ကမၻာေပၚတြင္ အႏၲရာယ္အရွိဆုံးငါး (သို႔မဟုတ္) လၽွပ္စစ္ငါးရွဉ့္
------------------------------------------------------------------------
လၽွပ္စစ္ငါးရွဉ့္ေတြဟာ Electrophorus electricus မ်ိဳးစိတ္ထဲကျဖစ္ၿပီး
ေတာင္အေမရိေရခ်ိဳေဒသေတြမွာ ေနထိုင္ၾက ၿပီး ရွည္ရွည္ေမ်ာေမ်ာ
ခႏၶာကိုယ္နဲ႔ အေၾကးခြံမပါဘဲ အညိဳေရာင္ဘက္သန္းတဲ့ အေရာင္ရွိပါ
တယ္။ လၽွပ္စစ္ငါးရွဉ့္တစ္ေကာင္ဟာ အမ်ားဆုံး ၂.၇၅ မီတာ (၉ေပ)
အထိရွည္လ်ားနိုင္ၿပီး ၂၂ ကီလိုဂရမ္အထိ အေလးခ်ိန္ရွိၾကပါတယ္။
လၽွပ္စစ္ငါးရွဉ့္ေတြဟာ အေမဇုံေတာထဲမွာ ေနထိုင္က်က္စားေလ့ရွိၾကၿပီး
အသက္ရွုဖို႔အတြက္ ေရမ်က္ႏွာျပင္ေပၚသို႔ မၾကာခဏတက္ေလ့ရွိပါတယ္။
သူရဲ့ ပါးစပ္ဟာ ေသြးေၾကာအမ်ားအျပားနဲ႔ ဖြဲ႕စည္းထားၿပီး သူ႔ရဲ့ပါးစပ္ကို
အဆုပ္အျဖစ္ အသုံးခ်တတ္ၾကပါတယ္။
လၽွပ္စစ္ငါးရွဉ့္ရဲ့ အၿမီးမွာ လၽွပ္စစ္ထုတ္လုပ္တဲ့ အဂၤါေတြပါဝင္ၿပီး
၃၀၀ ဗို႔ကေန ၆၅၀ ဗို႔ အထိထုတ္လုပ္နိုင္ကာ ဒီပမာဏဟာ
လူတစ္ေယာက္ကို ေကာင္းေကာင္းဓာတ္လိုက္ေစနိုင္ပါတယ္။
ဒါ့အျပင့္ ဒီလၽွပ္စစ္ထုတ္နိုင္တဲ့အၿမီးကို အသုံးျပဳၿပီး သူတို႔ဟာ
မ်ိဳးႏြယ္တူ လၽွပ္စစ္ငါးရွဉ့္အခ်င္းခ်င္း ဆက္သြယ္နိုင္ၾကပါေသးတယ္။
Electric eel - King of the eels makes sharks also scared (2:24)
Yan, Myanmarload
Source : Google
link -
https://en.wikipedia.org/wiki/Electric_eel
================================
ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးငါး (သို့မဟုတ်) လျှပ်စစ်ငါးရှဉ့်
------------------------------------------------------------------------
လျှပ်စစ်ငါးရှဉ့်တွေဟာ Electrophorus electricus မျိုးစိတ်ထဲကဖြစ်ပြီး
တောင်အမေရိရေချိုဒေသတွေမှာ နေထိုင်ကြ ပြီး ရှည်ရှည်မျောမျော
ခန္ဓာကိုယ်နဲ့ အကြေးခွံမပါဘဲ အညိုရောင်ဘက်သန်းတဲ့ အရောင်ရှိပါ
တယ်။ လျှပ်စစ်ငါးရှဉ့်တစ်ကောင်ဟာ အများဆုံး ၂.၇၅ မီတာ (၉ပေ)
အထိရှည်လျားနိုင်ပြီး ၂၂ ကီလိုဂရမ်အထိ အလေးချိန်ရှိကြပါတယ်။
လျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံတောထဲမှာ နေထိုင်ကျက်စားလေ့ရှိကြပြီး
အသက်ရှုဖို့အတွက် ရေမျက်နှာပြင်ပေါ်သို့ မကြာခဏတက်လေ့ရှိပါတယ်။
သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး သူ့ရဲ့ပါးစပ်ကို
အဆုပ်အဖြစ် အသုံးချတတ်ကြပါတယ်။
လျှပ်စစ်ငါးရှဉ့်ရဲ့ အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့ အင်္ဂါတွေပါဝင်ပြီး
၃၀၀ ဗို့ကနေ ၆၅၀ ဗို့ အထိထုတ်လုပ်နိုင်ကာ ဒီပမာဏဟာ
လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်စေနိုင်ပါတယ်။
ဒါ့အပြင့် ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ
မျိုးနွယ်တူ လျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။
Yan, Myanmarload
Source : Google
link -






No comments:
Post a Comment