ဂ်င္းနက္ အစြမ္း (ျမန္မာအေခၚ နႏြင္းနက္)
-------------------------------------------------
ဂ်င္းနက္ (တိုင္းရင္းေဆးေကာင္းၾကီး)
အဂၤလိပ္အမည္ Black Ginger
ထိုင္းအမည္ Kra chai Dum (ထိုင္းဂ်င္ဆင္း)
သိပၸံအမည္ Kaempferia parviflora Wall. ex Baker.
Synonym(s):
Kaempferia rubromarginata (S.Q.Tong) R.J.Searle
Stahlianthus rubromarginatus S.Q.Tong
မ်ဳိးရင္း Zingiberaceae (ဂ်င္းမ်ဳိးရင္း)
မူရင္းေဒသ ထိုင္း။
ေပါက္ေရာက္ရာေဒသ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ ထိုင္း၊ ကေမာၻဒီးယား။
ပံုပန္းသ႑န္ ပင္စည္မရွိေသာ သစ္ျမစ္သစ္ဖု ေဆးဖက္၀င္အပင္ျဖစ္ျပီး
၈လက္မ ၀န္းက်င္အျမင့္ရွိပါတယ္။ အျမစ္ဥက ေသးငယ္ျပီး ျပာနက္ေသာ
အဆင္းရွိပါတယ္။ အရြက္က ရြက္ထီးျဖစ္ျပီး ၃လက္မမွ ၆လက္မ၀န္းက်င္
ရွည္ျပီး ၂လက္မမွ ၄လက္မ၀န္းက်င္ က်ယ္ပါတယ္။ ဘဲဥပံုသ႑န္
အရြက္ျဖစ္ျပီး အနည္းငယ္ ေခါက္ခ်ဳိးညီမႈမရွိပါ။ အပြင့္အနည္းငယ္သာ
ပြင့္ျပီး အျဖဴအလယ္မွာ ခရမ္းျပာေရာင္ေတြ႔နိုင္ပါတယ္။
♒ ဂ်င္းနက္ရဲ႕ အာနိသင္ ♒
ျမန္မာျပည္မွာ ဆႏြင္းနက္၊ နႏြင္းနက္အျဖစ္ လူအမ်ားစုက
အမွတ္မွားတတ္ၾကပါတယ္။ တကယ္က ဂ်င္းနက္၊ ဆႏြင္းနက္၊
ဆႏြင္းျပာ၊ ဂမုန္းတိမ္ျပာ စတဲ့ အမည္ေတြဟာ ပတ္ခ်ာလည္
ရႈပ္ေထြးေနတဲ့ ပညာရွင္တို႔သာ ခြဲျခား ဆန္းစစ္ႏိုင္တဲ့ မ်ဳိးစိတ္ေတြပါပဲ။
အခုေတာ့က်ေနာ့္အေနနဲ႔ Google ရဲ႕ ေက်းဇူး၊ သင္ဆရာ၊ ျမင္ဆရာ၊
ၾကားဆရာေတြရဲ႕ ေက်းဇူးနဲ႔ ဂ်င္းနက္တမ်ဳိးတည္းရဲ႕ အေၾကာင္းကိုသာ
အေသးစိတ္ေလ့လာမိသေလာက္ ေရးသားေဖာ္ျပသြားမွွာပါ။
ထိုင္းႏိုင္ငံမွာ ႏွစ္ေထာင္ခ်ီကာ နန္းတြင္းသံုး ဂ်င္းဆင္းအျဖစ္
ပီယေဆးေကာင္းသဖြယ္ တိုးတိုးတိတ္တိတ္ သံုးစြဲလာခဲ့တာ
ၾကာျမင့္ျပီျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ သိပၸံနည္းက်
စမ္းသပ္မႈေပါင္း မ်ားစြာျပဳလုပ္ျပီးျဖစ္လို႔ ေယာက်္ားတို႔ရဲ႕
ပီယေဆးၾကီးအျပင္၊ ကိုယ္တြင္းကိုယ္ပ ျပည္တည္နာ၊ အပူေလာင္နာ၊
အဖုအက်ိတ္အနာ၊ အစာအိမ္နာေတြသာမက ႏွလံုးအားေကာင္းေဆး၊
အဆစ္အျမစ္ ေလးဘက္နာ၊ ကိုယ္လက္ထံုက်ဥ္ မသသန္မစြမ္း၊
ေလျဖတ္ေလငန္းေရာဂါေတြပါ ကုသႏိုင္တဲ့ေဆးေကာင္းၾကီးအျဖစ္
ယံုယံုၾကည္ၾကည္သံုးစြဲႏိုင္ေၾကာင္းကို အထပ္ထပ္ စမ္းသပ္ျပီးေသာ
