မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 6, 2020

ေက်ာက္လက္ဝါးဆိုတာ

 ရမယ္ဆို လူေတာင္သတ္ယူၾကမ့ဲ ေက်ာက္လက္ဝါးဆိုတာ 

ဘာလဲ ဘယ္လိုစြမ္းလဲ သိၿပီးၾကၿပီလား ...

-----------------------------------------------------------------


ဒီ️ေက်ာက္လက္ဝါးကို ေက်ာက္နံရံ ေက်ာက္ကမ္းပါး ေရစပ္ 

ေက်ာက္တံုးေတြမွာ အမ်ားဆံုးေတြ႔ရတတ္ပါသည္။ သယံဇာတ 

သဘာဝက လူသားတစ္ေယာက္ရဲ့ လက္အတိုင္း အေနအထား၊ 

အတိုင္းအထြာ၊ အဆစ္အျမစ္၊ အေၾကာေတြကစၿပီး ျဖစ္ေပၚေန

တာဟာ အံ့ဩစရာေကာင္းေလာက္ေအာင္ ပီျပင္လွတာကို

ေတြ႕ရပါသည္။ ေက်ာက္သားလို မာေက်ာၿပီးေနပါသည္။ 

ေက်ာက္တံုးေက်ာက္နံရံေတြမွာ ေတြ႔ရသလို ေျမႀကီးအတြင္း

မွာလည္း တူးေဖာ္လို႔ရတတ္ပါသည္။ ေက်ာက္တံုး၊ ေက်ာက္ကမ္းပါး၊ 

ေက်ာက္နံရံေတြနဲ႔ ေရစပ္မွာရတဲ့ ေက်ာက္လက္ဝါးရဲ့အနံ႔ဟာ 

ညႇီတယ္ရိုင္းတယ္ အလြယ္တကူ ယူလို႔မရပါဘူး။ ေျမႀကီးထဲကရတဲ့ 

ေက်ာက္လက္ဝါးက ေျမသင္းနံ႔သင္းတယ္၊ ယဥ္တယ္၊ 

အသက္မပါတဲ့ သစ္သီး၊ သစ္ဥ၊ သစ္ဖုေတြ ေကၽြးၿပီး သံုးတတ္ရင္ 

အသံုးဝင္လို႔ အေဆာင္ထားၾကပါသည္ ေက်ာက္လက္ဝါးရတဲ့လူ

ေတြဟာ စိတ္ေစတနာေကာင္းေသာ သူေတာ္ေကာင္းေတြဆိုရင္ 

ေျမႀကီးထဲကရတဲ့ ေက်ာက္လက္ဝါးကို ေရစင္ေအာင္ေဆးေၾကာၿပီး 

အသက္မပါတဲ့ ေပါက္ေပါက္တို႔၊ ဖြဲႏုတို႔နဲ႔ အစာေကၽြးေဆာင္ထားၿပီး 

နာက်င္ကိုက္ခဲတဲ့ ေဝဒနာခံစားရသူေတြကို ႏွိပ္ေပးရင္ ေဝဒနာ

ေပ်ာက္ကင္းပါသည္။ အရိုးေရာဂါအေၾကာ ေရာဂါရွိသူေတြကို 

ႏွိပ္နယ္ေပးရင္ ေပ်ာက္ကင္းပါသည္။ ေကာင္းတဲ့ေနရာမွာလည္း 

အခ်ဳိ႕ေသာလူမ်ားကလည္း အသံုးျပဳတတ္တာေတြလည္း 

ရိွတတ္ပါသည္။ 

သူယုတ္မာေတြရဲ့လက္ထဲ ေရာက္တဲ့ ေက်ာက္လက္ဝါးဆိုရင္ 

အသားငါးေတြေကၽြးလို႔ အိမ္မွာ အခိုင္းအေစသေဘာနဲ႔ထားၿပီး 

သူယုတ္မာစိတ္ထားနဲ႔ ဘယ္သူ႔ကို ေသေအာင္ ေၾကေအာင္

႐ုိက္သတ္လိုက္စမ္း က်ိဳးပဲ့ေအာင္ လုပ္လိုက္စမ္း ဘယ္သူ႔ပစၥည္း

သြားဖ်က္ဆီးလိုက္စမ္း၊ ေျခာက္လွန္႔လိုက္စမ္းလို႔ ခိုင္းၾကတယ္။

အစာမွန္မွန္မေကၽြး၊ မႏိုင္ဘဲေဆာင္ထားရင္ ခုိင္းတဲ့လူကို 

