မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 14, 2020

ေငြေတြျပန္ေပးခဲ့တဲ့ ဖိလစ္ပုိင္က ကားဒ႐ုိင္ဘာႀကီး

 ခရီးသည္က်န္ခဲ့တဲ့ ေငြ(၂)သန္းပါအိတ္ကို 

ျပန္ေပးခဲ့တဲ့ ဖိလစ္ပုိင္က ကားဒ႐ုိင္ဘာႀကီး

------------------------------------------------


❒  အငွားကားဒ႐ုိင္ဘာတစ္ဦးဟာ သူ႕ကားကုိ ငွားရမ္းခဲ့တဲ့ 

ခရီးသည္တစ္ဦး ေမ့က်န္ေနခဲ့တဲ့ အိတ္ကို အဆုိပါခရီးသည္ထံ 

႐ုိး႐ုိးသားသားနဲ႔ ျပန္လည္အပ္ႏွံေပးခဲ့ပါတယ္။ အိတ္ထဲမွာ ဖိလစ္ပုိင္ေငြ 

ပီဆုိ (၂)သန္းအထိ ပါဝင္ၿပီး၊ အေမရိကန္ေဒၚလာ (၃၇၅၀၀) တန္ေၾကး

ရွိပါတယ္။ ျမန္မာေငြနဲ႔ဆုိရင္ သိန္းေပါင္း (၅၁၃)သိန္းေက်ာ္ တန္ဖုိး

ရွိပါတယ္။


ဒါေပမယ့္ ႐ုိးသားလွတဲ့ ဖိလစ္ပုိင္ကားဒ႐ုိင္ဘာႀကီးဟာ သူ႔ကားေပၚမွာ

က်န္သမွ်ကို ျပန္လည္အပ္ႏွံခဲ့ပါတယ္။ ကားဆရာႀကီးရဲ႕အမည္မွာ 

Tatay Eduardo S.Matusalem ျဖစ္ၿပီး၊ RCM တကၠစီယာဥ္ျဖစ္တဲ့ 

UWN 492 ကုိ ေမာင္းႏွင္သူ ျဖစ္ပါတယ္။ သူဟာ ဇြန္လ (၁၃)ရက္ 

ႏုိင္ငံျခားသား လုပ္ငန္းရွင္တစ္ဦးကို ေနရာတစ္ခုဆီပုိ႔ေပးခဲ့ရပါတယ္။


အဲဒီကေန အျပန္မွာ သူ႕ကားေပၚမွာ အထုပ္တစ္ခုကို သတိထားမိ

ခဲ့ပါတယ္။ ဒါေပမယ့္ သူပုိ႔ေဆာင္ေပးခဲ့တဲ့ေနရာဟာ အမ်ားျပည္သူ

ဆုိင္ရာ ေနရာတစ္ခု ျဖစ္ေနခဲ့တဲ့အတြက္ အဲဒီသူေဌးကို ျပန္ရွာဖုိ႔ 

မလြယ္ပါဘူး။ ဒါေၾကာင့္ TV5 ကူညီေရးစင္တာကုိ သြားေရာက္ကာ

ေငြကို အပ္ႏွံၿပီးပုိင္ရွင္ရွာဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ အဲဒီေန႔က စင္တာ