သိပၸံစမ္းသပ္မွႈမ်ားမ်ားမွ သိရွိေလ့လာမိပါတယ္။
ဒါေပမယ့္ တန္ေဆးလြန္ေဘးဆိုတဲ့အတိုင္း တရက္ကို ၁.၃၅ ဂရမ္
(လက္ဖက္စားဇြန္းတဇြန္း) ထက္ မပိုေသာႏႈန္းထားျဖင့္သာ စားသံုး
သင့္ျပီး ပံုမွန္ စားသံုးပါက အထက္ေဖာ္ျပပါ ေရာဂါမ်ား ေပ်ာက္ကင္း
သက္သာေစေၾကာင္းကို သိပၸံစမ္းသပ္မႈမ်ားအျပင္ နီးစပ္ရာ မိတ္ေဆြ
မ်ားမွ လက္တို႔ ေျပာၾကားခ်က္မ်ားေရာ မိမိကိုယ္တိုင္ ပ်ားရည္ျဖင့္
ေတျပီး စားသံုးရာမွေရာ သိရွိၾကံဳေတြ႔သည္မ်ားကို ေဖာက္သည္ခ်
အသိေပးေဖာ္ျပလိုက္ရပါတယ္။
ဂ်င္းနက္မွာ ဘိုင္အိုဖလက္ဗႏြိဳက္ဆိုတဲ့ ဗီတာမင္ ပီလို႔ ေခၚတဲ့
အ၀ါေရာင္၊ အျပာေရာင္ ေရာင္ျခယ္စု တမ်ဳိးပါ၀င္ျပီး၊ အင္းဆက္၊
မိႈ၊ အဏုဇီ၀ဖ်က္ပိုးေတြကို ကာကြယ္တဲ့ အာနိသင္ရွိပါတယ္။
ကင္ဆာေရာဂါကိုလဲ တိုက္ဖ်က္ႏို္င္စြမ္း အာနိသင္ရွိတယ္လို႔လဲ
ဆိုပါတယ္။
♒ ပါ၀င္မႈ ဓာတ္ေပါင္းမ်ားႏွင့္ အခ်ဳိးမ်ား ♒
The three 'main' methoxyflavonoids 5,7-dimethoxyflavone (DMF) at 0.289%, 5,7,4'-trimethoxyflavone (TMF) at 0.0101% and 3,5,7,3',4'-pentamethoxyflavone (PMF) and a variety of other polymethoxyflavonoids
5-hydroxy-3,7-dimethoxyflavone at 0.0252%; a methoxyflavone that appears to be well reseached but is not one of the 'primary' three
Kaempferiaosides A and B with similar glycosides[9] as well as Kaempferiaosides C and D (flav-3-en-3-ol glycosides) as well as E and F (acetophenone glycosides)
Techtochrysin (Methoxy derivative of Chrysin) at 0.131% dry weight
7,4′-dimethylapigenin at 0.0453%, trimethylapigenin at 1.29% (methylated derivatives ofo Apigenin)
Tetramethylluteolin at 0.0312% (derivative of Luteolin)
3,7,4′-trimethylkaempferol at 0.0719% and tetramethylkaempferol at 0.0070% (derivatives of Kaempferol)
Tilianine (Methanolic fragment)
Ayanin at 0.0111%
Retusine at 0.0215%
Pentamethylquercetin at 0.391% (Methylated derivative of Quercetin)
Sesquiterpenoids 4αα-acetoxycadina-2,9-diene-1,8-dione and 1αα,3αα,4ββ-trihydroxy-9-cadinen-8-one[10]