ျပန္အႏၱရာယ္ေပးတတ္ေသးတယ္လို႔ ၾကားဖူးပါသည္။ 


ေအာက္လမ္းဆရာေတာင္ ေက်ာက္လက္ဝါးအ႐ိုင္း ပိုင္ဆိုင္တဲ့ 

ေအာက္လမ္းဆရာဆိုရင္ ႐ိုး႐ိုးေအာက္လမ္းဆရာထက္ ပိုၿပီး 

တန္ခိုးထြားတာေတြလည္း ေတြ႕ျမင္ဘူးပါသည္။ 

ေက်ာက္လက္ဝါးတိုင္းလည္း ထူးျခားသည့္ တန္ခိုးမ်ားေတာ့ 

မရိွၾကပါဘူး။ ေက်ာက္လက္ဝါးမွာ အေသရယ္ အ႐ွင္ရယ္ ဆိုၿပီး 

ႏွစ္မ်ိဳး႐ွိပါသည္။ အရွင္မွာေတာ့ ေစာင့္ေရွာက္ေသာ 

အေစာင့္အေရွာက္ရိွတတ္ၿပီးေတာ့ အေသမွာေတာ့ 

ဘာအေစာင့္အေရွာက္မွ မရိွၾကပါဘူး။ ေစာင့္ေရွာက္ေသာ 

အေစာင့္အေရွာက္ ဆုိသည္မွာလည္း ေကာင္းေသာ

အေစာင့္အေရွာက္နဲ႔ မေကာင္းေသာ အေစာင့္အေရွာက္ဆိုၿပီး 

ႏွစ္မ်ဳိးလည္း ရိွျပန္ပါသည္။ 


အကယ္၍ မိမိမွာ ေက်ာက္လက္ဝါးတစ္ခု ပိုင္ဆိုင္ခဲ့ပါက 

ေက်ာက္လက္ဝါးကို အရွင္လား၊ အေသလား အရင္ဆံုး 

ခြဲျခားရပါလိမ့္မည္။ ခြဲျခားနည္းကေတာ့ ထမင္းအိုးႏွပ္တဲ့အခါမွာ 

ထမင္းအိုးအဖံုးေပၚကို ေက်ာက္လက္ဝါး တင္ထားလိုက္ပါ။

အဖံုးေပၚကေန ခုန္ဆင္းသြားမယ္ဆိုရင္ေတာ့ 

အဲဒီ ေက်ာက္လက္ဝါးဟာ အ႐ွင္ျဖစ္ပါသည္။ ေနာက္တစ္နည္း

ရိွပါေသးသည္။ ေက်ာက္လက္ဝါးကိုစားပြဲေပၚတင္… ေဆးလိပ္မီးနဲ႔

လိုက္တို႔ၾကည့္လိုက္ပါ။ အ႐ွင္ဆိုရင္ သံလိုက္အဖိုနဲ႔အမ တြန္းကန္သလို 

ေက်ာက္လက္ဝါးဟာ ေဆးလိပ္မီးကိုေရွာင္ကြင္းၿပီးေတာ့ ဆုတ္ဆုတ္

သြားပါလိမ့္မည္။ ေနာက္ထပ္တစ္နည္းကေတာ့ ေက်ာက္လက္ဝါးကို 

နိမ့္တဲ့ေနရာမွာထား ေရေႏြးပူကိုျမင့္တဲ့ေနရာကေန ေလာင္းလိုက္ပါ။ 

ေက်ာက္လက္ဝါးက ခုန္ေ႐ွာင္ရင္ အသက္႐ွိပါသည္။ အ႐ွင္လို႔ 

သတ္မွတ္ႏိုင္ပါသည္။ အခ်ဳိ႕ေသာ ေက်ာက္လက္ဝါးမ်ားသည္ 

နည္းနည္းမ်ား ရွက္တတ္လို႔မ်ားေတာ့ မသိဘူး အထက္ပါအတိုင္း 

စမ္းသပ္နည္းျဖင့္ စမ္းသပ္လို႔လည္း ဘယ္လိုမွ ထူးျခားမႈမျပသည့္ 

ေက်ာက္လက္ဝါးအရွင္ေတြလည္း ရိွတတ္ပါေသးသည္။ အဲ့အခါ 

ေနာက္ဆံုးနည္းလမ္းတစ္ခုနဲ႔ စမ္းသပ္ရပါေတာ့သည္။ 

အဲ့နည္းကေတာ့ ေက်ာက္လက္ဝါးကို ခိုင္ခံ့တဲ့သံေသတၱာ 

သစ္သားေသတၱာ တစ္ခုခုထဲထည့္ၿပီး ေသေသခ်ာခ်ာ 

အလံုပိတ္ထားၿပီး ေသာ့ခတ္ထားပါ။ မနက္ကတည္းစၿပီး 

တစ္ေန႔လံုးပိတ္ထားပါ။ ည လူေျခတိတ္ၿပီး အိပ္ခ်ိန္ေလာက္ၾကရင္ 

