မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 6, 2020

လင္နဲ႕မယားမွာ အျပန္အလွန္ တင္ရမဲ႕ေက်းဇူးေတြရွိၾကတယ္

 လင္နဲ႕မယားမွာ အျပန္အလွန္

တင္ရမဲ႕ေက်းဇူးေတြရွိၾကတယ္

-------------------------------------

အိမ္ေထာင္က်ၿပီးမွ အိမ္ရွင္မ အမ်ိဳးသမီးဟာ အပ်ိဳဘ၀ကထက္

ပုိလွေနတယ္၊ ပိုုတင္႔တယ္ေနတယ္ဆိုုရင္ အဲဒီ အမ်ိဳးသမီးဟာ 

ခင္ပြန္းေကာင္းကိုု ပိုုင္ဆိုုင္ထားရလိုု႕ လိုု႕ ဆိုုၾကတယ္။

အိမ္ေထာင္က်ၿပီးမွ ခင္ပြန္းျဖစ္သူ အမ်ိဳးသားဟာ လူပ်ဳိဘ၀

တုုန္းကထက္ပိုုၿပီး ခန္႕ညားတင္႔တယ္ေနတယ္ဆိုုရင္ သူဟာ 

ဇနီးေကာင္းကိုု ရရွိထားလိုု႕လိုု႕ ဆိုုၾကပါတယ္။


အပ်ိဳ၊ လူပ်ိဳ ဘ၀မွာထက္ပိုုၿပီး တင္႔တယ္ေနတဲ႕ ဇနီးေမာင္ႏွံေတြ

ကေတာ႕ ေရွးေရစက္ေၾကာင့္ ဆံုုရတဲ့ စံုုတြဲ၊ ကုုသိုုလ္အတူတူျပဳဖိုု႕ 

နတ္ဖက္တဲ႕အတြဲလိုု႕လည္း ဆိုုၾကျပန္တယ္။

အဲဒီအဆိုုေတြကိုု ကၽြန္မကေတာ႕ နားလည္လက္ခံမိပါတယ္။


အမ်ားစုုမွာေတာ့ လူပ်ိဳ၊အပ်ိဳဘ၀တုုန္းက မိဘရဲ႕အရိပ္ေအာက္မွာ 

ေနရစဥ္တုုန္းက ေလာကဓံကိုု ၾကံဳရေပမဲ႕  မိဘရဲ႕အမိုုးအကာ

ေအာက္မွာ ရွိေနတဲ႕အတြက္ မျပင္းထန္လွပါဘူး။ 

ကိုုယ္႔အိမ္ေထာင္နဲ႕ ကိုုယ္႔မိသားစုုနဲ႕ျဖစ္လာခ်ိန္မွာ ေကာင္းေကာင္း

ဆိုုးဆိုုး ေလာကဓံႏွစ္မ်ိဳးစလံုုးကိုု ကိုုယ္တိုုင္ကိုုယ္က် ၾကံဳၿပီး ရင္ဆိုုင္

ျဖတ္သန္းၾကရပါၿပီ။


အဲဒီလိုု ကာလမွာ ကိုု္ယ္တြဲဖက္ခြင္႔ရထားတဲ႕ အိမ္ေထာင္ဘက္ရဲ႕

အရည္အေသြးဟာလည္း ေပၚလြင္ထင္ရွားလာတတ္ပါတယ္။


ကိုုယ္နိမ္႔ပါးခ်ိန္မွာ ကိုုယ္႔ကိုုထားၿပီး အငယ္ေနာက္ လိုုက္သြားတဲ့

သူေတြ၊ ကိုုယ္႔ရဲ႕ မရွိမဲ႕ရွိမဲ႕ပိုုက္ဆံေလးကိုု ယူၿပီး ကိုုယ္႔ကိုုယ္ေတာ႕ 