(2R,3R)-(−)-aromadendrin trimethyl ether (ethanol acetate fragment)
Tamarixetin 3-O-rutinoside (Methanolic fragment)
Syringetin 3-O-rutinoside (Methanolic fragment)
2,4,6-trihydroxyacetophenone 2,4-di-O-β-D-glucopyranoside
Adenosine
L-phenylalanine
A thermostable lectin (sugar-binding protein) in the rhizome at 0.45%
ပါ၀င္တဲ့ ဓာတ္ေပါင္းေတြကို ၾကြက္ေတြကို စမ္းသပ္အေျဖရွာၾကည့္ရာ၊
လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ျမင့္မားလာျခင္း၊ လိင္ပိုင္းဆိုင္ရာ
ေဟာ္မုန္းပမာဏ မ်ားလာျခင္း၊ ႏွလံုးေသြးေၾကာအားေကာင္းေစျခင္း၊
ၾကြက္တို႔ရဲ႕ ကိုယ္တြင္း ကိုယ္ပ အနာေရာဂါမ်ား အပူေလာင္နာမ်ား
သက္သာေစျခင္း၊ ၀ိတ္က်အဆီေလ်ာ့ေစျခင္း၊ ဓာတ္မတည့္မႈ အဆိပ္
သင့္မႈ သက္သာေစျခင္း၊ အသည္း၊ ေက်ာက္ကပ္၊ အဆုတ္တို႔ရဲ႕
စြမ္းေဆာင္ရည္ ျမွင့္တင္ေစျခင္း၊ စတဲ့ အက်ဳိးရလဒ္ေကာင္းေတြကို
စမ္းသပ္အေျဖရွာမိျပီး ယုိးဒယားတုိ႔ရဲ႕ တိုင္းရင္းေဆးေကာင္းအျဖစ္
ႏွစ္ေထာင္ခ်ီ သံုးစြဲလာခဲ့ပံုကို ဆင္ျခင္ၾကည့္ႏုိင္ပါတယ္။
သိပၸံစမ္းသပ္ခ်က္အရ တရက္ လက္ဖက္စားဇြန္းတဇြန္းထက္
လံုး၀ ပိုမစားမိဖို႔ အထူးသတိေပးလိုပါတယ္။
♒ တိုင္းရင္းေဆးေဖာ္စပ္နည္း ♒
► ကင္ဆာအက်ိတ္ ႏွင့္႐ိုး႐ိုးအဖုအက်ိတ္
ဂ်င္းနက္ အမႈန္႔၃ ေရြး- ႏွမ္းဆီလက္ဖက္စားဇြန္း
၁ ဇြန္းေရာ ၿပီး လိမ္းပါ
► အဆုတ္ႏွင့္ပတ္သက္ေသာေရာဂါမ်ား
ကြမ္းရြက္ျပဳတ္ေရ ၁ဇြန္း၊ အမႉံ႕ ၁ ေရြး
အခ်ိဳးအတုိင္း ေသေသခ်ာခ်ာ ေရာၿပီးေသာက္ပါ
► ဝမ္းႏွင့္ပတ္သက္တဲ့ေရာဂါမ်ား
အမႉံ႕ကုိေရႏွင့္ေရာလိမ္းပါ
ေသြးၿပီးလိမ္းရင္ ပုိေကာင္းပါတယ္။
► တုတ္ေကြးေရာဂါေတြ (လက္ရွိ H1N1 H5N1)
ပ်ားရည္ ၁ဇြန္း နႏြင္းနက္အရည္ ဇြန္းတဝက္ေရာၿပီး
ည ၈နာရီ (အိပ္ခါနီး) ဝန္းက်င္ပုံမွန္ ေသာက္ေပးပါ
ႀကိဳတင္ကာကြယ္ေဆးအျဖစ္လဲ ေသာက္လုိ့ရပါတယ္။
► မ်က္ႏွာျပင္႐ွိ တင္းတိပ္ မွဲ႔ေျခာက္မ်ား
ပ်ားရည္လက္ဖက္စားဇြန္း ၁ ဇြန္း၊ အမႉံ႕ ဇြန္းတဝက္
သံပုရာရည္ အစက္ ၅ စက္ခန္႔ေရာၿပီး မ်က္ႏွာျပင္ကုိ
လိမ္းပါ။ ၁၀ မိနစ္ထားၿပီး ေရေဆးပါ။
မ်က္ႏွာေလဖ်န္းျခင္းမွလဲကာကြယ္ႏုိင္ပါတယ္။
Copy-Facebook and internet sources ...