ေသတၱာထဲကေန တဝုန္းဝုန္း တဒံုးဒံုးနဲ႔ ဆူဆူညံညံ အသံေတြ

ေပးပါလိမ့္မယ္။ အဲလိုအသံေတြေပးၿပီဆိုရင္ ေသာ့ဖြင့္ၿပီး ေသတၱာ

အဖံုးလွပ္ေပးလိုက္ပါ။ ေက်ာက္လက္ဝါးဟာ ေသတၱာထဲကေန 

သူ႔အလိုလို ခုန္ထြက္သြားပါလိမ့္မည္။ ဒါဆိုရင္ေတာ့ ေက်ာက္လက္ဝါး

အရွင္ အစစ္ပါပဲ။ သို႔ေသာ္လည္း အရွင္ျဖစ္ၿပီးဆို႐ံုနဲ႔လည္း မၿပီးေသး

ပါဘူး။ အေစာင့္အေရွာက္က အေကာင္းလား အဆိုးလား 

ၾကည့္ရျပန္ပါေတာ့သည္။ 


ၾကက္အ႐ွင္တစ္ေကာင္နဲ႔ ေက်ာက္လက္ဝါးကို ေတာင္းနဲ႔ဖိအုပ္ထားပါ။ 

ေနာက္ေန႔ နံနက္ေတာင္းဖြင့္ၾကည့္လို႔ ၾကက္မေသရင္ေတာ့ ေစာင့္ေသာ

အေစာင့္မွာ ေကာင္းေသာ သူေတာ္ေကာင္းအေစာင့္ျဖစ္ၿပီး ၾကက္ေသ

ေနရင္ေတာ့ ဆိုးရြားေသာ အေစာင့္ျဖစ္ပါသည္။ 

ေနာက္တစ္နည္းကေတာ အမဲေသြး ဝက္ေသြး ကို ပန္းကန္ထဲထည့္ 

ေက်ာက္လက္ဝါးနဲ႔အတူထားၿပီး အုပ္ေဆာင္းနဲ႔အုပ္ထားပါ။ ေနာက္ေန႔ 

လွန္ၾကည့္လို႔ ေသြးေတြကုန္ေနရင္ မသူေတာ္အေစာင့္ပါ။ မသူေတာ္မို႔ 

အမဲေသြး ဝက္ေသြးေတြကို ေသာက္မ်ိဳပစ္တာပါ။ 

ေနာက္တစ္နည္းကေတာ့ ေက်ာက္လက္ဝါးကို ျမင့္ျမတ္တဲ့အျမင့္

တစ္ေနရာရာ ဘုရားေက်ာင္းေဆာင္တင္ထားတဲ့စင္ေပၚ နတ္စင္ေပၚကို

တင္ထားလိုက္ပါ။ သူေတာ္ေကာင္းအေစာင့္႐ွိတဲ့ ေက်ာက္လက္ဝါးဟာ

ဘုရားေက်ာင္းေဆာင္တင္ထားေသာ စင္ေပၚ နတ္စင္ေပၚမွာမေနပဲ 

ခုန္ခ်ပါလိမ့္မည္။ သူယုတ္မာေစာင့္ေသာ က်ာက္လက္ဝါးကေတာ့ 

ဘုရားေက်ာင္းေဆာင္တင္တဲ့စင္ နတ္စင္ ေပၚကေန ခုန္လည္းမခ်ပဲ 

ဘာသိဘာသာ ေနပါလိမ့္မည္။

ေနာက္တစ္နည္းကေတာ့ ညအိပ္တဲ့အခါ ေက်ာက္လက္ဝါးကို 

မိမိေခါင္းရင္းထားၿပီး အိပ္ပါ။ သူေတာ္ေကာင္းေစာင့္ေသာ 

ေက်ာက္လက္ဝါးဟာ မနက္မွာ မိမိေျခရင္းမွာ ေရာက္ေနတာကို 

ေတြ႔ရပါလိမ့္မည္။ ပိုင္႐ွင္ရဲ႕ဦးေခါင္းပိုင္း ျမင့္ျမတ္တဲ့ေနရာမွာ 

မေနတဲ့သေဘာပါ။ သူယုတ္မာေစာင့္တဲ့ေက်ာက္လက္ဝါးကေတာ့ 

ထံုးစံအတိုင္း ဘာသိဘာသာပါပဲ။ 

ေနာက္တစ္နည္းကေတာ့ ေက်ာက္လက္ဝါးကို အိမ္မွာ 

သူ႔ခ်ည္းပဲထားခဲ့ၿပီး အိမ္သူအိမ္သားေတြအားလံုး အျပင္ထြက္ၿပီး 

တစ္ေနရာရာကေန မသိမသာေလး ေခ်ာင္းၾကည့္ေနပါ 

