"ၾကက္ဥေပါင္းလုပ္နည္း"
---------------------------
က်ိဳင္းတံုၿမိဳ႕မွာေနသူေတြကေတာ့ အလြယ္တကူ
ဝယ္စားႏိုင္ေပမဲ့ အလြယ္ဝယ္မရသူေတြေတာ့
ကိုယ္တိုင္လုပ္စားၾကည့္ရေအာင္ေနာ္။
ၾကက္ဥေလးေတြေရေဆး အေပါက္ေသးေသးေလးေတြေဖာက္ၿပီး
အထဲကအကာေတြအႏွစ္ေတြကို စုတ္တံအသစ္နဲ႔စုတ္ထုတ္ၿပီး
ဇလံုႀကီးႀကီးထဲထည့္။
ၿပီးေတာ့ ဆားနဲ႔ င႐ုတ္ေကာင္းမႈန္႔ထည့္ၿပီးေရာေမႊ။
(ေရလံုးဝမပါရပါ)
ေနာက္ၿပီးစုတ္တံေလးနဲ႔ျပန္စုတ္ၿပီး ေစာေစာက
အေပါက္ေဖါက္ထားတဲ့ ၾကက္ဥေလးေတြထဲ တဝက္စီခန္႔
ျပန္ထည့္ေပး (အျပည့္ထည့္ၿပီးေပါင္းရင္ ပြတက္လာၿပီး
လွ်ံၾကကုန္မွာစိုးလို႔ပါ)
ၿပီးသြားရင္ေတာ့ၾကက္ဥေလးေတြကိုေပါင္းလို႔ရပါၿပီ
ေပါင္းတဲ့အခါသိရမွာက အဖံုးကိုဆယ္မိႏွစ္ခန္႔ပိတ္ၿပီးရင္
ဆယ္မိနစ္ေလာက္အဖံုးျပန္ဖြင့္လိုက္နဲ႔ေပါင္းေပးရပါမယ္
မိနစ္ 30 ေလာက္ေပါင္းၿပီးရင္ေတာ့က်က္ပါၿပီ။
ၿပီးရင္ေတာ့ စားခ်င္သလိုေလးလွီးၿပီး ပဲပုတ္အက်က္မႈန္႔နဲ႔
င႐ုတ္သီးမႈန္႔နဲ႔ေရာၿပီး တို႔စားလို႔ရပါၿပီ။
Credit :Waxy Orchid and rightful photo owners
(ျပဳလုပ္ရတာ မခက္ခဲတာေၾကာင့္ ခုဆုိရင္ေတာ့
ေနရာေတာ္ေတာ္မ်ားမ်ားမွာ ရႏုိင္ၿပီလုိ႔ ထင္ပါတယ္)
============================
"ကြက်ဥပေါင်းလုပ်နည်း"
---------------------------
ကျိုင်းတုံမြို့မှာနေသူတွေကတော့ အလွယ်တကူ
ဝယ်စားနိုင်ပေမဲ့ အလွယ်ဝယ်မရသူတွေတော့
ကိုယ်တိုင်လုပ်စားကြည့်ရအောင်နော်။
ကြက်ဥလေးတွေရေဆေး အပေါက်သေးသေးလေးတွေဖောက်ပြီး
အထဲကအကာတွေအနှစ်တွေကို စုတ်တံအသစ်နဲ့စုတ်ထုတ်ပြီး
ဇလုံကြီးကြီးထဲထည့်။
ပြီးတော့ ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီးရောမွှေ။
(ရေလုံးဝမပါရပါ)
နောက်ပြီးစုတ်တံလေးနဲ့ပြန်စုတ်ပြီး စောစောက
အပေါက်ဖေါက်ထားတဲ့ ကြက်ဥလေးတွေထဲ တဝက်စီခန့်
ပြန်ထည့်ပေး (အပြည့်ထည့်ပြီးပေါင်းရင် ပွတက်လာပြီး
လျှံကြကုန်မှာစိုးလို့ပါ)
ပြီးသွားရင်တော့ကြက်ဥလေးတွေကိုပေါင်းလို့ရပါပြီ
ပေါင်းတဲ့အခါသိရမှာက အဖုံးကိုဆယ်မိနှစ်ခန့်ပိတ်ပြီးရင်
ဆယ်မိနစ်လောက်အဖုံးပြန်ဖွင့်လိုက်နဲ့ပေါင်းပေးရပါမယ်
မိနစ် 30 လောက်ပေါင်းပြီးရင်တော့ကျက်ပါပြီ။
ပြီးရင်တော့ စားချင်သလိုလေးလှီးပြီး ပဲပုတ်အကျက်မှုန့်နဲ့
ငရုတ်သီးမှုန့်နဲ့ရောပြီး တို့စားလို့ရပါပြီ။
Credit :Waxy Orchid and rightful photo owners
(ပြုလုပ်ရတာ မခက်ခဲတာကြောင့် ခုဆိုရင်တော့
နေရာတော်တော်များများမှာ ရနိုင်ပြီလို့ ထင်ပါတယ်)




No comments:
Post a Comment