မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 14, 2020

နတ္ပူေဇာ္ရာမွ ကားမီးေလာင္သြား

 တန္ဖိုးႀကီးကားသစ္အတြက္ အေမႊးတိုင္ထြန္း

နတ္ပူေဇာ္ရာမွ ကားမီးေလာင္သြား ...

-----------------------------------------------

တရုတ္ႏိုင္ငံက်န္းစုျပည္နယ္ ယန္က်ိဳးၿမိဳ႕မွာေနထိုင္တဲ့ အမည္မသိ

အမ်ိဳးသားတစ္ေယာက္အျဖစ္ကေတာ့ ၾကားရသူအေပါင္း ငိုရမလို 

ရယ္ရမလို ျဖစ္ေစခဲ့ပါတယ္။ ျဖစ္ေၾကာင္းကုန္စဥ္ကေတာ့ အဆိုပါ

အမ်ိဳးသားဟာ သူပိုင္ဆိုင္တဲ့ အသစ္စက္စက္ တန္ဖိုးႀကီးကားသစ္

အတြက္ အေမႊးတိုင္ထြန္းနတ္ပူေဇာ္ရင္း ကားတစ္စီးလံုး 

ရစရာမရွိေအာင္ မီးေလာင္သြားခဲ့ပါတယ္။


တရုတ္သတင္းဌာနမ်ားမွ ေဖာ္ျပခ်က္အရ အဆိုပါအမ်ိဳးသားဟာ 

ၿပီးခဲ့တဲ့အဂၤါေန႔တြင္ သူ၏ေဒၚလာ၈ေသာင္း(ျမန္မာေငြသိန္း ၁၁၀၀ခန္႔)

တန္ဖိုးရွိ ဘီအမ္ဒဗလ်ဴ(BMW)ကားသစ္ကို နတ္တင္ခဲ့ပါတယ္တဲ့။

ကားေရွ႕မွန္ေပၚမွာ ပိတ္စအနီမ်ားႏွင့္ဖံုးလႊမ္းၿပီး စားေကာင္းေသာက္ဖြယ္

ပန္းကန္မ်ားကို ေျမျပင္မွာခင္းက်င္းျပင္ဆင္ကာ လူတစ္ရပ္အရွည္ရွိ 

အေမႊးတိုင္ႀကီးေတြ ထြန္းညွိၿပီး သူ႕ကို ကားသစ္ဝယ္ႏိုင္ေအာင္ မစ

ကူညီေပးတဲ့ နတ္ေဒဝါေတြကို ေက်းဇူးတင္ေၾကာင္းေျပာၾကားရင္း 

ေနာင္လည္း မစေစာင့္ေရွာက္ေပးဖို႔ ဆုေတာင္းခဲ့ပါတယ္။ အဲဒီေနာက္ 

သူေနထိုင္ရာ ကြန္ဒိုတိုက္ခန္းကို ျပန္သြားခဲ့ပါတယ္။ သူျပန္သြားၿပီး 

ေနာက္ထပ္မိနစ္(၂၀)အၾကာမွာ သူ႕ကားမီးေလာင္ေနၿပီျဖစ္ေၾကာင္း 

အိမ္နီးနားခ်င္းေတြကလာ သတိေပးခဲ့ရာ သိသိခ်င္းမီးသတ္တပ္ဖြဲ႕ကို

အေၾကာင္းၾကားခဲ့ၿပီး မီးသတ္တပ္ဖြဲ႕မွ(၁၀)မိနစ္ေက်ာ္ၾကာ မီးၿငိမ္းသတ္

ခဲ့ရပါတယ္။ သို႔ရာတြင္ ေလာင္စာဆီေတြေၾကာင့္ မီးေလာင္မႈဟာ 

ျပင္းထန္ခဲ့ၿပီး ကားတစ္စီးလံုး ျပန္ျပင္လို႔ မရေလာက္ေတာ့တဲ့ 

အေျခအေနထိ ေလာင္ကၽြမ္း ပ်က္စီးသြားခဲ့ပါတယ္။

အဲဒီေနာက္ မီးေလာင္ရတဲ့အေၾကာင္းအရင္းကို စီစီတီဗီမွတ္တမ္းမ်ား

မွတစ္ဆင့္ ရွာေဖြရာ နတ္တင္ရာတြင္ ထြန္းညွိပူေဇာ္ထားတဲ့ အေမႊးတိုင္

မ်ားမွတစ္ဆင့္ မီးစြဲေလာင္ေၾကာင္း သိရွိခဲ့ရပါတယ္။ ထိုအမ်ိဳးသား၏

ေျပာၾကားခ်က္အရ သူဟာ ဘီအမ္ဒဗလ်ဴကားသစ္ကို တရုတ္ျပည္ရဲ႕

တင္းက်ပ္လွတဲ့ ျပည္ပသြင္းကုန္အေကာက္ခြန္ဥပေဒေၾကာင့္ မူလ

ေစ်းႏႈန္းထက္မ်ားစြာ ကုန္က်ခံ ဝယ္ယူခဲ့ရပါတယ္တဲ့။ ဒါေပမယ့္ 

ယခုလိုျဖစ္သြားေတာ့ ငိုခ်င္စိတ္ေပါက္သြားေၾကာင္း ထပ္ေလာင္း 

ေျပာၾကားခဲ့ပါတယ္။


အိပပစံ

MyanmarNote

link -

http://www.scmp.com/news/china/society/article/2150839/bmw-destroyed-fire-within-hours-owner-lights-joss-sticks-thank

============================


တန်ဖိုးကြီးကားသစ်အတွက် အမွှေးတိုင်ထွန်း

နတ်ပူဇော်ရာမှ ကားမီးလောင်သွား ...

