တစ္စကၠန္႔ရဲ႕ တစ္သန္းပုံ၊ တစ္ပုံအတြင္း ေရဆူေစတဲ့
ကမာၻ႔အျမန္ဆုံးေရပူေပးစက္
------------------------------------------------------
▶ ဒီတစ္ခါ ေျပာခ်င္လြန္းလုိ႔ ပရိသတ္ေတြကုိ တင္ဆက္ေပးခ်င္
တာကေတာ့ ကမာၻ႔အျမန္ဆုံး ေရပူေပးစက္အေၾကာင္း ျဖစ္ပါတယ္။
ေတြ႕ဖူး၊ ျမင္ဖူးသေလာက္ဆုိရင္ ေရေႏြးတည္တဲ့ေနရာမွာ ၃ မိနစ္
ေရေႏြးအုိးလုိ႔ ေခၚၾကတဲ့ တ႐ုတ္ေရေႏြးအုိးေတြက အခ်ိန္ကုန္
ေတာ္ေတာ္သက္သာတယ္လုိ႔ ဆုိရမွာပါ။
ဒါေပမဲ့ အခုေနာက္ဆုံး တီထြင္လုိက္တဲ့ ေရအပူေပးစက္ကေတာ့
မ်က္ေတာင္တစ္ခ်က္ ခတ္လုိက္ခ်ိန္အတြင္းမွာတင္ ေရဆူပြက္ႏုိင္
တဲ့အထိ အားျပင္းပါတယ္။ ဒါေၾကာင့္လည္း ကမာၻ႔အျမန္ဆုံး
ေရပူေပးစက္လုိ႔ ဆုိၾကတာပါ။ တစ္စကၠန္႔ရဲ႕ တစ္သန္းပုံ၊ တစ္ပုံ
အတြင္း အခန္းအပူခ်ိန္ကေန ၁၀၀၀၀၀ ဒီဂရီဆဲလ္ဆီးယက္စ္အထိ
ေရအပူေပးႏုိင္တဲ့စက္ကုိ အေမရိကန္ႏုိင္ငံက သိပၸံပညာရွင္အဖြဲ႕
တီထြင္လုိက္တာပါ။ သိပၸံပညာရွင္ေတြဟာ အားျပင္းတဲ့ X-ray တန္းနဲ႔
ေရေမာ္လီက်ဴးေတြကုိ ေဖာက္ခြဲၿပီး ေရပြက္ပြက္ဆူတဲ့ အဆင့္
ေရာက္ေအာင္ လုပ္ၾကတာ ျဖစ္ပါတယ္။
အေမရိကန္ႏုိင္ငံ စြမ္းအင္ဝန္ႀကီးဌာနရဲ႕ SLAC National Accelerator
Laboratory မွာ သိပၸံပညာရွင္ေတြ သုေတသနလုပ္ခဲ့ၾကပါတယ္။
အဲဒီသုေတသနအရ ေရကုိ ပလာစမာပြိဳင့္(လွ်ပ္စစ္ဓာတ္သက္ေရာက္
ေနတဲ့ ျမဴမႈန္ေတြ လွ်ပ္စစ္ဓာတ္ကူးတဲ့အဆင့္) ေက်ာ္လြန္တဲ့အထိ
အပူခ်ိန္ အမ်ဳိးမ်ဳိးေပးရာမွာ ေတြ႕ရတဲ့ ထူးျခားအေျခအေနေတြကုိ
သိပၸံပညာရွင္ေတြကုိ ေကာင္းေကာင္းနားလည္ခဲ့ၾကပါတယ္။
လူေတြ အသုံးမ်ားတဲ့ မီးဖုိနဲ႔ အလုံပိတ္မီးဖုိ ( ေပါင္မုန္႔ကင္ဖုိ႔သုံး)
ေတြဟာ ေရွး႐ုိးစဥ္လာ အပူေပးတဲ့နည္းလမ္းေတြကုိ အသုံးျပဳ
ထားတာပါ။ အရာဝတၱဳတစ္ခုကေန တျခားတစ္ခုကုိ အပူကူးေစတဲ့
နည္းလမ္းနဲ႔ လူေတြ အပူေပးလာတဲ့ ႏွစ္ေထာင္ခ်ီ ၾကာပါၿပီ။
လွ်ပ္စစ္မီးဖုိေတြကေတာ့ အပူေငြ႕ထုတ္လုပ္တဲ့ စိတ္ဝင္စားစရာ
နည္းပညာကုိ အသုံးျပဳခဲ့ၾကတာပါ။ လွ်ပ္စစ္မီးဖုိဆုိတာ ေရဒီယုိ၊