ထားပစ္ခဲ႕ၿပီး ထြက္ေျပးသြားတဲ႕ သူေတြ၊ စိတ္ဆင္းရဲၿပီး စိတ္ဓါတ္

က်ေနတဲ႕ ကိုုယ္႔ကိုု မသိခ်င္ေယာင္ေဆာင္ၿပီး ပစ္ထားတဲ႕သူေတြကိုု 

ဆင္းရဲခ်ိန္၊ နိမ္႔ပါးခ်ိန္၊ ဒုုကၡေရာက္ခ်ိန္မွာ ေတြ႕ရေတာ႕တာပါပဲ။


အဲဒီလိုု အ္ိမ္ေထာင္ဘက္မ်ိဳးနဲ႕ ၾကံဳရတဲ႕အမ်ိဳးသား၊ အမ်ိဳးသမီးေတြဟာ

အိမ္ေထာင္က်ၿပီး ေနာက္မွာ ျခံဳးျခံဳးက်ၾကရတဲ႕ရုုပ္သြင္နဲ႕သြင္ျပင္

ျဖစ္ကုုန္ၾကတယ္။ သူတိုု႕ရဲ႕ မရႊင္မလန္းတဲ႕ မ်က္ႏွာနဲ႕ညွိဳးငယ္တဲ႕ 

အသြင္က သူတိုု႕ရရွိထားတဲ႕အိမ္ေထာင္ဘက္ေတြရဲ႕ ကိုုယ္ရည္

ကုိယ္ေသြးကိုု ျပသေနၾကပါတယ္။


ေနာက္တစ္မ်ိဳးကေတာ႕ သူဘယ္ေလာက္ေကာင္းသလဲ ဆိုုတာကိုု 

ကိုုယ္တကယ္ဒုုကၡေရာက္ခ်ိန္မွာ ပိုုၿပီး သိလာရတဲ႕သူမ်ိဳးပါ။ 

ကိုုယ္အဆင္မေျပလိုု႕ ဒုုကၡေရာက္ေနခ်ိန္မွာ နားလည္စြာနဲ႕ 

ေဘးကေနရွိၿပီး ရင္ဆိုုင္ေပးတတ္သလိုု၊ မိသားစုုအတြက္ လိုုအပ္ရင္ 

ေရွ႕က ထြက္ၿပီး တံတိုုင္းၾကီးလိုု ကာကြယ္ေပးတယ္၊ အေသးစား 

စိတ္ဖိစီးမႈပဲ ျဖစ္ျဖစ္ အၾကီးစားစိတ္ဖိစီးမႈေတြကုုိပဲ ျဖစ္ျဖစ္ ကိုုယ္႔ရဲ႕

စိတ္ပိုုင္းဆိုုင္ရာကိုုလည္း အားေပးႏွစ္သိမ္႔ရင္းနဲ႕ကိုုယ္နဲ႕အတူတူ

ေျဖရွင္းရင္ဆိုုင္ေပးတယ္။


အဲဒီလိုု အိမ္ေထာင္ဘက္ေကာင္းကိုု ပိုုင္ဆိုုင္ထားတဲ့ သူေတြကေတာ့

ျမင္ရတာနဲ႕တင္ သိသာေစတယ္။ ရႊင္လန္းတယ္၊ ေက်နပ္ႏွစ္သိမ္႕မႈ

ရွိေနတဲ႕ အျပံဳးေတြနဲ႕ လႈပ္ရွားမႈေတြနဲ႕သက္၀င္ေနတယ္။ 

စိတ္ပိုုင္းဆိုုင္ရာေက်နပ္မႈ ရွိေနတဲ႕အတြက္ လံုုျခံဳမႈတစ္ခုုကိုု 

ရရွိထားတဲ႔သူတစ္ဦးရဲ႕ အသြင္မ်ိဳးနဲ႕ေတြ႕ျမင္ရပါတယ္။


အဲဒီလိုု အိမ္ေထာင္ဘက္ေကာင္းရရွိထားတဲ႔ သူေတြပဲ ျဖစ္ျဖစ္၊ 

အိမ္ေထာင္ဘက္ဆိုုးနဲ႕ေရစက္ဆံုုေနရတဲက သူေတြပဲျဖစ္ျဖစ္ 

အားလံုုးကေတာ႕ ဇနီးေမာင္ႏွံေတြျဖစ္ၾကၿပီ ဆိုုကတည္းက 