သူေတာ္ေကာင္းေစာင့္တဲ့ေက်ာက္လက္ဝါးက သူ႔ဘာသာသူ

ၿငိမ္ၿငိမ္ေလးေနၿပီး အိမ္အနီးအနား အိမ္ထဲ ကို ခိုးဝွက္ဖို႔ 

မသမာစိတ္နဲ႔လာတဲ့သူကို အရိပ္အေယာင္ သိသာျမင္သာေအာင္ 

ေၾကာက္လန္႔ေအာင္ ျပဳလုပ္ျပၿပီး အိမ္ထဲမဝင္ေရာက္ႏိုင္ေအာင္ 

ေစာင့္ေ႐ွာက္ေပးပါသည္။ အိမ္သူအိမ္သား တစ္ဦးဦးကိုလည္း 

အိမ္အနီးမွာ လူစိမ္းကပ္ေနတာကိုသိေအာင္ ညႇိဳ႕တတ္ အရိပ္နိမိတ္

ေပးပါသည္။ သူယုတ္မာေစာင့္ ေက်ာက္လက္ဝါးကေတာ့ သူ႔ခ်ည္း

ထားခဲ့ၾကည့္ပါက အိမ္နံရံ ထရံ အမိုးအကာေတြကို က်ိဳးပဲ့ပ်က္စီးေအာင္ 

ဖ်က္ဆီးတတ္ပါသည္။ အိမ္အနီးဝန္းက်င္လာတဲ့ လူ ေခြး ႏြား တိရစၧာန္ 

အကုန္ ဒုကၡိတကေန ေရာဂါရ ေသေက်ပ်က္စီးတဲ့အထိ လိုက္ၿပီး

႐ိုက္သတ္တတ္ပါသည္။ လယ္ယာပိုင္႐ွင္မ်ားအတြက္ေတာ့ 

သူေတာ္ေကာင္းေစာင့္တဲ့ ေက်ာက္လက္ဝါးအရွင္ဟာ 

သင့္ေတာ္ပါသည္။ လယ္ယာေျမအလယ္မွာထားခဲ့ပါ။ 

ဘယ္လိုအေကာင္မ်ိဳးမွလာၿပီး အခင္းေတြမဖ်က္ရဲေတာ့ဘူး။ 

စိုက္ခင္းထဲ ဘယ္လိုတိရစၦာန္မွ ဝင္ၿပီးမစားေသာက္ရဲပါဘူး။ 

ေၾကာက္လန္႔ေအာင္ ေျခာက္လွန္႔ေမာင္းလႊတ္ ေဘးဖယ္ထုတ္

ေပးပါသည္။ မသူေတာ္အေစာင့္ကေတာ့ လဲေအာင္ လိုက္႐ိုက္

တယ္ေပါ့။ ညာဘက္ ေက်ာက္လက္ဝါးအ႐ွင္ဟာ သိဒၶိထူး႐ွိၿပီး 

သူေတာ္ေကာင္းေစာင့္ပါသည္။ ပိုင္႐ွင့္အက်ိဳး အထူးေဆာင္ရြက္ 

အကူအညီေပးပါသည္။ သိမ္ေမြ ့ႏူးညံ့ပါသည္။ ဘယ္ဘက္

ေက်ာက္လက္ဝါးအ႐ွင္ကေတာ့ သိဒၶိထူး႐ွိေပမယ့္လို႔ သူယုတ္မာ

အေစာင့္ျဖစ္တာေၾကာင့္ ပိုင္႐ွင္ကိုဒုကၡေပးၿပီး ၾကမ္းတမ္းရက္စက္

ယုတ္မာပါသည္။ ထိုလက္ဝါးကေတာ့ ေအာက္လမ္းဆရာမ်ားအတြက္ 

အႀကိဳက္ေပါ့ဗ်ာ။ စကားမစပ္ အခ်ဳိ႕ေသာ ေအာက္လမ္းဆရာမ်ားက

ေကာင္းေသာေက်ာက္လက္ဝါးမ်ားကို အ႐ိုင္းစိတ္သြင္းၿပီး ခိုင္းေစတာ

ေတြလည္း ရိွပါသည္။ ေက်ာက္လက္ဝါးအေသကေတာ့ သိဒၶိထူး

မ႐ွိတဲ့ သာမန္ ေက်ာက္ျဖစ္႐ုပ္ႂကြင္း တစ္ခုပါပဲ။ 


Ref လင္းညိဳ႕တာရာ

source:ဘူတဝါဟနစာစဥ္

(ဗဟုသုတအလုိ႔ငွာ ေဖာ္ျပေပးျခင္းျဖစ္ပါသည္)

=========================


ရမယ်ဆို လူတောင်သတ်ယူကြမဲ့ ကျောက်လက်ဝါးဆိုတာ 

ဘာလဲ ဘယ်လိုစွမ်းလဲ သိပြီးကြပြီလား ...

