မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 13, 2020

အိႏၵိယက ထူးထူးဆန္းဆန္း စစ္တုရင္ေက်း႐ြာ

 အိႏၵိယက ထူးထူးဆန္းဆန္း စစ္တုရင္ေက်း႐ြာ

-----------------------------------------------------

အိႏၵိယေတာင္ပိုင္း ကာရာလာျပည္နယ္ထဲက မာေရာ့တီခ်ယ္ေတာင္

အနီးမွာ လူသိပ္မသိတဲ့ ႐ြာေလးတစ္႐ြာရွိပါတယ္။ သင္သာ ဒီ႐ြာကို 

ေရာက္ခဲ့ရင္ အားလပ္ခ်ိန္ရတာနဲ႔ ေနရာတိုင္းမွာ လူတိုင္းလိုလို 

ခ်က္(chess) ထိုးေနတာကို ထူးဆန္းစြာ ေတြ႕ျမင္ရမွာပါ။ ၏

အရက္စြဲတယ္ဆိုတဲ့ စကားအတိုင္းပဲ ဒီ႐ြာက လူေတြလည္း ခ်က္စြဲ

ေနၾကပါတယ္။ ခ်က္ မထိုးရရင္ မေနႏိုင္ၾကဘူးလို႔ ဆိုပါတယ္။


၁၉၆၀ခုႏွစ္ ၊ ၁၉၇၀ ျပည့္ႏွစ္ဝန္းက်င္ေတြတုန္းကေတာ့ ဒီ႐ြာဟာ 

အရက္သမား႐ြာျဖစ္ပါတယ္။ ကိုယ္တိုင္ခ်က္အရက္ ဘီယာေတြ

ေပါတာေၾကာင့္ လူတိုင္း အျမဲမူးယစ္ေနေလ့ရွိပါတယ္။ ဒီလိုသာ

အၿမဲမူးေနရင္ ႐ြာပ်က္စီးေတာ့မွာကို ရိပ္မိတဲ့လူအခ်ိဳ႕ဟာ ဒီ႐ြာက

ရွိသမွ်အရက္ ဘီယာေတြကို သိမ္းဖို႔ တားျမစ္ဖို႔ အစိုးရအရာရွိေတြထံ 

တိုင္တန္းတဲ့အဆင့္ထိ ေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ တကယ္တမ္းေတာ့

အလုပ္မျဖစ္ခဲ့ပါဘူး။

အၿမဲမူးယစ္ ရမ္းကားသူေတြနဲ႔ျပည့္ေနတဲ့ ဒီအရက္သမား႐ြာကေန 

ခ်က္သမား႐ြာအျဖစ္သို႔ ေျပာင္းလဲေစခဲ့သူကေတာ့ ဆယ္တန္း

ေက်ာင္းသားေလး တစ္ေယာက္ပဲျဖစ္ပါတယ္။ ေက်ာင္းသားေလးရဲ႕

နာမည္က အန္နီခရစ္နန္ျဖစ္ပါတယ္။ သတင္းစာတစ္ေစာင္မွာ 

၁၆ႏွစ္သား Grandmaster တစ္ေယာက္ျဖစ္တဲ့ Bobby Fischer 

အေၾကာင္းကိုဖတ္ၿပီး အားက်ခဲ့ပါတယ္။

ဒီလိုနဲ႔ ခ်က္ထိုးတတ္ခ်င္လာတဲ့သူဟာ အနီးနား႐ြာက ခ်က္ထိုးတတ္သူ 

တစ္ေယာက္ကို ရွာေဖြၿပီးခ်က္ထိုးနည္းသင္ယူခဲ့ပါတယ္။ ကြၽမ္းကြၽမ္း

က်င္က်င္ထိုးတတ္ၿပီးတဲ့တစ္ေန႔ ႐ြာကို ျပန္ေရာက္လာၿပီး ေတြ႕သမွ်

လူတိုင္းကို ခ်က္ထိုးဖို႔ စည္း႐ုံးၿပီး ခ်က္ထိုးနည္း သင္ေပးပါတယ္။ 

အစပိုင္းေတာ့ သိပ္စိတ္မဝင္စားၾကေပမယ့္ ေနာက္ဆုံးမွာေတာ့ 

ျဖည္းျဖည္းခ်င္းစိတ္ပါလာၾကၿပီး ခ်က္ကို အၿပိဳင္အဆိုင္ထိုးလာ

ၾကပါေတာ့တယ္။

သူဟာ႐ြာက ေတြ႕သမွ်လူတိုင္းကို ခ်က္ထိုးဖို႔စည္း႐ုံးၿပီး လူ ၇၀၀ 

ခန႔္ကို ခ်က္ထိုးနည္း သင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ ခ်က္ထိုးတာဟာ