အတိတ္ဘ၀တုုန္းက ကုုသိုုလ္၊ အကုုသုုိလ္ အတူတူ ျပဳဖူးခဲ႕တဲ႕

သူေတြပါ.


ဒါေၾကာင္႕ကိုုယ္ရဲ႕အိမ္ေထာင္ဘက္ေတြအေပၚမွာ တန္ဖိုုးထားသင္႔တယ္။ 

သူ႕နဲ႕ကိုုယ္နဲ႕ ေရစက္ရွိလိုု႕သာ ဆံုုခဲ႕ရတယ္။ ဒါေပမဲ႕ အခ်ိဳ႕ကေတာ႕

ေရစက္ေတြကလည္း တိုုေတာင္းတက္ပါေသးတယ္။


ဘ၀ေရးမွာပဲ ျဖစ္ျစဖ္ အိမ္ေထာင္ေရးမွာပဲ ျဖစ္ျဖစ္ ကုုသိုုလ္၊ အကုုသိုုလ္ 

မတူတဲ႕သူေတြကလည္း ၾကာၾကာအတူေပါင္းသင္းေနထိုုင္လိုု႕မရပါဘူး။ 

ဆိုုပါေတာ႕ အိမ္ေထာင္ရွင္မက ေကာင္းပါလ်က္နဲ႕ ဇနီးသည္အေပၚ 

ေဖာက္ျပန္တတ္တဲ႕ ခင္ပြန္းမ်ိဳး ရွိေနတယ္ဆိုုရင္ သူနဲ႕ကိုုယ္က 

အက်င္႔သီလမွာ မတူေတာ႔ပါဘူး။


မတူအတြဲေတြမွာ တစ္ေယာက္က ေကာင္းၿပီး တစ္ေယာက္က 

မေကာင္းတဲ႕အတြက္ ကုုသိုုလ္၊ အကုုသုုိလ္ေတြကလည္း မတူႏိုုင္

ေတာ႕ဘူး။ ဒါေၾကာင္႕ မေကာင္းတဲ႕သူက ေကာင္းတဲ႕သူနားမွာ 

မေနႏိုုင္လိုု႕ မေကာင္းတဲ႕သူ အခ်င္းခ်င္း သြားေပါင္းၾကတာပါ။


ဒီသေဘာတရားကိုု နားလည္လက္ခံမယ္ဆိုုရင္ ကိုု္ယ္႔နားမွာ 

အကုုသိုုလ္ မကင္းတဲ႕သူေတြ ကိုုယ္႔နားမွာ မေနႏိုုင္ၾကတာ 

ကိုုယ္႔အတြက္ေကာင္းတယ္လိုု႕လည္း မွတ္ယူလိုု႕ရပါေသးတယ္။


တကယ္ေတာ႕ဇနီးေမာင္ႏွံႏွစ္ေယာက္၊တစ္ေယာက္က 

ကုသိုလ္ပဲျပဳျပဳ၊ အကုသိုလ္ပဲလုပ္လုပ္၊ က်န္တဲ့ တစ္ေယာက္က

စိတ္တူ(စိတ္ပါ)မွ ရႏိုင္တယ္။ စိတ္မတူရင္ မရဘူး။ ျပဳလုပ္သူသာလွ်င္ 

ရတယ္လိုု႕ ဘာသာေရးအရ မွတ္သားခဲ႕ဖူးတယ္။


ၿပီးေတာ႕ မွတ္သားမိေစတာလည္း ရွိေသးတယ္.။

ေမာင္ပုဏၰေတာထဲမွာ လယ္ယာေတြကို တစ္ေယာက္တည္း၊

ဆင္းရဲပင္ပန္းစြာ လုပ္ကိုင္ေနရတယ္။ တစ္ရက္ေတာ႕ နံနက္ 

၁၁-နာရီေလာက္ထိ ထမင္းမစားရေသးဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ 

