုးၾကတာပဲ။ အမႈိက္အိတ္ႀကီး တကားကားနဲ႔မို႔ ေခြးေတြကလည္း 

လိုက္ေဟာင္ၾကတယ္။


႐ြာက အိမ္ေျခမ်ားတာမို႔ အဖြဲ႕ဝင္ငါးဖြဲ႕၊ ေျခာက္ဖြဲ႕ခြဲၿပီး သြားရတယ္။ 

ေန႔ခင္း မြန္းလြဲပိုင္း ေလာက္ထိကို ပလတ္စတစ္ အ မႈိက္ေတြ 

သိမ္းရတယ္။ သိမ္းၿပီး တဲ့အမႈိက္ေတြကို တစ္ေနရာမွာစု ထုပ္ၿပီး 

ေထာ္လာဂ်ီနဲ႔ တစ္ခါသြား ပစ္ရတယ္။ အမႈိက္ေကာက္တဲ့ ရက္ကေတာ့

ေနကုန္လုပ္ရတာပါ ပဲ။ သူတို႔ေတြရဲ႕ လႈပ္ရွားမႈေတြကို တျခားလူငယ္

ေတြကပါ သေဘာ က်လာၿပီး တျဖည္းျဖည္းနဲ႔ အဖြဲ႕ ဝင္အေရအတြက္ 

တိုးလာပါ တယ္။ ႐ြာထဲမွာလည္း အမႈိက္ပုံး ေတြဝယ္ၿပီး ခ်ထားႏိုင္လာ

ခဲ့တယ္။ ေနာက္ပိုင္းေတာ့ ကေလးေတြ တကယ္လုပ္ေနပါလားဆိုတာ 

သိလာၾကၿပီး အိမ္ေတြကိုယ္တိုင္ ကိုယ္က အမႈိက္အိတ္ေတာင္းၿပီး 

ပလတ္စတစ္အမႈိက္ကို ေသခ်ာ ေလးခြဲပစ္ေပးၾကတယ္။ ကေလး ေတြ 

အမႈိက္ေကာက္မယ့္ရက္ဆို အိမ္ေတြကေန မုန႔္ဟင္းခါး၊ ေကာက္ညႇင္း

ေပါင္း၊ အေၾကာ္စုံ တို႔ ေကြၽးလာသည္အထိ သူတို႔ကို အသိအမွတ္ျပဳ

လာခဲ့တယ္။


ပလတ္စတစ္ အမႈိက္ထဲက ေန တခ်ိဳ႕ ျပန္သုံးလို႔ရတဲ့ ပစၥည္းေလးေတြ 

ပါလာေတာ့ အႀကံရသြားတယ္။ ဘာလုပ္သလဲဆိုေတာ့ အမႈိက္ေကာက္

မယ့္ရက္ဆို လူငယ္ေတြကိုယ္တိုင္ ျပန္ေရာင္း လို႔ရတာေတြ၊ မရတာေတြ 

ျပန္ခြဲ ထုတ္ၾကတယ္။ အဲဒီလိုေရာင္းလို႔ရတာေတြ ျပန္ခြဲထုတ္ၿပီး 

ျပန္ေရာင္းတာက ၁၅ ရက္ တစ္ပတ္ကို တစ္ေသာင္းႏွစ္ေထာင္ေလာက္ 

ရတယ္။ အဲဒီပိုက္ဆံကလည္း အသင္းရန္ပုံေငြတိုးေရး တစ္တပ္တစ္အား

ျဖစ္ေစခဲ့တယ္။ ဒါေၾကာင့္ ဘူးခြံေလးတစ္ခြံရဖို႔ လူငယ္ အပ်ိဳ၊ လူပ်ိဳ

ကေလးေတြ အမႈိက္အိတ္ထဲ မ႐ြံမရွာႏႈိက္ၾကတာပဲ။


အမႈိက္ပစ္ရမယ့္ ရက္ဆို တြန္းလွည္းေတြနဲ႔ လိုက္သိမ္း၊ ေထာ္လာဂ်ီနဲ႔ 

သြားပစ္ရတယ္။ ေထာ္လာဂ်ီ ငွားငွားေနရတာလည္း ပိုက္ဆံကုန္တာမို႔

႐ြာထဲက လုပ္ငန္းရွင္တစ္ေယာက္က ေန ေထာ္လာဂ်ီတစ္စီးေလာက္

ဝယ္ပါလား အႀကံေပးတယ္။ ေငြ မတတ္ႏိုင္ေသးလို႔ဆိုေတာ့ လိုတာ 

ခဏစိုက္ေပးထားမယ္။ ၿပီးမွျပန္ေပးဆိုတာနဲ႔ က်ပ္ ၃၄ သိန္းတန္ 

ေထာ္လာဂ်ီတစ္စီး ဝယ္လိုက္ၾကတယ္။ အခုေတာ့ ေထာ္လာဂ်ီဖိုး

ပိုက္ဆံလည္း ေက်သြားပါၿပီ။ ေထာ္လာဂ်ီကိုလည္း အမႈိက္မပစ္ရတဲ့

