ေခတ္အဆက္ဆက္ သမိုင္းအဆက္ဆက္ေတြထဲက
ေၾကာင္ေတြရဲ့အခန္းက႑ ....
=========================
ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်တွေထဲက
ကြောင်တွေရဲ့အခန်းကဏ္ဍ ....
Cat or Dog ??
စိတ္ထဲမွာအရင္ဆုံး ေျပးျမင္မိၾက မွာကေတာ့ ေခြးပဲ ..။ လူသားတိုင္းရဲ့ အခ်စ္ေတာ္ .. အစာတစ္ခါ ေကၽြးဖူးတဲ့ သူတစ္ေယာက္ကို သုံးႏွစ္ေလာက္ မွတ္မိနိုင္စြမ္းတဲ့ သတၱဝါ .. လူသားတိုင္းရဲ့ ေန႔စဥ္ ေနထိုင္မႈ ဘဝထဲက အစိတ္အပိုင္း ေလးတစ္ခု .. ဒါဆို ေခြးေလးေတြ လို႔ပဲ ေျပာၾကရ မွာလား။
မဟုတ္ပါဘူး .. ေၾကာင္ ေတြပါခင္ဗ်ာ ..။ ရွင္ဟြာ ကထုတ္ျပန္တဲ့ သတင္း အခ်က္အလက္ ေတြအရ သမိုင္းဦး မတိုင္မီ ေခတ္ေတြထဲက ကမၻာဦး လူသားေတြနဲ႔ ေရွးေခတ္ ေၾကာင္မ်ိဳးႏြယ္ေတြ အၾကား ေဂဟစနစ္ ဆက္သြယ္မႈ တိုးတက္ျခင္း ျဖစ္စဥ္ေတြ ရွိခဲ့တယ္ လို႔ဆိုတယ္ ..။ ဂ်ဴရာဆစ္ယုဂ္ ထဲကေန ယေန႔အထိ မ်ိဳးဆက္ေတြ မပ်က္မသုဥ္းပဲ တည္ရွိေနေသးတဲ့ ေၾကာင္ေတြရဲ့ ကာလ အဆက္ဆက္ ျဖတ္သန္းမွုကို ၾကည့္မယ္ဆိုရင္ …
.
စိတ်ထဲမှာအရင်ဆုံး ပြေးမြင်မိကြ မှာကတော့ ခွေးပဲ ..။ လူသားတိုင်းရဲ့ အချစ်တော် .. အစာတစ်ခါ ကျွေးဖူးတဲ့ သူတစ်ယောက်ကို သုံးနှစ်လောက် မှတ်မိနိုင်စွမ်းတဲ့ သတ္တဝါ .. လူသားတိုင်းရဲ့ နေ့စဉ် နေထိုင်မှု ဘဝထဲက အစိတ်အပိုင်း လေးတစ်ခု .. ဒါဆို ခွေးလေးတွေ လို့ပဲ ပြောကြရ မှာလား။
