အစၥေရးမယ္နဲ႔ တြဲ႐ိုက္မိတဲ့ အီရတ္မယ္ ဘာျဖစ္သြားသလဲ
-----------------------------------------------------------------
ၿပီးခဲ့တဲ့ ေျခာက္လေလာက္က ႐ိုက္ကူးခဲ့တဲ့ အလွမယ္ႏွစ္ဦးရဲ႕
Selfie ဓာတ္ပံုတစ္ပံုေၾကာင့္ တစ္ဦးဟာ တိုင္းျပည္ကို စြန္႔ခြာ
တိမ္းေရွာင္ရသလို ေနာက္ဆက္တြဲေတြ အမ်ားႀကီးျဖစ္ကုန္ပါေရာ။
ဆာရာအီဒန္ဟာ ၂၀၁၇ ခုႏွစ္ မယ္စၾကဝဠာၿပိဳင္ပြဲအတြက္
အီရတ္ႏိုင္ငံကို ကိုယ္စားျပဳၿပီး လက္စ္ဗီးဂတ္စ္ကို သြားခဲ့ပါတယ္။
အဲဒီမွာ အစၥေရးမယ္ အဒါဂန္ဒယ္စ္မန္းနဲ႔ေတြ႔ဆံုခဲ့ၿပီးေတာ့ ဓာတ္ပံု
အတူ႐ိုက္ကာ အြန္လိုင္းတင္ခဲ့ပါတယ္။ မစၥအီရတ္နဲ႔ မစၥအစၥေရးတို႔
ထံက ျဖန္႔ေဝတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ခ်စ္ျခင္းတရား ဆိုတဲ့စာသားကိုပါ
ပံုနဲ႔အတူတြဲ တင္လိုက္ပါတယ္။ ဒါေပမဲ့ အီရတ္တခ်ိဳ႕က သူမကို
သစၥာေဖာက္လို႔ျမင္ၿပီး အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္တာေတြပါ
ရွိလာပါတယ္။
ယခုအခါ အီရတ္မယ္ဟာ မိသားစုနဲ႔အတူ အေမရိကန္ျပည္ေထာင္စုကို
ေျပာင္းေ႐ႊ႕ခဲ့ရၿပီး အစၥေရးမယ္နဲ႔ ျပန္ေတြ႔ကာ မဂၢဇင္းဓာတ္ပံုကာဗာေတြ
ေတာင္ အတူတြဲၿပီး ႐ိုက္ကူးေနပါၿပီ။
source:the voice myanmar
link -
https://www.thetimes.co.uk/article/miss-iraq-defies-death-threats-with-jerusalem-reunion-2nkj0q2kl
=============================
အစ္စရေးမယ်နဲ့ တွဲရိုက်မိတဲ့ အီရတ်မယ် ဘာဖြစ်သွားသလဲ
-----------------------------------------------------------------
ပြီးခဲ့တဲ့ ခြောက်လလောက်က ရိုက်ကူးခဲ့တဲ့ အလှမယ်နှစ်ဦးရဲ့
Selfie ဓာတ်ပုံတစ်ပုံကြောင့် တစ်ဦးဟာ တိုင်းပြည်ကို စွန့်ခွာ
တိမ်းရှောင်ရသလို နောက်ဆက်တွဲတွေ အများကြီးဖြစ်ကုန်ပါရော။
ဆာရာအီဒန်ဟာ ၂၀၁၇ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲအတွက်
အီရတ်နိုင်ငံကို ကိုယ်စားပြုပြီး လက်စ်ဗီးဂတ်စ်ကို သွားခဲ့ပါတယ်။
အဲဒီမှာ အစ္စရေးမယ် အဒါဂန်ဒယ်စ်မန်းနဲ့တွေ့ဆုံခဲ့ပြီးတော့ ဓာတ်ပုံ
အတူရိုက်ကာ အွန်လိုင်းတင်ခဲ့ပါတယ်။ မစ္စအီရတ်နဲ့ မစ္စအစ္စရေးတို့
ထံက ဖြန့်ဝေတဲ့ ငြိမ်းချမ်းရေးနဲ့ချစ်ခြင်းတရား ဆိုတဲ့စာသားကိုပါ
ပုံနဲ့အတူတွဲ တင်လိုက်ပါတယ်။ ဒါပေမဲ့ အီရတ်တချို့က သူမကို
သစ္စာဖောက်လို့မြင်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တာတွေပါ
ရှိလာပါတယ်။
ယခုအခါ အီရတ်မယ်ဟာ မိသားစုနဲ့အတူ အမေရိကန်ပြည်ထောင်စုကို
ပြောင်းရွှေ့ခဲ့ရပြီး အစ္စရေးမယ်နဲ့ ပြန်တွေ့ကာ မဂ္ဂဇင်းဓာတ်ပုံကာဗာတွေ
တောင် အတူတွဲပြီး ရိုက်ကူးနေပါပြီ။
source:the voice myanmar
link -
https://www.thetimes.co.uk/article/miss-iraq-defies-death-threats-with-jerusalem-reunion-2nkj0q2kl

No comments:
Post a Comment