ရက္ေတြမွာ သရက္သီး တိုက္ခ်င္လို႔ ငွားပါဆိုလည္း ထိုက္သင့္တဲ့

ေဈးနဲ႔ ငွားပါတယ္။ အဖြဲ႕ ရန္ပုံေငြတိုးေအာင္လို႔ပါတဲ့။


ကေလးေတြ ပလတ္စတစ္ အမႈိက္ကိစၥလုပ္ေတာ့ ႐ြာထဲက 

အိမ္ေတြကလည္း ဂ႐ုတစိုက္ပစ္လာသလို ကိုယ့္အိမ္ကိုယ့္ဝင္း 

အရင္ကထက္ေတာင္ ပိုလို႔သန႔္ ရွင္းေအာင္ ထားလာၾကတယ္။ 

႐ြာလူႀကီးကလည္း ႐ြာထဲမွာ သတိေပးစာေတြ ကပ္ထားၿပီး 

မိုက္ကေနလည္း ‘‘ကေလးေတြ ကိုယ့္ ပိုက္ဆံနဲ႔ကိုယ္ ႐ြာသန႔္ရွင္းေရး 

လုပ္ေနၾကပါတယ္။ ကိုယ့္အိမ္ ေရွ႕က အမႈိက္၊ ကိုယ္တာဝန္ယူ ေပးပါ။

လွည္းသမားေတြလည္း သြားရင္း အမႈိက္ပစ္ခ်သြားတာမ်ိဳး မလုပ္မိပါေစနဲ႔။

အဲဒီလိုလုပ္ခဲ့ရင္ လွည္းတစ္စီး ဒဏ္ေငြသုံးေသာင္း ႐ိုက္ရပါလိမ့္မယ္’’လို႔ 

ေၾကညာ ေပးတတ္တယ္။


ပလတ္စတစ္အမႈိက္ကိစၥ ေအာင္ျမင္ၿပီး ရပ္ထားတာၾကာ ၿပီျဖစ္တဲ့ 

႐ြာစာၾကည့္တိုက္ကို လည္း ျပန္လည္အေကာင္အထည္ ေဖာ္ၾကတယ္။ 

႐ြာလူႀကီးဆီကေန ရပ္႐ြာဖြံ႕ၿဖိဳးေရးရန္ပုံေငြကလည္း ပံ့ပိုးေပးသလို 

Green Life အဖြဲ႕ က ရန္ပုံေငြလည္း ထည့္ဝင္ၿပီး စာၾကည့္တိုက္ေလး

အတြက္ လိုအပ္တဲ့စာအုပ္ေတြ လစဥ္ဝယ္ၾက တယ္။ ဒါ့အျပင္ ႐ြာမွာ 

စာေပ အႏုပညာရွင္ေတြ၊ တျခားလူမႈ စီးပြားပညာရွင္ေတြရဲ႕ ေဟာေျပာ

ပြဲေတြလည္း မၾကာခဏ လုပ္ခဲ့ ၾကတယ္။ ေနာက္ၿပီး ႐ြာအနီးရွိ ႐ြာပိုင္

ေျမေတြမွာလည္း ကြၽန္း၊ တမာ၊ ပိေတာက္၊ ယူကလစ္ စတဲ့ အပင္ေတြ

လည္း စုေပါင္းစိုက္ပ်ိဳး တယ္။ စစ္ကိုင္းက စိမ္းစိုဌာနကေတာင္ 

ဒီပဲယင္းကြဲ႐ြာက တကယ္လုပ္တယ္ဆိုၿပီး တစ္အိမ္ကို ကြၽန္းတစ္ပင္

စိုက္ဖို႔လာေပးခဲ့တယ္။


သရက္သီးစိုက္တဲ့႐ြာမို႔ သရက္နဲ႔ပတ္သက္တဲ့ ပညာရွင္ ေတြရဲ႕ 

ေဟာေျပာပြဲေတြ၊ သင္ တန္းေတြလည္း လုပ္ေလ့ရွိပါ တယ္။ 

အသစ္အသစ္ထြက္ေပၚ လာတဲ့ စိုက္ပ်ိဳးေရးနည္းပညာေတြ ကို

မ်က္ျခည္မျပတ္ သင္ယူေလ့ လာရင္း စိုက္ပ်ိဳးၾကေတာ့ အသီးေတြလည္း

ေအာင္ပါတယ္။ ဒါ ေၾကာင့္ ႐ြာကလည္း ထိုက္သင့္သေလာက္ စီးပြားေရး

အဆင္ေျပတာေပါ့။ အခုဆို ႐ြာမွာ ကားက အစီးေလးဆယ္၊ ေထာ္လာဂ်ီ

က အစီးေလးဆယ္ေက်ာ္ေလာက္ ရွိပါသတဲ့။


အခု ဒီပဲယင္းကြဲ႐ြာက Green Life အဖြဲ႕ေလးမွာ အဖြဲ႕ဝင္ ၂၈၀ ေက်ာ္

ပါၿပီ။ လူငယ္ေလး ေတြဟာ ကိုယ့္ရပ္ကိုယ့္႐ြာ သန႔္ ရွင္းေရး တစ္တပ္

