မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 14, 2020

ဘရာအတင္းခြ်တ္ခိုင္းခဲ့လုိ

 စာေမးပြဲခန္းထဲမ၀င္ခင္ လုံၿခဳံေရးမ်ားကစစ္ေဆးခဲ့ၿပီး 

ဘရာအတင္းခြ်တ္ခိုင္းခဲ့လုိ ့ငုိရမလုိ ရယ္ရမလုိ ျဖစ့္ခဲ့တဲ့ 

အသက္ ၁၇ ႏွစ္အရြယ္ေက်ာင္းသူေလး

----------------------------------------------------


.
စာမေးပွဲခန်းထဲမဝင်ခင် လုံခြုံရေးများက စစ်ဆေးခဲ့ပြီး ဘရာအတင်း ချွတ်ခိုင်းခဲ့လို့ငိုရမလို ရယ်ရမလို ဖြစ့်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေး

ရွရွားႏုိင္ငံတြင္ အသက္၁၇ႏွစ္အရြယ္ေက်ာင္းသူေလးကုိ

အမ်ိဳးသားလံုျခံဳေရးတစ္ဦးက သူမေဘာ္လီ၏ အတြင္းသား

လုိင္နာဟာ သတၱဳနဲ႔လုပ္ထားတာျဖစ္လုိ႔ Security Alarm

ေတာက္ေလ်ွာက္ျမည္ေနခဲ့ခိ်န္မွာေတာ့ သူမကိုအတင္းအက်ပ္

ဘရာခြ်တ္ခုိင္းခဲ့တဲ့အတြက္ ငုိရမလုိ ရယ္ရမလုိ ျဖစ္ခဲ့ရတယ္လုိ႔ 

ဆုိပါတယ္။

ယင္းေက်ာင္းသူဟာ သူမရဲ႕ဘရာကုိခြ်တ္ခဲ႔ၿပီးေနာက္မွသာ 

Metal Detector ကုိ ျဖတ္ေလ်ွာက္ခဲ့ရၿပီး လံုျခံဳေရးအမ်ိဳးသားေတြဟာ

သူမရဲ႕ရင္ဘတ္ကုိ စူးစုိက္ၿပီး ၾကည့္ေနခဲ့ၾကတာပါ။ ရွရွားႏုိင္ငံဟာ 

အလယ္တန္းေက်ာင္းၿပီး၍ ေက်ာင္းဆက္မတက္ေတာ့ဘဲ အလုပ္

လုပ္ရန္ ထြက္သြားၾကသူမ်ားႏွင့္ စာသင္ခန္းအတြင္း မၾကာခဏ

ဓားနဲ႔တိုက္ခုိက္မႈမ်ား ျဖစ္ေပၚလာတာေၾကာင့္ စာသင္ေက်ာင္းမ်ားမွာ

လံုျခံဳေရး ပိုမိုတိုးျမွင့္လာတာ ျဖစ္ပါတယ္။

လံုျခံဳေရးစစ္ေဆးသူေတြ အကုန္လံုးက အမိ်ဳးသားေတြပဲျဖစ္ၿပီး 

ဒီႏွစ္မွာ မိန္းကေလးေတြကုိ စာသင္ခန္းအတြင္း လက္ကုိင္ဖုန္း 