-----------------------------------------------------------------


ဒီ️ကျောက်လက်ဝါးကို ကျောက်နံရံ ကျောက်ကမ်းပါး ရေစပ် 

ကျောက်တုံးတွေမှာ အများဆုံးတွေ့ရတတ်ပါသည်။ သယံဇာတ 

သဘာဝက လူသားတစ်ယောက်ရဲ့ လက်အတိုင်း အနေအထား၊ 

အတိုင်းအထွာ၊ အဆစ်အမြစ်၊ အကြောတွေကစပြီး ဖြစ်ပေါ်နေ

တာဟာ အံ့ဩစရာကောင်းလောက်အောင် ပီပြင်လှတာကို

တွေ့ရပါသည်။ ကျောက်သားလို မာကျောပြီးနေပါသည်။ 

ကျောက်တုံးကျောက်နံရံတွေမှာ တွေ့ရသလို မြေကြီးအတွင်း

မှာလည်း တူးဖော်လို့ရတတ်ပါသည်။ ကျောက်တုံး၊ ကျောက်ကမ်းပါး၊ 

ကျောက်နံရံတွေနဲ့ ရေစပ်မှာရတဲ့ ကျောက်လက်ဝါးရဲ့အနံ့ဟာ 

ညှီတယ်ရိုင်းတယ် အလွယ်တကူ ယူလို့မရပါဘူး။ မြေကြီးထဲကရတဲ့ 

ကျောက်လက်ဝါးက မြေသင်းနံ့သင်းတယ်၊ ယဉ်တယ်၊ 

အသက်မပါတဲ့ သစ်သီး၊ သစ်ဥ၊ သစ်ဖုတွေ ကျွေးပြီး သုံးတတ်ရင် 

အသုံးဝင်လို့ အဆောင်ထားကြပါသည် ကျောက်လက်ဝါးရတဲ့လူ

တွေဟာ စိတ်စေတနာကောင်းသော သူတော်ကောင်းတွေဆိုရင် 

မြေကြီးထဲကရတဲ့ ကျောက်လက်ဝါးကို ရေစင်အောင်ဆေးကြောပြီး 

အသက်မပါတဲ့ ပေါက်ပေါက်တို့၊ ဖွဲနုတို့နဲ့ အစာကျွေးဆောင်ထားပြီး 

နာကျင်ကိုက်ခဲတဲ့ ဝေဒနာခံစားရသူတွေကို နှိပ်ပေးရင် ဝေဒနာ

ပျောက်ကင်းပါသည်။ အရိုးရောဂါအကြော ရောဂါရှိသူတွေကို 

နှိပ်နယ်ပေးရင် ပျောက်ကင်းပါသည်။ ကောင်းတဲ့နေရာမှာလည်း 

အချို့သောလူများကလည်း အသုံးပြုတတ်တာတွေလည်း 

ရှိတတ်ပါသည်။ 


သူယုတ်မာတွေရဲ့လက်ထဲ ရောက်တဲ့ ကျောက်လက်ဝါးဆိုရင် 

အသားငါးတွေကျွေးလို့ အိမ်မှာ အခိုင်းအစေသဘောနဲ့ထားပြီး 

သူယုတ်မာစိတ်ထားနဲ့ ဘယ်သူ့ကို သေအောင် ကြေအောင်

ရိုက်သတ်လိုက်စမ်း ကျိုးပဲ့အောင် လုပ်လိုက်စမ်း ဘယ်သူ့ပစ္စည်း

သွားဖျက်ဆီးလိုက်စမ်း၊ ခြောက်လှန့်လိုက်စမ်းလို့ ခိုင်းကြတယ်။

အစာမှန်မှန်မကျွေး၊ မနိုင်ဘဲဆောင်ထားရင် ခိုင်းတဲ့လူကို 

ပြန်အန္တရာယ်ပေးတတ်သေးတယ်လို့ ကြားဖူးပါသည်။ 


အောက်လမ်းဆရာတောင် ကျောက်လက်ဝါးအရိုင်း ပိုင်ဆိုင်တဲ့ 

အောက်လမ်းဆရာဆိုရင် ရိုးရိုးအောက်လမ်းဆရာထက် ပိုပြီး 