တစ္အား ပါ ဝင္ၿပီး အပတ္စဥ္ ပလတ္စတစ္ ေကာက္ေနပါတယ္။ 

မိဘေတြ ကိုယ္တိုင္ကလည္း သူတို႔ကေလးေတြကို အမႈိက္ေကာက္တဲ့

ေန႔ဆို ကိုယ္တိုင္ကိုယ္က် ထည့္လာၾကပါတယ္။ သူတို႔႐ြာတင္မက 

တျခားပတ္ဝန္းက်င္က ႐ြာခုနစ္႐ြာကိုပါ သူတို႔လိုလုပ္လာေအာင္ 

စည္း႐ုံးၿပီး ကူညီေပးေနပါတယ္။ ဒါ့အျပင္ ဒီပဲယင္းကြဲ႐ြာေလးမွာ 

ေစတနာမြန္ဆိုတဲ့ နာေရးကူညီမႈအသင္းလည္း ရွိပါေသးတယ္။ 

အဲဒီအသင္းက နာေရးကိစၥေတြ ကူညီေဆာင္႐ြက္ေပးေနပါတယ္။


ေညာင္ပင္ဝန္းတိုက္နယ္မွာ ဒီပဲယင္းကြဲလို႔ဆိုတာနဲ႔ စီးပြားေရး 

ေျပလည္ၾကတဲ့၊ ပညာတတ္ေတြ ေပါမ်ားတဲ့၊ တအားသန႔္ရွင္းတဲ့၊ 

႐ြာလူထု စည္းလုံးညီၫြတ္တဲ့ ေက်း႐ြာလို႔ သိေနပါၿပီ။ ေခတ္ စကားနဲ႔

ေျပာရရင္ ဒီပဲယင္းကြဲေက်း႐ြာေလးဟာ စင္ကာပူကို အမီလိုက္ေနပါၿပီ။

႐ြာအုတ္တံတိုင္း တစ္ခုေပၚမွာေတာ့ စာသား တခ်ိဳ႕ ေရးထိုးထားတာ

ေတြ႕ရ တယ္။ ဆရာေအာ္ပီက်ယ္ရဲ႕ သ႐ုပ္ေဖာ္တစ္ကြက္ကို 

စာေရးဆရာတစ္ေယာက္က ခံစားၿပီး ျပန္ေရးထားတဲ့စာသားကို 

နံရံေပၚ မွာ ေရးထားတာပါ။ ‘ျပႆနာကို သူတို႔ရွင္းလိမ့္မယ္လို႔ 

ေျပာရမယ့္ အခ်ိန္ မဟုတ္ေတာ့ဘူး’။ ‘သူတို႔’ ဆိုတာမရွိဘူး။

 ‘ငါတို႔’ဆုံးျဖတ္ရမယ္’တဲ့။ ။


Credit:7daydaily

http://www.7daydaily.com/story/128621

============================


စင်ကာပူကို အမီလိုက်မယ့်ရွာ

---------------------------------


ရွာထဲကို ဝင်လိုက်တာနဲ့ ပြောင်ရှင်းနေတဲ့ ရွာ လယ် လမ်းမကြီးက 

ဆီးကြိုပါတယ်။ လမ်းဘေး ဝဲ၊ ယာမှာလည်း ဓာတ်တိုင်တစ်တိုင်

အကွာလောက်ကို အစိမ်းရောင်၊ အပြာရောင် ပလတ်စတစ်အမှိုက်

ပုံးကြီးတွေ ချထားတာ တွေ့ရပါတယ်။ ရွာရဲ့ အိမ်ခြံဝင်းတွေထဲ 

မှာလည်း အမှိုက်ဆိုတာ မတွေ့ရ ဘူး။ ဝင်းတိုင်း ခြံတိုင်း ရှင်းလင်း 

နေတာပါပဲ။ မသိရင် မြို့နယ်စည်ပင်က ရွာတွေအထိပါ တာဝန်ယူ 

ပေးနေပြီလားလို့ ထင်မှတ်စရာပါ။ မဟုတ်ပါဘူး။ ဒီလို ရှင်းလင်း

နေတဲ့လမ်း၊ သန့်ရှင်းနေတဲ့ ခြံဝင်း၊ အိမ်ဝင်းလေးတွေနဲ့ ဖွဲ့ တည်

ထားတာကိုက ဒီပဲယင်းကွဲ ရွာလေးရဲ့ အမှတ်သင်္ကေတတစ် ခုပါ။

ဒီပဲယင်းကွဲရွာလေးဟာ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းတိုက် နယ်မှာ

