မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 5, 2020

စက္႐ုပ္ေခြးမ်ား ဈာပန

 စက္႐ုပ္ေခြးမ်ားအတြက္ ဈာပန က်င္းပေပးတဲ့ 

ဂ်ပန္ႏိုင္ငံက ထူးျခားတဲ့ ဘုန္းႀကီးေက်ာင္း

-------------------------------------------------


■    ဂ်ပန္ႏိုင္ငံက ဘုန္းႀကီးေက်ာင္းဟာ ထူးထူးျခားျခား 

စက္႐ုပ္ေခြးမ်ားအတြက္ ဈာပနကို လက္ခံ က်င္းပေပးတာ

ျဖစ္ပါတယ္။ ေသဆုံးသြားတဲ့ စက္႐ုပ္ေခြးေတြဟာ Sony 

ကုမၸဏီထုတ္ AIBO (Artificial Intelligence Robot) စက္႐ုပ္ 

ေခြးေတြ ျဖစ္ၿပီး၊ Sony ကုမၸဏီဟာ အဆိုပါ စက္႐ုပ္ေခြးေတြကို 

၁၉၉၉ ခုႏွစ္မွာ စတင္ေရာင္းခ်ခဲ့တာပါ။ Sony ဟာ ၁၉၉၉ ခုႏွစ္

မွာတင္ ဂ်ပန္ေဈးကြက္အတြင္း AIBO စက္႐ုပ္ေခြးေပါင္း 

၃၀၀၀ ေလာက္ ေရာင္းခ်ခဲ့ရပါတယ္။


၂၀၀၆ ခုႏွစ္အေရာက္မွာေတာ့ စက္႐ုပ္ေခြးေပါင္း ၁၅၀,၀၀၀ ေလာက္ 

ေရာင္းခ်ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၀၆ ခုႏွစ္မွာပဲ Sony ဟာ