အိမ္က ဇနီးက ထမင္းလာ မပို႔ေသးလို႔ျဖစ္တယ္။ လူ႔သဘာဝက

ဆာေနတဲ့အခ်ိန္ မစားရရင္ အလြန္ေဒါသျဖစ္တတ္တယ္။


ေမာင္ပုဏၰမွာလည္း ေနကပူ၊ အလုပ္ကပင္ပန္း၊ ဗိုက္ကဆာ 

ထမင္းက ေရာက္မလာေသး၊ ဘယ္ေလာက္စိတ္တိုစရာေကာင္း

သလဲဆိုတာ စဥ္းစားၾကည့္ေပေတာ့။ ေဟာ ..ေနပူႀကဲႀကဲေခြ်းရႊဲရႊဲနဲ႔ 

ထမင္းထုပ္ေခါင္းေပၚရြက္ၿပီး၊ ေျခလွမ္းသြက္သြက္နဲ႔ လာေနတဲ့ 

ဇနီးသည္ ျမင္ရေတာ႕ သူ႕ဇနီးအေပၚ ထားတဲ႕ေမတၱာစိတ္နဲ႕ 

သူ႕ေဒါသက အရွိန္ေတာ႕ ေလ်ာ႔က်သြားတယ္။


သူ႕ကိုု ေတြ႕ေတြ႕ခ်င္း ဇနီးျဖစ္သူက “ေမာင္ေရ အခ်ိန္ေနာက္က်

သြားတာ ခြင့္လႊတ္ေနာ္၊ ေမာင့္အတြက္ လာပို႔တဲ့ထမင္းကို လမ္းမွာ

ရွင္သာရိပုတၱရာ မေထရ္ျမတ္ကို လွဴဒါန္းလိုက္တယ္၊ အဲဒါေၾကာင္႔

ေနာက္တစ္ေခါက္ အိမ္ျပန္ၿပီး ခ်က္ရလို႔ ေမာင့္အတြက္ ေနာက္က်မွာ

စိုးလို႔ အျမန္ခ်က္ၿပီး အျမန္လာခဲ့ရတယ္၊ ေမာင္ ဆာေနမယ္ဆိုုတာ 

သိပါတယ္။ ဒီေတာ့ ေမာင္ရယ္ လမ္းမွာလွဴခဲ့တဲ့ ဆြမ္းကုသိုလ္ရဲ႕

အဖို႔ကို ေမာင့္အား အမွ်ေပးပါတယ္“ လိုု႕ ဆိုုပါတယ္။

ဒီေတာ့ေမာင္ပုဏၰကလည္း စိတ္မဆိုးဘဲနဲ႕ သူ႕ဇနီးရဲ႕သဒၵါစိတ္နဲ႕

သူ႕အေပၚ ထားရွိတဲ႕ေမတၱာစိတ္ကိုု ခံစားနားလည္ၿပီး ဝမ္းသာလြန္းလို႔

 “ဝမ္းသာလိုက္တာ ရွင္မရယ္၊ သာဓု ....သာဓု ..သာဓု”လို႔ 

ခၚလိုက္တယ္။


ဪ...ဒါနဲ႔ရွင္မေရ ကိုယ္လည္း မနက္က အရွင္သာရိပုတၱရာကို 

ေရနဲ႔ဒန္ပူ လွဴလိုက္ေသးတယ္။ အဲဒါ ညီမကိုလည္း အမွ်ေပးပါတယ္။

“ဝမ္းသာလိုက္တာေမာင္ရယ္။ သာဓု .သာဓု”ပါလို႔ အသိအမွတ္

ျပဳလိုက္တယ္။


ျဖစ္ႏိုင္ရင္ မိသားစုအစံုနဲ႔ ႐ို႐ိုေသေသ ေလးေလးစားစားနဲ႔ 