ယူခြင့္မေပးရံုသာမဟုတ္ဘဲ သူတို႔ရဲ႕ အတြင္းခံေတြကုိပါ ခြ်တ္ရ

ေသးေၾကာင္း၊ အေစာင့္ေတြဟာ ကြ်န္မညီမကုိတားထားကာ၊ 

သူမကုိအတင္းပဲ ဘရာခြ်တ္ခုိင္းၿပီး ပါးလႊာတဲ့အက်ီၤေလးနဲ႔ သာ 

သူ႔ရင္ဘတ္ကုိ ၾကည့္ေနတဲ့အမိ်ဳးသား၂ေယာက္ရဲ႕အေရွ့ 

Metal Detector ေရွ့က ျဖတ္ေလ်ွာက္ခဲ့ရေၾကာင္းနဲ ့

သူမ ဘယ္လုိလုပ္ ဒီစာေမးပြဲမွာေျဖႏိုင္ပါေတာ့မလဲလုိ ့ 

ထုိမိန္းကေလးရဲ ့ အစ္မျဖစ္သူက ကြန္ပလိန္းပို႔စ္တစ္ခုကုိ 

ေရးသားခဲ့ပါတယ္။

ဒီလုိျဖစ္ရပ္ဟာ ေရနံ ့ၾကြယ္၀တဲ့ Tatarstan ျမိဳ႕ရွိ School Number

Ten မွာျဖစ္ခဲ့တာပါ၊ မိန္းကေလးရဲ႕အေမကေတာ့ ဒီလုိစစ္ေဆးမႈဟာ

ေတာ္ေတာ္ကုိ တရားလြန္တဲ့စစ္ေဆးမႈပဲ ဆုိၿပီး ကြန္ပလိန္းၾကီးၾကီး

တစ္ခုကုိ လုပ္ခဲ့ပါတယ္။ ေဒသခံပညာေရးဆုိင္ရာအရာရွိတစ္ေယာက္

ကေတာ့ ဘရာရဲ႕အတြင္းသားလိုင္နာသားဟာ Metal Detector ကုိ

ျဖတ္တဲ့အခ်ိန္မွာ အဆက္မျပတ္ကုိ ျမည္ေနခဲ့တာျဖစ္ေၾကာင္းဆုိခဲ့သလုိ 

သက္ေသတစ္ေယာက္ကေတာ့ မိန္းကေလးကုိအတင္းအက်ပ္ 

ဘရာခြ်တ္ေစတာမဟုတ္ဘူး လုိ႔ျငင္းဆိုထားပါတယ္။

ဆရာတစ္ေယာက္ကေတာ့ ေက်ာင္းသူေတြကုိ သတၱဳနဲ႔ျပဳလုပ္ထားတဲ့ 

ဘရာေတြမ၀တ္ဆင္ေစဖို႔ အသိေပးထားၿပီးသားျဖစ္ေၾကာင္း၊ ဒီလုိ 

စစ္ေဆးမႈမိ်ဳးဟာ ရွရွားေက်ာင္းမ်ားမွာ ပံုမွန္စစ္ေဆးမႈမ်ိဳးျဖစ္ေၾကာင္း 

ေျပာဆုိခဲ့တယ္လုိ ့ သိရပါတယ္။



သစၥာမြန္ (အကုန္သိသတင္းဌာန)

link -

http://www.dailymail.co.uk/news/article-5812641/Outcry-Russian-student-17-forced-remove-bra-siting-school-leaving-exam.html

