မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 5, 2020

အီရန္ႏုိင္ငံမွ လူပုေလးမ်ားေက်းရြာ

 လူပုေလးမ်ား ေနထုိင္ခဲ့သည့္ 

အီရန္ႏုိင္ငံမွ လူပုေလးမ်ားေက်းရြာ

-----------------------------------------


■  အာဖဂန္နစၥတန္ႏုိင္ငံႏွင့္ နယ္နမိတ္ခ်င္းထိစပ္ေနေသာ

အီရန္ႏုိင္ငံေတာင္ပုိင္း ခုိရာဆန္ျပည္နယ္မွာ ရာစုႏွစ္တစ္ခု

အလြန္ခန္႔က လူပုေလးေတြ ေနထုိင္ခဲ့တဲ့ လူပုေလးမ်ားေက်းရြာ

တစ္ရြာ ရွိပါတယ္။ မာခူနစ္ ေက်းရြာလုိ႔ အမည္ရၿပီး ေက်းရြာ

တစ္ခုလုံးမွာ တည္ေဆာက္ထားခဲ့တဲ့ ေက်ာက္တုံးနဲ႔ရႊံ႕ေစးအိမ္

ေလးေတြရဲ႕ အျမင့္က ေလးေပခြဲခန္႔သာ ရွိတာျဖစ္ပါတယ္။

အိမ္ေျခစုစုေပါင္း ၂၀၀ ခန္႔ရွိၿပီး ယေန႔ခ်ိန္မွာ သြားေရာက္လည္ပတ္

ၾကည့္ရွဳႏုိင္သည့္ ေနရာတစ္ေနရာ ျဖစ္လာခဲ့ပါတယ္။

မာခူနစ္ေက်းရြာေလးမွာ ေဆြမ်ဳိးနီးစပ္သူေတြ လက္ထပ္ထိမ္းျမား

ခဲ့ၾကၿပီး အစာေရစာ ရွားပါ၍ ေသာက္သုံးေရကလည္း ျပဒါးဆိပ္ေတြ

ပါေနခဲ့တာေၾကာင့္ ေနထုိင္တဲ့ ရြာသူရြာသားေတြက လူပုေလးေတြ

ျဖစ္ေနခဲ့တာလုိ႔ သိရပါတယ္။ ရြာသားေတြ အကုန္လုံးနီးပါးက

လူပုေလးေတြ ျဖစ္ေနခဲ့တာေၾကာင့္ အိမ္ေတြကလည္း နိမ့္နိမ့္ေလး

ေတြျဖစ္ၿပီး လမ္းေတြကလည္း က်ဥ္းေျမာင္းေနတာ ျဖစ္ပါတယ္။

ၿမဳိ႕အတြက္ အစာေရစာ ေထာက္ပံ့မႈေတြအားလုံးကုိ သယ္ယူတဲ့

အခါမွာလည္း လက္ဆင့္ကမ္းတဲ့နည္းနဲ႔ သယ္ယူခဲ့ၾကတာ 

ျဖစ္တယ္လုိ႔ သိရပါတယ္။

၂၀ ရာစု အလယ္ပုိင္းေလာက္မွာ ေက်းရြာရဲ႕ လမ္းတစ္ခ်ဳိ႕ကုိ

ခ်ဲ႕ထြင္ ျပင္ဆင္ထားခဲ့ၿပီး အစာေရစာ ေထာက္ပံ့မႈအတြက္ 

ႀကဳိးပမ္းႏုိင္ခဲ့တာေၾကာင့္ လူပုေလးေတြကေန သာမန္ အရပ္

အေမာင္းနဲ႔ သားသမီးေတြကုိ ေမြးဖြားႏုိင္ခဲ့ၿပီး လူပုေလးေက်းရြာရဲ႕

အျဖစ္ဆုိးကုိ ဖယ္ရွားႏုိင္ခဲ့တာ ျဖစ္ပါတယ္။

မ်ဳိးဆက္သစ္ေတြက ေနရပ္စြန္႔ခြါၿပီး နီးစပ္ရာ ၿမဳိ႕ရြာေတြမွာ အေျခခ်

ေနထုိင္ၾကတာေၾကာင့္ လက္ရွိမွာ အဘုိးအဘြား လူပုေလးေတြသာ

ဆက္လက္ ေနထုိင္လ်က္ရွိၿပီး ခရီးသြားေတြ လာေရာက္လည္ပတ္

ေလ့လာေနၾကတယ္လုိ႔ သိရပါတယ္။


သံသာ (pyimyanmar)