တန်ခိုးထွားတာတွေလည်း တွေ့မြင်ဘူးပါသည်။ 

ကျောက်လက်ဝါးတိုင်းလည်း ထူးခြားသည့် တန်ခိုးများတော့ 

မရှိကြပါဘူး။ ကျောက်လက်ဝါးမှာ အသေရယ် အရှင်ရယ် ဆိုပြီး 

နှစ်မျိုးရှိပါသည်။ အရှင်မှာတော့ စောင့်ရှောက်သော 

အစောင့်အရှောက်ရှိတတ်ပြီးတော့ အသေမှာတော့ 

ဘာအစောင့်အရှောက်မှ မရှိကြပါဘူး။ စောင့်ရှောက်သော 

အစောင့်အရှောက် ဆိုသည်မှာလည်း ကောင်းသော

အစောင့်အရှောက်နဲ့ မကောင်းသော အစောင့်အရှောက်ဆိုပြီး 

နှစ်မျိုးလည်း ရှိပြန်ပါသည်။ 


အကယ်၍ မိမိမှာ ကျောက်လက်ဝါးတစ်ခု ပိုင်ဆိုင်ခဲ့ပါက 

ကျောက်လက်ဝါးကို အရှင်လား၊ အသေလား အရင်ဆုံး 

ခွဲခြားရပါလိမ့်မည်။ ခွဲခြားနည်းကတော့ ထမင်းအိုးနှပ်တဲ့အခါမှာ 

ထမင်းအိုးအဖုံးပေါ်ကို ကျောက်လက်ဝါး တင်ထားလိုက်ပါ။

အဖုံးပေါ်ကနေ ခုန်ဆင်းသွားမယ်ဆိုရင်တော့ 

အဲဒီ ကျောက်လက်ဝါးဟာ အရှင်ဖြစ်ပါသည်။ နောက်တစ်နည်း

ရှိပါသေးသည်။ ကျောက်လက်ဝါးကိုစားပွဲပေါ်တင်… ဆေးလိပ်မီးနဲ့

လိုက်တို့ကြည့်လိုက်ပါ။ အရှင်ဆိုရင် သံလိုက်အဖိုနဲ့အမ တွန်းကန်သလို 

ကျောက်လက်ဝါးဟာ ဆေးလိပ်မီးကိုရှောင်ကွင်းပြီးတော့ ဆုတ်ဆုတ်

သွားပါလိမ့်မည်။ နောက်ထပ်တစ်နည်းကတော့ ကျောက်လက်ဝါးကို 

နိမ့်တဲ့နေရာမှာထား ရေနွေးပူကိုမြင့်တဲ့နေရာကနေ လောင်းလိုက်ပါ။ 

ကျောက်လက်ဝါးက ခုန်ရှောင်ရင် အသက်ရှိပါသည်။ အရှင်လို့ 

သတ်မှတ်နိုင်ပါသည်။ အချို့သော ကျောက်လက်ဝါးများသည် 

နည်းနည်းများ ရှက်တတ်လို့များတော့ မသိဘူး အထက်ပါအတိုင်း 

စမ်းသပ်နည်းဖြင့် စမ်းသပ်လို့လည်း ဘယ်လိုမှ ထူးခြားမှုမပြသည့် 

ကျောက်လက်ဝါးအရှင်တွေလည်း ရှိတတ်ပါသေးသည်။ အဲ့အခါ 

နောက်ဆုံးနည်းလမ်းတစ်ခုနဲ့ စမ်းသပ်ရပါတော့သည်။ 

အဲ့နည်းကတော့ ကျောက်လက်ဝါးကို ခိုင်ခံ့တဲ့သံသေတ္တာ 

သစ်သားသေတ္တာ တစ်ခုခုထဲထည့်ပြီး သေသေချာချာ 

အလုံပိတ်ထားပြီး သော့ခတ်ထားပါ။ မနက်ကတည်းစပြီး 

တစ်နေ့လုံးပိတ်ထားပါ။ ည လူခြေတိတ်ပြီး အိပ်ချိန်လောက်ကြရင် 

သေတ္တာထဲကနေ တဝုန်းဝုန်း တဒုံးဒုံးနဲ့ ဆူဆူညံညံ အသံတွေ

