ငုိေနတဲ့ ေက်ာင္းသားေလးရဲ႕ အနာဂတ္ကုိ
ကယ္တင္လုိက္တဲ့ ရဲအရာရွိေလး ...
----------------------------------------------
ဖိလစ္ပုိင္က ရဲအရာရွိတစ္ေယာက္ဟာ လွည့္ကင္းေစာင္ရြက္ေနစဥ္
ေက်ာင္းျပင္ပမွာ ထုိင္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကုိ သတိထား
မိခဲ့ပါတယ္။ အဲဒီေကာင္ေလးဟာ တစ္ေယာက္တည္း တိတ္တိတ္ေလး
ထုိင္ေနၿပီး မ်က္ဝန္းမွာ မ်က္ရည္စေတြနဲ႔ပါ။ ေက်ာင္းတက္ခ်ိန္
ေရာက္ေနေပမယ့္ သူ ေက်ာင္းထဲကုိ မဝင္တာကုိ ရဲတပ္သားေလးက
စူးစမ္းလုိစိတ္ ျဖစ္သြားပါတယ္။
ဒီလုိနဲ႔ ေကာင္းေလးအနားကုိ ခ်ဥ္းကပ္ၿပီး ေမးေတာ့ ေကာင္ေလးက
သူ႕မွာ သင္ေထာက္ကူပစၥည္းေတြ မရွိလုိ႔ ေက်ာင္းခန္းထဲကို ဝင္ခြင့္
မရေၾကာင္း ဝမ္းနည္းစြာနဲ႔ ေျပာပါတယ္။ ဒီလုိနဲ႔ ရဲအရာရွိေလးဟာ
သူ႕မွာပါလာတဲ့ ပုိက္ဆံတစ္ခ်ိဳ႕နဲ႔ ေက်ာင္းသားေလးအတြက္
လုိအပ္တာေတြ ဝယ္ယူေပးဖုိ႔ စတုိးဆုိင္ကုိ ေခၚသြားခဲ့ပါတယ္။
အဆုိပါ ရဲသားေလးရဲ႕အမည္မွာ PO2 Nestor Lumicquio, Jr လုိ႔
သိရၿပီး သူဟာ အခုအခါမွာေတာ့ ဖိလစ္ပုိင္ႏုိင္ငံရဲ႕ လူမႈကြန္ယက္မွာ
အမ်ားရဲ႕အခ်စ္ေတြကို ရရွိထားသူေလး ျဖစ္ပါတယ္။ ေက်ာင္းသား
ေလးဟာ သူရဲ႕ ကူညီေပးမႈနဲ႔ ပထမဆုံးေက်ာင္းတက္ရက္မွာ
သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေက်ာင္းတက္ႏုိင္ခဲ့ပါတယ္။
သူဟာ ေက်ာင္းသားေလး လုိအပ္သမွ်ကုိ အကုန္ပုိက္ဆံထုတ္ကာ
ဝယ္ေပးခဲ့ၿပီး၊ ကေလးတစ္ေယာက္ရဲ႕ ပညာေရးအတြက္ တတ္ႏုိင္
သေလာက္ ေထာက္ပံ့ေပးခဲ့ပါတယ္။ ႏွမ္းတစ္လုံးတည္းနဲ႔ ဆီမျဖစ္ဘူး
ဆုိရင္ေတာင္ သူရဲ႕ ကူညီေပးမႈဟာ ေက်င္းသားတစ္ေယာက္အတြက္
ေတာ့ အနာဂတ္လမ္းစလည္း ျဖစ္သြားႏုိင္ပါတယ္။
စိတ္ဓာတ္က်ေနတဲ့ေက်ာင္းသားေလးမွာ ကူညီသူ မရွိခဲ့ဘူးဆုိရင္
သူ႕ရဲ႕ ေက်ာင္းတက္ေန႔ရက္ေတြမွာ သူဟာ စိတ္ဓာတ္က်ဆင္းၿပီး
ေနာက္ဆုံး လမ္းေပ်ာ္ကေလးဘဝကိုေတာင္ ေရာက္သြားႏုိင္ပါတယ္။
ဒီေတာ့ အခုရဲသားေလးရဲ႕ အကူအညီဟာ ေငြေၾကးတန္ဖုိးအားျဖင့္
ဘာမွမဟုတ္ေပမယ့္၊ ဘဝတန္ဖုိးအားျဖင့္ေတာ့ လူသားတစ္ေယာက္ရဲ႕
အနာဂတ္ကုိ ကယ္တင္ေပးလုိက္တာနဲ႔ အတူတူပဲလုိ႔ MyanmarNote
က ဆုိခ်င္ပါေတာ့တယ္။
ေနသူရိန္ (MyanmarNote)
source : viral4real.comcom
http://www.viral4real.com/cop-gives-school-supplies-to-young-boy/
==========================
ငိုနေတဲ့ ကျောင်းသားလေးရဲ့ အနာဂတ်ကို
ကယ်တင်လိုက်တဲ့ ရဲအရာရှိလေး ...