credit to original uploader
see more: https://www.ncbi.nlm.nih.gov/pmc/articles/PMC4946221/
===========================
ဂျင်းနက် အစွမ်း (မြန်မာအခေါ် နနွင်းနက်)
-------------------------------------------------
ဂျင်းနက် (တိုင်းရင်းဆေးကောင်းကြီး)
အင်္ဂလိပ်အမည် Black Ginger
ထိုင်းအမည် Kra chai Dum (ထိုင်းဂျင်ဆင်း)
သိပ္ပံအမည် Kaempferia parviflora Wall. ex Baker.
Synonym(s):
Kaempferia rubromarginata (S.Q.Tong) R.J.Searle
Stahlianthus rubromarginatus S.Q.Tong
မျိုးရင်း Zingiberaceae (ဂျင်းမျိုးရင်း)
မူရင်းဒေသ ထိုင်း။
ပေါက်ရောက်ရာဒေသ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား။
ပုံပန်းသဏ္ဍန် ပင်စည်မရှိသော သစ်မြစ်သစ်ဖု ဆေးဖက်ဝင်အပင်ဖြစ်ပြီး
၈လက်မ ဝန်းကျင်အမြင့်ရှိပါတယ်။ အမြစ်ဥက သေးငယ်ပြီး ပြာနက်သော
အဆင်းရှိပါတယ်။ အရွက်က ရွက်ထီးဖြစ်ပြီး ၃လက်မမှ ၆လက်မဝန်းကျင်
ရှည်ပြီး ၂လက်မမှ ၄လက်မဝန်းကျင် ကျယ်ပါတယ်။ ဘဲဥပုံသဏ္ဍန်
အရွက်ဖြစ်ပြီး အနည်းငယ် ခေါက်ချိုးညီမှုမရှိပါ။ အပွင့်အနည်းငယ်သာ
ပွင့်ပြီး အဖြူအလယ်မှာ ခရမ်းပြာရောင်တွေ့နိုင်ပါတယ်။
♒ ဂျင်းနက်ရဲ့ အာနိသင် ♒
မြန်မာပြည်မှာ ဆနွင်းနက်၊ နနွင်းနက်အဖြစ် လူအများစုက
အမှတ်မှားတတ်ကြပါတယ်။ တကယ်က ဂျင်းနက်၊ ဆနွင်းနက်၊
ဆနွင်းပြာ၊ ဂမုန်းတိမ်ပြာ စတဲ့ အမည်တွေဟာ ပတ်ချာလည်
ရှုပ်ထွေးနေတဲ့ ပညာရှင်တို့သာ ခွဲခြား ဆန်းစစ်နိုင်တဲ့ မျိုးစိတ်တွေပါပဲ။
အခုတော့ကျနော့်အနေနဲ့ Google ရဲ့ ကျေးဇူး၊ သင်ဆရာ၊ မြင်ဆရာ၊
ကြားဆရာတွေရဲ့ ကျေးဇူးနဲ့ ဂျင်းနက်တမျိုးတည်းရဲ့ အကြောင်းကိုသာ
အသေးစိတ်လေ့လာမိသလောက် ရေးသားဖော်ပြသွားမှာပါ။
ထိုင်းနိုင်ငံမှာ နှစ်ထောင်ချီကာ နန်းတွင်းသုံး ဂျင်းဆင်းအဖြစ်
ပီယဆေးကောင်းသဖွယ် တိုးတိုးတိတ်တိတ် သုံးစွဲလာခဲ့တာ
ကြာမြင့်ပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သိပ္ပံနည်းကျ
စမ်းသပ်မှုပေါင်း များစွာပြုလုပ်ပြီးဖြစ်လို့ ယောကျ်ားတို့ရဲ့
ပီယဆေးကြီးအပြင်၊ ကိုယ်တွင်းကိုယ်ပ ပြည်တည်နာ၊ အပူလောင်နာ၊
အဖုအကျိတ်အနာ၊ အစာအိမ်နာတွေသာမက နှလုံးအားကောင်းဆေး၊
အဆစ်အမြစ် လေးဘက်နာ၊ ကိုယ်လက်ထုံကျဉ် မသသန်မစွမ်း၊
လေဖြတ်လေငန်းရောဂါတွေပါ ကုသနိုင်တဲ့ဆေးကောင်းကြီးအဖြစ်
