ဝက္သားျဖင့္တင္သည့္ ဘိုးဘိုးႀကီးနတ္ပြဲ
---------------------------------------------
စစ္ကိုင္းၿမိဳ႕နယ္ သာဒြန္းေက်း႐ြာတြင္ ဝက္သားျဖင့္နတ္တင္သည့္
ဘိုးဘိုးႀကီးနတ္ပြဲကို ဇြန္လ ၃ ရက္ေန႔တြင္ က်င္းပခဲ့သည္။
ဝက္သားျဖင့္တင္သည့္နတ္ပြဲကို ေရွးဘိုးဘြားမ်ား လက္ထက္
ကတည္းက ႏွစ္စဥ္က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သာဒြန္းေက်း႐ြာ
ဆင္ျဖဴရွင္ဘိုးဘိုးႀကီးနတ္ပြဲ က်င္းပေရးအဖြဲ႔နာယက
ဦးေအာင္ခင္က ေျပာၾကားသည္။
“ေရွးကတည္းက ဘႀကီးဘေထြး မ်ားလက္ထက္ကတည္းက
တင္လာတာျဖစ္ပါတယ္။ အဘဦးေဆာင္တာအႏွစ္ ၅၀ ေက်ာ္ရွိပါၿပီ။
တစ္႐ြာလံုးကို ေကာင္းက်ိဳးျပဳေနတယ္ဆိုၿပီးေတာ့ ယံုယံုၾကည္ၾကည္နဲ႔
တင္ၾကတာ။ ဒီ႐ြာကေန ေပါက္ဖြားခဲ့ၾကတဲ့သူေတြကလည္း
ယံုယံုၾကည္ၾကည္နဲ႔ လာၿပီးေတာ့တင္ၾကတယ္။ ယံုၾကည္စြာနဲ႔
လုပ္တဲ့အတြက္ ေကာင္းက်ိဳးလည္းေပးသလို ဆိုးက်ိဳးလည္း
ေပးတတ္တယ္”ဟု ၎က ရွင္းျပသည္။
အဆိုပါနတ္ပြဲတြင္ ဝက္သားကို ေ႐ႊဖ႐ံုသီးႏွင့္ ဆန္ေရာေႏွာ
က်ိဳခ်က္ထားသည့္ ျဗဳန္စပ္ဟင္းႏွင့္ ငွက္ေပ်ာသီး၊ င႐ုတ္သီး၊
ေ႐ႊဖ႐ံုသီး၊ အုန္းပြဲ၊ ငွက္ေပ်ာပြဲမ်ားျဖင့္ ကပ္လွဴဆုေတာင္းျခင္းမ်ား
ျပဳလုပ္ခဲ့ၾကသည္။
အဆိုပါ ဆင္ျဖဴရွင္ဘိုးဘိုးႀကီးနတ္ပြဲတြင္ ဝက္သားအခ်ိန္
၄၀ ခန္႔ႏွင ့္ဆန္သံုးတင္းကုန္က်ခဲ့ေၾကာင္း နတ္ပြဲက်င္းပေရး
အဖြဲ႔ထံမွ သိရသည္။
“က်န္းမာေအာင္ ခ်မ္းသာေအာင္ ဆုေတာင္းရတယ္။
စိုက္ေရးပ်ိဳးေရး အဆင္ေျပေအာင္ ယံုယံုၾကည္ၾကည္နဲ႔
ဆုေတာင္းတဲ့နတ္ပြဲ”ဟု သာဒြန္းေက်း႐ြာ ေဒသခံေဒၚတင္ႏုက
ေျပာၾကားသည္။
ယင္းဆင္ျဖဴရွင္ဘိုးဘိုးႀကီးနတ္ပြဲကို အနီးအနားရွိေဒသခံမ်ားသာမက
မႏၲေလးၿမိဳ႕ရွိ ေအာင္ပင္လယ္၊ ထြန္တုန္း၊ ကန္ေကာက္၊ ေတာင္ၿမိဳ႕၊
တမၸဝတီရပ္ကြက္တို႔မွ ေဒသခံမ်ားအျပင္ စစ္ကိုင္းၿမိဳ႕ရွိ ေဒါင္းမ၊
ႂကြက္လူရပ္ကြက္တို႔မွေဒသခံ စုစုေပါင္း လူ ၂၀၀ ခန္႔ ပါဝင္ခဲ့ေၾကာင္း
နတ္ပြဲက်င္းပေရအဖြဲ႔ထံမွ ထပ္မံသိရသည္။
source:The Voice
============================
ဝက်သားဖြင့်တင်သည့် ဘိုးဘိုးကြီးနတ်ပွဲ
