မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 14, 2020

က်န္းမာေရးအတြက္ သဘာဝအစားအစာမ်ား

 ေသြးလႊတ္ေၾကာမ်ား သန္႔စင္ေစျပီး ႏွလုံးျပႆနာမ်ား 

ကာကြယ္ေပးေသာ သဘာဝအစားအစာမ်ား ...

-----------------------------------------------------------

ေသြးလႊတ္ေၾကာမ်ားသည္ ေအာက္ဆီဂ်င္ၾကြယ္ဝေသာ ေသြးမ်ားကုိ 

ခႏၶာကုိယ္တစ္ခုလုံး ေျခဆုံးေခါင္းဆုံး သယ္ေဆာင္ေပးသည္။ 

က်န္းမာသန္စြမ္းေသာ ေသြးလႊတ္ေၾကာမ်ားက ႏွလုံးေရာဂါကုိ

ကာကြယ္ေပးနုိင္ေခ် ရွိသည္။


ေသြးလႊတ္ေၾကာမ်ား ပိတ္ေနသူမ်ားရွိျပီး သတိမထားတတ္ၾကပဲ 

ရင္ေခါင္းေအာင့္လာေသာ လကၡဏာေတြ႔မွသာ သိရွိလာေၾကာင္း

ယူေက ႏွလုံးေဖာင္ေဒးရွင္းမွ မွတ္ခ်က္ျပဳထားသည္။ 

ေသြးလႊတ္ေၾကာမ်ား သန္႔စင္ေစျပီး ႏွလုံးျပသနာမ်ား ကာကြယ္

ေပးေသာ သဘာဝ အစားအစာ မ်ားကုိ စားသုံးျခင္းျဖင့္ က်န္းမာေရး

ျပသနာမွ ကာကြယ္ေပးနုိင္သည္။


၁။ ငါး

အုိမီဂါ ၃ ဖက္တီးအက္ဆစ္မ်ားစြာ ပါဝင္ေသာ ငါးစားေပးျခင္းျဖင့္ 

က်န္းမာေရးအတြက္ အထူးေကာင္းမြန္သည္။ ေသြးလႊတ္ေၾကာမ်ား 

ပိတ္ဆုိ႔မႈျဖစ္ေစေသာ ေသြးထဲမွ ကုိလက္စထေရာမ်ားအေပၚ 

ဖက္တီးအက္ဆစ္မ်ားက အျပဳသေဘာေဆာင္ေသာ လႊမ္းမုိးမႈ ရွိသည္။


American Journal of Clinical Nutrition အေမရိကန္ဂ်ာနယ္၏ 

အဆုိအရ တစ္ပတ္လွ်င္ ဖက္တီးအက္ဆစ္ၾကြယ္ဝေသာ 

ငါးႏွစ္ေကာင္စားေပးေသာ အမ်ဳိးသမီးတစ္ဦးအတြက္ နွလုံးေသြးေၾကာ

ေရာဂါ ပုိမုိသက္သာလာသည္ကုိ ေတြ႔ရွိခဲ႔သည္။ အဆုိပါငါးမ်ားမွာ 

ေဆာ္လမြန္ငါး တူနာငါး ပင္လယ္ငါးသေလာက္ ထေရာက္ငါး Trout 

မက္ကရယ္ Mackerel တုိ႔ပါဝင္သည္။


၂။ ကမၺလာသီး လိေမၼာ္သီး ဂရိပ္ဖရုသီး

မူမမွန္ေသာ ေသြးအားအတက္အက်ျပသနာအတြက္ ကမၺလာသီးမွာ

သိသိသာသာ အက်ဳိးထူးသည္။ ေသြးေၾကာ အေပါက္ဝက်ဥ္းျခင္းကုိ

လည္း ေလ်ွာ့ခ်ေပးသည္။ လိေမၼာ္သီး ဂရိပ္ဖရုသီးမ်ားပုံမွန္စားျခင္းျဖင့္

ေသြးေၾကာအတြင္း ေသြးခဲမႈကုိ ကာကြယ္ေပးနုိင္ေၾကာင္း ေတာင္ပုိင္း

ကယ္လီဖုိးနီးယားတကၠသုိလ္၏ ေလ့လာမႈတစ္ခုတြင္ ေတြ႔ရွိခဲ႔သည္။ 

မနက္စာအတြက္ ဂရိပ္ဖရုသီးတစ္စိတ္ခန္႔ စားေပးျခင္းျဖင့္ 

က်န္းမာေရးကုိ မ်ားစြာအေထာက္အကူျပဳသည္။


၃။ သစ္ၾကားသီး

ေယးလ္တကၠသုိလ္သုေနသနတစ္ခုတြင္ သစ္ၾကားသီးစားေပးျခင္းျဖင့္ 

ေသြးလႊတ္ေၾကာမ်ား က်ဳံ႕ႏုိင္ဆန္႔ႏုိင္မႈ အထူးတုိးတက္ေစသည္ကုိ 

ေတြ႔ရွိခဲ႔သည္။


အခြံခြာထားေသာ သစ္ၾကားသီး ရွစ္လုံးက သံလြင္ဆီထက္ 

ေသြးလႊတ္ေၾကာပ်က္စီးမႈကုိ ပုိမု္ိကာကြယ္ေပးနုိင္သည္။ ထုိ့ေၾကာင့္

အက်ဳိးထူးမ်ားစြာေပးစြမ္းေသာ သစ္ၾကားေစ့ကုိ ေန႔စဥ္စားသုံးသည့္ 

အသီးမ်ားစာရင္းတြင္ ေရြးခ်ယ္ထားသင့္သည္။


၄။ သဘာဝ သစ္ၾကမ္းပုိးေခါက္