မဟုတ်ပါဘူး .. ကြောင် တွေပါခင်ဗျာ ..။ ရှင်ဟွာ ကထုတ်ပြန်တဲ့ သတင်း အချက်အလက် တွေအရ သမိုင်းဦး မတိုင်မီ ခေတ်တွေထဲက ကမ္ဘာဦး လူသားတွေနဲ့ ရှေးခေတ် ကြောင်မျိုးနွယ်တွေ အကြား ဂေဟစနစ် ဆက်သွယ်မှု တိုးတက်ခြင်း ဖြစ်စဉ်တွေ ရှိခဲ့တယ် လို့ဆိုတယ် ..။ ဂျူရာဆစ်ယုဂ် ထဲကနေ ယနေ့အထိ မျိုးဆက်တွေ မပျက်မသုဉ်းပဲ တည်ရှိနေသေးတဲ့ ကြောင်တွေရဲ့ ကာလ အဆက်ဆက် ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် …
+++++++++++++++++++++++++++++++++++++

Paintings
လူသားေတြအေနနဲ႔ မီးကို သုံးတတ္လာခ်ိန္ ၊ ေက်ာက္လက္နက္ ေတြကို တီထြင္လာ နိုင္တဲ့အခ်ိန္၊ စိုက္ပ်ိဳး ေမြးျမဴေရး ဆိုတာကို သေဘာေပါက္ လာတဲ့ အခ်ိန္မွာ ေၾကာင္ေတြနဲ႔ လူသားေတြ အၾကား ဆက္ဆံေရး တစ္ခု ေပၚေပါက္ခဲ့တာ ျဖစ္တယ္ ။ ကမၻာဦး ေၾကာင္ေတြ အေနနဲ႔ အေရွ႕အလယ္ပိုင္း၊ အာဖရိက နဲ႔ ဥေရာပနိုင္ငံ တစ္ခြင္ေတြမွာ အမ်ားဆုံး ရွင္သန္ ေပါက္ဖြားခဲ့ ၾကပါတယ္ ..။ အဲဒီေဒသေတြက တူးေဖာ္ ေတြ႕ရွိရတဲ့ အေမြးေတြ၊ အေရျပား၊ အရိုးနဲ႔ သြား ႐ုပ္ႂကြင္းေတြရဲ့ DNA ေတြကို သုေတသန ျပဳရာကေန ရရွိလာတဲ့ အခ်က္အလက္ ေတြအရ သိရွိရတာပါ ..။
ေရွးေခတ္ လူသားမ်ိဳးႏြယ္ ေတြဟာ ေၾကာင္ေတြကို ယဥ္ပါးေအာင္ ေလ့က်င့္ေပးၿပီး အခ်စ္ေတာ္ .. ဒါမွမဟုတ္ အမဲလိုက္ရာမွာ နဲ႔ စိုက္ကြင္း ေတြထဲကို ႂကြက္ေတြ ဖ်က္ဆီးမႈ အႏၲရာယ္ ေတြကေန ကာကြယ္ဖို႔ အတြက္ ရည္ရြယ္ခဲ့တာ ျဖစ္တယ္လို႔ သုေတသီေတြက အခိုင္အမာ ယုံၾကည္ၾကပါတယ္ ..။ အေစာဆုံး ကမၻာဦး ေၾကာင္႐ုပ္ႂကြင္း ကိုေတာ့ ဆိုက္ပရပ္စ္ ႏုိင္ငံက ဂူသခၤ်ိဳင္း တစ္ခုထဲမွ တူးေဖာ္ ရရွိခဲ့တာ ျဖစ္ၿပီး သူ႔ရဲ့ သက္တမ္းကေတာ့ ႏွစ္ေပါင္း ၇၅၀၀ ေလာက္က ျဖစ္မယ္လို႔ ခန႔္မွန္း ၾကပါတယ္ ..။
.