ဦးေႏွာက္ကို အလုပ္ေပးရတဲ့အတြက္ မူးယစ္သူနည္းလာကာ အရက္႐ြာ

ကေန ခ်က္႐ြာ ျဖစ္လာပါေတာ့တယ္။ ေနာက္ပိုင္းမွာေတာ့ အန္နီခရစ္နန္ 

ဟာ ဒီ႐ြာမွာစားေသာက္ဆိုင္ဖြင့္ခဲ့ၿပီး သူ႔ရဲ႕စားေသာက္ဆိုင္မွာ ခ်က္ခုံ

ေတြကိုခ်ထားေပးပါတယ္။

အခုေတာ့ ႐ြာရွိလူအကုန္ရဲ႕ ၉၀% က ခ်က္ ကြၽမ္းကြၽမ္းက်င္က်င္

ထုိးတတ္သူေတြ ျဖစ္ေနၿပီး အိမ္တိုင္းမွာ ခ်က္ထိုးတတ္တဲ့သူ အနည္းဆုံး

၁ေယာက္ေတာ့ ရွိေနပါတယ္။ အသက္ ၈ ႏွစ္ကေန အသက္ ၈၀ အထိ 

ေယာက်ာ္းမိန္းမမ်ိဳးစုံဟာ အားလပ္တာနဲ႔ အန္နီခရစ္နန္ရဲ႕ ဆိုင္ကိုလာၿပီး

ခ်က္ထိုးေလ့ရွိၾကပါတယ္။ ႐ြာသားတစ္ေယာက္ကေတာ့ “ခ်က္ဟာ

ကြၽန္ေတာ့ဘဝပါ၊ ခ်က္ကို စကစားတာနဲ႔ အရာအားလုံးကို ေမ့သြားတယ္”

လို႔ဆိုပါတယ္။


အန္နီခရစ္နန္ကေတာ့ “အခုလို အားလုံးကိုေျပာင္းလဲခြင့္ရတဲ့အတြက္ 

ၾကည္ႏူးမိပါတယ္၊ ခ်က္ထိုးတာ တကယ္ေကာင္းတဲ့အလုပ္ပါ။ 

ဦးေႏွာက္ကို သုံးရတဲ့ကစားနည္းျဖစ္တဲ့အတြက္ ခ်က္ထိုးသူေတြရဲ႕ 

ေန႔စဥ္ႀကဳံရတဲ့ ဘဝအခက္အခဲေတြကို ေျဖရွင္းတဲ့ေနရာမွာ ကူညီေပး

ပါတယ္။” လို႔ဆိုပါတယ္။ အိႏၵိယရဲ႕အေတာ္ဆုံးစစ္တုရင္ ခ်န္ပီယံျဖစ္တဲ့ 

World champion ၅ႀကိမ္ရထားသူ Viswanathan Anand ကလည္း 

ဒီ႐ြာကလူေတြကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။


credit:thutazone

link -

https://amazingindiablog.in/marottichal-chess-village-of-india/

================================


အိန္ဒိယက ထူးထူးဆန်းဆန်း စစ်တုရင်ကျေးရွာ

-----------------------------------------------------


အိန္ဒိယတောင်ပိုင်း ကာရာလာပြည်နယ်ထဲက မာရော့တီချယ်တောင်

အနီးမှာ လူသိပ်မသိတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သင်သာ ဒီရွာကို 

ရောက်ခဲ့ရင် အားလပ်ချိန်ရတာနဲ့ နေရာတိုင်းမှာ လူတိုင်းလိုလို 

ချက်(chess) ထိုးနေတာကို ထူးဆန်းစွာ တွေ့မြင်ရမှာပါ။ ၏

အရက်စွဲတယ်ဆိုတဲ့ စကားအတိုင်းပဲ ဒီရွာက လူတွေလည်း ချက်စွဲ

နေကြပါတယ်။ ချက် မထိုးရရင် မနေနိုင်ကြဘူးလို့ ဆိုပါတယ်။


၁၉၆၀ခုနှစ် ၊ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွေတုန်းကတော့ ဒီရွာဟာ 