AIBO စက္႐ုပ္ေခြး ထုတ္လုပ္မႈကို ရပ္ဆိုင္းပစ္ခဲ့ၿပီး၊ ေရာင္းၿပီးသား

ေမာ္ဒယ္ေတြအတြက္ Software Support ေပးမႈကိုလည္း လုံးဝ

ရပ္ဆိုင္းပစ္ခဲ့ပါတယ္။


Sony က Support မေပးေတာ့ေပမယ့္ စက္႐ုပ္ေခြးေတြကို 

ခင္တြယ္ေနၿပီျဖစ္တဲ့ ေခြးပိုင္ရွင္ေတြဟာ AIBO စက္႐ုပ္ 

ေခြးေတြကို မိမိဘာသာ ထိန္းသိမ္းျပဳျပင္ႏိုင္မယ့္ နည္းလမ္းေတြ

အခ်င္းခ်င္း ဆက္လက္မွ်ေဝခဲ့ၾကပါတယ္။ ဒါေပမယ့္ အခ်ိန္ၾကာ

လာတာနဲ႔အမွ် ဒီစက္႐ုပ္ေခြးေတြဟာလည္း မၿမဲျခင္းတရားအတိုင္း

ပ်က္စီး “ေသဆုံး” တဲ့အဆင့္ကို ေရာက္ခဲ့ ရပါတယ္။


ပ်က္စီးသြားတဲ့ ေခြးစက္႐ုပ္ေလးေတြရဲ႕ ပိုင္ရွင္ေတြဟာ 

တျခား AIBO စက္႐ုပ္ေခြးေတြအတြက္ လိုအပ္မယ့္ 

အစိတ္အပိုင္းေတြကို လႉဒါန္းဖို႔အတြက္ သူတို႔ရဲ႕ ေခြးေလးေတြကို 

ေခတ္ေဟာင္း စက္ပစၥည္းေတြကို လက္ခံျပဳျပင္ေပးတဲ့ A FUN 

ကုမၸဏီကို ေပးပို႔ၾကပါတယ္။


A FUN ကုမၸဏီဟာ ျပင္မရေအာင္ ပ်က္စီးသြားၿပီျဖစ္တဲ့ စက္႐ုပ္

ေခြးေတြရဲ႕ အစိတ္အပိုင္းေတြကို ျဖဳတ္ယူျခင္း မျပဳလုပ္ခင္မွာ 

တိုက်ိဳမွာရွိတဲ့ အခုဂ်ပန္ဘုန္းေတာ္ႀကီးေက်ာင္းဆီကို အမွတ္တရ

ဈာပနက်င္းပေပးဖို႔အတြက္ ျပန္လည္ ေပးပို႔ေလ့ရွိတာ ျဖစ္ပါတယ္။


ဒီဈာပနအခမ္းအနားကို AIBO စက္႐ုပ္ေခြးပိုင္ရွင္ေတြ 

တက္ေရာက္ၾကၿပီး ဆုေတာင္းေမတၱာပို႔သမႈေတြ ျပဳလုပ္ 

ေပးၾကပါတယ္။ လြန္ခဲ့တဲ့ႏွစ္ပိုင္းအတြင္း စက္႐ုပ္ေခြးေပါင္း 

၈၀၀ ေက်ာ္ေလာက္ ဘုန္းေတာ္ႀကီးေက်ာင္းဆီ ေရာက္လာခဲ့ၿပီး

ျဖစ္တယ္လို႔ သိရပါတယ္။


ႏွစ္ေပါင္း ၄၅၀ ေက်ာ္သက္တမ္းရွိၿပီျဖစ္တဲ့ အဆိုပါ Kofukuji 

ဘုန္းေတာ္ႀကီးေက်ာင္းက Bugen Oi ဘြဲ႕ေတာ္ရ ဘုန္းေတာ္ႀကီး

တပါးကေတာ့ စက္ပစၥည္းေတြအတြက္ ဈာပနျပဳလုပ္တဲ့အစီအစဥ္ဟာ

လက္သင့္မခံႏိုင္စရာ လုပ္ရပ္တခုလို႔ မထင္ဘူးလို႔ ဆိုပါတယ္။


“အရာရာတိုင္းမွာ အသက္ဝိညာဥ္ကိန္းေအာင္းေနပါတယ္” လို႔ 

Bugen Oi က AFP သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။ A FUN 

ကုမၸဏီရဲ႕ အႀကီးအကဲျဖစ္သူ Nobuyuki Norimatsu ကလည္း

စက္႐ုပ္ေခြးေတြမွာ အသက္ဝိညာဥ္ရွိတယ္လို႔ သူခံစားရတယ္ေၾကာင္း

ေျပာၾကားခဲ့ပါတယ္။ “သူတို႔အတြက္ ဈာပနမလုပ္ေပးရေသးဘဲနဲ႔ 

အစိတ္အပိုင္းေတြကို က်ေနာ္တို႔ ဘယ္ေတာ့မွ ျဖဳတ္မယူပါဘူး” လို႔

Norimatsu က ဆိုပါတယ္။


AIBO ဟာ ကမာၻ႔ပထမဆုံး အိမ္တြင္းသုံး ေဖ်ာ္ေျဖေရး စက္႐ုပ္ 

တ႐ုပ္ျဖစ္ခဲ့ၿပီး၊ ကိုယ္ပိုင္ အမူအက်င့္ေတြ တည္ေဆာက္ႏိုင္တဲ့

စက္႐ုပ္ေလးေတြျဖစ္ပါတယ္။

source:xyznews

Ref: DailyMail 

http://www.dailymail.co.uk/sciencetech/article-5779183/Inside-Japans-Buddhist-temple-performs-hundreds-funerals-ROBOT-DOGS.html