စိတ္တူကိုယ္တူ အလွဴေရစက္လက္နဲ႔မကြာ ကိုယ္တိုင္ကိုယ္က်

လွဴေစခ်င္ပါတယ္။ အဲဒီလို လွဴတတ္မွလည္း ျဖစ္ေလရာဘဝမွာ 

ပါရမီရွင္ စံုတြဲေတြအျဖစ္ အတူတူအက်ိဳးေပးၾကမွာပါ။


ခ်စ္တဲ႔သူနဲ႕အတူတူ ကုုသိုုလ္ျပဳပါလိုု႕ တိုုက္တြန္းပါရေစရွင္။


မတူတဲ႕အျမင္မ်ားကိုု ေဆြးေႏြးဖိုု႕ဖိတ္ေခၚပါတယ္။

ေက်းဇူးတင္ပါတယ္။

ေမသၾကၤန္ဟိန္(ျမစ္မခ)

=============================


လင်နဲ့မယားမှာ အပြန်အလှန်

တင်ရမဲ့ကျေးဇူးတွေရှိကြတယ်

-------------------------------------


အိမ်ထောင်ကျပြီးမှ အိမ်ရှင်မ အမျိုးသမီးဟာ အပျိုဘဝကထက်

ပိုလှနေတယ်၊ ပိုတင့်တယ်နေတယ်ဆိုရင် အဲဒီ အမျိုးသမီးဟာ 

ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားရလို့ လို့ ဆိုကြတယ်။


အိမ်ထောင်ကျပြီးမှ ခင်ပွန်းဖြစ်သူ အမျိုးသားဟာ လူပျိုဘဝ

တုန်းကထက်ပိုပြီး ခန့်ညားတင့်တယ်နေတယ်ဆိုရင် သူဟာ 

ဇနီးကောင်းကို ရရှိထားလို့လို့ ဆိုကြပါတယ်။


အပျို၊ လူပျို ဘဝမှာထက်ပိုပြီး တင့်တယ်နေတဲ့ ဇနီးမောင်နှံတွေ

ကတော့ ရှေးရေစက်ကြောင့် ဆုံရတဲ့ စုံတွဲ၊ ကုသိုလ်အတူတူပြုဖို့ 

နတ်ဖက်တဲ့အတွဲလို့လည်း ဆိုကြပြန်တယ်။

အဲဒီအဆိုတွေကို ကျွန်မကတော့ နားလည်လက်ခံမိပါတယ်။


အများစုမှာတော့ လူပျို၊အပျိုဘဝတုန်းက မိဘရဲ့အရိပ်အောက်မှာ 

နေရစဉ်တုန်းက လောကဓံကို ကြုံရပေမဲ့  မိဘရဲ့အမိုးအကာ

အောက်မှာ ရှိနေတဲ့အတွက် မပြင်းထန်လှပါဘူး။ 

ကိုယ့်အိမ်ထောင်နဲ့ ကိုယ့်မိသားစုနဲ့ဖြစ်လာချိန်မှာ ကောင်းကောင်း

ဆိုးဆိုး လောကဓံနှစ်မျိုးစလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြုံပြီး ရင်ဆိုင်

