ျမန္မာေငြသိန္း ၅၀ နီးပါးေပးရတဲ့ သရက္သီး
---------------------------------------------------
ေရွ႕လေတြဆုိ သရက္သီးေတြ လႈိင္လႈိင္ေပါေတာ့မွာပါ။
သရက္သီး အထြက္ေကာင္းတဲ့ႏွစ္မုိ႔ ခ်ဳိေမႊးေနတဲ့ မခ်စ္စု
သရက္သီးေတာင္ အလုံးေသးရင္ ၁၀၀၀ ဖုိး၊ ၃ လုံးေလာက္
ရပါတယ္။ ေရွ႕ေလွ်ာက္ ဒီထက္ေစ်းခ်ဳိလာဦးမွာပါ။ မခ်စ္စု
သရက္သီးဆုိတာ ခ်ဳိေမႊးေနလုိ႔ လူေတာ္ေတာ္မ်ားမ်ား
ႀကိဳက္ၾကတဲ့ အသီးမ်ဳိးပါ။
ဂ်ပန္ႏုိင္ငံက သရက္သီးေစ်းၾကားရင္ေတာ့ သရက္သီး
စားခ်င္စိတ္ပါကုန္သြားႏုိင္ပါတယ္။ ထူးရွယ္စုိက္ပ်ဳိးထားတယ္
ဆုိတဲ့ သရက္မ်ဳိးစိတ္ဝင္ သရက္သီးႏွစ္လုံးက ေရႊငါးက်ပ္သား
ဖုိးမက ေပးရမွာပါ။ ဂ်ပန္ႏုိင္ငံ ေတာင္ပုိင္းမွာ ပုိးေမႊးသလုိ
စုိက္ပ်ဳိးထားတဲ့ သရက္မ်ဳိးစိတ္ဝင္ သရက္သီးႏွစ္လုံးကုိ ၿပီးခဲ့တဲ့
တနလၤာေန႔က မီယာဇာကီၿမိဳ႕ေစ်းမွာ အေမရိကန္ေဒၚလာ
၃၇၃၀ နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ အဲဒီပမာဏက ျမန္မာေငြနဲ႔တြက္ရင္
၄၉ သိန္းေက်ာ္ က်ပါတယ္။ မႏွစ္တုန္းကလည္း သရက္သီးႏွစ္လုံးကုိ
အဲဒီေစ်းနဲ႔ပဲ ေရာင္းခ်ခဲ့တာပါ။
ဒီေလာက္ေစ်းႀကီးေနတဲ့ သရက္သီးကုိ ဘယ္လုိစုိက္ပ်ဳိးခဲ့တာလဲ
ဆုိတာ စာဖတ္သူေတြ သိခ်င္ေနၾကၿပီမလား။ အဲဒီသရက္သီးေတြ
စတင္ႀကီးထြားလာတဲ့အခ်ိန္မွာ သရက္သီးတစ္လုံးလုံး ေနေရာင္ထိၿပီး
အနီေရာင္ေတာက္ေတာက္ျဖစ္လာေစဖုိ႔အတြက္ သရက္သီး
တစ္လုံးခ်င္းစီကုိ ဇကာပါးပါးေလးေတြနဲ႔ အုပ္ေပးထားရပါတယ္။
သရက္သီးေတြ ေကာင္းေကာငး္မွည့္ၿပီဆုိတုိင္း မခူးေသးပါဘူး။
သဘာဝအတုိင္း ေၾကြက်လာမွ ေကာက္ယူတာျဖစ္ပါတယ္။
သိန္း ၅၀ နီးပါးေပးရတဲ့ သရက္သီးႏွစ္လုံးကုိ တစ္ကီလုိပဲ ရွိပါတယ္။
ေနာက္ပုိင္းက်ရင္ေတာ့ အဲဒီသရက္သီးေတြကုိ ဖူကူအုိကာၿမိဳ႕က
စတုိးဆုိင္မွာ ေရာင္းခ်ေတာ့မွာပါ။
အသီးမွာ သရက္၊ အသားမွာ ဝက္၊ အရြက္မွာ လက္ဖက္ဆုိတဲ့
စကားပုံအတုိင္း အသီးေတြထဲမွာေတာ့ သရက္သီးရဲ႕ အရသာက
အေကာင္းဆုံးပါပဲ။ ဗဟုသုတေျပာရရင္ေတာ့ သရက္သီးေတြထဲမွာ
အခ်ဳိဆုံးသရက္သီးက ဖိလစ္ပုိင္ႏုိင္ငံ ဂူမာရက္စ္ကၽြန္းက
သရက္သီးပါပဲ။ ကာရာေဘာင္(Carabao)သရက္သီးကေတာ့
အခ်ဳိဆုံး သရက္သီးလုိ႔ ဂင္းနက္စ္စံခ်ိန္ တင္ထားတဲ့ သရက္သီးပါ။
Source – nanmalgyi
link -
https://news.cgtn.com/news/7759444e356b7a6333566d54/share_p.html
==============================