ပိတ္ထားပါတယ္။


ဒါေၾကာင့္ သူဟာ ကားကုိ လာလမ္းအတုိင္း ျပန္ေမာင္းၿပီး 

သူ ေစာေစာက ခရီးသည္ကို ထားရွိခဲ့တဲ့ေနရာကို ျပန္လည္ေမာင္း

ႏွင္ကာ ကာယကံရွင္ကုိ ေပးဖုိ႔ ကိုယ္တုိင္ေစာင့္ဆုိင္းေနခဲ့ပါတယ္။ 

သူဟာ အဲဒီစင္တာအနီးမွာ တစ္ညလုံး ေစာင့္ဆုိင္းေနခဲ့ၿပီး၊ အဲဒီေန႔က

သူဟာ ယာဥ္ေမာင္းခ ပီဆုိ (၇၀၀)သာ ရရွိခဲ့ပါတယ္။ သူဟာ အိတ္ကုိ

လုံးဝဖြင့္မၾကည့္ခဲ့ပါဘူး။


ဒါေပမယ့္ ကာယကံရွင္ကို အရိပ္အေယာင္လည္း မေတြ႕ရေတာ့လုိ႔ 

TV5 ကူညီေရးစင္တာကုိ သြားေရာက္ခဲ့ပါတယ္။ တာဝန္ရွိသူေတြ 

စစ္ေဆးတဲ့အခါမွာ ဖိလစ္ပုိင္ေငြ (၂၀၀၁၇၆၆.၆၃)ကို ေတြ႕ရွိခဲ့လုိ႔ 

အားလုံးအံ့ၾသေနၾကပါတယ္။ ပုိၿပီးေတာ့ အဆင္ေျပသြားတာက 

ဒီအိတ္ကိုက်န္ေနသူရဲ႕ ID ကတ္ကိုပါ ေတြ႕ခဲ့ရပါတယ္။ ပုိင္ရွင္မွာ 

တ႐ုတ္အမ်ိဳးသား Junyi Tao ျဖစ္ၿပီး TV5 စင္တာကုိ ခ်က္ခ်င္း

ေရာက္လာခဲ့ပါတယ္။


Tao က ဒီအိတ္ကို ဘယ္ေတာ့မွျပန္မရနုိင္ေတာ့ဘူးလုိ႔ စိတ္ထဲက 

ေတြးထားၿပီးၿပီျဖစ္ေၾကာင္း၊ သူ႕အေနနဲ႔လည္း လူ႕ေလာကမွာ 

ဒီေလာက္႐ုိးသားေျဖာင့္မတ္သူ ရွိလိမ့္မယ္လုိ႔ ထင္မထားတာ 

အေတာ္ေလးကို အားနာမိပါေၾကာင္းေျပာခဲ့ပါတယ္။ Tao က 

ကားဆရာ Tatay ကုိ ဆုေငြအျဖစ္ ပီဆုိ (၁၀၀၀၀)ခ်ီးျမင့္ခဲ့ၿပီး၊

ျမန္မာေငြအားျဖင့္ (၂)သိန္းခြဲေက်ာ္ တန္ဖုိးရွိပါတယ္။ ဒါ့အျပင္ 

Tatay နဲ႔ မိသားစုဝင္ေတြကုိလည္း ညစာစားပြဲ ဖိတ္ခဲ့ပါေသးတယ္။

႐ုိးသားမႈဆုိတာ ေငြေၾကးနဲ႔တန္ဖုိးျဖတ္လုိ႔မရတဲ့ ရွားပါးလြန္းလွၿပီျဖစ္တဲ့ 

ဂုဏ္ျဒပ္တစ္ခု ျဖစ္ပါတယ္။


ေနသူရိန္ (MyanmarNote)

source : rachfeed.com

https://rachfeed.com/taxi-driver-returns-bag-left-inside-his-cab-it-contained-worth-php2-million-in-cash/

===========================


ခရီးသည်ကျန်ခဲ့တဲ့ ငွေ(၂)သန်းပါအိတ်ကို 

ပြန်ပေးခဲ့တဲ့ ဖိလစ်ပိုင်က ကားဒရိုင်ဘာကြီး

------------------------------------------------


❒  အငှားကားဒရိုင်ဘာတစ်ဦးဟာ သူ့ကားကို ငှားရမ်းခဲ့တဲ့ 

ခရီးသည်တစ်ဦး မေ့ကျန်နေခဲ့တဲ့ အိတ်ကို အဆိုပါခရီးသည်ထံ 

ရိုးရိုးသားသားနဲ့ ပြန်လည်အပ်နှံပေးခဲ့ပါတယ်။ အိတ်ထဲမှာ ဖိလစ်ပိုင်ငွေ 

ပီဆို (၂)သန်းအထိ ပါဝင်ပြီး၊ အမေရိကန်ဒေါ်လာ (၃၇၅၀၀) တန်ကြေး

ရှိပါတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်း (၅၁၃)သိန်းကျော် တန်ဖိုး