(AP, 18.5.18)

links -

https://www.desymbol.com/makhunik-the-village-of-dwarves/

http://www.amusingplanet.com/2018/05/makhunik-village-of-dwarves.html

http://iransunworldtravel.com/city-dwarfs/

==========================


လူပုလေးများ နေထိုင်ခဲ့သည့် 

အီရန်နိုင်ငံမှ လူပုလေးများကျေးရွာ

-----------------------------------------


■  အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော

အီရန်နိုင်ငံတောင်ပိုင်း ခိုရာဆန်ပြည်နယ်မှာ ရာစုနှစ်တစ်ခု

အလွန်ခန့်က လူပုလေးတွေ နေထိုင်ခဲ့တဲ့ လူပုလေးများကျေးရွာ

တစ်ရွာ ရှိပါတယ်။ မာခူနစ် ကျေးရွာလို့ အမည်ရပြီး ကျေးရွာ

တစ်ခုလုံးမှာ တည်ဆောက်ထားခဲ့တဲ့ ကျောက်တုံးနဲ့ရွှံ့စေးအိမ်

လေးတွေရဲ့ အမြင့်က လေးပေခွဲခန့်သာ ရှိတာဖြစ်ပါတယ်။

အိမ်ခြေစုစုပေါင်း ၂၀၀ ခန့်ရှိပြီး ယနေ့ချိန်မှာ သွားရောက်လည်ပတ်

ကြည့်ရှုနိုင်သည့် နေရာတစ်နေရာ ဖြစ်လာခဲ့ပါတယ်။


မာခူနစ်ကျေးရွာလေးမှာ ဆွေမျိုးနီးစပ်သူတွေ လက်ထပ်ထိမ်းမြား

ခဲ့ကြပြီး အစာရေစာ ရှားပါ၍ သောက်သုံးရေကလည်း ပြဒါးဆိပ်တွေ

ပါနေခဲ့တာကြောင့် နေထိုင်တဲ့ ရွာသူရွာသားတွေက လူပုလေးတွေ

ဖြစ်နေခဲ့တာလို့ သိရပါတယ်။ ရွာသားတွေ အကုန်လုံးနီးပါးက

လူပုလေးတွေ ဖြစ်နေခဲ့တာကြောင့် အိမ်တွေကလည်း နိမ့်နိမ့်လေး

တွေဖြစ်ပြီး လမ်းတွေကလည်း ကျဉ်းမြောင်းနေတာ ဖြစ်ပါတယ်။

မြို့အတွက် အစာရေစာ ထောက်ပံ့မှုတွေအားလုံးကို သယ်ယူတဲ့

အခါမှာလည်း လက်ဆင့်ကမ်းတဲ့နည်းနဲ့ သယ်ယူခဲ့ကြတာ 

ဖြစ်တယ်လို့ သိရပါတယ်။


၂၀ ရာစု အလယ်ပိုင်းလောက်မှာ ကျေးရွာရဲ့ လမ်းတစ်ချို့ကို

ချဲ့ထွင် ပြင်ဆင်ထားခဲ့ပြီး အစာရေစာ ထောက်ပံ့မှုအတွက် 

ကြိုးပမ်းနိုင်ခဲ့တာကြောင့် လူပုလေးတွေကနေ သာမန် အရပ်

အမောင်းနဲ့ သားသမီးတွေကို မွေးဖွားနိုင်ခဲ့ပြီး လူပုလေးကျေးရွာရဲ့

အဖြစ်ဆိုးကို ဖယ်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။


မျိုးဆက်သစ်တွေက နေရပ်စွန့်ခွါပြီး နီးစပ်ရာ မြို့ရွာတွေမှာ အခြေချ

နေထိုင်ကြတာကြောင့် လက်ရှိမှာ အဘိုးအဘွား လူပုလေးတွေသာ

ဆက်လက် နေထိုင်လျက်ရှိပြီး ခရီးသွားတွေ လာရောက်လည်ပတ်

လေ့လာနေကြတယ်လို့ သိရပါတယ်။


သံသာ (pyimyanmar)

(AP, 18.5.18)

links -

https://www.desymbol.com/makhunik-the-village-of-dwarves/

http://www.amusingplanet.com/2018/05/makhunik-village-of-dwarves.html

http://iransunworldtravel.com/city-dwarfs/







No comments:

Post a Comment