လူသားတွေအနေနဲ့ မီးကို သုံးတတ်လာချိန် ၊ ကျောက်လက်နက် တွေကို တီထွင်လာ နိုင်တဲ့အချိန်၊ စိုက်ပျိုး မွေးမြူရေး ဆိုတာကို သဘောပေါက် လာတဲ့ အချိန်မှာ ကြောင်တွေနဲ့ လူသားတွေ အကြား ဆက်ဆံရေး တစ်ခု ပေါ်ပေါက်ခဲ့တာ ဖြစ်တယ် ။ ကမ္ဘာဦး ကြောင်တွေ အနေနဲ့ အရှေ့အလယ်ပိုင်း၊ အာဖရိက နဲ့ ဥရောပနိုင်ငံ တစ်ခွင်တွေမှာ အများဆုံး ရှင်သန် ပေါက်ဖွားခဲ့ ကြပါတယ် ..။ အဲဒီဒေသတွေက တူးဖော် တွေ့ရှိရတဲ့ အမွေးတွေ၊ အရေပြား၊ အရိုးနဲ့ သွား ရုပ်ကြွင်းတွေရဲ့ DNA တွေကို သုတေသန ပြုရာကနေ ရရှိလာတဲ့ အချက်အလက် တွေအရ သိရှိရတာပါ ..။
ရှေးခေတ် လူသားမျိုးနွယ် တွေဟာ ကြောင်တွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးပြီး အချစ်တော် .. ဒါမှမဟုတ် အမဲလိုက်ရာမှာ နဲ့ စိုက်ကွင်း တွေထဲကို ကြွက်တွေ ဖျက်ဆီးမှု အန္တရာယ် တွေကနေ ကာကွယ်ဖို့ အတွက် ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ သုတေသီတွေက အခိုင်အမာ ယုံကြည်ကြပါတယ် ..။ အစောဆုံး ကမ္ဘာဦး ကြောင်ရုပ်ကြွင်း ကိုတော့ ဆိုက်ပရပ်စ် နိုင်ငံက ဂူသင်္ချိုင်း တစ်ခုထဲမှ တူးဖော် ရရှိခဲ့တာ ဖြစ်ပြီး သူ့ရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၇၅၀၀ လောက်က ဖြစ်မယ်လို့ ခန့်မှန်း ကြပါတယ် ..။
+++++++++++++++++++++++++++++++
Ancient Saber : Smildon Califonicus
ေၾကာင္ေတြကို အထူး အေလးျမတ္ထား အေရးေပးတဲ့ ေခတ္လည္း ရွိခဲ့ဖူးရဲ့ .. ။ အီဂ်စ္နိုင္ငံ မွာ ဖာရိုဘုရင္ေတြ အုပ္စိုးခ်ိန္ ကာလ .. ဧကရာဇ္ အမန္ဟိုတတ္ပ္ လက္ထက္ BC 1315 ေလာက္တည္းက ျဖစ္တယ္လို႔ သိရပါတယ္ .. ။ အီဂ်စ္ေၾကာင္ေတြ အေနနဲ႔ ေတာ္ေတာ္ေလးကို အေရးအရာ ေရာက္ခဲ့တာပါ .. ။ ေနာက္ၿပီး ေၾကာင္မ်က္ႏွာ လူခႏၶာကိုယ္နဲ႔ အီဂ်စ္ နတ္ဘုရားမ Bastet ကိုလည္း ပုံေဖာ္ထား တာေၾကာင့္ ေၾကာင္ေတြရဲ့ လႊမ္းမိုး နိုင္စြမ္းဟာ နတ္ဘုရား ေတြေတာင္ အံတုဖို႔ ခက္တယ္ ထင္ပါရဲ့ …။
.
ကြောင်တွေကို အထူး အလေးမြတ်ထား အရေးပေးတဲ့ ခေတ်လည်း ရှိခဲ့ဖူးရဲ့ .. ။ အီဂျစ်နိုင်ငံ မှာ ဖာရိုဘုရင်တွေ အုပ်စိုးချိန် ကာလ .. ဧကရာဇ် အမန်ဟိုတတ်ပ် လက်ထက် BC 1315 လောက်တည်းက ဖြစ်တယ်လို့ သိရပါတယ် .. ။ အီဂျစ်ကြောင်တွေ အနေနဲ့ တော်တော်လေးကို အရေးအရာ ရောက်ခဲ့တာပါ .. ။ နောက်ပြီး ကြောင်မျက်နှာ လူခန္ဓာကိုယ်နဲ့ အီဂျစ် နတ်ဘုရားမ Bastet ကိုလည်း ပုံဖော်ထား တာကြောင့် ကြောင်တွေရဲ့ လွှမ်းမိုး နိုင်စွမ်းဟာ နတ်ဘုရား တွေတောင် အံတုဖို့ ခက်တယ် ထင်ပါရဲ့ …။
++++++++++++++++++++++++++++++++
Memphis " CAT " sculptures
အီဂ်စ္လူမ်ိဳး ေတြအေနနဲ႔ ေၾကာင္ေတြရဲ့ ပုံကို တခမ္းတနား ထုဆစ္တာ ပန္းအိုးေတြ နံရံေဆးေရး ပန္းခ်ီျခယ္သ တာေတြအျပင္ ေရေၾကာင္းခရီး ကုန္သြယ္မႈ နဲ႔ စစ္ေျမျပင္ကို ေခၚသြားတဲ့အထိ ေၾကာင္ေတြရဲ့ အခန္းက႑က ေတာ္ေတာ္ေလး ခရီးေရာက္ ခဲ့ပါတယ္ ..။ အလားတူ ျဖစ္ရပ္ေတြ ကိုေတာ့ ေရေပ်ာ္ ဗိုက္ကင္း လူမ်ိဳးေတြရဲ့ ဒ႑ာရီေတြ ထဲမွာလည္း ေတြ႕နိုင္ ပါေသးရဲ့ .. ။ ၇ ရာစုကေန ၁၁ ရာစုအထိ ကမၻာ့ေရေၾကာင္း ခရီးမွာ ဗိုက္ကင္းေတြ အုပ္စိုး ခဲ့စဥ္ကေပါ့ …။
.