အရက်သမားရွာဖြစ်ပါတယ်။ ကိုယ်တိုင်ချက်အရက် ဘီယာတွေ

ပေါတာကြောင့် လူတိုင်း အမြဲမူးယစ်နေလေ့ရှိပါတယ်။ ဒီလိုသာ

အမြဲမူးနေရင် ရွာပျက်စီးတော့မှာကို ရိပ်မိတဲ့လူအချို့ဟာ ဒီရွာက

ရှိသမျှအရက် ဘီယာတွေကို သိမ်းဖို့ တားမြစ်ဖို့ အစိုးရအရာရှိတွေထံ 

တိုင်တန်းတဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့

အလုပ်မဖြစ်ခဲ့ပါဘူး။


အမြဲမူးယစ် ရမ်းကားသူတွေနဲ့ပြည့်နေတဲ့ ဒီအရက်သမားရွာကနေ 

ချက်သမားရွာအဖြစ်သို့ ပြောင်းလဲစေခဲ့သူကတော့ ဆယ်တန်း

ကျောင်းသားလေး တစ်ယောက်ပဲဖြစ်ပါတယ်။ ကျောင်းသားလေးရဲ့

နာမည်က အန်နီခရစ်နန်ဖြစ်ပါတယ်။ သတင်းစာတစ်စောင်မှာ 

၁၆နှစ်သား Grandmaster တစ်ယောက်ဖြစ်တဲ့ Bobby Fischer 

အကြောင်းကိုဖတ်ပြီး အားကျခဲ့ပါတယ်။


ဒီလိုနဲ့ ချက်ထိုးတတ်ချင်လာတဲ့သူဟာ အနီးနားရွာက ချက်ထိုးတတ်သူ 

တစ်ယောက်ကို ရှာဖွေပြီးချက်ထိုးနည်းသင်ယူခဲ့ပါတယ်။ ကျွမ်းကျွမ်း

ကျင်ကျင်ထိုးတတ်ပြီးတဲ့တစ်နေ့ ရွာကို ပြန်ရောက်လာပြီး တွေ့သမျှ

လူတိုင်းကို ချက်ထိုးဖို့ စည်းရုံးပြီး ချက်ထိုးနည်း သင်ပေးပါတယ်။ 

အစပိုင်းတော့ သိပ်စိတ်မဝင်စားကြပေမယ့် နောက်ဆုံးမှာတော့ 

ဖြည်းဖြည်းချင်းစိတ်ပါလာကြပြီး ချက်ကို အပြိုင်အဆိုင်ထိုးလာ

ကြပါတော့တယ်။


သူဟာရွာက တွေ့သမျှလူတိုင်းကို ချက်ထိုးဖို့စည်းရုံးပြီး လူ ၇၀၀ 

ခန့်ကို ချက်ထိုးနည်း သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ချက်ထိုးတာဟာ

ဦးနှောက်ကို အလုပ်ပေးရတဲ့အတွက် မူးယစ်သူနည်းလာကာ အရက်ရွာ

ကနေ ချက်ရွာ ဖြစ်လာပါတော့တယ်။ နောက်ပိုင်းမှာတော့ အန်နီခရစ်နန် 

ဟာ ဒီရွာမှာစားသောက်ဆိုင်ဖွင့်ခဲ့ပြီး သူ့ရဲ့စားသောက်ဆိုင်မှာ ချက်ခုံ

တွေကိုချထားပေးပါတယ်။


အခုတော့ ရွာရှိလူအကုန်ရဲ့ ၉၀% က ချက် ကျွမ်းကျွမ်းကျင်ကျင်

ထိုးတတ်သူတွေ ဖြစ်နေပြီး အိမ်တိုင်းမှာ ချက်ထိုးတတ်တဲ့သူ အနည်းဆုံး

၁ယောက်တော့ ရှိနေပါတယ်။ အသက် ၈ နှစ်ကနေ အသက် ၈၀ အထိ 

ယောကျာ်းမိန်းမမျိုးစုံဟာ အားလပ်တာနဲ့ အန်နီခရစ်နန်ရဲ့ ဆိုင်ကိုလာပြီး

ချက်ထိုးလေ့ရှိကြပါတယ်။ ရွာသားတစ်ယောက်ကတော့ “ချက်ဟာ

ကျွန်တော့ဘဝပါ၊ ချက်ကို စကစားတာနဲ့ အရာအားလုံးကို မေ့သွားတယ်”

လို့ဆိုပါတယ်။


အန်နီခရစ်နန်ကတော့ “အခုလို အားလုံးကိုပြောင်းလဲခွင့်ရတဲ့အတွက် 

ကြည်နူးမိပါတယ်၊ ချက်ထိုးတာ တကယ်ကောင်းတဲ့အလုပ်ပါ။ 

ဦးနှောက်ကို သုံးရတဲ့ကစားနည်းဖြစ်တဲ့အတွက် ချက်ထိုးသူတွေရဲ့ 

နေ့စဉ်ကြုံရတဲ့ ဘဝအခက်အခဲတွေကို ဖြေရှင်းတဲ့နေရာမှာ ကူညီပေး

ပါတယ်။” လို့ဆိုပါတယ်။ အိန္ဒိယရဲ့အတော်ဆုံးစစ်တုရင် ချန်ပီယံဖြစ်တဲ့ 

World champion ၅ကြိမ်ရထားသူ Viswanathan Anand ကလည်း 

ဒီရွာကလူတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။


credit:thutazone

link -

https://amazingindiablog.in/marottichal-chess-village-of-india/

No comments:

Post a Comment