ဖြတ်သန်းကြရပါပြီ။


အဲဒီလို ကာလမှာ ကိုယ်တွဲဖက်ခွင့်ရထားတဲ့ အိမ်ထောင်ဘက်ရဲ့

အရည်အသွေးဟာလည်း ပေါ်လွင်ထင်ရှားလာတတ်ပါတယ်။


ကိုယ်နိမ့်ပါးချိန်မှာ ကိုယ့်ကိုထားပြီး အငယ်နောက် လိုက်သွားတဲ့

သူတွေ၊ ကိုယ့်ရဲ့ မရှိမဲ့ရှိမဲ့ပိုက်ဆံလေးကို ယူပြီး ကိုယ့်ကိုယ်တော့ 

ထားပစ်ခဲ့ပြီး ထွက်ပြေးသွားတဲ့ သူတွေ၊ စိတ်ဆင်းရဲပြီး စိတ်ဓါတ်

ကျနေတဲ့ ကိုယ့်ကို မသိချင်ယောင်ဆောင်ပြီး ပစ်ထားတဲ့သူတွေကို 

ဆင်းရဲချိန်၊ နိမ့်ပါးချိန်၊ ဒုက္ခရောက်ချိန်မှာ တွေ့ရတော့တာပါပဲ။


အဲဒီလို အိမ်ထောင်ဘက်မျိုးနဲ့ ကြုံရတဲ့အမျိုးသား၊ အမျိုးသမီးတွေဟာ

အိမ်ထောင်ကျပြီး နောက်မှာ ခြုံးခြုံးကျကြရတဲ့ရုပ်သွင်နဲ့သွင်ပြင်

ဖြစ်ကုန်ကြတယ်။ သူတို့ရဲ့ မရွှင်မလန်းတဲ့ မျက်နှာနဲ့ညှိုးငယ်တဲ့ 

အသွင်က သူတို့ရရှိထားတဲ့အိမ်ထောင်ဘက်တွေရဲ့ ကိုယ်ရည်

ကိုယ်သွေးကို ပြသနေကြပါတယ်။


နောက်တစ်မျိုးကတော့ သူဘယ်လောက်ကောင်းသလဲ ဆိုတာကို 

ကိုယ်တကယ်ဒုက္ခရောက်ချိန်မှာ ပိုပြီး သိလာရတဲ့သူမျိုးပါ။ 

ကိုယ်အဆင်မပြေလို့ ဒုက္ခရောက်နေချိန်မှာ နားလည်စွာနဲ့ 

ဘေးကနေရှိပြီး ရင်ဆိုင်ပေးတတ်သလို၊ မိသားစုအတွက် လိုအပ်ရင် 

ရှေ့က ထွက်ပြီး တံတိုင်းကြီးလို ကာကွယ်ပေးတယ်၊ အသေးစား 

စိတ်ဖိစီးမှုပဲ ဖြစ်ဖြစ် အကြီးစားစိတ်ဖိစီးမှုတွေကိုပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့

စိတ်ပိုင်းဆိုင်ရာကိုလည်း အားပေးနှစ်သိမ့်ရင်းနဲ့ကိုယ်နဲ့အတူတူ

ဖြေရှင်းရင်ဆိုင်ပေးတယ်။


အဲဒီလို အိမ်ထောင်ဘက်ကောင်းကို ပိုင်ဆိုင်ထားတဲ့ သူတွေကတော့

မြင်ရတာနဲ့တင် သိသာစေတယ်။ ရွှင်လန်းတယ်၊ ကျေနပ်နှစ်သိမ့်မှု

ရှိနေတဲ့ အပြုံးတွေနဲ့ လှုပ်ရှားမှုတွေနဲ့သက်ဝင်နေတယ်။ 

စိတ်ပိုင်းဆိုင်ရာကျေနပ်မှု ရှိနေတဲ့အတွက် လုံခြုံမှုတစ်ခုကို 

ရရှိထားတဲ့သူတစ်ဦးရဲ့ အသွင်မျိုးနဲ့တွေ့မြင်ရပါတယ်။


အဲဒီလို အိမ်ထောင်ဘက်ကောင်းရရှိထားတဲ့ သူတွေပဲ ဖြစ်ဖြစ်၊ 

အိမ်ထောင်ဘက်ဆိုးနဲ့ရေစက်ဆုံနေရတဲက သူတွေပဲဖြစ်ဖြစ် 

အားလုံးကတော့ ဇနီးမောင်နှံတွေဖြစ်ကြပြီ ဆိုကတည်းက 

အတိတ်ဘဝတုန်းက ကုသိုလ်၊ အကုသိုလ် အတူတူ ပြုဖူးခဲ့တဲ့

သူတွေပါ.