အီဂျစ်လူမျိုး တွေအနေနဲ့ ကြောင်တွေရဲ့ ပုံကို တခမ်းတနား ထုဆစ်တာ ပန်းအိုးတွေ နံရံဆေးရေး ပန်းချီခြယ်သ တာတွေအပြင် ရေကြောင်းခရီး ကုန်သွယ်မှု နဲ့ စစ်မြေပြင်ကို ခေါ်သွားတဲ့အထိ ကြောင်တွေရဲ့ အခန်းကဏ္ဍက တော်တော်လေး ခရီးရောက် ခဲ့ပါတယ် ..။ အလားတူ ဖြစ်ရပ်တွေ ကိုတော့ ရေပျော် ဗိုက်ကင်း လူမျိုးတွေရဲ့ ဒဏ္ဍာရီတွေ ထဲမှာလည်း တွေ့နိုင် ပါသေးရဲ့ .. ။ ၇ ရာစုကနေ ၁၁ ရာစုအထိ ကမ္ဘာ့ရေကြောင်း ခရီးမှာ ဗိုက်ကင်းတွေ အုပ်စိုး ခဲ့စဉ်ကပေါ့ …။
+++++++++++++++++++++++++++++++++++
Everybody like CATS.
ဘာျဖစ္လို႔ ေၾကာင္ေတြကို ခ်စ္လဲ ေမးရင္ ဘာေျဖရမလဲ ေတာ့မသိဘူး ..။ ဒါေပမယ့္ ေၾကာင္ေတြက မာနႀကီးတယ္၊ ခ်စ္ဖို႔ေကာင္းတယ္၊ အိေျႏၵႀကီးတယ္ .. ၊ ခပ္ေခ်ေခ် ပဲ ေနတတ္တယ္ .. ။ အဲဒီ အခ်က္ေတြပဲ ေျပာစရာ ရွိပါတယ္။ ေခ်လြန္းအားႀကီး လို႔ပဲ သဲသဲလႈပ္ ခ်စ္ၾကတယ္လို႔ ထင္မိပါရဲ့ …။
.
ဘာဖြစ်လို့ ကြောင်တွေကို ချစ်လဲ မေးရင် ဘာဖြေရမလဲ တော့မသိဘူး ..။ ဒါပေမယ့် ကြောင်တွေက မာနကြီးတယ်၊ ချစ်ဖို့ကောင်းတယ်၊ အိန္ဒြေကြီးတယ် .. ၊ ခပ်ချေချေ ပဲ နေတတ်တယ် .. ။ အဲဒီ အချက်တွေပဲ ပြောစရာ ရှိပါတယ်။ ချေလွန်းအားကြီး လို့ပဲ သဲသဲလှုပ် ချစ်ကြတယ်လို့ ထင်မိပါရဲ့ …။
BY GABRIEL
source:we
No comments:
Post a Comment