႐ုပ္ျမင္သံၾကားနဲ႔ ဆယ္လူလာဖုန္းလုိ ပစၥည္းေတြမွာ အသုံးျပဳတဲ့
လွ်ပ္စစ္သံလုိက္ ေရာင္ျခည္ျဖာထြက္မႈ ပုံစံတစ္ရပ္ပါ။
လွ်ပ္စစ္မီးဖုိေတြထဲမွာ လႈိင္းေတြက ႀကိမ္ႏႈန္းအမ်ဳိးမ်ဳိးရွိပါတယ္။
အဲဒီလႈိင္းေတြကုိ ေရေမာ္လီက်ဴးေတြက ခ်က္ခ်င္းစုပ္ယူပစ္ပါတယ္။
ေရေမာ္လီက်ဴးေတြ လိႈင္းေတြကုိ စုပ္ယူၿပီးခ်ိန္မွာ တုန္ခါလႈပ္ၾကပါ
တယ္။ လႈိင္းေတြဆီကေနရတဲ့ စြမ္းအင္ကုိ ေဘးပတ္ဝန္းက်င္မွာရွိတဲ့
တျခား ေမာ္လီက်ဴးေတြက စုပ္ယူၾကရင္းနဲ႔ သူတုိ႔ပါ တုန္ခါသြားၾက
ပါတယ္။ အဲဒီလုိစြမ္းအင္ပ်ံ႕ႏွံ႔ရင္းနဲ႔ အပူခ်ိန္ျမင့္တက္သြားတာပါ။
အခုေနာက္ဆုံးနည္းပညာရဲ႕ ပထမဆုံး အခ်က္ကေတာ့
ေရွး႐ုိးစဥ္လာ အသုံးျပဳခဲ့ၾကတဲ့ လွ်ပ္စစ္မီးဖုိအေပၚ မွီခုိထားတာပါ။
အစပုိင္းမွာ လွ်ပ္စစ္သံလုိက္လႈိင္းေတြကုိ ေရထုဆီ ပစ္လႊတ္ၿပီး
ေရထုက စြမ္းအင္ကုိ ခ်က္ခ်င္းစုပ္ယူပါတယ္။ အပူခ်ိန္ ႐ုတ္တရက္
ျမင့္တက္သြားခ်ိန္မွာ ေမာ္လီက်ဴးေတြထဲက အီလက္ထရြန္ေတြက
ႏ်ဴကလီးယက္ထဲမွာ စြဲၿမဲေနေအာင္ လႈပ္ရွားၾကပါတယ္။ အဲဒီေနာက္
အက္တမ္ထဲကေန အီလက္ထရြန္ေတြ ထြက္သြားခ်ိန္မွာ
ဟုိက္ဒ႐ုိဂ်င္တစ္စုံနဲ႔ ေအာက္ဆီဂ်င္ တစ္လုံး(H2O)က်န္ခဲ့ၿပီး
အမႈန္ေတြကုိ အဖုိဓာတ္ ျဖစ္ေစခဲ့ပါတယ္။
အဲဒီလို ႀကိမ္ဖန္မ်ားစြာျဖစ္ရင္းနဲ႔ ေရထုတစ္ခုလုံးမွာ
အဖုိဓာတ္ေတြ စုေဝးမိလာပါတယ္။ ေရထုထဲက အဖုိဓာတ္ေတြ
အခ်င္းခ်င္း တြန္းကန္ၾကရင္းနဲ႔ အပူဆုိတဲ့ စြမ္းအင္ပုံစံတစ္ရပ္
ေပၚေပါက္လာတာျဖစ္ပါတယ္။ တစ္စကၠန္႔ရဲ႕ တစ္ကုေဋပုံ ၇၅ ပုံ
အတြင္း ေရက အရည္အဆင့္ကေန ပလာစမာပြိဳင့္ (လွ်ပ္စစ္ဓာတ္
သက္ေရာက္ေနတဲ့ ျမဴမႈန္ေတြ လွ်ပ္စစ္ဓာတ္ကူးတဲ့အဆင့္)အဆင့္
ေရာက္ရွိသြားမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အေျပာင္းအလဲ ျမန္ဆန္လြန္း
လုိ႔ ေရက ေရေႏြးေငြ႕ထြက္မလာခင္ ဆူပြက္သြားမွာပါ။
source:Nanmalgyi
link -
=======================
တစ်စက္ကန့်ရဲ့ တစ်သန်းပုံ၊ တစ်ပုံအတွင်း ရေဆူစေတဲ့