တည်ရှိပါတယ်။ အုန်း တောကနေ စစ်ကိုင်း-ရွှေဘိုလမ်း ဘက် 

ချိုးလာပြီး ပုဂံတူကျေးရွာ လမ်းကနေ ခုနစ်မိုင်၊ ခုနစ်ဖာလုံခန့် 

ဝင်လာရင် ဒီပဲယင်းကွဲရွာကို ရောက်ပါတယ်။ ဒီပဲယင်းကွဲရွာရဲ့ 

အနောက်ဘက်မှာတော့ မူးမြစ်က တသွင်သွင်စီးဆင်းနေပါတယ်။


ဒီပဲယင်းကွဲရွာလေးဟာ အိမ် ခြေ ၇၈၀ ကျော်၊ မိသားစု ၈၀၀ ကျော်နဲ့ 

လူဦးရေ ၃,၇၀၀ ကျော် ရှိပါတယ်။ ရွာရဲ့ အဓိက အသက် မွေးဝမ်း

ကျောင်းကတော့ သရက် စိုက်တာပါ။ သရက်ကို စနစ်တကျ နဲ့ 

နည်းပညာပံ့ပိုးမှုတွေနဲ့ ဂရုတစိုက် စိုက်တာကြောင့် ဒီပဲယင်းကွဲရွာက 

သရက်သီးတွေဟာ ရောင်းပန်းလှပါတယ်။ ဒါကြောင့် ရွာကလည်း 

ထိုက်သင့်သလောက် စီးပွားရေး ပြေလည်ကြပါတယ်။


စီးပွားရေး ပြေလည်ရုံတင် မက ပညာရေးကိုလည်း အားပေး 

အားမြှောက်ပြုတာ ဒီပဲယင်းကွဲ ရွာပါ။ ရွာမှာ ရွာသူရွာသားတွေ 

စုပေါင်းပြီး ‘အလင်းရောင်’ဆိုတဲ့ ပညာရေးဖွံ့ဖြိုးရေး အသင်းလေး 

တစ်ခု ၂၀၀၇ လောက်က စတင်ဖွဲ့ထားပြီး ရွာက ဆင်းရဲနွမ်းပါးတဲ့ 

ကလေးတွေရဲ့ ပညာရေးကို ထောက်ပံ့ကြပါတယ်။ ကျောင်းဝင်ကြေး၊

စာအုပ်ဖိုး၊ စာမေးပွဲ ကြေး၊ လွယ်အိတ် စတဲ့ လိုအပ်တာ ထောက်ပံ့

ကြတာပါ။


ဆယ်တန်းရောက်လာတဲ့ ကလေးတွေအတွက် အထူးအစီ အစဉ်

ရှိပါတယ်။ အဲဒါက ဆယ်တန်းအောင်စာရင်းထွက်လို့ ရိုးရိုး အောင် 

တစ်ယောက်ကို ကျပ် တစ်သောင်းခွဲ ဆုချပါတယ်။


အဲ ဂုဏ်ထူးလေးတွေ ပါလာ ရင်တော့ ရှယ်ပြီပေါ့။ တစ်ဘာသာပါရင် 

ထပ်တိုးကျပ်တစ်သောင်းခွဲနဲ့ သုံးသောင်းဆုချပါတယ်။ နှစ်ဘာသာပါရင်

လေးသောင်းခွဲ၊ သုံးဘာသာပါရင် ခြောက်သောင်းပါ။ လေးဘာသာပါရင် 

တစ်သိန်းတိတိ ဆုချပြီး ငါးဘာသာကို သုံးသိန်းနဲ့ ခြောက်ဘာသာဆိုရင်

လေးသိန်းကြီးများတောင် ဆုချပါ တယ်။ ပညာရေးကို အလေးပေး တဲ့ 

ဒီပဲယင်းကွဲရွာမှာ ဘွဲ့ရတွေ နှစ်ရာကျော်လောက် ရှိပါတယ်။ ဆရာဝန်၊

အင်ဂျင်နီယာတွေ လည်းရှိပါတယ်။ ရွာမှာ အထက်တန်းကျောင်း(ခွဲ)