ရှိပါတယ်။


ဒါပေမယ့် ရိုးသားလှတဲ့ ဖိလစ်ပိုင်ကားဒရိုင်ဘာကြီးဟာ သူ့ကားပေါ်မှာ

ကျန်သမျှကို ပြန်လည်အပ်နှံခဲ့ပါတယ်။ ကားဆရာကြီးရဲ့အမည်မှာ 

Tatay Eduardo S.Matusalem ဖြစ်ပြီး၊ RCM တက္ကစီယာဉ်ဖြစ်တဲ့ 

UWN 492 ကို မောင်းနှင်သူ ဖြစ်ပါတယ်။ သူဟာ ဇွန်လ (၁၃)ရက် 

နိုင်ငံခြားသား လုပ်ငန်းရှင်တစ်ဦးကို နေရာတစ်ခုဆီပို့ပေးခဲ့ရပါတယ်။


အဲဒီကနေ အပြန်မှာ သူ့ကားပေါ်မှာ အထုပ်တစ်ခုကို သတိထားမိ

ခဲ့ပါတယ်။ ဒါပေမယ့် သူပို့ဆောင်ပေးခဲ့တဲ့နေရာဟာ အများပြည်သူ

ဆိုင်ရာ နေရာတစ်ခု ဖြစ်နေခဲ့တဲ့အတွက် အဲဒီသူဌေးကို ပြန်ရှာဖို့ 

မလွယ်ပါဘူး။ ဒါကြောင့် TV5 ကူညီရေးစင်တာကို သွားရောက်ကာ

ငွေကို အပ်နှံပြီးပိုင်ရှင်ရှာဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီနေ့က စင်တာ

ပိတ်ထားပါတယ်။


ဒါကြောင့် သူဟာ ကားကို လာလမ်းအတိုင်း ပြန်မောင်းပြီး 

သူ စောစောက ခရီးသည်ကို ထားရှိခဲ့တဲ့နေရာကို ပြန်လည်မောင်း

နှင်ကာ ကာယကံရှင်ကို ပေးဖို့ ကိုယ်တိုင်စောင့်ဆိုင်းနေခဲ့ပါတယ်။ 

သူဟာ အဲဒီစင်တာအနီးမှာ တစ်ညလုံး စောင့်ဆိုင်းနေခဲ့ပြီး၊ အဲဒီနေ့က

သူဟာ ယာဉ်မောင်းခ ပီဆို (၇၀၀)သာ ရရှိခဲ့ပါတယ်။ သူဟာ အိတ်ကို

လုံးဝဖွင့်မကြည့်ခဲ့ပါဘူး။


ဒါပေမယ့် ကာယကံရှင်ကို အရိပ်အယောင်လည်း မတွေ့ရတော့လို့ 

TV5 ကူညီရေးစင်တာကို သွားရောက်ခဲ့ပါတယ်။ တာဝန်ရှိသူတွေ 

စစ်ဆေးတဲ့အခါမှာ ဖိလစ်ပိုင်ငွေ (၂၀၀၁၇၆၆.၆၃)ကို တွေ့ရှိခဲ့လို့ 

အားလုံးအံ့သြနေကြပါတယ်။ ပိုပြီးတော့ အဆင်ပြေသွားတာက 

ဒီအိတ်ကိုကျန်နေသူရဲ့ ID ကတ်ကိုပါ တွေ့ခဲ့ရပါတယ်။ ပိုင်ရှင်မှာ 

တရုတ်အမျိုးသား Junyi Tao ဖြစ်ပြီး TV5 စင်တာကို ချက်ချင်း

ရောက်လာခဲ့ပါတယ်။


Tao က ဒီအိတ်ကို ဘယ်တော့မှပြန်မရနိုင်တော့ဘူးလို့ စိတ်ထဲက 

တွေးထားပြီးပြီဖြစ်ကြောင်း၊ သူ့အနေနဲ့လည်း လူ့လောကမှာ 

ဒီလောက်ရိုးသားဖြောင့်မတ်သူ ရှိလိမ့်မယ်လို့ ထင်မထားတာ 

အတော်လေးကို အားနာမိပါကြောင်းပြောခဲ့ပါတယ်။ Tao က 

ကားဆရာ Tatay ကို ဆုငွေအဖြစ် ပီဆို (၁၀၀၀၀)ချီးမြင့်ခဲ့ပြီး၊

မြန်မာငွေအားဖြင့် (၂)သိန်းခွဲကျော် တန်ဖိုးရှိပါတယ်။ ဒါ့အပြင် 

Tatay နဲ့ မိသားစုဝင်တွေကိုလည်း ညစာစားပွဲ ဖိတ်ခဲ့ပါသေးတယ်။

ရိုးသားမှုဆိုတာ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရတဲ့ ရှားပါးလွန်းလှပြီဖြစ်တဲ့ 

ဂုဏ်ဒြပ်တစ်ခု ဖြစ်ပါတယ်။


နေသူရိန် (MyanmarNote)

source : rachfeed.com

https://rachfeed.com/taxi-driver-returns-bag-left-inside-his-cab-it-contained-worth-php2-million-in-cash/


No comments:

Post a Comment