----------------------------------------------
ဖိလစ်ပိုင်က ရဲအရာရှိတစ်ယောက်ဟာ လှည့်ကင်းစောင်ရွက်နေစဉ်
ကျောင်းပြင်ပမှာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ကို သတိထား
မိခဲ့ပါတယ်။ အဲဒီကောင်လေးဟာ တစ်ယောက်တည်း တိတ်တိတ်လေး
ထိုင်နေပြီး မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ။ ကျောင်းတက်ချိန်
ရောက်နေပေမယ့် သူ ကျောင်းထဲကို မဝင်တာကို ရဲတပ်သားလေးက
စူးစမ်းလိုစိတ် ဖြစ်သွားပါတယ်။
ဒီလိုနဲ့ ကောင်းလေးအနားကို ချဉ်းကပ်ပြီး မေးတော့ ကောင်လေးက
သူ့မှာ သင်ထောက်ကူပစ္စည်းတွေ မရှိလို့ ကျောင်းခန်းထဲကို ဝင်ခွင့်
မရကြောင်း ဝမ်းနည်းစွာနဲ့ ပြောပါတယ်။ ဒီလိုနဲ့ ရဲအရာရှိလေးဟာ
သူ့မှာပါလာတဲ့ ပိုက်ဆံတစ်ချို့နဲ့ ကျောင်းသားလေးအတွက်
လိုအပ်တာတွေ ဝယ်ယူပေးဖို့ စတိုးဆိုင်ကို ခေါ်သွားခဲ့ပါတယ်။
အဆိုပါ ရဲသားလေးရဲ့အမည်မှာ PO2 Nestor Lumicquio, Jr လို့
သိရပြီး သူဟာ အခုအခါမှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ လူမှုကွန်ယက်မှာ
အများရဲ့အချစ်တွေကို ရရှိထားသူလေး ဖြစ်ပါတယ်။ ကျောင်းသား
လေးဟာ သူရဲ့ ကူညီပေးမှုနဲ့ ပထမဆုံးကျောင်းတက်ရက်မှာ
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျောင်းတက်နိုင်ခဲ့ပါတယ်။
သူဟာ ကျောင်းသားလေး လိုအပ်သမျှကို အကုန်ပိုက်ဆံထုတ်ကာ
ဝယ်ပေးခဲ့ပြီး၊ ကလေးတစ်ယောက်ရဲ့ ပညာရေးအတွက် တတ်နိုင်
သလောက် ထောက်ပံ့ပေးခဲ့ပါတယ်။ နှမ်းတစ်လုံးတည်းနဲ့ ဆီမဖြစ်ဘူး
ဆိုရင်တောင် သူရဲ့ ကူညီပေးမှုဟာ ကျေင်းသားတစ်ယောက်အတွက်
တော့ အနာဂတ်လမ်းစလည်း ဖြစ်သွားနိုင်ပါတယ်။
စိတ်ဓာတ်ကျနေတဲ့ကျောင်းသားလေးမှာ ကူညီသူ မရှိခဲ့ဘူးဆိုရင်
သူ့ရဲ့ ကျောင်းတက်နေ့ရက်တွေမှာ သူဟာ စိတ်ဓာတ်ကျဆင်းပြီး
နောက်ဆုံး လမ်းပျော်ကလေးဘဝကိုတောင် ရောက်သွားနိုင်ပါတယ်။
ဒီတော့ အခုရဲသားလေးရဲ့ အကူအညီဟာ ငွေကြေးတန်ဖိုးအားဖြင့်
ဘာမှမဟုတ်ပေမယ့်၊ ဘဝတန်ဖိုးအားဖြင့်တော့ လူသားတစ်ယောက်ရဲ့
အနာဂတ်ကို ကယ်တင်ပေးလိုက်တာနဲ့ အတူတူပဲလို့ MyanmarNote
က ဆိုချင်ပါတော့တယ်။
နေသူရိန် (MyanmarNote)
source : viral4real.comcom
http://www.viral4real.com/cop-gives-school-supplies-to-young-boy/


No comments:
Post a Comment