မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 13, 2020

အိႏၵိယက စစ္တုရင္ကစားသမား ၿပိဳင္ပြဲက ႏုတ္ထြက္

 အီရန္ရဲ႕ ေခါင္းစည္းပုဝါ ဝတ္ဆင္ရတဲ့ဥပေဒေၾကာင့္ 

အိႏၵိယက စစ္တုရင္ကစားသမား ၿပိဳင္ပြဲက ႏုတ္ထြက္

-----------------------------------------------------------

အိႏၵိယ စစ္တုရင္ကစားသမားတစ္ဦးဟာ အီရန္ႏိုင္ငံမွာ မရွိမျဖစ္ 

လိုအပ္မႈျဖစ္တဲ့ ေခါင္းကိုအုပ္ရတဲ့ ေခါင္းစည္းပုဝါနဲ႔ ပတ္သက္လို႔ 

အီရန္ႏိုင္ငံမွာက်င္းပတဲ့ အာရွခ်န္ပီယံ စစ္တုရင္ၿပိဳင္ပြဲကေန 

ထြက္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။


အိႏၵိယႏိုင္ငံရဲ႕အသက္ ၂၉ ႏွစ္အ႐ြယ္ စစ္တုရင္ကစားသမား

အမ်ိဳးသမီးက အီရန္ႏိုင္ငံရဲ႕ ေခါင္းစည္းပုဝါ ဝတ္ဆင္ရတဲ့ 

ဒီစည္းမ်ဥ္းဟာ သူ႕ရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ အခြင့္အေရးကို

ခ်ိဳးေဖာက္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

ဆြာမီနာသန္က သူ႕အခြင့္အေရးကို လက္ရွိအေျခေနမွာ

ကာကြယ္ႏိုင္ဖို႔က အီရန္ႏိုင္ငံဆီ စစ္တုရင္ ခ်န္ပီယံၿပိဳင္ပြဲ 

သြားေရာက္မယွဥ္ၿပိဳင္ဖို႔သာျဖစ္တယ္လို႔ Facebook က တစ္ဆင့္

ေဖာ္ျပခဲ့ပါတယ္။ အာရွစစ္တုရင္ခ်န္ပီယံၿပိဳင္ပြဲကို လာမယ့္လမွာ 

အီရန္ႏိုင္ငံအတြင္း က်င္းပသြားမွာျဖစ္ပါတယ္။

ဆြာမီနာသန္ဟာ အိႏၵိယႏိုင္ငံ စစ္တုရင္နယ္ပယ္မွာ 

အဆင့္ သတ္မွတ္ခ်က္ ၅ ရွိသူျဖစ္ပါတယ္။ အိႏၵိယ စစ္တုရင္သမား 

ဆြာမီနာသန္က ကစားသမားေတြရဲ႕ အခြင့္ေရးဆုံး႐ႈံးတဲ့ အေျခအေန

လိုမ်ိဳး ျဖစ္ေနတာေတြအတြက္ စိတ္ပ်က္မိတယ္လို႔ ေျပာခဲ့ပါတယ္။


အားကစားသမားေတြဟာ အားကစားၿပိဳင္ပြဲကို ထိန္းသိမ္းဖို႔ 

လုပ္ေဆာင္ေပမယ့္ ဘာသာေရး အဝတ္အစားေတြ ဝင္ဆင္ဖို႔ 

အတင္းၾကပ္လုပ္ေဆာင္တာ ခံရတယ္လို႔ အိႏၵိယစစ္တုရင္

ကစားသမားအမ်ိဳးသမီးက ေျပာခဲ့ပါတယ္။ လူမူကြန္ရက္ေတြမွာ 

အိႏၵိယ စစ္တုရင္ကစားသမားအမ်ိဳးသမီး ဆြာမီနာသန္ရဲ႕ 

ဆုံးျဖတ္ခ်က္ကို ခ်ီးက်ဴးခဲ့ၾကၿပီး သူ႕ဆုံးျဖတ္ခ်က္ဘက္က 

ရပ္တည္သူေတြ မ်ားခဲ့တယ္လို႔ သိရပါတယ္။

 