လည်း ရထားပြီ ဖြစ်ပါတယ်။


အဲဒီလို အလင်းရောင်အ သင်းကနေ ပညာရေးအတွက် ထောက်ပံ့ပေး

နေရင်းနဲ့ ၂၀၁၁ မှာ တမ္ပဒီပဆိုတဲ့အဖွဲ့တစ်ခုနဲ့ ချိတ်မိ ပြီး အဲဒီအဖွဲ့က

ရွာမှာ သင်တန်း တွေလာပေးခဲ့ပါတယ်။ သင်တန်း မှာ နိုင်ငံရေး၊ 

လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲမှုပညာ၊ သဘာဝပတ် ဝန်းကျင် 

ထိန်းသိမ်းရေး စတဲ့ပညာရပ်တွေ လာပို့ချပေးခဲ့ကြတာပါ။ 

သင်တန်းပြီးသွားတော့ ရွာက လူငယ်တွေ စဉ်းစားကြတယ်။ 

ငါတို့လည်း အဖွဲ့လေးတစ်ခုဖွဲ့ပြီး ရွာမှာ အကျိုးပြုလုပ်ငန်းတစ်ခုခု 

လုပ်မလားပေါ့။ အားလုံးက စိတ်ဝင်စားကြတယ်။ ဒါနဲ့ လုပ်မယ်ဆိုတော့ 

ဘာလုပ်မလဲစဉ်းစားတယ်။


အဲဒီအခါမှာ တို့တွေ ပလတ်စတစ်ကောက်မလားဆိုပြီး တိုင်ပင်ကြတယ်။

ပလတ်စတစ်က မြေရော၊ ရေကိုပါ ဒုက္ခပေးသလို ဆိုးကျိုးတွေပဲပေးတာမို့

ပလတ် စတစ်ကို စနစ်တကျ စွန့်ပစ်ဖို့ လှုပ်ရှားကြမလား စဉ်းစားကြတယ်။

အားလုံးကလည်း ဟုတ်ပြီ ဆိုတာနဲ့ အဖွဲ့လေးတစ်ဖွဲ့ကို စဖွဲ့ ခဲ့တယ်။ 

အဖွဲ့ဝင် ၄၈ ဦးလောက်ပါတယ်။ အားလုံး လူငယ်တွေချည်းပဲ။ 

အဖွဲ့နာမည်လေးကို Green Life လို့ နာမည်ပေးလိုက်ကြတယ်။


Green Life အဖွဲ့ဝင်တွေ ဟာ တစ်ယောက်ကို တစ်လ ကျပ် ငါးရာ 

ထည့်ရပါတယ်။ ငွေထည့် ပြီးရုံတင်မရပါဘူး။ တစ်ယောက် ကို 

အိမ်ထောင်စုငါးစုကို တာဝန် ယူပြီး ပလတ်စတစ်ထည့်ဖို့ ပီနန် အိတ် 

ကိုယ့်ဘာသာသွားဝယ်ပြီး ပေးရပါတယ်။ ပီနန်အိတ်ထဲမှာ ပလတ်စတစ်

အိတ် အမှိုက်ကိုပဲ သီးသန့်ပစ်ပေးဖို့ ပြောရတယ်။ လစဉ် ၁၅ ရက်နဲ့ 

လကုန်ရက်မှာ အိမ်တွေက ပလတ်စတစ်အမှိုက် တွေကို သွားသယ်ရပါ

တယ်။ ရလာတဲ့ ပလတ်စတစ်တွေကို တစ်နေရာမှာထိုင်ပြီး စုရပါတယ်။ 

စုထုပ်ထားတဲ့ အမှိုက်တွေကို ထော်လာဂျီငှားပြီး ခပ်ဝေးဝေးက စိုက်လို့

ပျိုးလို့မရတဲ့ မဖြစ်ထွန်းတဲ့မြေတွေထဲက ကျင်းတွေထဲ သွားပစ်ကြပါတယ်။


အစပိုင်းတော့ ဒီကလေးတွေ ဘာတွေရှုပ်ရှုပ်ယှက်ယှက် လုပ်သလဲပေါ့။ 

ပြီးတော့ ယောက်ျား လေး၊ မိန်းကလေးတွေ တစုတ စည်းတည်း 

လုပ်နေတော့ တချို့ မိဘတွေက သဘောမကျဘူး။ အ ဖွဲ့ထဲက 