ယုံယုံကြည်ကြည်သုံးစွဲနိုင်ကြောင်းကို အထပ်ထပ် စမ်းသပ်ပြီးသော
သိပ္ပံစမ်းသပ်မှှုများများမှ သိရှိလေ့လာမိပါတယ်။
ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း တရက်ကို ၁.၃၅ ဂရမ်
(လက်ဖက်စားဇွန်းတဇွန်း) ထက် မပိုသောနှုန်းထားဖြင့်သာ စားသုံး
သင့်ပြီး ပုံမှန် စားသုံးပါက အထက်ဖော်ပြပါ ရောဂါများ ပျောက်ကင်း
သက်သာစေကြောင်းကို သိပ္ပံစမ်းသပ်မှုများအပြင် နီးစပ်ရာ မိတ်ဆွေ
များမှ လက်တို့ ပြောကြားချက်များရော မိမိကိုယ်တိုင် ပျားရည်ဖြင့်
တေပြီး စားသုံးရာမှရော သိရှိကြုံတွေ့သည်များကို ဖောက်သည်ချ
အသိပေးဖော်ပြလိုက်ရပါတယ်။
ဂျင်းနက်မှာ ဘိုင်အိုဖလက်ဗနွိုက်ဆိုတဲ့ ဗီတာမင် ပီလို့ ခေါ်တဲ့
အဝါရောင်၊ အပြာရောင် ရောင်ခြယ်စု တမျိုးပါဝင်ပြီး၊ အင်းဆက်၊
မှို၊ အဏုဇီဝဖျက်ပိုးတွေကို ကာကွယ်တဲ့ အာနိသင်ရှိပါတယ်။
ကင်ဆာရောဂါကိုလဲ တိုက်ဖျက်နိုင်စွမ်း အာနိသင်ရှိတယ်လို့လဲ
ဆိုပါတယ်။
♒ ပါဝင်မှု ဓာတ်ပေါင်းများနှင့် အချိုးများ ♒
The three 'main' methoxyflavonoids 5,7-dimethoxyflavone (DMF) at 0.289%, 5,7,4'-trimethoxyflavone (TMF) at 0.0101% and 3,5,7,3',4'-pentamethoxyflavone (PMF) and a variety of other polymethoxyflavonoids
5-hydroxy-3,7-dimethoxyflavone at 0.0252%; a methoxyflavone that appears to be well reseached but is not one of the 'primary' three
Kaempferiaosides A and B with similar glycosides[9] as well as Kaempferiaosides C and D (flav-3-en-3-ol glycosides) as well as E and F (acetophenone glycosides)
Techtochrysin (Methoxy derivative of Chrysin) at 0.131% dry weight
7,4′-dimethylapigenin at 0.0453%, trimethylapigenin at 1.29% (methylated derivatives ofo Apigenin)
Tetramethylluteolin at 0.0312% (derivative of Luteolin)
3,7,4′-trimethylkaempferol at 0.0719% and tetramethylkaempferol at 0.0070% (derivatives of Kaempferol)
Tilianine (Methanolic fragment)
Ayanin at 0.0111%
Retusine at 0.0215%
Pentamethylquercetin at 0.391% (Methylated derivative of Quercetin)
Sesquiterpenoids 4αα-acetoxycadina-2,9-diene-1,8-dione and 1αα,3αα,4ββ-trihydroxy-9-cadinen-8-one[10]