ပေးပါလိမ့်မယ်။ အဲလိုအသံတွေပေးပြီဆိုရင် သော့ဖွင့်ပြီး သေတ္တာ

အဖုံးလှပ်ပေးလိုက်ပါ။ ကျောက်လက်ဝါးဟာ သေတ္တာထဲကနေ 

သူ့အလိုလို ခုန်ထွက်သွားပါလိမ့်မည်။ ဒါဆိုရင်တော့ ကျောက်လက်ဝါး

အရှင် အစစ်ပါပဲ။ သို့သော်လည်း အရှင်ဖြစ်ပြီးဆိုရုံနဲ့လည်း မပြီးသေး

ပါဘူး။ အစောင့်အရှောက်က အကောင်းလား အဆိုးလား 

ကြည့်ရပြန်ပါတော့သည်။ 


ကြက်အရှင်တစ်ကောင်နဲ့ ကျောက်လက်ဝါးကို တောင်းနဲ့ဖိအုပ်ထားပါ။ 

နောက်နေ့ နံနက်တောင်းဖွင့်ကြည့်လို့ ကြက်မသေရင်တော့ စောင့်သော

အစောင့်မှာ ကောင်းသော သူတော်ကောင်းအစောင့်ဖြစ်ပြီး ကြက်သေ

နေရင်တော့ ဆိုးရွားသော အစောင့်ဖြစ်ပါသည်။ 

နောက်တစ်နည်းကတော အမဲသွေး ဝက်သွေး ကို ပန်းကန်ထဲထည့် 

ကျောက်လက်ဝါးနဲ့အတူထားပြီး အုပ်ဆောင်းနဲ့အုပ်ထားပါ။ နောက်နေ့ 

လှန်ကြည့်လို့ သွေးတွေကုန်နေရင် မသူတော်အစောင့်ပါ။ မသူတော်မို့ 

အမဲသွေး ဝက်သွေးတွေကို သောက်မျိုပစ်တာပါ။ 

နောက်တစ်နည်းကတော့ ကျောက်လက်ဝါးကို မြင့်မြတ်တဲ့အမြင့်

တစ်နေရာရာ ဘုရားကျောင်းဆောင်တင်ထားတဲ့စင်ပေါ် နတ်စင်ပေါ်ကို

တင်ထားလိုက်ပါ။ သူတော်ကောင်းအစောင့်ရှိတဲ့ ကျောက်လက်ဝါးဟာ

ဘုရားကျောင်းဆောင်တင်ထားသော စင်ပေါ် နတ်စင်ပေါ်မှာမနေပဲ 

ခုန်ချပါလိမ့်မည်။ သူယုတ်မာစောင့်သော ကျာက်လက်ဝါးကတော့ 

ဘုရားကျောင်းဆောင်တင်တဲ့စင် နတ်စင် ပေါ်ကနေ ခုန်လည်းမချပဲ 

ဘာသိဘာသာ နေပါလိမ့်မည်။

နောက်တစ်နည်းကတော့ ညအိပ်တဲ့အခါ ကျောက်လက်ဝါးကို 

မိမိခေါင်းရင်းထားပြီး အိပ်ပါ။ သူတော်ကောင်းစောင့်သော 

ကျောက်လက်ဝါးဟာ မနက်မှာ မိမိခြေရင်းမှာ ရောက်နေတာကို 

တွေ့ရပါလိမ့်မည်။ ပိုင်ရှင်ရဲ့ဦးခေါင်းပိုင်း မြင့်မြတ်တဲ့နေရာမှာ 

မနေတဲ့သဘောပါ။ သူယုတ်မာစောင့်တဲ့ကျောက်လက်ဝါးကတော့ 

ထုံးစံအတိုင်း ဘာသိဘာသာပါပဲ။ 

နောက်တစ်နည်းကတော့ ကျောက်လက်ဝါးကို အိမ်မှာ 

သူ့ချည်းပဲထားခဲ့ပြီး အိမ်သူအိမ်သားတွေအားလုံး အပြင်ထွက်ပြီး 

တစ်နေရာရာကနေ မသိမသာလေး ချောင်းကြည့်နေပါ 