-----------------------------------------------


တရုတ်နိုင်ငံကျန်းစုပြည်နယ် ယန်ကျိုးမြို့မှာနေထိုင်တဲ့ အမည်မသိ

အမျိုးသားတစ်ယောက်အဖြစ်ကတော့ ကြားရသူအပေါင်း ငိုရမလို 

ရယ်ရမလို ဖြစ်စေခဲ့ပါတယ်။ ဖြစ်ကြောင်းကုန်စဉ်ကတော့ အဆိုပါ

အမျိုးသားဟာ သူပိုင်ဆိုင်တဲ့ အသစ်စက်စက် တန်ဖိုးကြီးကားသစ်

အတွက် အမွှေးတိုင်ထွန်းနတ်ပူဇော်ရင်း ကားတစ်စီးလုံး 

ရစရာမရှိအောင် မီးလောင်သွားခဲ့ပါတယ်။


တရုတ်သတင်းဌာနများမှ ဖော်ပြချက်အရ အဆိုပါအမျိုးသားဟာ 

ပြီးခဲ့တဲ့အင်္ဂါနေ့တွင် သူ၏ဒေါ်လာ၈သောင်း(မြန်မာငွေသိန်း ၁၁၀၀ခန့်)

တန်ဖိုးရှိ ဘီအမ်ဒဗလျူ(BMW)ကားသစ်ကို နတ်တင်ခဲ့ပါတယ်တဲ့။

ကားရှေ့မှန်ပေါ်မှာ ပိတ်စအနီများနှင့်ဖုံးလွှမ်းပြီး စားကောင်းသောက်ဖွယ်

ပန်းကန်များကို မြေပြင်မှာခင်းကျင်းပြင်ဆင်ကာ လူတစ်ရပ်အရှည်ရှိ 

အမွှေးတိုင်ကြီးတွေ ထွန်းညှိပြီး သူ့ကို ကားသစ်ဝယ်နိုင်အောင် မစ

ကူညီပေးတဲ့ နတ်ဒေဝါတွေကို ကျေးဇူးတင်ကြောင်းပြောကြားရင်း 

နောင်လည်း မစစောင့်ရှောက်ပေးဖို့ ဆုတောင်းခဲ့ပါတယ်။ အဲဒီနောက် 

သူနေထိုင်ရာ ကွန်ဒိုတိုက်ခန်းကို ပြန်သွားခဲ့ပါတယ်။ သူပြန်သွားပြီး 

နောက်ထပ်မိနစ်(၂၀)အကြာမှာ သူ့ကားမီးလောင်နေပြီဖြစ်ကြောင်း 

အိမ်နီးနားချင်းတွေကလာ သတိပေးခဲ့ရာ သိသိချင်းမီးသတ်တပ်ဖွဲ့ကို

အကြောင်းကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ(၁၀)မိနစ်ကျော်ကြာ မီးငြိမ်းသတ်

ခဲ့ရပါတယ်။ သို့ရာတွင် လောင်စာဆီတွေကြောင့် မီးလောင်မှုဟာ 

ပြင်းထန်ခဲ့ပြီး ကားတစ်စီးလုံး ပြန်ပြင်လို့ မရလောက်တော့တဲ့ 

အခြေအနေထိ လောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။


အဲဒီနောက် မီးလောင်ရတဲ့အကြောင်းအရင်းကို စီစီတီဗီမှတ်တမ်းများ

မှတစ်ဆင့် ရှာဖွေရာ နတ်တင်ရာတွင် ထွန်းညှိပူဇော်ထားတဲ့ အမွှေးတိုင်

များမှတစ်ဆင့် မီးစွဲလောင်ကြောင်း သိရှိခဲ့ရပါတယ်။ ထိုအမျိုးသား၏

ပြောကြားချက်အရ သူဟာ ဘီအမ်ဒဗလျူကားသစ်ကို တရုတ်ပြည်ရဲ့

တင်းကျပ်လှတဲ့ ပြည်ပသွင်းကုန်အကောက်ခွန်ဥပဒေကြောင့် မူလ

ဈေးနှုန်းထက်များစွာ ကုန်ကျခံ ဝယ်ယူခဲ့ရပါတယ်တဲ့။ ဒါပေမယ့် 

ယခုလိုဖြစ်သွားတော့ ငိုချင်စိတ်ပေါက်သွားကြောင်း ထပ်လောင်း 

ပြောကြားခဲ့ပါတယ်။


အိပပစံ

MyanmarNote

link -

http://www.scmp.com/news/china/society/article/2150839/bmw-destroyed-fire-within-hours-owner-lights-joss-sticks-thank


No comments:

Post a Comment