လူငယ်တွေကလည်း ဒီ အလုပ်လေး လုပ်ချင်လွန်းလို့ အမှိုက်ကောက်

ထွက်ရမယ့်ရက်တွေဆို မိဘအလုပ်၊ အိမ်အလုပ်ကို ပိုပိုသာသာကူကာ

မျက်နှာလုပ်ရတယ်။ အဖွဲ့ဝင်တွေမှာ တက္ကသိုလ်တက်ဆဲ၊ ဘွဲ့ရတွေပါ

ပါ တယ်။ ဒါပေမဲ့ ကိုယ့်ရွာအတွက်ဆို တဲ့စိတ်နဲ့ အိမ်တွေထဲက 

ပလတ် စတစ် အမှိုက်အိတ်တွေလည်း မရွံ မရှာ သွားသယ်ကြတာပဲ။ 

ထမ်းပိုးကြတာပဲ။ အမှိုက်အိတ်ကြီး တကားကားနဲ့မို့ ခွေးတွေကလည်း 

လိုက်ဟောင်ကြတယ်။


ရွာက အိမ်ခြေများတာမို့ အဖွဲ့ဝင်ငါးဖွဲ့၊ ခြောက်ဖွဲ့ခွဲပြီး သွားရတယ်။ 

နေ့ခင်း မွန်းလွဲပိုင်း လောက်ထိကို ပလတ်စတစ် အ မှိုက်တွေ 

သိမ်းရတယ်။ သိမ်းပြီး တဲ့အမှိုက်တွေကို တစ်နေရာမှာစု ထုပ်ပြီး 

ထော်လာဂျီနဲ့ တစ်ခါသွား ပစ်ရတယ်။ အမှိုက်ကောက်တဲ့ ရက်ကတော့

နေကုန်လုပ်ရတာပါ ပဲ။ သူတို့တွေရဲ့ လှုပ်ရှားမှုတွေကို တခြားလူငယ်

တွေကပါ သဘော ကျလာပြီး တဖြည်းဖြည်းနဲ့ အဖွဲ့ ဝင်အရေအတွက် 

တိုးလာပါ တယ်။ ရွာထဲမှာလည်း အမှိုက်ပုံး တွေဝယ်ပြီး ချထားနိုင်လာ

ခဲ့တယ်။ နောက်ပိုင်းတော့ ကလေးတွေ တကယ်လုပ်နေပါလားဆိုတာ 

သိလာကြပြီး အိမ်တွေကိုယ်တိုင် ကိုယ်က အမှိုက်အိတ်တောင်းပြီး 

ပလတ်စတစ်အမှိုက်ကို သေချာ လေးခွဲပစ်ပေးကြတယ်။ ကလေး တွေ 

အမှိုက်ကောက်မယ့်ရက်ဆို အိမ်တွေကနေ မုန့်ဟင်းခါး၊ ကောက်ညှင်း

ပေါင်း၊ အကြော်စုံ တို့ ကျွေးလာသည်အထိ သူတို့ကို အသိအမှတ်ပြု

လာခဲ့တယ်။


ပလတ်စတစ် အမှိုက်ထဲက နေ တချို့ ပြန်သုံးလို့ရတဲ့ ပစ္စည်းလေးတွေ 

ပါလာတော့ အကြံရသွားတယ်။ ဘာလုပ်သလဲဆိုတော့ အမှိုက်ကောက်

မယ့်ရက်ဆို လူငယ်တွေကိုယ်တိုင် ပြန်ရောင်း လို့ရတာတွေ၊ မရတာတွေ 

ပြန်ခွဲ ထုတ်ကြတယ်။ အဲဒီလိုရောင်းလို့ရတာတွေ ပြန်ခွဲထုတ်ပြီး 

ပြန်ရောင်းတာက ၁၅ ရက် တစ်ပတ်ကို တစ်သောင်းနှစ်ထောင်လောက် 

ရတယ်။ အဲဒီပိုက်ဆံကလည်း အသင်းရန်ပုံငွေတိုးရေး တစ်တပ်တစ်အား

ဖြစ်စေခဲ့တယ်။ ဒါကြောင့် ဘူးခွံလေးတစ်ခွံရဖို့ လူငယ် အပျို၊ လူပျို

ကလေးတွေ အမှိုက်အိတ်ထဲ မရွံမရှာနှိုက်ကြတာပဲ။