သဘာဝသစ္ၾကမ္းပုိးေခါက္ကုိ ဓာတ္တုိးဆန္႔က်င္ပစၥည္းအျဖစ္ 

မွတ္ယူထားျပီး ေရာင္ရမ္းမႈက်ဆင္းေစေသာ ဂုဏ္သတၱိလည္းရွိရာ

ႏွလုံးေရာဂါအႏၱရာယ္မွ ကာကြယ္ေပးသည္။ သုေနသီမ်ားအဆုိအရ 

နံပါတ္ ၂ ဆီးခ်ဳိးအမ်ဳိးအစားအတြက္ သစ္ၾကမ္းပုိးေခါက္မွာ 

ဂလူးကုိစ့္နွင့္ အဆီမ်ားကုိ ထိန္းညွိေပးေၾကာင္း ေတြ႔ရွိထားသည္။ 

ကုိေလာစထေရာႏွင့္ ထရုိင္ဂလုိင္စီရုိက္မ်ား က်ဆင္းေစသည့္ 

ဂုဏ္သတၱိရွိေၾကာင္း ကာလီဖုိးနီးယား ေဆးဘက္ဆုိင္ရာေကာလိပ္မွ 

သုေတသနျပဳခဲ႔သည္။


၅။ နႏြင္း

အေမရိကန္တြင္ သုေတသန ၂၀၀ ေက်ာ္ လုပ္ေဆာင္ခဲ႔ေသာ 

ထုတ္ျပန္ခ်က္တြင္ ႏွလုံးေရာဂါ အေျခအေနအမ်ဳိးမ်ဳိးအတြက္ 

နႏြင္း၏ က်န္းမာေရးအစြမ္းထက္မႈမ်ားအေၾကာင္းကုိ ေလ့လာခဲ႔

သည္ဟု ေဖာ္ျပထားသည္။ နႏြင္းကုိ စားသုံးျခင္းျဖင့္ ႏွလုံးေရာဂါ

မ်ားအတြက္ အခ်က္အလက္တစ္ခုအျဖစ္ ပါဝင္ေသာ ဇီဝကမၼ

အေျခအေနအမ်ဳိးမ်ဳိးကုိ တုိက္ဖ်က္ေပးျပီး ႏွလုံးကုိ အကာအကြယ္

ေပးေၾကာင္း ေတြ႔႔ရွိခဲ႔သည္။


By – KSM / MUNA

Ref; World Health Megazine

fb link -

https://www.facebook.com/moe.natthar.792/posts/2497984870531513

=============================


သွေးလွှတ်ကြောများ သန့်စင်စေပြီး နှလုံးပြဿနာများ 

ကာကွယ်ပေးသော သဘာဝအစားအစာများ ...

-----------------------------------------------------------


သွေးလွှတ်ကြောများသည် အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို 

ခန္ဓာကိုယ်တစ်ခုလုံး ခြေဆုံးခေါင်းဆုံး သယ်ဆောင်ပေးသည်။ 

ကျန်းမာသန်စွမ်းသော သွေးလွှတ်ကြောများက နှလုံးရောဂါကို

ကာကွယ်ပေးနိုင်ချေ ရှိသည်။


သွေးလွှတ်ကြောများ ပိတ်နေသူများရှိပြီး သတိမထားတတ်ကြပဲ 

ရင်ခေါင်းအောင့်လာသော လက္ခဏာတွေ့မှသာ သိရှိလာကြောင်း

ယူကေ နှလုံးဖောင်ဒေးရှင်းမှ မှတ်ချက်ပြုထားသည်။ 

သွေးလွှတ်ကြောများ သန့်စင်စေပြီး နှလုံးပြသနာများ ကာကွယ်

ပေးသော သဘာဝ အစားအစာ များကို စားသုံးခြင်းဖြင့် ကျန်းမာရေး

ပြသနာမှ ကာကွယ်ပေးနိုင်သည်။


၁။ ငါး

အိုမီဂါ ၃ ဖက်တီးအက်ဆစ်များစွာ ပါဝင်သော ငါးစားပေးခြင်းဖြင့် 

ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။ သွေးလွှတ်ကြောများ 

ပိတ်ဆို့မှုဖြစ်စေသော သွေးထဲမှ ကိုလက်စထရောများအပေါ် 

ဖက်တီးအက်ဆစ်များက အပြုသဘောဆောင်သော လွှမ်းမိုးမှု ရှိသည်။


American Journal of Clinical Nutrition အမေရိကန်ဂျာနယ်၏ 

အဆိုအရ တစ်ပတ်လျှင် ဖက်တီးအက်ဆစ်ကြွယ်ဝသော 

ငါးနှစ်ကောင်စားပေးသော အမျိုးသမီးတစ်ဦးအတွက် နှလုံးသွေးကြော

ရောဂါ ပိုမိုသက်သာလာသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါငါးများမှာ 