Kaung Htet Ngwe (႐ိုးရာေလး)

Ref: BBC "India chess player quits Iran tournament over headscarf rule"

https://www.bbc.com/news/world-asia-india-44464946

=============================


အီရန်ရဲ့ ခေါင်းစည်းပုဝါ ဝတ်ဆင်ရတဲ့ဥပဒေကြောင့် 

အိန္ဒိယက စစ်တုရင်ကစားသမား ပြိုင်ပွဲက နုတ်ထွက်

-----------------------------------------------------------


အိန္ဒိယ စစ်တုရင်ကစားသမားတစ်ဦးဟာ အီရန်နိုင်ငံမှာ မရှိမဖြစ် 

လိုအပ်မှုဖြစ်တဲ့ ခေါင်းကိုအုပ်ရတဲ့ ခေါင်းစည်းပုဝါနဲ့ ပတ်သက်လို့ 

အီရန်နိုင်ငံမှာကျင်းပတဲ့ အာရှချန်ပီယံ စစ်တုရင်ပြိုင်ပွဲကနေ 

ထွက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။


အိန္ဒိယနိုင်ငံရဲ့အသက် ၂၉ နှစ်အရွယ် စစ်တုရင်ကစားသမား

အမျိုးသမီးက အီရန်နိုင်ငံရဲ့ ခေါင်းစည်းပုဝါ ဝတ်ဆင်ရတဲ့ 

ဒီစည်းမျဉ်းဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးကို

ချိုးဖောက်နေတယ်လို့ ပြောခဲ့ပါတယ်။


ဆွာမီနာသန်က သူ့အခွင့်အရေးကို လက်ရှိအခြေနေမှာ

ကာကွယ်နိုင်ဖို့က အီရန်နိုင်ငံဆီ စစ်တုရင် ချန်ပီယံပြိုင်ပွဲ 

သွားရောက်မယှဉ်ပြိုင်ဖို့သာဖြစ်တယ်လို့ Facebook က တစ်ဆင့်

ဖော်ပြခဲ့ပါတယ်။ အာရှစစ်တုရင်ချန်ပီယံပြိုင်ပွဲကို လာမယ့်လမှာ 

အီရန်နိုင်ငံအတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။


ဆွာမီနာသန်ဟာ အိန္ဒိယနိုင်ငံ စစ်တုရင်နယ်ပယ်မှာ 

အဆင့် သတ်မှတ်ချက် ၅ ရှိသူဖြစ်ပါတယ်။ အိန္ဒိယ စစ်တုရင်သမား 

ဆွာမီနာသန်က ကစားသမားတွေရဲ့ အခွင့်ရေးဆုံးရှုံးတဲ့ အခြေအနေ

လိုမျိုး ဖြစ်နေတာတွေအတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။


အားကစားသမားတွေဟာ အားကစားပြိုင်ပွဲကို ထိန်းသိမ်းဖို့ 

လုပ်ဆောင်ပေမယ့် ဘာသာရေး အဝတ်အစားတွေ ဝင်ဆင်ဖို့ 

အတင်းကြပ်လုပ်ဆောင်တာ ခံရတယ်လို့ အိန္ဒိယစစ်တုရင်

ကစားသမားအမျိုးသမီးက ပြောခဲ့ပါတယ်။ လူမူကွန်ရက်တွေမှာ 

အိန္ဒိယ စစ်တုရင်ကစားသမားအမျိုးသမီး ဆွာမီနာသန်ရဲ့ 

ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ကြပြီး သူ့ဆုံးဖြတ်ချက်ဘက်က 

ရပ်တည်သူတွေ များခဲ့တယ်လို့ သိရပါတယ်။

 

Kaung Htet Ngwe (ရိုးရာလေး)

Ref: BBC "India chess player quits Iran tournament over headscarf rule"

https://www.bbc.com/news/world-asia-india-44464946

No comments:

Post a Comment