မြန်မာငွေသိန်း ၅၀ နီးပါးပေးရတဲ့ သရက်သီး
---------------------------------------------------
ရှေ့လတွေဆို သရက်သီးတွေ လှိုင်လှိုင်ပေါတော့မှာပါ။
သရက်သီး အထွက်ကောင်းတဲ့နှစ်မို့ ချိုမွှေးနေတဲ့ မချစ်စု
သရက်သီးတောင် အလုံးသေးရင် ၁၀၀၀ ဖိုး၊ ၃ လုံးလောက်
ရပါတယ်။ ရှေ့လျှောက် ဒီထက်ဈေးချိုလာဦးမှာပါ။ မချစ်စု
သရက်သီးဆိုတာ ချိုမွှေးနေလို့ လူတော်တော်များများ
ကြိုက်ကြတဲ့ အသီးမျိုးပါ။
ဂျပန်နိုင်ငံက သရက်သီးဈေးကြားရင်တော့ သရက်သီး
စားချင်စိတ်ပါကုန်သွားနိုင်ပါတယ်။ ထူးရှယ်စိုက်ပျိုးထားတယ်
ဆိုတဲ့ သရက်မျိုးစိတ်ဝင် သရက်သီးနှစ်လုံးက ရွှေငါးကျပ်သား
ဖိုးမက ပေးရမှာပါ။ ဂျပန်နိုင်ငံ တောင်ပိုင်းမှာ ပိုးမွှေးသလို
စိုက်ပျိုးထားတဲ့ သရက်မျိုးစိတ်ဝင် သရက်သီးနှစ်လုံးကို ပြီးခဲ့တဲ့
တနင်္လာနေ့က မီယာဇာကီမြို့ဈေးမှာ အမေရိကန်ဒေါ်လာ
၃၇၃၀ နဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီပမာဏက မြန်မာငွေနဲ့တွက်ရင်
၄၉ သိန်းကျော် ကျပါတယ်။ မနှစ်တုန်းကလည်း သရက်သီးနှစ်လုံးကို
အဲဒီဈေးနဲ့ပဲ ရောင်းချခဲ့တာပါ။
ဒီလောက်ဈေးကြီးနေတဲ့ သရက်သီးကို ဘယ်လိုစိုက်ပျိုးခဲ့တာလဲ
ဆိုတာ စာဖတ်သူတွေ သိချင်နေကြပြီမလား။ အဲဒီသရက်သီးတွေ
စတင်ကြီးထွားလာတဲ့အချိန်မှာ သရက်သီးတစ်လုံးလုံး နေရောင်ထိပြီး
အနီရောင်တောက်တောက်ဖြစ်လာစေဖို့အတွက် သရက်သီး
တစ်လုံးချင်းစီကို ဇကာပါးပါးလေးတွေနဲ့ အုပ်ပေးထားရပါတယ်။
သရက်သီးတွေ ကောင်းကောင်းမှည့်ပြီဆိုတိုင်း မခူးသေးပါဘူး။
သဘာဝအတိုင်း ကြွေကျလာမှ ကောက်ယူတာဖြစ်ပါတယ်။
သိန်း ၅၀ နီးပါးပေးရတဲ့ သရက်သီးနှစ်လုံးကို တစ်ကီလိုပဲ ရှိပါတယ်။
နောက်ပိုင်းကျရင်တော့ အဲဒီသရက်သီးတွေကို ဖူကူအိုကာမြို့က
စတိုးဆိုင်မှာ ရောင်းချတော့မှာပါ။
အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုတဲ့
စကားပုံအတိုင်း အသီးတွေထဲမှာတော့ သရက်သီးရဲ့ အရသာက
အကောင်းဆုံးပါပဲ။ ဗဟုသုတပြောရရင်တော့ သရက်သီးတွေထဲမှာ
အချိုဆုံးသရက်သီးက ဖိလစ်ပိုင်နိုင်ငံ ဂူမာရက်စ်ကျွန်းက
သရက်သီးပါပဲ။ ကာရာဘောင်(Carabao)သရက်သီးကတော့
အချိုဆုံး သရက်သီးလို့ ဂင်းနက်စ်စံချိန် တင်ထားတဲ့ သရက်သီးပါ။
Source – nanmalgyi
link -
https://news.cgtn.com/news/7759444e356b7a6333566d54/share_p.html




No comments:
Post a Comment