ဆော်လမွန်ငါး တူနာငါး ပင်လယ်ငါးသလောက် ထရောက်ငါး Trout 

မက်ကရယ် Mackerel တို့ပါဝင်သည်။


၂။ ကမ္ဗလာသီး လိမ္မော်သီး ဂရိပ်ဖရုသီး

မူမမှန်သော သွေးအားအတက်အကျပြသနာအတွက် ကမ္ဗလာသီးမှာ

သိသိသာသာ အကျိုးထူးသည်။ သွေးကြော အပေါက်ဝကျဉ်းခြင်းကို

လည်း လျှော့ချပေးသည်။ လိမ္မော်သီး ဂရိပ်ဖရုသီးများပုံမှန်စားခြင်းဖြင့်

သွေးကြောအတွင်း သွေးခဲမှုကို ကာကွယ်ပေးနိုင်ကြောင်း တောင်ပိုင်း

ကယ်လီဖိုးနီးယားတက္ကသိုလ်၏ လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့သည်။ 

မနက်စာအတွက် ဂရိပ်ဖရုသီးတစ်စိတ်ခန့် စားပေးခြင်းဖြင့် 

ကျန်းမာရေးကို များစွာအထောက်အကူပြုသည်။


၃။ သစ်ကြားသီး

ယေးလ်တက္ကသိုလ်သုနေသနတစ်ခုတွင် သစ်ကြားသီးစားပေးခြင်းဖြင့် 

သွေးလွှတ်ကြောများ ကျုံ့နိုင်ဆန့်နိုင်မှု အထူးတိုးတက်စေသည်ကို 

တွေ့ရှိခဲ့သည်။


အခွံခွာထားသော သစ်ကြားသီး ရှစ်လုံးက သံလွင်ဆီထက် 

သွေးလွှတ်ကြောပျက်စီးမှုကို ပိုမိုကာကွယ်ပေးနိုင်သည်။ ထို့ကြောင့်

အကျိုးထူးများစွာပေးစွမ်းသော သစ်ကြားစေ့ကို နေ့စဉ်စားသုံးသည့် 

အသီးများစာရင်းတွင် ရွေးချယ်ထားသင့်သည်။


၄။ သဘာဝ သစ်ကြမ်းပိုးခေါက်

သဘာဝသစ်ကြမ်းပိုးခေါက်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် 

မှတ်ယူထားပြီး ရောင်ရမ်းမှုကျဆင်းစေသော ဂုဏ်သတ္တိလည်းရှိရာ

နှလုံးရောဂါအန္တရာယ်မှ ကာကွယ်ပေးသည်။ သုနေသီများအဆိုအရ 

နံပါတ် ၂ ဆီးချိုးအမျိုးအစားအတွက် သစ်ကြမ်းပိုးခေါက်မှာ 

ဂလူးကိုစ့်နှင့် အဆီများကို ထိန်းညှိပေးကြောင်း တွေ့ရှိထားသည်။ 

ကိုလောစထရောနှင့် ထရိုင်ဂလိုင်စီရိုက်များ ကျဆင်းစေသည့် 

ဂုဏ်သတ္တိရှိကြောင်း ကာလီဖိုးနီးယား ဆေးဘက်ဆိုင်ရာကောလိပ်မှ 

သုတေသနပြုခဲ့သည်။


၅။ နနွင်း

အမေရိကန်တွင် သုတေသန ၂၀၀ ကျော် လုပ်ဆောင်ခဲ့သော 

ထုတ်ပြန်ချက်တွင် နှလုံးရောဂါ အခြေအနေအမျိုးမျိုးအတွက် 

နနွင်း၏ ကျန်းမာရေးအစွမ်းထက်မှုများအကြောင်းကို လေ့လာခဲ့

သည်ဟု ဖော်ပြထားသည်။ နနွင်းကို စားသုံးခြင်းဖြင့် နှလုံးရောဂါ

များအတွက် အချက်အလက်တစ်ခုအဖြစ် ပါဝင်သော ဇီဝကမ္မ

အခြေအနေအမျိုးမျိုးကို တိုက်ဖျက်ပေးပြီး နှလုံးကို အကာအကွယ်

ပေးကြောင်း တွေ့ရှိခဲ့သည်။


By – KSM / MUNA

Ref; World Health Megazine

No comments:

Post a Comment