ကမ္ဘာ့အမြန်ဆုံးရေပူပေးစက်
------------------------------------------------------
▶ ဒီတစ်ခါ ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက်ပေးချင်
တာကတော့ ကမ္ဘာ့အမြန်ဆုံး ရေပူပေးစက်အကြောင်း ဖြစ်ပါတယ်။
တွေ့ဖူး၊ မြင်ဖူးသလောက်ဆိုရင် ရေနွေးတည်တဲ့နေရာမှာ ၃ မိနစ်
ရေနွေးအိုးလို့ ခေါ်ကြတဲ့ တရုတ်ရေနွေးအိုးတွေက အချိန်ကုန်
တော်တော်သက်သာတယ်လို့ ဆိုရမှာပါ။
ဒါပေမဲ့ အခုနောက်ဆုံး တီထွင်လိုက်တဲ့ ရေအပူပေးစက်ကတော့
မျက်တောင်တစ်ချက် ခတ်လိုက်ချိန်အတွင်းမှာတင် ရေဆူပွက်နိုင်
တဲ့အထိ အားပြင်းပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အမြန်ဆုံး
ရေပူပေးစက်လို့ ဆိုကြတာပါ။ တစ်စက္ကန့်ရဲ့ တစ်သန်းပုံ၊ တစ်ပုံ
အတွင်း အခန်းအပူချိန်ကနေ ၁၀၀၀၀၀ ဒီဂရီဆဲလ်ဆီးယက်စ်အထိ
ရေအပူပေးနိုင်တဲ့စက်ကို အမေရိကန်နိုင်ငံက သိပ္ပံပညာရှင်အဖွဲ့
တီထွင်လိုက်တာပါ။ သိပ္ပံပညာရှင်တွေဟာ အားပြင်းတဲ့ X-ray တန်းနဲ့
ရေမော်လီကျူးတွေကို ဖောက်ခွဲပြီး ရေပွက်ပွက်ဆူတဲ့ အဆင့်
ရောက်အောင် လုပ်ကြတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနရဲ့ SLAC National Accelerator
Laboratory မှာ သိပ္ပံပညာရှင်တွေ သုတေသနလုပ်ခဲ့ကြပါတယ်။
အဲဒီသုတေသနအရ ရေကို ပလာစမာပွိုင့်(လျှပ်စစ်ဓာတ်သက်ရောက်
နေတဲ့ မြူမှုန်တွေ လျှပ်စစ်ဓာတ်ကူးတဲ့အဆင့်) ကျော်လွန်တဲ့အထိ
အပူချိန် အမျိုးမျိုးပေးရာမှာ တွေ့ရတဲ့ ထူးခြားအခြေအနေတွေကို
သိပ္ပံပညာရှင်တွေကို ကောင်းကောင်းနားလည်ခဲ့ကြပါတယ်။
လူတွေ အသုံးများတဲ့ မီးဖိုနဲ့ အလုံပိတ်မီးဖို ( ပေါင်မုန့်ကင်ဖို့သုံး)
တွေဟာ ရှေးရိုးစဉ်လာ အပူပေးတဲ့နည်းလမ်းတွေကို အသုံးပြု
ထားတာပါ။ အရာဝတ္တုတစ်ခုကနေ တခြားတစ်ခုကို အပူကူးစေတဲ့
နည်းလမ်းနဲ့ လူတွေ အပူပေးလာတဲ့ နှစ်ထောင်ချီ ကြာပါပြီ။
လျှပ်စစ်မီးဖိုတွေကတော့ အပူငွေ့ထုတ်လုပ်တဲ့ စိတ်ဝင်စားစရာ