=============================


စာမေးပွဲခန်းထဲမဝင်ခင် လုံခြုံရေးများကစစ်ဆေးခဲ့ပြီး 

ဘရာအတင်းချွတ်ခိုင်းခဲ့လို့ငိုရမလို ရယ်ရမလို ဖြစ့်ခဲ့တဲ့ 

အသက် ၁၇ နှစ်အရွယ်ကျောင်းသူလေး

----------------------------------------------------


ရှရှားနိုင်ငံတွင် အသက်၁၇နှစ်အရွယ်ကျောင်းသူလေးကို

အမျိုးသားလုံခြုံရေးတစ်ဦးက သူမဘော်လီ၏ အတွင်းသား

လိုင်နာဟာ သတ္တုနဲ့လုပ်ထားတာဖြစ်လို့ Security Alarm

တောက်လျှောက်မြည်နေခဲ့ချိန်မှာတော့ သူမကိုအတင်းအကျပ်

ဘရာချွတ်ခိုင်းခဲ့တဲ့အတွက် ငိုရမလို ရယ်ရမလို ဖြစ်ခဲ့ရတယ်လို့ 

ဆိုပါတယ်။


ယင်းကျောင်းသူဟာ သူမရဲ့ဘရာကိုချွတ်ခဲ့ပြီးနောက်မှသာ 

Metal Detector ကို ဖြတ်လျှောက်ခဲ့ရပြီး လုံခြုံရေးအမျိုးသားတွေဟာ

သူမရဲ့ရင်ဘတ်ကို စူးစိုက်ပြီး ကြည့်နေခဲ့ကြတာပါ။ ရှရှားနိုင်ငံဟာ 

အလယ်တန်းကျောင်းပြီး၍ ကျောင်းဆက်မတက်တော့ဘဲ အလုပ်

လုပ်ရန် ထွက်သွားကြသူများနှင့် စာသင်ခန်းအတွင်း မကြာခဏ

ဓားနဲ့တိုက်ခိုက်မှုများ ဖြစ်ပေါ်လာတာကြောင့် စာသင်ကျောင်းများမှာ

လုံခြုံရေး ပိုမိုတိုးမြှင့်လာတာ ဖြစ်ပါတယ်။


လုံခြုံရေးစစ်ဆေးသူတွေ အကုန်လုံးက အမျိုးသားတွေပဲဖြစ်ပြီး 

ဒီနှစ်မှာ မိန်းကလေးတွေကို စာသင်ခန်းအတွင်း လက်ကိုင်ဖုန်း 

ယူခွင့်မပေးရုံသာမဟုတ်ဘဲ သူတို့ရဲ့ အတွင်းခံတွေကိုပါ ချွတ်ရ

သေးကြောင်း၊ အစောင့်တွေဟာ ကျွန်မညီမကိုတားထားကာ၊ 

သူမကိုအတင်းပဲ ဘရာချွတ်ခိုင်းပြီး ပါးလွှာတဲ့အကျီၤလေးနဲ့ သာ 

သူ့ရင်ဘတ်ကို ကြည့်နေတဲ့အမျိုးသား၂ယောက်ရဲ့အရှေ့ 

Metal Detector ရှေ့က ဖြတ်လျှောက်ခဲ့ရကြောင်းနဲ့

သူမ ဘယ်လိုလုပ် ဒီစာမေးပွဲမှာဖြေနိုင်ပါတော့မလဲလို့ 

ထိုမိန်းကလေးရဲ့ အစ်မဖြစ်သူက ကွန်ပလိန်းပို့စ်တစ်ခုကို 

ရေးသားခဲ့ပါတယ်။


ဒီလိုဖြစ်ရပ်ဟာ ရေနံ့ကြွယ်ဝတဲ့ Tatarstan မြို့ရှိ School Number

Ten မှာဖြစ်ခဲ့တာပါ၊ မိန်းကလေးရဲ့အမေကတော့ ဒီလိုစစ်ဆေးမှုဟာ

တော်တော်ကို တရားလွန်တဲ့စစ်ဆေးမှုပဲ ဆိုပြီး ကွန်ပလိန်းကြီးကြီး

တစ်ခုကို လုပ်ခဲ့ပါတယ်။ ဒေသခံပညာရေးဆိုင်ရာအရာရှိတစ်ယောက်

ကတော့ ဘရာရဲ့အတွင်းသားလိုင်နာသားဟာ Metal Detector ကို

ဖြတ်တဲ့အချိန်မှာ အဆက်မပြတ်ကို မြည်နေခဲ့တာဖြစ်ကြောင်းဆိုခဲ့သလို 

သက်သေတစ်ယောက်ကတော့ မိန်းကလေးကိုအတင်းအကျပ် 

ဘရာချွတ်စေတာမဟုတ်ဘူး လို့ငြင်းဆိုထားပါတယ်။


ဆရာတစ်ယောက်ကတော့ ကျောင်းသူတွေကို သတ္တုနဲ့ပြုလုပ်ထားတဲ့ 

ဘရာတွေမဝတ်ဆင်စေဖို့ အသိပေးထားပြီးသားဖြစ်ကြောင်း၊ ဒီလို 

စစ်ဆေးမှုမျိုးဟာ ရှရှားကျောင်းများမှာ ပုံမှန်စစ်ဆေးမှုမျိုးဖြစ်ကြောင်း 

ပြောဆိုခဲ့တယ်လို့ သိရပါတယ်။


သစ္စာမွန် (အကုန်သိသတင်းဌာန)

link -

http://www.dailymail.co.uk/news/article-5812641/Outcry-Russian-student-17-forced-remove-bra-siting-school-leaving-exam.html


No comments:

Post a Comment