==============================


စက်ရုပ်ခွေးများအတွက် ဈာပန ကျင်းပပေးတဲ့ 

ဂျပန်နိုင်ငံက ထူးခြားတဲ့ ဘုန်းကြီးကျောင်း

-------------------------------------------------


■    ဂျပန်နိုင်ငံက ဘုန်းကြီးကျောင်းဟာ ထူးထူးခြားခြား 

စက်ရုပ်ခွေးများအတွက် ဈာပနကို လက်ခံ ကျင်းပပေးတာ

ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ စက်ရုပ်ခွေးတွေဟာ Sony 

ကုမ္ပဏီထုတ် AIBO (Artificial Intelligence Robot) စက်ရုပ် 

ခွေးတွေ ဖြစ်ပြီး၊ Sony ကုမ္ပဏီဟာ အဆိုပါ စက်ရုပ်ခွေးတွေကို 

၁၉၉၉ ခုနှစ်မှာ စတင်ရောင်းချခဲ့တာပါ။ Sony ဟာ ၁၉၉၉ ခုနှစ်

မှာတင် ဂျပန်ဈေးကွက်အတွင်း AIBO စက်ရုပ်ခွေးပေါင်း 

၃၀၀၀ လောက် ရောင်းချခဲ့ရပါတယ်။


၂၀၀၆ ခုနှစ်အရောက်မှာတော့ စက်ရုပ်ခွေးပေါင်း ၁၅၀,၀၀၀ လောက် 

ရောင်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာပဲ Sony ဟာ

AIBO စက်ရုပ်ခွေး ထုတ်လုပ်မှုကို ရပ်ဆိုင်းပစ်ခဲ့ပြီး၊ ရောင်းပြီးသား

မော်ဒယ်တွေအတွက် Software Support ပေးမှုကိုလည်း လုံးဝ

ရပ်ဆိုင်းပစ်ခဲ့ပါတယ်။


Sony က Support မပေးတော့ပေမယ့် စက်ရုပ်ခွေးတွေကို 

ခင်တွယ်နေပြီဖြစ်တဲ့ ခွေးပိုင်ရှင်တွေဟာ AIBO စက်ရုပ် 

ခွေးတွေကို မိမိဘာသာ ထိန်းသိမ်းပြုပြင်နိုင်မယ့် နည်းလမ်းတွေ

အချင်းချင်း ဆက်လက်မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်ကြာ

လာတာနဲ့အမျှ ဒီစက်ရုပ်ခွေးတွေဟာလည်း မမြဲခြင်းတရားအတိုင်း

ပျက်စီး “သေဆုံး” တဲ့အဆင့်ကို ရောက်ခဲ့ ရပါတယ်။


ပျက်စီးသွားတဲ့ ခွေးစက်ရုပ်လေးတွေရဲ့ ပိုင်ရှင်တွေဟာ 

တခြား AIBO စက်ရုပ်ခွေးတွေအတွက် လိုအပ်မယ့် 

အစိတ်အပိုင်းတွေကို လှူဒါန်းဖို့အတွက် သူတို့ရဲ့ ခွေးလေးတွေကို 

ခေတ်ဟောင်း စက်ပစ္စည်းတွေကို လက်ခံပြုပြင်ပေးတဲ့ A FUN 

ကုမ္ပဏီကို ပေးပို့ကြပါတယ်။


A FUN ကုမ္ပဏီဟာ ပြင်မရအောင် ပျက်စီးသွားပြီဖြစ်တဲ့ စက်ရုပ်

ခွေးတွေရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ယူခြင်း မပြုလုပ်ခင်မှာ 

တိုကျိုမှာရှိတဲ့ အခုဂျပန်ဘုန်းတော်ကြီးကျောင်းဆီကို အမှတ်တရ

ဈာပနကျင်းပပေးဖို့အတွက် ပြန်လည် ပေးပို့လေ့ရှိတာ ဖြစ်ပါတယ်။


ဒီဈာပနအခမ်းအနားကို AIBO စက်ရုပ်ခွေးပိုင်ရှင်တွေ 

တက်ရောက်ကြပြီး ဆုတောင်းမေတ္တာပို့သမှုတွေ ပြုလုပ် 

ပေးကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း စက်ရုပ်ခွေးပေါင်း 

၈၀၀ ကျော်လောက် ဘုန်းတော်ကြီးကျောင်းဆီ ရောက်လာခဲ့ပြီး

ဖြစ်တယ်လို့ သိရပါတယ်။


နှစ်ပေါင်း ၄၅၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ အဆိုပါ Kofukuji 

ဘုန်းတော်ကြီးကျောင်းက Bugen Oi ဘွဲ့တော်ရ ဘုန်းတော်ကြီး

တပါးကတော့ စက်ပစ္စည်းတွေအတွက် ဈာပနပြုလုပ်တဲ့အစီအစဉ်ဟာ

လက်သင့်မခံနိုင်စရာ လုပ်ရပ်တခုလို့ မထင်ဘူးလို့ ဆိုပါတယ်။


“အရာရာတိုင်းမှာ အသက်ဝိညာဉ်ကိန်းအောင်းနေပါတယ်” လို့ 

Bugen Oi က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ A FUN 

ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ Nobuyuki Norimatsu ကလည်း

စက်ရုပ်ခွေးတွေမှာ အသက်ဝိညာဉ်ရှိတယ်လို့ သူခံစားရတယ်ကြောင်း

ပြောကြားခဲ့ပါတယ်။ “သူတို့အတွက် ဈာပနမလုပ်ပေးရသေးဘဲနဲ့ 

အစိတ်အပိုင်းတွေကို ကျနော်တို့ ဘယ်တော့မှ ဖြုတ်မယူပါဘူး” လို့

Norimatsu က ဆိုပါတယ်။


AIBO ဟာ ကမ္ဘာ့ပထမဆုံး အိမ်တွင်းသုံး ဖျော်ဖြေရေး စက်ရုပ် 

တရုပ်ဖြစ်ခဲ့ပြီး၊ ကိုယ်ပိုင် အမူအကျင့်တွေ တည်ဆောက်နိုင်တဲ့

စက်ရုပ်လေးတွေဖြစ်ပါတယ်။

source:xyznews

Ref: DailyMail 

http://www.dailymail.co.uk/sciencetech/article-5779183/Inside-Japans-Buddhist-temple-performs-hundreds-funerals-ROBOT-DOGS.html



No comments:

Post a Comment