နည်းပညာကို အသုံးပြုခဲ့ကြတာပါ။ လျှပ်စစ်မီးဖိုဆိုတာ ရေဒီယို၊
ရုပ်မြင်သံကြားနဲ့ ဆယ်လူလာဖုန်းလို ပစ္စည်းတွေမှာ အသုံးပြုတဲ့
လျှပ်စစ်သံလိုက် ရောင်ခြည်ဖြာထွက်မှု ပုံစံတစ်ရပ်ပါ။
လျှပ်စစ်မီးဖိုတွေထဲမှာ လှိုင်းတွေက ကြိမ်နှုန်းအမျိုးမျိုးရှိပါတယ်။
အဲဒီလှိုင်းတွေကို ရေမော်လီကျူးတွေက ချက်ချင်းစုပ်ယူပစ်ပါတယ်။
ရေမော်လီကျူးတွေ လှိုင်းတွေကို စုပ်ယူပြီးချိန်မှာ တုန်ခါလှုပ်ကြပါ
တယ်။ လှိုင်းတွေဆီကနေရတဲ့ စွမ်းအင်ကို ဘေးပတ်ဝန်းကျင်မှာရှိတဲ့
တခြား မော်လီကျူးတွေက စုပ်ယူကြရင်းနဲ့ သူတို့ပါ တုန်ခါသွားကြ
ပါတယ်။ အဲဒီလိုစွမ်းအင်ပျံ့နှံ့ရင်းနဲ့ အပူချိန်မြင့်တက်သွားတာပါ။
အခုနောက်ဆုံးနည်းပညာရဲ့ ပထမဆုံး အချက်ကတော့
ရှေးရိုးစဉ်လာ အသုံးပြုခဲ့ကြတဲ့ လျှပ်စစ်မီးဖိုအပေါ် မှီခိုထားတာပါ။
အစပိုင်းမှာ လျှပ်စစ်သံလိုက်လှိုင်းတွေကို ရေထုဆီ ပစ်လွှတ်ပြီး
ရေထုက စွမ်းအင်ကို ချက်ချင်းစုပ်ယူပါတယ်။ အပူချိန် ရုတ်တရက်
မြင့်တက်သွားချိန်မှာ မော်လီကျူးတွေထဲက အီလက်ထရွန်တွေက
နျူကလီးယက်ထဲမှာ စွဲမြဲနေအောင် လှုပ်ရှားကြပါတယ်။ အဲဒီနောက်
အက်တမ်ထဲကနေ အီလက်ထရွန်တွေ ထွက်သွားချိန်မှာ
ဟိုက်ဒရိုဂျင်တစ်စုံနဲ့ အောက်ဆီဂျင် တစ်လုံး(H2O)ကျန်ခဲ့ပြီး
အမှုန်တွေကို အဖိုဓာတ် ဖြစ်စေခဲ့ပါတယ်။
အဲဒီလို ကြိမ်ဖန်များစွာဖြစ်ရင်းနဲ့ ရေထုတစ်ခုလုံးမှာ
အဖိုဓာတ်တွေ စုဝေးမိလာပါတယ်။ ရေထုထဲက အဖိုဓာတ်တွေ
အချင်းချင်း တွန်းကန်ကြရင်းနဲ့ အပူဆိုတဲ့ စွမ်းအင်ပုံစံတစ်ရပ်
ပေါ်ပေါက်လာတာဖြစ်ပါတယ်။ တစ်စက္ကန့်ရဲ့ တစ်ကုဋေပုံ ၇၅ ပုံ
အတွင်း ရေက အရည်အဆင့်ကနေ ပလာစမာပွိုင့် (လျှပ်စစ်ဓာတ်
သက်ရောက်နေတဲ့ မြူမှုန်တွေ လျှပ်စစ်ဓာတ်ကူးတဲ့အဆင့်)အဆင့်
ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲ မြန်ဆန်လွန်း
လို့ ရေက ရေနွေးငွေ့ထွက်မလာခင် ဆူပွက်သွားမှာပါ။
source:Nanmalgyi
link -



No comments:
Post a Comment