ဒါကြောင့်ကိုယ်ရဲ့အိမ်ထောင်ဘက်တွေအပေါ်မှာ တန်ဖိုးထားသင့်တယ်။ 

သူ့နဲ့ကိုယ်နဲ့ ရေစက်ရှိလို့သာ ဆုံခဲ့ရတယ်။ ဒါပေမဲ့ အချို့ကတော့

ရေစက်တွေကလည်း တိုတောင်းတက်ပါသေးတယ်။


ဘဝရေးမှာပဲ ဖြစ်စြဖ် အိမ်ထောင်ရေးမှာပဲ ဖြစ်ဖြစ် ကုသိုလ်၊ အကုသိုလ် 

မတူတဲ့သူတွေကလည်း ကြာကြာအတူပေါင်းသင်းနေထိုင်လို့မရပါဘူး။ 

ဆိုပါတော့ အိမ်ထောင်ရှင်မက ကောင်းပါလျက်နဲ့ ဇနီးသည်အပေါ် 

ဖောက်ပြန်တတ်တဲ့ ခင်ပွန်းမျိုး ရှိနေတယ်ဆိုရင် သူနဲ့ကိုယ်က 

အကျင့်သီလမှာ မတူတော့ပါဘူး။


မတူအတွဲတွေမှာ တစ်ယောက်က ကောင်းပြီး တစ်ယောက်က 

မကောင်းတဲ့အတွက် ကုသိုလ်၊ အကုသိုလ်တွေကလည်း မတူနိုင်

တော့ဘူး။ ဒါကြောင့် မကောင်းတဲ့သူက ကောင်းတဲ့သူနားမှာ 

မနေနိုင်လို့ မကောင်းတဲ့သူ အချင်းချင်း သွားပေါင်းကြတာပါ။


ဒီသဘောတရားကို နားလည်လက်ခံမယ်ဆိုရင် ကိုယ့်နားမှာ 

အကုသိုလ် မကင်းတဲ့သူတွေ ကိုယ့်နားမှာ မနေနိုင်ကြတာ 

ကိုယ့်အတွက်ကောင်းတယ်လို့လည်း မှတ်ယူလို့ရပါသေးတယ်။


တကယ်တော့ဇနီးမောင်နှံနှစ်ယောက်၊တစ်ယောက်က 

ကုသိုလ်ပဲပြုပြု၊ အကုသိုလ်ပဲလုပ်လုပ်၊ ကျန်တဲ့ တစ်ယောက်က

စိတ်တူ(စိတ်ပါ)မှ ရနိုင်တယ်။ စိတ်မတူရင် မရဘူး။ ပြုလုပ်သူသာလျှင် 

ရတယ်လို့ ဘာသာရေးအရ မှတ်သားခဲ့ဖူးတယ်။


ပြီးတော့ မှတ်သားမိစေတာလည်း ရှိသေးတယ်.။

မောင်ပုဏ္ဏတောထဲမှာ လယ်ယာတွေကို တစ်ယောက်တည်း၊

ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်နေရတယ်။ တစ်ရက်တော့ နံနက် 

၁၁-နာရီလောက်ထိ ထမင်းမစားရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ 

အိမ်က ဇနီးက ထမင်းလာ မပို့သေးလို့ဖြစ်တယ်။ လူ့သဘာဝက

ဆာနေတဲ့အချိန် မစားရရင် အလွန်ဒေါသဖြစ်တတ်တယ်။


မောင်ပုဏ္ဏမှာလည်း နေကပူ၊ အလုပ်ကပင်ပန်း၊ ဗိုက်ကဆာ 