အမှိုက်ပစ်ရမယ့် ရက်ဆို တွန်းလှည်းတွေနဲ့ လိုက်သိမ်း၊ ထော်လာဂျီနဲ့ 

သွားပစ်ရတယ်။ ထော်လာဂျီ ငှားငှားနေရတာလည်း ပိုက်ဆံကုန်တာမို့

ရွာထဲက လုပ်ငန်းရှင်တစ်ယောက်က နေ ထော်လာဂျီတစ်စီးလောက်

ဝယ်ပါလား အကြံပေးတယ်။ ငွေ မတတ်နိုင်သေးလို့ဆိုတော့ လိုတာ 

ခဏစိုက်ပေးထားမယ်။ ပြီးမှပြန်ပေးဆိုတာနဲ့ ကျပ် ၃၄ သိန်းတန် 

ထော်လာဂျီတစ်စီး ဝယ်လိုက်ကြတယ်။ အခုတော့ ထော်လာဂျီဖိုး

ပိုက်ဆံလည်း ကျေသွားပါပြီ။ ထော်လာဂျီကိုလည်း အမှိုက်မပစ်ရတဲ့

ရက်တွေမှာ သရက်သီး တိုက်ချင်လို့ ငှားပါဆိုလည်း ထိုက်သင့်တဲ့

ဈေးနဲ့ ငှားပါတယ်။ အဖွဲ့ ရန်ပုံငွေတိုးအောင်လို့ပါတဲ့။


ကလေးတွေ ပလတ်စတစ် အမှိုက်ကိစ္စလုပ်တော့ ရွာထဲက 

အိမ်တွေကလည်း ဂရုတစိုက်ပစ်လာသလို ကိုယ့်အိမ်ကိုယ့်ဝင်း 

အရင်ကထက်တောင် ပိုလို့သန့် ရှင်းအောင် ထားလာကြတယ်။ 

ရွာလူကြီးကလည်း ရွာထဲမှာ သတိပေးစာတွေ ကပ်ထားပြီး 

မိုက်ကနေလည်း ‘‘ကလေးတွေ ကိုယ့် ပိုက်ဆံနဲ့ကိုယ် ရွာသန့်ရှင်းရေး 

လုပ်နေကြပါတယ်။ ကိုယ့်အိမ် ရှေ့က အမှိုက်၊ ကိုယ်တာဝန်ယူ ပေးပါ။

လှည်းသမားတွေလည်း သွားရင်း အမှိုက်ပစ်ချသွားတာမျိုး မလုပ်မိပါစေနဲ့။

အဲဒီလိုလုပ်ခဲ့ရင် လှည်းတစ်စီး ဒဏ်ငွေသုံးသောင်း ရိုက်ရပါလိမ့်မယ်’’လို့ 

ကြေညာ ပေးတတ်တယ်။


ပလတ်စတစ်အမှိုက်ကိစ္စ အောင်မြင်ပြီး ရပ်ထားတာကြာ ပြီဖြစ်တဲ့ 

ရွာစာကြည့်တိုက်ကို လည်း ပြန်လည်အကောင်အထည် ဖော်ကြတယ်။ 

ရွာလူကြီးဆီကနေ ရပ်ရွာဖွံ့ဖြိုးရေးရန်ပုံငွေကလည်း ပံ့ပိုးပေးသလို 

Green Life အဖွဲ့ က ရန်ပုံငွေလည်း ထည့်ဝင်ပြီး စာကြည့်တိုက်လေး

အတွက် လိုအပ်တဲ့စာအုပ်တွေ လစဉ်ဝယ်ကြ တယ်။ ဒါ့အပြင် ရွာမှာ 

စာပေ အနုပညာရှင်တွေ၊ တခြားလူမှု စီးပွားပညာရှင်တွေရဲ့ ဟောပြော

ပွဲတွေလည်း မကြာခဏ လုပ်ခဲ့ ကြတယ်။ နောက်ပြီး ရွာအနီးရှိ ရွာပိုင်

မြေတွေမှာလည်း ကျွန်း၊ တမာ၊ ပိတောက်၊ ယူကလစ် စတဲ့ အပင်တွေ

လည်း စုပေါင်းစိုက်ပျိုး တယ်။ စစ်ကိုင်းက စိမ်းစိုဌာနကတောင် 

ဒီပဲယင်းကွဲရွာက တကယ်လုပ်တယ်ဆိုပြီး တစ်အိမ်ကို ကျွန်းတစ်ပင်