သူတော်ကောင်းစောင့်တဲ့ကျောက်လက်ဝါးက သူ့ဘာသာသူ

ငြိမ်ငြိမ်လေးနေပြီး အိမ်အနီးအနား အိမ်ထဲ ကို ခိုးဝှက်ဖို့ 

မသမာစိတ်နဲ့လာတဲ့သူကို အရိပ်အယောင် သိသာမြင်သာအောင် 

ကြောက်လန့်အောင် ပြုလုပ်ပြပြီး အိမ်ထဲမဝင်ရောက်နိုင်အောင် 

စောင့်ရှောက်ပေးပါသည်။ အိမ်သူအိမ်သား တစ်ဦးဦးကိုလည်း 

အိမ်အနီးမှာ လူစိမ်းကပ်နေတာကိုသိအောင် ညှို့တတ် အရိပ်နိမိတ်

ပေးပါသည်။ သူယုတ်မာစောင့် ကျောက်လက်ဝါးကတော့ သူ့ချည်း

ထားခဲ့ကြည့်ပါက အိမ်နံရံ ထရံ အမိုးအကာတွေကို ကျိုးပဲ့ပျက်စီးအောင် 

ဖျက်ဆီးတတ်ပါသည်။ အိမ်အနီးဝန်းကျင်လာတဲ့ လူ ခွေး နွား တိရစ္ဆာန် 

အကုန် ဒုက္ခိတကနေ ရောဂါရ သေကျေပျက်စီးတဲ့အထိ လိုက်ပြီး

ရိုက်သတ်တတ်ပါသည်။ လယ်ယာပိုင်ရှင်များအတွက်တော့ 

သူတော်ကောင်းစောင့်တဲ့ ကျောက်လက်ဝါးအရှင်ဟာ 

သင့်တော်ပါသည်။ လယ်ယာမြေအလယ်မှာထားခဲ့ပါ။ 

ဘယ်လိုအကောင်မျိုးမှလာပြီး အခင်းတွေမဖျက်ရဲတော့ဘူး။ 

စိုက်ခင်းထဲ ဘယ်လိုတိရစ္ဆာန်မှ ဝင်ပြီးမစားသောက်ရဲပါဘူး။ 

ကြောက်လန့်အောင် ခြောက်လှန့်မောင်းလွှတ် ဘေးဖယ်ထုတ်

ပေးပါသည်။ မသူတော်အစောင့်ကတော့ လဲအောင် လိုက်ရိုက်

တယ်ပေါ့။ ညာဘက် ကျောက်လက်ဝါးအရှင်ဟာ သိဒ္ဓိထူးရှိပြီး 

သူတော်ကောင်းစောင့်ပါသည်။ ပိုင်ရှင့်အကျိုး အထူးဆောင်ရွက် 

အကူအညီပေးပါသည်။ သိမ်မွေ့နူးညံ့ပါသည်။ ဘယ်ဘက်

ကျောက်လက်ဝါးအရှင်ကတော့ သိဒ္ဓိထူးရှိပေမယ့်လို့ သူယုတ်မာ

အစောင့်ဖြစ်တာကြောင့် ပိုင်ရှင်ကိုဒုက္ခပေးပြီး ကြမ်းတမ်းရက်စက်

ယုတ်မာပါသည်။ ထိုလက်ဝါးကတော့ အောက်လမ်းဆရာများအတွက် 

အကြိုက်ပေါ့ဗျာ။ စကားမစပ် အချို့သော အောက်လမ်းဆရာများက

ကောင်းသောကျောက်လက်ဝါးများကို အရိုင်းစိတ်သွင်းပြီး ခိုင်းစေတာ

တွေလည်း ရှိပါသည်။ ကျောက်လက်ဝါးအသေကတော့ သိဒ္ဓိထူး

မရှိတဲ့ သာမန် ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုပါပဲ။ 


Ref လင်းညို့တာရာ

source:ဘူတဝါဟနစာစဉ်

(ဗဟုသုတအလို့ငှာ ဖော်ပြပေးခြင်းဖြစ်ပါသည်)

No comments:

Post a Comment