(2R,3R)-(−)-aromadendrin trimethyl ether (ethanol acetate fragment)
Tamarixetin 3-O-rutinoside (Methanolic fragment)
Syringetin 3-O-rutinoside (Methanolic fragment)
2,4,6-trihydroxyacetophenone 2,4-di-O-β-D-glucopyranoside
Adenosine
L-phenylalanine
A thermostable lectin (sugar-binding protein) in the rhizome at 0.45%
ပါဝင်တဲ့ ဓာတ်ပေါင်းတွေကို ကြွက်တွေကို စမ်းသပ်အဖြေရှာကြည့်ရာ၊
လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ လိင်ပိုင်းဆိုင်ရာ
ဟော်မုန်းပမာဏ များလာခြင်း၊ နှလုံးသွေးကြောအားကောင်းစေခြင်း၊
ကြွက်တို့ရဲ့ ကိုယ်တွင်း ကိုယ်ပ အနာရောဂါများ အပူလောင်နာများ
သက်သာစေခြင်း၊ ဝိတ်ကျအဆီလျော့စေခြင်း၊ ဓာတ်မတည့်မှု အဆိပ်
သင့်မှု သက်သာစေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်တို့ရဲ့
စွမ်းဆောင်ရည် မြှင့်တင်စေခြင်း၊ စတဲ့ အကျိုးရလဒ်ကောင်းတွေကို
စမ်းသပ်အဖြေရှာမိပြီး ယိုးဒယားတို့ရဲ့ တိုင်းရင်းဆေးကောင်းအဖြစ်
နှစ်ထောင်ချီ သုံးစွဲလာခဲ့ပုံကို ဆင်ခြင်ကြည့်နိုင်ပါတယ်။
သိပ္ပံစမ်းသပ်ချက်အရ တရက် လက်ဖက်စားဇွန်းတဇွန်းထက်
လုံး၀ ပိုမစားမိဖို့ အထူးသတိပေးလိုပါတယ်။
♒ တိုင်းရင်းဆေးဖော်စပ်နည်း ♒
► ကင်ဆာအကျိတ် နှင့်ရိုးရိုးအဖုအကျိတ်
ဂျင်းနက် အမှုန့်၃ ရွေး- နှမ်းဆီလက်ဖက်စားဇွန်း
၁ ဇွန်းရော ပြီး လိမ်းပါ
► အဆုတ်နှင့်ပတ်သက်သောရောဂါများ
ကွမ်းရွက်ပြုတ်ရေ ၁ဇွန်း၊ အမှူံ့ ၁ ရွေး
အချိုးအတိုင်း သေသေချာချာ ရောပြီးသောက်ပါ
► ဝမ်းနှင့်ပတ်သက်တဲ့ရောဂါများ
အမှူံ့ကိုရေနှင့်ရောလိမ်းပါ
သွေးပြီးလိမ်းရင် ပိုကောင်းပါတယ်။
► တုတ်ကွေးရောဂါတွေ (လက်ရှိ H1N1 H5N1)
ပျားရည် ၁ဇွန်း နနွင်းနက်အရည် ဇွန်းတဝက်ရောပြီး
ည ၈နာရီ (အိပ်ခါနီး) ဝန်းကျင်ပုံမှန် သောက်ပေးပါ
ကြိုတင်ကာကွယ်ဆေးအဖြစ်လဲ သောက်လို့ရပါတယ်။
► မျက်နှာပြင်ရှိ တင်းတိပ် မှဲ့ခြောက်များ
ပျားရည်လက်ဖက်စားဇွန်း ၁ ဇွန်း၊ အမှူံ့ ဇွန်းတဝက်
သံပုရာရည် အစက် ၅ စက်ခန့်ရောပြီး မျက်နှာပြင်ကို
လိမ်းပါ။ ၁၀ မိနစ်ထားပြီး ရေဆေးပါ။
မျက်နှာလေဖျန်းခြင်းမှလဲကာကွယ်နိုင်ပါတယ်။
Copy-Facebook and internet sources ...
credit to original uploader
see more: https://www.ncbi.nlm.nih.gov/pmc/articles/PMC4946221/




No comments:
Post a Comment