စိုက်ဖို့လာပေးခဲ့တယ်။


သရက်သီးစိုက်တဲ့ရွာမို့ သရက်နဲ့ပတ်သက်တဲ့ ပညာရှင် တွေရဲ့ 

ဟောပြောပွဲတွေ၊ သင် တန်းတွေလည်း လုပ်လေ့ရှိပါ တယ်။ 

အသစ်အသစ်ထွက်ပေါ် လာတဲ့ စိုက်ပျိုးရေးနည်းပညာတွေ ကို

မျက်ခြည်မပြတ် သင်ယူလေ့ လာရင်း စိုက်ပျိုးကြတော့ အသီးတွေလည်း

အောင်ပါတယ်။ ဒါ ကြောင့် ရွာကလည်း ထိုက်သင့်သလောက် စီးပွားရေး

အဆင်ပြေတာပေါ့။ အခုဆို ရွာမှာ ကားက အစီးလေးဆယ်၊ ထော်လာဂျီ

က အစီးလေးဆယ်ကျော်လောက် ရှိပါသတဲ့။


အခု ဒီပဲယင်းကွဲရွာက Green Life အဖွဲ့လေးမှာ အဖွဲ့ဝင် ၂၈၀ ကျော်

ပါပြီ။ လူငယ်လေး တွေဟာ ကိုယ့်ရပ်ကိုယ့်ရွာ သန့် ရှင်းရေး တစ်တပ်

တစ်အား ပါ ဝင်ပြီး အပတ်စဉ် ပလတ်စတစ် ကောက်နေပါတယ်။ 

မိဘတွေ ကိုယ်တိုင်ကလည်း သူတို့ကလေးတွေကို အမှိုက်ကောက်တဲ့

နေ့ဆို ကိုယ်တိုင်ကိုယ်ကျ ထည့်လာကြပါတယ်။ သူတို့ရွာတင်မက 

တခြားပတ်ဝန်းကျင်က ရွာခုနစ်ရွာကိုပါ သူတို့လိုလုပ်လာအောင် 

စည်းရုံးပြီး ကူညီပေးနေပါတယ်။ ဒါ့အပြင် ဒီပဲယင်းကွဲရွာလေးမှာ 

စေတနာမွန်ဆိုတဲ့ နာရေးကူညီမှုအသင်းလည်း ရှိပါသေးတယ်။ 

အဲဒီအသင်းက နာရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။


ညောင်ပင်ဝန်းတိုက်နယ်မှာ ဒီပဲယင်းကွဲလို့ဆိုတာနဲ့ စီးပွားရေး 

ပြေလည်ကြတဲ့၊ ပညာတတ်တွေ ပေါများတဲ့၊ တအားသန့်ရှင်းတဲ့၊ 

ရွာလူထု စည်းလုံးညီညွတ်တဲ့ ကျေးရွာလို့ သိနေပါပြီ။ ခေတ် စကားနဲ့

ပြောရရင် ဒီပဲယင်းကွဲကျေးရွာလေးဟာ စင်ကာပူကို အမီလိုက်နေပါပြီ။

ရွာအုတ်တံတိုင်း တစ်ခုပေါ်မှာတော့ စာသား တချို့ ရေးထိုးထားတာ

တွေ့ရ တယ်။ ဆရာအော်ပီကျယ်ရဲ့ သရုပ်ဖော်တစ်ကွက်ကို 

စာရေးဆရာတစ်ယောက်က ခံစားပြီး ပြန်ရေးထားတဲ့စာသားကို 

နံရံပေါ် မှာ ရေးထားတာပါ။ ‘ပြဿနာကို သူတို့ရှင်းလိမ့်မယ်လို့ 

ပြောရမယ့် အချိန် မဟုတ်တော့ဘူး’။ ‘သူတို့’ ဆိုတာမရှိဘူး။

 ‘ငါတို့’ဆုံးဖြတ်ရမယ်’တဲ့။ ။


Credit:7daydaily

http://www.7daydaily.com/story/128621

No comments:

Post a Comment