---------------------------------------------
စစ်ကိုင်းမြို့နယ် သာဒွန်းကျေးရွာတွင် ဝက်သားဖြင့်နတ်တင်သည့်
ဘိုးဘိုးကြီးနတ်ပွဲကို ဇွန်လ ၃ ရက်နေ့တွင် ကျင်းပခဲ့သည်။
ဝက်သားဖြင့်တင်သည့်နတ်ပွဲကို ရှေးဘိုးဘွားများ လက်ထက်
ကတည်းက နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သာဒွန်းကျေးရွာ
ဆင်ဖြူရှင်ဘိုးဘိုးကြီးနတ်ပွဲ ကျင်းပရေးအဖွဲ့နာယက
ဦးအောင်ခင်က ပြောကြားသည်။
“ရှေးကတည်းက ဘကြီးဘထွေး များလက်ထက်ကတည်းက
တင်လာတာဖြစ်ပါတယ်။ အဘဦးဆောင်တာအနှစ် ၅၀ ကျော်ရှိပါပြီ။
တစ်ရွာလုံးကို ကောင်းကျိုးပြုနေတယ်ဆိုပြီးတော့ ယုံယုံကြည်ကြည်နဲ့
တင်ကြတာ။ ဒီရွာကနေ ပေါက်ဖွားခဲ့ကြတဲ့သူတွေကလည်း
ယုံယုံကြည်ကြည်နဲ့ လာပြီးတော့တင်ကြတယ်။ ယုံကြည်စွာနဲ့
လုပ်တဲ့အတွက် ကောင်းကျိုးလည်းပေးသလို ဆိုးကျိုးလည်း
ပေးတတ်တယ်”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါနတ်ပွဲတွင် ဝက်သားကို ရွှေဖရုံသီးနှင့် ဆန်ရောနှော
ကျိုချက်ထားသည့် ဗြုန်စပ်ဟင်းနှင့် ငှက်ပျောသီး၊ ငရုတ်သီး၊
ရွှေဖရုံသီး၊ အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် ကပ်လှူဆုတောင်းခြင်းများ
ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆင်ဖြူရှင်ဘိုးဘိုးကြီးနတ်ပွဲတွင် ဝက်သားအချိန်
၄၀ ခန့်နှင့်ဆန်သုံးတင်းကုန်ကျခဲ့ကြောင်း နတ်ပွဲကျင်းပရေး
အဖွဲ့ထံမှ သိရသည်။
“ကျန်းမာအောင် ချမ်းသာအောင် ဆုတောင်းရတယ်။
စိုက်ရေးပျိုးရေး အဆင်ပြေအောင် ယုံယုံကြည်ကြည်နဲ့
ဆုတောင်းတဲ့နတ်ပွဲ”ဟု သာဒွန်းကျေးရွာ ဒေသခံဒေါ်တင်နုက
ပြောကြားသည်။
ယင်းဆင်ဖြူရှင်ဘိုးဘိုးကြီးနတ်ပွဲကို အနီးအနားရှိဒေသခံများသာမက
မန္တလေးမြို့ရှိ အောင်ပင်လယ်၊ ထွန်တုန်း၊ ကန်ကောက်၊ တောင်မြို့၊
တမ္ပဝတီရပ်ကွက်တို့မှ ဒေသခံများအပြင် စစ်ကိုင်းမြို့ရှိ ဒေါင်းမ၊
ကြွက်လူရပ်ကွက်တို့မှဒေသခံ စုစုပေါင်း လူ ၂၀၀ ခန့် ပါဝင်ခဲ့ကြောင်း
နတ်ပွဲကျင်းပရေအဖွဲ့ထံမှ ထပ်မံသိရသည်။
source:The Voice

No comments:
Post a Comment