ထမင်းက ရောက်မလာသေး၊ ဘယ်လောက်စိတ်တိုစရာကောင်း

သလဲဆိုတာ စဉ်းစားကြည့်ပေတော့။ ဟော ..နေပူကြဲကြဲချွေးရွှဲရွှဲနဲ့ 

ထမင်းထုပ်ခေါင်းပေါ်ရွက်ပြီး၊ ခြေလှမ်းသွက်သွက်နဲ့ လာနေတဲ့ 

ဇနီးသည် မြင်ရတော့ သူ့ဇနီးအပေါ် ထားတဲ့မေတ္တာစိတ်နဲ့ 

သူ့ဒေါသက အရှိန်တော့ လျော့ကျသွားတယ်။


သူ့ကို တွေ့တွေ့ချင်း ဇနီးဖြစ်သူက “မောင်ရေ အချိန်နောက်ကျ

သွားတာ ခွင့်လွှတ်နော်၊ မောင့်အတွက် လာပို့တဲ့ထမင်းကို လမ်းမှာ

ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို လှူဒါန်းလိုက်တယ်၊ အဲဒါကြောင့်

နောက်တစ်ခေါက် အိမ်ပြန်ပြီး ချက်ရလို့ မောင့်အတွက် နောက်ကျမှာ

စိုးလို့ အမြန်ချက်ပြီး အမြန်လာခဲ့ရတယ်၊ မောင် ဆာနေမယ်ဆိုတာ 

သိပါတယ်။ ဒီတော့ မောင်ရယ် လမ်းမှာလှူခဲ့တဲ့ ဆွမ်းကုသိုလ်ရဲ့

အဖို့ကို မောင့်အား အမျှပေးပါတယ်“ လို့ ဆိုပါတယ်။

ဒီတော့မောင်ပုဏ္ဏကလည်း စိတ်မဆိုးဘဲနဲ့ သူ့ဇနီးရဲ့သဒ္ဒါစိတ်နဲ့

သူ့အပေါ် ထားရှိတဲ့မေတ္တာစိတ်ကို ခံစားနားလည်ပြီး ဝမ်းသာလွန်းလို့

 “ဝမ်းသာလိုက်တာ ရှင်မရယ်၊ သာဓု ....သာဓု ..သာဓု”လို့ 

ခါ်လိုက်တယ်။


ဪ...ဒါနဲ့ရှင်မရေ ကိုယ်လည်း မနက်က အရှင်သာရိပုတ္တရာကို 

ရေနဲ့ဒန်ပူ လှူလိုက်သေးတယ်။ အဲဒါ ညီမကိုလည်း အမျှပေးပါတယ်။

“ဝမ်းသာလိုက်တာမောင်ရယ်။ သာဓု .သာဓု”ပါလို့ အသိအမှတ်

ပြုလိုက်တယ်။


ဖြစ်နိုင်ရင် မိသားစုအစုံနဲ့ ရိုရိုသေသေ လေးလေးစားစားနဲ့ 

စိတ်တူကိုယ်တူ အလှူရေစက်လက်နဲ့မကွာ ကိုယ်တိုင်ကိုယ်ကျ

လှူစေချင်ပါတယ်။ အဲဒီလို လှူတတ်မှလည်း ဖြစ်လေရာဘဝမှာ 

ပါရမီရှင် စုံတွဲတွေအဖြစ် အတူတူအကျိုးပေးကြမှာပါ။


ချစ်တဲ့သူနဲ့အတူတူ ကုသိုလ်ပြုပါလို့ တိုက်တွန်းပါရစေရှင်။


မတူတဲ့အမြင်များကို ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment